ချစ်ခြင်းမေတ္တာက လူတစ်ယောက်ရဲ့ မျက်နှာကို ဘယ်လို ပြောင်းလဲစေကြောင်း ပြသနေတဲ့ စမ်းသပ်မှုတစ်ခု

0
1069

ချစ်ခြင်းမေတ္တာက လူတွေအပေါ် ဘယ်လို သက်ရောက်မှုရှိကြောင်း ပြသဖို့ ရည်ရွယ်ချက်ဖြင့် Sentimente လို့ခေါ်တဲ့ dating site တစ်ခုက စိတ်ဝင်စားဖို့ကောင်းတဲ့ ဓါတ်ပုံပရောဂျက်တစ်ခုကို ပြုလုပ်ခဲ့ပါတယ်။ ပါဝင်သူများကို စမ်းသပ်မှု မစတင်ခင်မှာ ဓါတ်ပုံတွေ ရိုက်ယူခဲ့ပြီး သူတို့တစ်ယောက်ချင်းစီအတွက် ကိုယ်ရေးကိုယ်တာ မက်ဆေ့ချ်ပါတဲ့ ဗီဒီယိုတစ်ခုကို ပြသခဲ့ပါတယ်။ အဲ့ဒီအချိန်မှာ ပါဝင်သူများကို ဒုတိယအကြိမ် ဓါတ်ပုံရိုက်ခဲ့ပြီး ရလဒ်တွေကို ကနဦးရိုက်ချက်တွေနဲ့ နှိုင်းယှဉ်ခဲ့ပါတယ်။ သူတို့အကြားမှာ ဘယ်လိုခြားနားချက်တွေ ရှိခဲ့သလဲဆိုတာကို အောက်ကပုံတွေမှာ မြင်ရပါလိမ့်မယ်။ ဒီဆောင်းပါးကို ဖတ်ပြီးရင် သင်ချစ်ရသူတွေကို သတိရသွားမယ်လို့ မျှော်လင့်မိပါတယ်။

ချစ်ခြင်းမေတ္တာဆိုတာ ရုပ်ဝတ္တုပစ္စည်းလို ထင်သာမြင်သာရှိတဲ့ အရာအဖြစ် မြင်ရဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ဒါပေမယ့် ဓါတ်ပုံဆရာMihnea Ratteက ဒီခံစားချက်ကို သူမရဲ့ဓါတ်ပုံတွေမှာ မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။ ပါဝင်သူများကို ဓါတ်ပုံရိုက်ဖို့ ဖိတ်ကြားခံခဲ့ရပြီး သူတို့ရဲ့ ပထမဆုံးပုံတူကို ရိုက်ပြီးနောက် သူတို့ချစ်တဲ့သူများက ငါမင်းကိုချစ်တယ်လို့ ပြောနေတဲ့ ဗီဒီယိုတစ်ခု သို့မဟုတ် သူတို့ရဲ့ ချစ်ဖို့ကောင်းတဲ့ အိမ်မွေးတိရိစ္ဆာန်တွေရဲ့ ဗီဒီယိုတစ်ခုကို ပြသခဲ့ပါတယ်။ သူတို့ရဲ့ စိတ်ခံစားမှုအားလုံးက စိတ်ရင်းမှန်နဲ့ ထွက်လာတာကို တွေ့ရပါတယ်။

၁။ မိသားစုဆီက နွေးထွေးတဲ့ စကားကို ကြားခဲ့တဲ့ မော်နီကာ

၂။ Manuela ရဲ့ရည်းစားက သူမကိုချစ်ကြောင်း ဝန်ခံခဲ့ပါတယ်။

၃။ အလက်ဇန္ဒရားရဲ့ ရည်းစားက သူမအပေါ်ထားတဲ့ နက်ရှိုင်းတဲ့ ခံစားချက်များ ဝန်ခံခဲ့ပါတယ်။

၄။ သူမအချစ်ဆုံး သူငယ်ချင်း ကလေးတွေရဲ့ message ဗီဒီယိုကို ကြည့်ခဲ့ရတဲ့ Raluca

၅။ Oana ကို သူမရဲ့ ခွေးကလေးနှင့် ဗီဒီယိုတစ်ခုကို ပြသခဲ့ပါတယ်။

၆။ သူမရဲ့ သူငယ်ချင်းကောင်းဆီက ဗီဒီယိုမက်ဆေ့ချ်တစ်ခုရခဲ့တဲ့ Andreea

ချစ်ခြင်းမေတ္တာဟာ ဘက်ပေါင်းစုံမှာ ရှိပြီး လူတစ်ဦးချင်းစီက သူတို့ရဲ့ ကိုယ်ပိုင်အဓိပ္ပာယ်လေးတွေ ဖွင့်ဆိုပေးခဲ့ကြပါတယ်။ လူတစ်ချို့က သူတို့ရဲ့ သူငယ်ချင်းတွေကို ချစ်ကြပါတယ်။ အခြားသူတွေက သူတို့ရဲ့ အိမ်မွေးတိရိစ္ဆာန်လေးတွေမပါဘဲ သူတို့ရဲ့ဘဝကို ယောင်လို့တောင် စိတ်မကူးကြပါဘူး။ ရင်ခုန်စရာကောင်းတဲ့ အချစ်က အရမ်းအစွမ်းထက်ပါတယ်။ သင့်ရဲ့ဘဝမှာကော ဘယ်အရာက အဖိုးအတန်ဆုံးလို့ ထင်ပါသလဲ?

Lifestyle_Myanmar

LM_Nandar

Source-brightside

Zawgyi

ခ်စ္ျခင္းေမတၱာက လူတစ္ေယာက္ရဲ႕ မ်က္ႏွာကို ဘယ္လို ေျပာင္းလဲေစေၾကာင္း ျပသေနတဲ့ စမ္းသပ္မႈတစ္ခု

ခ်စ္ျခင္းေမတၱာက လူေတြအေပၚ ဘယ္လို သက္ေရာက္မႈရွိေၾကာင္း ျပသဖို႔ ရည္႐ြယ္ခ်က္ျဖင့္ Sentimente လို႔ေခၚတဲ့ dating site တစ္ခုက စိတ္ဝင္စားဖို႔ေကာင္းတဲ့ ဓါတ္ပုံပေရာဂ်က္တစ္ခုကို ျပဳလုပ္ခဲ့ပါတယ္။ ပါဝင္သူမ်ားကို စမ္းသပ္မႈ မစတင္ခင္မွာ ဓါတ္ပုံေတြ ႐ိုက္ယူခဲ့ၿပီး သူတို႔တစ္ေယာက္ခ်င္းစီအတြက္ ကိုယ္ေရးကိုယ္တာ မက္ေဆ့ခ်္ပါတဲ့ ဗီဒီယိုတစ္ခုကို ျပသခဲ့ပါတယ္။ အဲ့ဒီအခ်ိန္မွာ ပါဝင္သူမ်ားကို ဒုတိယအႀကိမ္ ဓါတ္ပုံ႐ိုက္ခဲ့ၿပီး ရလဒ္ေတြကို ကနဦး႐ိုက္ခ်က္ေတြနဲ႔ ႏႈိင္းယွဥ္ခဲ့ပါတယ္။ သူတို႔အၾကားမွာ ဘယ္လိုျခားနားခ်က္ေတြ ရွိခဲ့သလဲဆိုတာကို ေအာက္ကပုံေတြမွာ ျမင္ရပါလိမ့္မယ္။ ဒီေဆာင္းပါးကို ဖတ္ၿပီးရင္ သင္ခ်စ္ရသူေတြကို သတိရသြားမယ္လို႔ ေမွ်ာ္လင့္မိပါတယ္။

ခ်စ္ျခင္းေမတၱာဆိုတာ ႐ုပ္ဝတၱဳပစၥည္းလို ထင္သာျမင္သာရွိတဲ့ အရာအျဖစ္ ျမင္ရဖို႔ဆိုတာ မျဖစ္ႏိုင္ပါဘူး။ ဒါေပမယ့္ ဓါတ္ပုံဆရာMihnea Ratteက ဒီခံစားခ်က္ကို သူမရဲ႕ဓါတ္ပုံေတြမွာ မွတ္တမ္းတင္ႏိုင္ခဲ့ပါတယ္။ ပါဝင္သူမ်ားကို ဓါတ္ပုံ႐ိုက္ဖို႔ ဖိတ္ၾကားခံခဲ့ရၿပီး သူတို႔ရဲ႕ ပထမဆုံးပုံတူကို ႐ိုက္ၿပီးေနာက္ သူတို႔ခ်စ္တဲ့သူမ်ားက ငါမင္းကိုခ်စ္တယ္လို႔ ေျပာေနတဲ့ ဗီဒီယိုတစ္ခု သို႔မဟုတ္ သူတို႔ရဲ႕ ခ်စ္ဖို႔ေကာင္းတဲ့ အိမ္ေမြးတိရိစာၦန္ေတြရဲ႕ ဗီဒီယိုတစ္ခုကို ျပသခဲ့ပါတယ္။ သူတို႔ရဲ႕ စိတ္ခံစားမႈအားလုံးက စိတ္ရင္းမွန္နဲ႔ ထြက္လာတာကို ေတြ႕ရပါတယ္။

၁။ မိသားစုဆီက ေႏြးေထြးတဲ့ စကားကို ၾကားခဲ့တဲ့ ေမာ္နီကာ

၂။ Manuela ရဲ႕ရည္းစားက သူမကိုခ်စ္ေၾကာင္း ဝန္ခံခဲ့ပါတယ္။

၃။ အလက္ဇႏၵရားရဲ႕ ရည္းစားက သူမအေပၚထားတဲ့ နက္ရႈိင္းတဲ့ ခံစားခ်က္မ်ား ဝန္ခံခဲ့ပါတယ္။

၄။ သူမအခ်စ္ဆုံး သူငယ္ခ်င္း ကေလးေတြရဲ႕ message ဗီဒီယိုကို ၾကည့္ခဲ့ရတဲ့ Raluca

၅။ Oana ကို သူမရဲ႕ ေခြးကေလးႏွင့္ ဗီဒီယိုတစ္ခုကို ျပသခဲ့ပါတယ္။

၆။ သူမရဲ႕ သူငယ္ခ်င္းေကာင္းဆီက ဗီဒီယိုမက္ေဆ့ခ်္တစ္ခုရခဲ့တဲ့ Andreea

ခ်စ္ျခင္းေမတၱာဟာ ဘက္ေပါင္းစုံမွာ ရွိၿပီး လူတစ္ဦးခ်င္းစီက သူတို႔ရဲ႕ ကိုယ္ပိုင္အဓိပၸာယ္ေလးေတြ ဖြင့္ဆိုေပးခဲ့ၾကပါတယ္။ လူတစ္ခ်ိဳ႕က သူတို႔ရဲ႕ သူငယ္ခ်င္းေတြကို ခ်စ္ၾကပါတယ္။ အျခားသူေတြက သူတို႔ရဲ႕ အိမ္ေမြးတိရိစာၦန္ေလးေတြမပါဘဲ သူတို႔ရဲ႕ဘဝကို ေယာင္လို႔ေတာင္ စိတ္မကူးၾကပါဘူး။ ရင္ခုန္စရာေကာင္းတဲ့ အခ်စ္က အရမ္းအစြမ္းထက္ပါတယ္။ သင့္ရဲ႕ဘဝမွာေကာ ဘယ္အရာက အဖိုးအတန္ဆုံးလို႔ ထင္ပါသလဲ?

Lifestyle_Myanmar

LM_Nandar

Source-brightside

LEAVE A REPLY

Please enter your comment!
Please enter your name here