ချစ်ရသူနှစ်ဦးကြားမှာ တစ်ယောက်ကပြောတဲ့စကားကို နောက်တစ်ယောက်က နားမထောင်တော့ဘူး အကြံဉာဏ်စိတ်ကူးတွေကိုလည်း စိတ်မဝင်စားတော့ဘူးဆိုရင် တဖြည်းဖြည်းနဲ့ လမ်းဆုံးနီးလာပြီလို့ ပြောလို့ရပါတယ်။ တစ်ယောက်က ပြောလိုက်တဲ့စကားကို အခြားတစ်ယောက်က မကြိုက်နှစ်သက်တော့ဘူးဆိုရင် တစ်ယောက်ကိုတစ်ယော်က အဝေးကို တွန်းထုတ်နေသလို ဖြစ်သွားပါလိမ့်မယ်။
ဆန္ဒကိုထုတ်ဖော်ပြောကြားတဲ့အခါမှာ အငြင်းစကားလုံးတွေကို တတ်နိုင်သမျှရှောင်ရှားပါ
အငြင်းစကားလုံးတွေဖြစ်တဲ့ “မလုပ်ဘူး၊ မလုပ်ချင်ဘူး” စတဲ့ စကားလုံးတွေဟာ အဆိုးမြင်ဝါဒတွေကို ထုတ်ဖော်တဲ့ စကားလုံးတွေဖြစ်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ ဆန္ဒကို ထုတ်ဖော်ပြောပြချင်တဲ့အခါမှာ ဒီလိုစကားလုံးတွေကို တတ်နိုင်သမျှရှောင်ရှားပေးပါတယ်။ ဒီစကားလုံးတွေသုံးမယ်ဆိုရင် သင့်ရဲ့ပါတနာအနေနဲ့ ဘယ်လိုတုံ့ပြန်ရမလဲဆိုတာကို နားလည်ရခက်နေပါလိမ့်မယ်။

“ဒါပေမယ့်” ဆိုတဲ့ စကားလုံးအစား “ပြီးတော့” ဆိုတဲ့ စကားလုံး သုံးပေးပါ
ဒီစည်းမျဉ်းလေးက ရိုးရှင်းပုံပေါ်ပါတယ်။ ဒါပေမယ့် တကယ်လိုက်နာကျင့်သုံးတဲ့အခါမှာတော့ အချိန်တွေအများကြီးပေးကာ လေ့ကျင့်ယူရလေ့ရှိတာကို တွေ့မြင်လာပါလိမ့်မယ်။ ဒီစည်းမျဉ်းလေးက ချစ်သူစုံတွဲတွေကြားမှာ တကယ်ကို အသုံးဝင်ပါတယ်။ ချစ်သူနှစ်ဦးကြား စကားအခြေအတင်ဖြစ်စေမယ့် အခြေအနေတွေကနေ ရှောင်ရှားနိုင်ပါလိမ့်မယ်။ ဒီစည်းမျဉ်းကို အသုံးချကြည့်ပါ။ ရလဒ်ကို သင် ကျေနပ်ပါလိမ့်မယ်။

ချီးမွမ်းတာတွေကို အဆိုးမြင်စကားလုံးတွေနဲ့ မဖျတ်စီးပါနဲ့
တချို့လူတွေက ချီးမွမ်းစကားပြောတာနဲ့ ဝေဖန်တဲ့ စကားလုံးတွေကို ရောနှောပြီး သုံးတတ်ကြပါတယ်။ ဒါကို သူတို့က ကျေနပ်နေလေ့ရှိကြပြီး သူတို့ကိုယ်သူတို့ တော်တဲ့ထက်တဲ့လူတွေလို့လည်း ယူဆထားကြတယ်။ တကယ်တော့ သူတို့တွေဟာ မကောင်းတဲ့အရာတွေအပေါ် တုံ့ပြန်မှုအားကောင်းတဲ့ ဦးနှောက်တွေရှိနေကြလို့ပါပဲ။ လူတစ်ယောက်ကို ချီးမွမ်းစကားပြောတော့မယ်ဆိုရင် ဝေဖန်တဲ့စကားလုံးတွေ မသုံးတာအကောင်းဆုံးပါ။

လူတွေက စကားလုံးရဲ့ စွမ်းအားကို နားလည်ကြပေမယ့် ကျင့်ကြံအားထုတ်ဖို့ လုပ်ဖို့အတွက် ပျင်းရိနေတတ်ကြပါတယ်။ စကားအပြောအဆို တတ်တဲ့လူတွေဟာ ချစ်သူရည်းစားကြားမှာသာမက စီးပွားရေးလုပ်ငန်းတွေမှာလည်း အဆင်ပြေချောမွေ့ကြပါတယ်။
Lifestyle_Myanmar
ref-greatist