ချစ်ခြင်းမေတ္တာနဲ့ ပတ်သတ်ပြီး ကလေးတွေ ဘာတွေ သိဖို့လိုသလဲ?

0
55

မိဘတစ်ယောက်ဖြစ်လာပြီဆိုရင် ကလေးရဲ့ အနာဂတ်က မိဘတွေပေါ်မှာ မူတည်လာပါပြီ။ ဒါ့ကြောင့် မိဘတွေအနေနဲ့ ကိုယ့်ရဲ့ သားသားမီးမီးတွေကို ဘယ်အရွယ်မှာ ဘယ်လိုအကြောင်းအရာလေးတွေ သင်ပေးရမယ်၊ ဘယ်အရွယ်မှာ ဘာတွေသိထားသင့်တယ်ဆိုတာ လေ့လာထားဖို့လိုပါတယ်။ စိတ်ပိုင်းဆိုင်ရာနှင့်ပတ်သတ်ပြီး သင်ကြားပေးတဲ့အခါမှာ ကလေးတွေကို စိတ်ရှည်သည်းခံတတ်အောင်၊ အကောင်းမြင်စိတ်မွေးတတ်အောင် စသဖြင့် သင်ကြားပေးဖို့ လိုသလို စစ်မှန်တဲ့ ချစ်ခြင်းမေတ္တာအကြောင်းတွေလည်း သင်ထားပေးရပါမယ်။ ဒါ့ကြောင့် ကလေးတွေကို သင်ပေးထားသင့်တဲ့ ချစ်ခြင်းမေတ္တာနဲ့ ပတ်သတ်သော မက်ဆေ့ချ်တစ်ချို့ကို မျှဝေပေးလိုက်ပါတယ်။

၁။ မတော်မတရားလုပ်တာက ချစ်ခြင်းမေတ္တာ မဟုတ်ပါဘူး

တခြားကလေးတွေက နောက်ပြောင်ကျီစယ်လိုက်လို့ ငိုပြီးအိမ်ပြန်လာတဲ့ သားသားမီးမီးတွေကို အဲ့ဒီကလေးက သူတို့အပေါ်မှာ ကြိုက်နေလို့ ဆိုတဲ့အဓိပ္ပာယ်မျိုး မပြောရပါဘူး။ တချို့မေမေတွေ ရှိပါတယ်။ တခြားကလေးက ကိုယ့်ကလေးကို ငိုအောင် စနောက်လိုက်တာမျိုး၊ အသားနာအောင်လုပ်တာမျိုးဆိုရင် “သားကိုချစ်လို့ စတာနေမှာပါ၊ သမီးကို ချစ်လို့စတာနေမှာပါ”လို့ အလွယ် ပြောလိုက်ကြပါတယ်။ ဒီစကားလုံးက မတော်မတရားလုပ်တာဟာ ချစ်ခြင်းမေတ္တာရဲ့ သင်္ကေတတစ်ခုဖြစ်တယ်လို့ သူတို့ထင်သွားပါလိမ့်မယ်။ ချစ်လို့နောက်ပြောင်တာနဲ့ အနိုင်ကျင့်တာကို ကွဲပြားအောင် သင်ပေးရပါမယ်။

၂။ မေတ္တာမှာ အပေးအယူရှိပါတယ်

သင့်ရဲ့ အချစ်တွေ၊ ဂရုစိုက်မှုတွေ အားလုံးကို သားသမီးပေါ် ပုံပေးဖို့၊ ကိုယ့်ကလေးပေါ်မှာ တုန်နေအောင် ချစ်ဖို့ဆိုတာ လွယ်ကူပါတယ်။ ဒါပေမယ့် ကလေးတွေ အရွယ်ရောက်လို့ အိမ်ထောင်ရက်သားကျလာတဲ့အခါ မိဘအပေါ် ပြန်ပြီး ဂရုစိုက်ဖို့၊ ချစ်ဖို့ဆိုတာ ခက်ခဲလာပါတယ်။ ဒါ့ကြောင့်လည်း စုန်ရေသာရှိတယ်၊ ဆန်ရေမရှိဘူးလို့ ပြောကြတာပါနော်။ မိဘတွေ သူတို့အပေါ်ချစ်သလို မိဘအပေါ် ပြန်ချစ်ရမယ်ဆိုတာ သူတို့ သိထားသင့်ပါတယ်။ တခြားသူတွေဆီက ချစ်ခြင်းမေတ္တာကို ခံထိုက်သလို တခြားသူတွေကို ချစ်ခြင်းမေတ္တာပေးပြီး အပေးအယူရှိဖို့ကို သွန်သင်ပေးရပါမယ်။

၃။ တခြားသူတွေကို ချစ်တာဟာ ကိုယ့်ကိုယ်ကို နည်းနည်းပဲ ချစ်ရမယ်လို့ မဆိုလိုပါဘူး

မေမေတို့ ကလေးဟာ သူတို့တစ်ယောက်ယောက်ကို ချစ်တဲ့အခါ ကိုယ့်ကိုယ်ကို စွန့်လွှတ် အနစ်နာခံသင့်တယ်လို့ မဆိုလိုကြောင်း သိဖို့လိုပါတယ်။ အပေးအယူဆိုတာ ဘယ် relationship မဆိုအရေးပါပေမယ့် တခြားတစ်ယောက်ကို ချစ်နိုင်ဖို့အတွက် ကိုယ့်ကိုယ်ကို အချစ်မလျော့သင့်ပါဘူး။ ကိုယ့်ဘဝထက် မင်းကို ပိုချစ်တာတို့၊ ကိုယ့်ဘဝတစ်ခုလုံး ပေးဆပ်ပြီး ချစ်တာတို့ဆိုတာ တကယ်တော့ လက်တွေ့မှာ မကောင်းပါဘူးနော်။ ကလေးတွေက မိဘတွေရဲ့ relationship ကိုကြည့်ပြီး သင်ယူကြပါတယ်။

၄။ လေးစားမှုက ချစ်ခြင်းမေတ္တာမှာ သိပ်အရေးကြီးပါတယ်

လေးစားမှုနှင့် ချစ်ခြင်းမေတ္တာက ဒွန်တွဲနေသင့်ကြောင်း ကလေးတွေ သိထားသင့်ပါတယ်။ တခြားသူတွေဆီကနေ လေးစားမှု ရယူသင့်ပြီး တခြားဘယ်သူ့ကိုမဆို လေးစားမှု ပြန်ပေးရမယ် ဆိုတာ သင်ပေးရပါမယ်။ လေးစားမှုမရှိတဲ့ အချစ်က အဆိပ်အတောက် ဖြစ်စေနိုင်ပါတယ်။

၅။ ကိုယ့်ကိုယ်ကို ချစ်ခြင်းက အရေးအပါဆုံးအချစ်မျိုး ဖြစ်ပါတယ်

တစ်ကိုယ်ကောင်းဆန်တာနဲ့ ကိုယ့်ကိုယ်ကို ချစ်တယ်ဆိုတဲ့ ခြားနားချက်ကို ကလေးတွေ သိဖို့လိုပါတယ်။ ကိုယ်ကျိုးအတွက် တခြားသူတွေကို ချမနင်းရဘူးဆိုတာ သွန်သင်ပေးသင့်ပါတယ်။ တစ်ယောက်ယောက်ကို ချစ်ဖို့ fit ဖြစ်အောင် ကိုယ့်ကိုယ်ကို ပုံစံခွက်ထဲသို့ မပြောင်းလဲသင့်ဘူးဆိုတာလည်း သိထားဖို့ လိုအပ်ပါတယ်။

၆။ တခါတရံမှာ အချစ်က ထာဝရမမြဲနိုင်ပါဘူး

အရွယ်ရောက်လာတဲ့ မေမေတို့ကလေးဟာ ရိုမန့်တစ်အချစ်ဇာတ်လမ်းတွေကိုကြည့်ပြီး အချစ်က တစ်သက်တာလုံး ကြာရှည်ခံမယ်လို့ ယုံသွားနိုင်ပါတယ်။ အမှန်တရားမှာ အချစ်က ခဏတစ်ဖြုတ်သာဖြစ်ပြီး တခါတရံမှာ အကျိုးမရှိနိုင်တဲ့ relationship တစ်ခုကို အဆုံးသတ်လိုက်တာက ပိုကောင်းတယ်ဆိုတာ သိထားရပါမယ်။ သူတို့ဟာ အချစ်အတွက်နဲ့ ကိုယ့်ရဲ့ အချိန်တွေ အားလုံးကို မစွန့်ပစ်ရဘူးဆိုတာ နားလည်ဖို့ လိုပါတယ်။

၇။ ရေရှည်တည်တံ့တဲ့ အချစ်မှာ အားထုတ်မှု လိုအပ်ပါတယ်

ချစ်ခြင်းမေတ္တာက ထိလွယ်ရှလွယ်တာကြောင့် အချစ်မှာ အားထုတ်မှု ထည့်ဖို့ လိုအပ်တယ်ဆိုတာ လူငယ်တွေ လေ့လာဖို့ လိုအပ်ပါတယ်။ တစ်ယောက်ယောက်ကို ချစ်ပြီဆိုရင် အပြန်အလှန်ယုံကြည်မှု၊ အလေးထားမှု၊ ပျော်ရွင်မှု တွေပေးရမှာဖြစ်ပါတယ်။

၈။ တခါတရံမှာ သင်ချစ်တဲ့သူက သင့်ကိုပြန်မချစ်ပါဘူး

မိဘတွေအနေနဲ့ သူတို့လိုချင်တာတွေ၊ ဖြစ်ချင်တာတွေ အရာရာတိုင်းပေးဖို့ အကောင်းဆုံးကြိုးစားကြပါတယ်။ ဒါပေမယ့် သူတို့လိုချင်တာ၊ ဖြစ်ချင်တာတွေ အမြဲတမ်းမရနိုင်ဘူးဆိုတာ သိဖို့လိုပါတယ်။ တစ်ဖက်သက်အချစ်က စိတ်နှလုံးပူဆွေးတွေ ရနိုင်ပေမယ့် သူတို့သင်ယူ လေ့လာထားဖို့ လိုအပ်ပါတယ်။ ဘာတွေကြုံတွေ့ရမလဲဆိုတာ၊ သူတို့သိပြီးသား၊ မျှော်လင့်ပြီးသားဆိုရင် စိတ်ထိခိုက်မှု နည်းစေပါလိမ့်မယ်။

၉။ ကိုယ့်ကို ပိုကောင်းတဲ့သူ တစ်ယောက် ဖြစ်စေမယ့် အချစ်မျိုး ဖြစ်ရပါမယ်

အချစ် အမျိုးအစားတွေ အများကြီးရှိပါတယ်။ သူတို့ကို လူကောင်းတစ်ယောက်ဖြစ်စေမယ် ဘယ်ချစ်ခြင်းမေတ္တာမျိုးကို ခံထိုက်သလဲဆိုတာ မေမေတို့ ကလေးတွေ နားလည်ရပါမယ်။ လူကောင်းတစ်ယောက်ဖြစ်ဖို့၊ တောက်ပတဲ့ အနာဂတ်ရှိသူဖြစ်ဖို့ သူတို့ကို အားပေးအားမြှောက်ပြုပေးတဲ့ အချစ်မျိုး ဖြစ်သင့်တယ်ဆိုတာ သူတို့သိထားရပါမယ်။

Lifestyle_Myanmar

LM_Nandar

ZawGyi

ခ်စ္ျခင္းေမတၱာနဲ႔ ပတ္သတ္ၿပီး ကေလးေတြ ဘာေတြ သိဖို႔လိုသလဲ?
မိဘတစ္ေယာက္ျဖစ္လာၿပီဆိုရင္ ကေလးရဲ႕ အနာဂတ္က မိဘေတြေပၚမွာ မူတည္လာပါၿပီ။ ဒါ့ေၾကာင့္ မိဘေတြအေနနဲ႔ ကိုယ့္ရဲ႕ သားသားမီးမီးေတြကို ဘယ္အ႐ြယ္မွာ ဘယ္လိုအေၾကာင္းအရာေလးေတြ သင္ေပးရမယ္၊ ဘယ္အ႐ြယ္မွာ ဘာေတြသိထားသင့္တယ္ဆိုတာ ေလ့လာထားဖို႔လိုပါတယ္။ စိတ္ပိုင္းဆိုင္ရာႏွင့္ပတ္သတ္ၿပီး သင္ၾကားေပးတဲ့အခါမွာ ကေလးေတြကို စိတ္ရွည္သည္းခံတတ္ေအာင္၊ အေကာင္းျမင္စိတ္ေမြးတတ္ေအာင္ စသျဖင့္ သင္ၾကားေပးဖို႔ လိုသလို စစ္မွန္တဲ့ ခ်စ္ျခင္းေမတၱာအေၾကာင္းေတြလည္း သင္ထားေပးရပါမယ္။ ဒါ့ေၾကာင့္ ကေလးေတြကို သင္ေပးထားသင့္တဲ့ ခ်စ္ျခင္းေမတၱာနဲ႔ ပတ္သတ္ေသာ မက္ေဆ့ခ်္တစ္ခ်ိဳ႕ကို မွ်ေဝေပးလိုက္ပါတယ္။

၁။ မေတာ္မတရားလုပ္တာက ခ်စ္ျခင္းေမတၱာ မဟုတ္ပါဘူး

တျခားကေလးေတြက ေနာက္ေျပာင္က်ီစယ္လိုက္လို႔ ငိုၿပီးအိမ္ျပန္လာတဲ့ သားသားမီးမီးေတြကို အဲ့ဒီကေလးက သူတို႔အေပၚမွာ ႀကိဳက္ေနလို႔ ဆိုတဲ့အဓိပၸာယ္မ်ိဳး မေျပာရပါဘူး။ တခ်ိဳ႕ေမေမေတြ ရွိပါတယ္။ တျခားကေလးက ကိုယ့္ကေလးကို ငိုေအာင္ စေနာက္လိုက္တာမ်ိဳး၊ အသားနာေအာင္လုပ္တာမ်ိဳးဆိုရင္ “သားကိုခ်စ္လို႔ စတာေနမွာပါ၊ သမီးကို ခ်စ္လို႔စတာေနမွာပါ”လို႔ အလြယ္ ေျပာလိုက္ၾကပါတယ္။ ဒီစကားလုံးက မေတာ္မတရားလုပ္တာဟာ ခ်စ္ျခင္းေမတၱာရဲ႕ သေကၤတတစ္ခုျဖစ္တယ္လို႔ သူတို႔ထင္သြားပါလိမ့္မယ္။ ခ်စ္လို႔ေနာက္ေျပာင္တာနဲ႔ အႏိုင္က်င့္တာကို ကြဲျပားေအာင္ သင္ေပးရပါမယ္။

၂။ ေမတၱာမွာ အေပးအယူရွိပါတယ္

သင့္ရဲ႕ အခ်စ္ေတြ၊ ဂ႐ုစိုက္မႈေတြ အားလုံးကို သားသမီးေပၚ ပုံေပးဖို႔၊ ကိုယ့္ကေလးေပၚမွာ တုန္ေနေအာင္ ခ်စ္ဖို႔ဆိုတာ လြယ္ကူပါတယ္။ ဒါေပမယ့္ ကေလးေတြ အ႐ြယ္ေရာက္လို႔ အိမ္ေထာင္ရက္သားက်လာတဲ့အခါ မိဘအေပၚ ျပန္ၿပီး ဂ႐ုစိုက္ဖို႔၊ ခ်စ္ဖို႔ဆိုတာ ခက္ခဲလာပါတယ္။ ဒါ့ေၾကာင့္လည္း စုန္ေရသာရွိတယ္၊ ဆန္ေရမရွိဘူးလို႔ ေျပာၾကတာပါေနာ္။ မိဘေတြ သူတို႔အေပၚခ်စ္သလို မိဘအေပၚ ျပန္ခ်စ္ရမယ္ဆိုတာ သူတို႔ သိထားသင့္ပါတယ္။ တျခားသူေတြဆီက ခ်စ္ျခင္းေမတၱာကို ခံထိုက္သလို တျခားသူေတြကို ခ်စ္ျခင္းေမတၱာေပးၿပီး အေပးအယူရွိဖို႔ကို သြန္သင္ေပးရပါမယ္။

၃။ တျခားသူေတြကို ခ်စ္တာဟာ ကိုယ့္ကိုယ္ကို နည္းနည္းပဲ ခ်စ္ရမယ္လို႔ မဆိုလိုပါဘူး

ေမေမတို႔ ကေလးဟာ သူတို႔တစ္ေယာက္ေယာက္ကို ခ်စ္တဲ့အခါ ကိုယ့္ကိုယ္ကို စြန္႔လႊတ္ အနစ္နာခံသင့္တယ္လို႔ မဆိုလိုေၾကာင္း သိဖို႔လိုပါတယ္။ အေပးအယူဆိုတာ ဘယ္ relationship မဆိုအေရးပါေပမယ့္ တျခားတစ္ေယာက္ကို ခ်စ္ႏိုင္ဖို႔အတြက္ ကိုယ့္ကိုယ္ကို အခ်စ္မေလ်ာ့သင့္ပါဘူး။ ကိုယ့္ဘဝထက္ မင္းကို ပိုခ်စ္တာတို႔၊ ကိုယ့္ဘဝတစ္ခုလုံး ေပးဆပ္ၿပီး ခ်စ္တာတို႔ဆိုတာ တကယ္ေတာ့ လက္ေတြ႕မွာ မေကာင္းပါဘူးေနာ္။ ကေလးေတြက မိဘေတြရဲ႕ relationship ကိုၾကည့္ၿပီး သင္ယူၾကပါတယ္။

၄။ ေလးစားမႈက ခ်စ္ျခင္းေမတၱာမွာ သိပ္အေရးႀကီးပါတယ္

ေလးစားမႈႏွင့္ ခ်စ္ျခင္းေမတၱာက ဒြန္တြဲေနသင့္ေၾကာင္း ကေလးေတြ သိထားသင့္ပါတယ္။ တျခားသူေတြဆီကေန ေလးစားမႈ ရယူသင့္ၿပီး တျခားဘယ္သူ႔ကိုမဆို ေလးစားမႈ ျပန္ေပးရမယ္ ဆိုတာ သင္ေပးရပါမယ္။ ေလးစားမႈမရွိတဲ့ အခ်စ္က အဆိပ္အေတာက္ ျဖစ္ေစႏိုင္ပါတယ္။

၅။ ကိုယ့္ကိုယ္ကို ခ်စ္ျခင္းက အေရးအပါဆုံးအခ်စ္မ်ိဳး ျဖစ္ပါတယ္

တစ္ကိုယ္ေကာင္းဆန္တာနဲ႔ ကိုယ့္ကိုယ္ကို ခ်စ္တယ္ဆိုတဲ့ ျခားနားခ်က္ကို ကေလးေတြ သိဖို႔လိုပါတယ္။ ကိုယ္က်ိဳးအတြက္ တျခားသူေတြကို ခ်မနင္းရဘူးဆိုတာ သြန္သင္ေပးသင့္ပါတယ္။ တစ္ေယာက္ေယာက္ကို ခ်စ္ဖို႔ fit ျဖစ္ေအာင္ ကိုယ့္ကိုယ္ကို ပုံစံခြက္ထဲသို႔ မေျပာင္းလဲသင့္ဘူးဆိုတာလည္း သိထားဖို႔ လိုအပ္ပါတယ္။

၆။ တခါတရံမွာ အခ်စ္က ထာဝရမၿမဲႏိုင္ပါဘူး

အ႐ြယ္ေရာက္လာတဲ့ ေမေမတို႔ကေလးဟာ ႐ိုမန္႔တစ္အခ်စ္ဇာတ္လမ္းေတြကိုၾကည့္ၿပီး အခ်စ္က တစ္သက္တာလုံး ၾကာရွည္ခံမယ္လို႔ ယုံသြားႏိုင္ပါတယ္။ အမွန္တရားမွာ အခ်စ္က ခဏတစ္ျဖဳတ္သာျဖစ္ၿပီး တခါတရံမွာ အက်ိဳးမရွိႏိုင္တဲ့ relationship တစ္ခုကို အဆုံးသတ္လိုက္တာက ပိုေကာင္းတယ္ဆိုတာ သိထားရပါမယ္။ သူတို႔ဟာ အခ်စ္အတြက္နဲ႔ ကိုယ့္ရဲ႕ အခ်ိန္ေတြ အားလုံးကို မစြန္႔ပစ္ရဘူးဆိုတာ နားလည္ဖို႔ လိုပါတယ္။

၇။ ေရရွည္တည္တံ့တဲ့ အခ်စ္မွာ အားထုတ္မႈ လိုအပ္ပါတယ္

ခ်စ္ျခင္းေမတၱာက ထိလြယ္ရွလြယ္တာေၾကာင့္ အခ်စ္မွာ အားထုတ္မႈ ထည့္ဖို႔ လိုအပ္တယ္ဆိုတာ လူငယ္ေတြ ေလ့လာဖို႔ လိုအပ္ပါတယ္။ တစ္ေယာက္ေယာက္ကို ခ်စ္ၿပီဆိုရင္ အျပန္အလွန္ယုံၾကည္မႈ၊ အေလးထားမႈ၊ ေပ်ာ္႐ြင္မႈ ေတြေပးရမွာျဖစ္ပါတယ္။

၈။ တခါတရံမွာ သင္ခ်စ္တဲ့သူက သင့္ကိုျပန္မခ်စ္ပါဘူး

မိဘေတြအေနနဲ႔ သူတို႔လိုခ်င္တာေတြ၊ ျဖစ္ခ်င္တာေတြ အရာရာတိုင္းေပးဖို႔ အေကာင္းဆုံးႀကိဳးစားၾကပါတယ္။ ဒါေပမယ့္ သူတို႔လိုခ်င္တာ၊ ျဖစ္ခ်င္တာေတြ အၿမဲတမ္းမရႏိုင္ဘူးဆိုတာ သိဖို႔လိုပါတယ္။ တစ္ဖက္သက္အခ်စ္က စိတ္ႏွလုံးပူေဆြးေတြ ရႏိုင္ေပမယ့္ သူတို႔သင္ယူ ေလ့လာထားဖို႔ လိုအပ္ပါတယ္။ ဘာေတြႀကဳံေတြ႕ရမလဲဆိုတာ၊ သူတို႔သိၿပီးသား၊ ေမွ်ာ္လင့္ၿပီးသားဆိုရင္ စိတ္ထိခိုက္မႈ နည္းေစပါလိမ့္မယ္။

၉။ ကိုယ့္ကို ပိုေကာင္းတဲ့သူ တစ္ေယာက္ ျဖစ္ေစမယ့္ အခ်စ္မ်ိဳး ျဖစ္ရပါမယ္

အခ်စ္ အမ်ိဳးအစားေတြ အမ်ားႀကီးရွိပါတယ္။ သူတို႔ကို လူေကာင္းတစ္ေယာက္ျဖစ္ေစမယ္ ဘယ္ခ်စ္ျခင္းေမတၱာမ်ိဳးကို ခံထိုက္သလဲဆိုတာ ေမေမတို႔ ကေလးေတြ နားလည္ရပါမယ္။ လူေကာင္းတစ္ေယာက္ျဖစ္ဖို႔၊ ေတာက္ပတဲ့ အနာဂတ္ရွိသူျဖစ္ဖို႔ သူတို႔ကို အားေပးအားေျမႇာက္ျပဳေပးတဲ့ အခ်စ္မ်ိဳး ျဖစ္သင့္တယ္ဆိုတာ သူတို႔သိထားရပါမယ္။

Lifestyle_Myanmar

LM_Nandar

LEAVE A REPLY

Please enter your comment!
Please enter your name here