ချစ်ရတဲ့ အိမ်မွေးငါးကလေး သေသွားလို့ ထူးထူးခြားခြား အသုဘပွဲ ကျင်းပပေးခဲ့တဲ့ မိသားစု

0
17

အိမ်မွေးတိရိစ္ဆာန်လေးတွေဟာ ကျွန်တော်တို့ရဲ့ နှလုံးသားနဲ့ အနီးဆုံးမှာ ရှိနေပြီး သံယောဇဉ်တွယ်ရတဲ့ အရာလေးတွေဖြစ်ပါတယ်။ သူတို့လေးတွေ ဘယ်လိုမျိုးစိတ်ပဲဖြစ်ဖြစ် ကျွန်တော်တို့တွေရဲ့ မိသားစုတွေအတွက်တော့ အစိတ်အပိုင်းတစ်ခုလိုပါပဲ။ မိသားစုတစ်ခုရဲ့ အိမ်မွေးငါးကလေးတစ်ကောင် သေသွားတာကို ထူးထူးခြားခြားအသုဘကျင်းပပေးခဲ့တဲ့ ဖြစ်ရပ်တစ်ခုဆိုရင် အခြားသူတွေအတွက်တော့ အပိုအလုပ်တွေလို့ ယူဆနိုင်ပါတယ်။

အဆိုပါငါးကလေးရဲ့ နာမည်ဟာ Peeping Tom လို့အမည်ပေးထားပြီး မိသားစုရဲ့ ရေချိုးခန်းထဲမှာ ၆ နှစ်လောက် နေထိုင်ခဲ့တာပါ။ ခြောက်နှစ်ဆိုတဲ့ အချိန်ဟာ အလှမွေးငါးတစ်ကောင်အတွက် များပြားတဲ့အချိန်တစ်ခုဖြစ်ပြီး မိသားစုတစ်ခုလုံးကလည်း ငါးကလေးအပေါ် သံယောဇဉ်အရမ်းကို တွယ်ခဲ့ကြပါတယ်။

ငါးကလေးရုတ်တရက် သေသွားတဲ့ အချိန်မှာတော့ မိသားစုတစ်ခုလုံး ပူဆွေးသောကရောက်ကြရပြီး သူ့အတွက် ကောင်းမွန်စွာသင်္ဂြိုလ်ပေးဖို့ တိုင်ပင်ခဲ့ကြပါတယ်။ ငါးကလေးရဲ့ အသုဘအတွက် သစ်သားလှေကလေးတစ်စင်းကို ပြုလုပ်ခဲ့ကြပြီး လှေဦးမှာတော့ အရုပ်ကလေးတစ်ရုပ်ကို တပ်ဆင်ပေးပါတယ်။

အပေါ်က ရွက်ကိုလည်း နဂါးပုံဆွဲပေးပြီး မီးခြစ်ဆံတွေကိုတော့ အလောင်းတင်တဲ့စင်အဖြစ် ပြင်ဆင်ခဲ့ကြပါတယ်။

လှေရဲ့နာမည်ကိုလည်း မိသားစုထဲက Peeping Tom ကိုအချစ်ဆုံးသူဖြစ်တဲ့ Boobies ရဲ့နာမည်ကို ရေးထားခဲ့ပါတယ်။ ထို့နောက် မီးခြစ်ဆံတွေကို မီးညှိပြီး ရေထဲကိုလွှတ်ပေးခဲ့ကြပါတယ်။

ငါးကလေးရဲ့ အသုဘအပြီးမှာတော့ သူတို့ရဲ့ နောက်ဆုံးနှစ်ဆက်စကားကို ပြောခဲ့ကြပြီး ယခုလောက်ဆိုရင်တော့ Peeping Tom ကလေးဟာ အခြားငါးကလေးတွေနဲ့ အနားယူနေပါလိမ့်မယ်။

LM_Naung_Naung

Lifestyle_Myanmar

Zawgyi font
အိမ္ေမြးတိရိစာၦန္ေလးေတြဟာ ကြၽန္ေတာ္တို႔ရဲ႕ ႏွလုံးသားနဲ႔ အနီးဆုံးမွာ ရွိေနၿပီး သံေယာဇဥ္တြယ္ရတဲ့ အရာေလးေတြျဖစ္ပါတယ္။ သူတို႔ေလးေတြ ဘယ္လိုမ်ိဳးစိတ္ပဲျဖစ္ျဖစ္ ကြၽန္ေတာ္တို႔ေတြရဲ႕ မိသားစုေတြအတြက္ေတာ့ အစိတ္အပိုင္းတစ္ခုလိုပါပဲ။ မိသားစုတစ္ခုရဲ႕ အိမ္ေမြးငါးကေလးတစ္ေကာင္ ေသသြားတာကို ထူးထူးျခားျခားအသုဘက်င္းပေပးခဲ့တဲ့ ျဖစ္ရပ္တစ္ခုဆိုရင္ အျခားသူေတြအတြက္ေတာ့ အပိုအလုပ္ေတြလို႔ ယူဆႏိုင္ပါတယ္။ အဆိုပါငါးကေလးရဲ႕ နာမည္ဟာ Peeping Tom လို႔အမည္ေပးထားၿပီး မိသားစုရဲ႕ ေရခ်ိဳးခန္းထဲမွာ ၆ ႏွစ္ေလာက္ ေနထိုင္ခဲ့တာပါ။ ေျခာက္ႏွစ္ဆိုတဲ့ အခ်ိန္ဟာ အလွေမြးငါးတစ္ေကာင္အတြက္ မ်ားျပားတဲ့အခ်ိန္တစ္ခုျဖစ္ၿပီး မိသားစုတစ္ခုလုံးကလည္း ငါးကေလးအေပၚ သံေယာဇဥ္အရမ္းကို တြယ္ခဲ့ၾကပါတယ္။ ငါးကေလး႐ုတ္တရက္ ေသသြားတဲ့ အခ်ိန္မွာေတာ့ မိသားစုတစ္ခုလုံး ပူေဆြးေသာကေရာက္ၾကရၿပီး သူ႔အတြက္ ေကာင္းမြန္စြာသၿဂႋဳလ္ေပးဖို႔ တိုင္ပင္ခဲ့ၾကပါတယ္။ ငါးကေလးရဲ႕ အသုဘအတြက္ သစ္သားေလွကေလးတစ္စင္းကို ျပဳလုပ္ခဲ့ၾကၿပီး ေလွဦးမွာေတာ့ အ႐ုပ္ကေလးတစ္႐ုပ္ကို တပ္ဆင္ေပးပါတယ္။ အေပၚက ႐ြက္ကိုလည္း နဂါးပုံဆြဲေပးၿပီး မီးျခစ္ဆံေတြကိုေတာ့ အေလာင္းတင္တဲ့စင္အျဖစ္ ျပင္ဆင္ခဲ့ၾကပါတယ္။ ေလွရဲ႕နာမည္ကိုလည္း မိသားစုထဲက Peeping Tom ကိုအခ်စ္ဆုံးသူျဖစ္တဲ့ Boobies ရဲ႕နာမည္ကို ေရးထားခဲ့ပါတယ္။ ထို႔ေနာက္ မီးျခစ္ဆံေတြကို မီးညႇိၿပီး ေရထဲကိုလႊတ္ေပးခဲ့ၾကပါတယ္။ ငါးကေလးရဲ႕ အသုဘအၿပီးမွာေတာ့ သူတို႔ရဲ႕ ေနာက္ဆုံးႏွစ္ဆက္စကားကို ေျပာခဲ့ၾကၿပီး ယခုေလာက္ဆိုရင္ေတာ့ Peeping Tom ကေလးဟာ အျခားငါးကေလးေတြနဲ႔ အနားယူေနပါလိမ့္မယ္။

LM_Naung_Naung
Lifestyle_Myanmar


LEAVE A REPLY

Please enter your comment!
Please enter your name here