ချစ်မတို့ရေ…။ မိတ်ကပ်လိမ်းဖို့ဆိုရင် ဖောင်ဒေးရှင်းက သိပ်ကိုအရေးကြီးတာပေါ့နော်။ တချို့ကျတော့လည်း ဖောင်ဒေးရှင်းကို ဘယ်လိုလိမ်းရမှန်းမသိဘဲ စမ်းတဝါးဝါးနဲ့ဖြစ်တတ်ကြပါတယ်။
ဒါပေမယ့် မိတ်ကပ်လိမ်းဖို့အတွက် အရင်ဆုံးဖောင်ဒေးရှင်းမလိမ်းခင် မျက်နှာကို သေချာသန့်ရှင်းဆေးကြောပါ။ နောက်ပြီး ဖောင်ဒေးရှင်းလိမ်းတဲ့အခါ အသားအရေခြောက်တာ၊ အစက်အပြောက် ဒါမှမဟုတ် အသားအရေယားတာမျိုးမဖြစ်အောင် အစိုဓာတ်လေးရှိအောင် (၅) မိနစ်လောက်ထားပါ။ ဖောင်ဒေးရှင်းမလိမ်းခင်မှာ Primer တစ်ထပ်အရင်လိမ်းပေးတာကလည်း သင့်ကိုသဘာဝအတိုင်း ကြည့်ပျော်ရှုပျော်ဖြစ်စေဖို့ အထောက်အကူဖြစ်စေပါတယ်နော်။ အဲ့ဒါဆို အခုဖောင်ဒေးရှင်းဘယ်လိုလိမ်းမလဲ ကြည့်လိုက်ရအောင်။

၁။ လက်ဖြင့်လိမ်းခြင်း။
လက်နဲ့ ဖောင်ဒေးရှင်းလိမ်းတာက ခေတ်ဦးကာလလို့ ဆိုရမှာပေါ့နော်။ ဒီလိုမျိုးလက်နဲ့လိမ်းတာကြောင့် မျက်နှာပေါ်မှာ ဖောင်ဒေးရှင်းမတင်ဘဲ ကွက်ကျန်ခဲ့တာမျိုးမရှိဘူးတဲ့။ နောက်ပြီး ဒီလိုမျိုးလက်နဲ့ဖောင်ဒေးရှင်းလိမ်းတာက အသားအရေကို ပိုမိုတင်းရင်းလှပစေပါတယ်။ ဒါပေမယ့် အခုနောက်ပိုင်းမှာတော့ တော်တော်များများက သန့်ရှင်းမှုကိုဦးစားပေးလာပြီး စုတ်တံတွေကလည်း နူးညံ့လာတာကြောင့် လက်နဲ့ဖောင်ဒေးရှင်းလိမ်းတာက သိပ်ပြီး ခေတ်မစားတော့ပါဘူး။

၂။ စုတ်တံဖြင့်လိမ်းခြင်း။
ခေါ်နေကျအတိုင်းပြောရရင် Brush ပေါ့။ သင်က တစ်ကိုယ်ရည်သန့်ရှင်းရေးကိုဦးစားပေးပြီး လက်ကိုအမြဲတမ်းသန့်ရှင်းအောင်ထားတယ်ဆိုရင် လက်နဲ့ဖောင်ဒေးရှင်းလိမ်းတာ ဘာမှမမဖြစ်ပါဘူး။ ဒါပေမယ့် နောက်ပိုင်းမှာတော့ မိတ်ကပ်ပညာရှင်တွေကလည်း Brush ကိုပဲ အသုံးပြုပါတော့တယ်။ အရွယ်အစားအမျိုးမျိုး၊ ပုံစံအမျိုးမျိုးနဲ့ Brush တွေက သင့်ရဲ့မျက်နှာကို အလှပြင်ဖို့အတွက် အဓိကလက်နက်တွေဖြစ်လာခဲ့ပါပြီ။ တစ်ခုရှိတာက စုတ်တံတွေကို အသုံးပြုတဲ့အခါ အသားအရေပြဿနာတွေနဲ့မရင်ဆိုင်ရအောင် သေချာသန့်ရှင်းထားဖို့ လိုအပ်ပါတယ်။

၃။ Sponge ဖြင့် ဖောင်ဒေးရှင်းလိမ်းခြင်း။
အချို့တွေကတော့ ဒီလိုမျိုး Sponge လေးနဲ့ ဖောင်ဒေးရှင်းလိမ်းတာကို သဘောကျကြပါတယ်။ အဲ့ဒါလေးတွေက နူးညံ့ပြီး မိတ်ကပ်လိမ်းတဲ့နေရာမှာ သိပ်အသုံးဝင်တာကိုး။ အထူးသဖြင့် သင့်ရဲ့အလှပြင်ပစ္စည်းထဲကအရည်နဲ့ အမှုန့်တွေကို ပေါင်းစပ်ပြီး လိမ်းတဲ့အခါ မျက်နှာပေါ်မှာ အကွက်တွေမကျန်ခဲ့အောင် ကောင်းကောင်းကူညီပေးနိုင်ပါတယ်။ ဒါလေးတွေကလည်း မတူညီတဲ့အရွယ်အစားနဲ့ ပုံစံမျိုးစုံရရှိနိုင်ပါတယ်။

ချစ်မတို့ရေ….။ အခုမျှဝေပေးခဲ့တာကတော့ ဖောင်ဒေးရှင်းလိမ်းတဲ့အခါ သင့်လက်ကိုပဲသုံးမလား? အခြားပစ္စည်းတွေကို သုံးမလားရွေးချယ်နိုင်မယ့်အရာတွေပါ။ ချစ်မတို့လည်း ကြိုက်တဲ့အရာကိုသုံးပြီး အလှပြင်နိုင်ပါတယ်။ အဓိကက အသားအရေကျန်းမာရေးနဲ့ ညီညွှတ်ပြီး လှပနေဖို့ပဲမဟုတ်လား။
#HM
#LifestyleMyanmar
Source: magforwomen