ေခၽြးထြက္ျခင္းဟာ ကိုယ္အတြင္းက အဆိပ္အေတာက္ျဖစ္ေစမယ့္ အရာေတြကို ဖယ္ရွားေပးႏိုင္ေပမယ့္ အလြန္အမင္းေခၽြးထြက္ျခင္းေၾကာင့္ ကိုယ္တြင္းအငန္ဓါတ္နဲ႔ ေရဓါတ္ဆံုး႐ႈံးျခင္း၊ ခႏၶာကိုယ္အနံ႔ဆိုးျခင္းတို႔ကို ျဖစ္ေပၚေစပါတယ္။ အထူးသျဖင့္ ခ်ိဳင္းၾကားေခၽြးထြက္ျခင္းကို လူအေတာ္မ်ားမ်ား ၾကံဳေတြ႔ေနရၿပီး အဝတ္အစားဝတ္ရတာ အဆင္မေျပျခင္း လူၾကားထဲမွာ ဆိုးဝါးျခင္းနဲ႔ အနံ႔နံျခင္းတို႔ ျဖစ္ေစႏိုင္ပါတယ္။ ဒီလိုခ်ိဳင္းၾကားေခၽြးထြက္တာေၾကာင့္ စိတ္မညစ္ပါနဲ႔ အိမ္မွာရွိေနတဲ့ မီးဖိုေခ်ာင္ပစၥည္းေတြက ကာကြယ္ေပးႏိုင္ပါတယ္။
၁။ ရွာလကာရည္
သဘာဝရွာလကာရည္ ဟာ ေခၽြးထြက္ျခင္းနဲ႔ ေခၽြးနံ႔နံျခင္းကို သက္သာေစႏိုင္ပါတယ္။ သဘာဝရွာလကာရည္ လၻက္ရည္ဇြန္းနဲ႔ ႏွစ္ဇြန္းကို apple cider ရွာလကာရည္တစ္ဇြန္းနဲ႔ ေရာစပ္ပါ။ ဗိုက္ထဲအစာမရွိခ်ိန္ မွာ အစာစားခ်ိန္နဲ႔ နာရီဝက္ေလာက္ခြာၿပီး ေသာက္သံုးပါ။ သို႔မဟုတ္ အစာစားၿပီးတဲ့အခ်ိန္နာရီဝက္ေလာက္ေနရင္ ေသာက္သံုးလို႔လည္းရပါတယ္။
၂။ ခရမ္ခ်ဥ္းသီးေဖ်ာ္ရည္
ေခၽြးအလြန္အကၽြံထြက္ျခင္းကို ေပ်ာက္ကင္းေစဖို႔အတြက္ လတ္ဆတ္တဲ့ ခရမ္းခ်ဥ္သီးေဖ်ာ္ရည္တစ္ခြက္ကို ေန႔စဥ္ေသာက္သံုးေပးျခင္းျဖင့္ ကုသေပးႏိုင္ပါတယ္။
၃။ ေဆးဖက္ဝင္လက္ဖက္
လက္ဖက္ရည္ အစိမ္းေရာင္နဲ႔ အနက္ေရာင္တို႔ဟာလည္း ေခၽြးထြက္လြန္ျခင္း ျပႆနာကို ေျဖရွင္းေပးႏိုင္ပါတယ္။ အစိမ္းေရာင္လက္ဖက္ရည္မွာ မဂၢနီဆီယမ္၊ ဗီတာမင္ဘီတို႔ ပါဝင္တာေၾကာင့္ သင့္ရဲ႕ ေခၽြးေပါက္ ဂလင္းေတြကို တင္းက်ပ္ေစၿပီး သင့္ကိုစိတ္ေအးလက္ေအးပိုျဖစ္ေစပါတယ္။ အထူးသျဖင့္ စိတ္ဖိစီးမႈေၾကာင့္ ထြက္တဲ့ေခၽြးေတြကို သက္သာေစမွာပါ။
တကယ္လို႔ ေန႔စဥ္ေခၽြးအရမ္းထြက္ေနရင္ေတာ့ အစိမ္းေရာင္လက္ဖက္ရည္ကို မနက္တိုင္းေသာက္သံုးေပးသင့္ပါတယ္။ တကယ္လို႔ေျခဖ်ားလက္ဖ်ားေတြမွာ ေခၽြးအလြန္ထြက္ေနပါက လက္ဖက္ရည္နဲ႔ မိနစ္ ၂၀ ၃၀ ေလာက္ေဆးေၾကာေပးပါ။
၄။ အာလူး
အာလူးဟာလည္း ေခၽြးထြက္ျခင္းကို သက္သာေစတဲ့ ေဆးၿမီးတိုျဖစ္ပါတယ္။ အသံုးျပဳဖို႔ကလည္း အရမ္းကိုလြယ္ကူပါတယ္။ အာလူးကိုအျပားေလးေတြလွီးၿပီး သင့္ရဲ႕ခ်ိဳင္းၾကားကို ပြတ္တိုက္ေပးပါ။ ေခၽြးထြက္ျခင္းကို ေပ်ာက္ကင္းေစမွာပါ။
၅။ ေျပာင္းမႈန္႔နဲ႔ မုတ္ဖုတ္ဆိုဒါ
ေျပာင္းမႈန္႔နဲ႔ မုတ္ဖုတ္ဆိုဒါကို ေရာေႏွာၿပီး သင့္ရဲ႕ခ်ိဳင္းၾကားကို လိမ္းေပးၿပီး နာရီဝက္ကေနတစ္နာရီၾကာေအာင္ေနေပးပါ။ ၿပီးလွ်င္ေဆးေၾကာေပးပါ။ အျခားဂ်ိဳင္းလိမ္းအဆီနဲ႔ essential oil တို႔ကိုလည္း ေရာစပ္အသံုးျပဳႏိုင္ပါတယ္။
၆။အုန္းဆီ
ပ႐ုတ္ 10gms ကို အုန္းဆီနဲ႔ေရာစပ္ၿပီး ေခၽြးထြက္တဲ့ေနရာေတြကို သုတ္လိမ္းေပးျခင္းျဖင့္လည္း ကုသႏိုင္ပါတယ္။
၇။ စပ်စ္သီး
ခ်ိဳင္းၾကားေလေခၽြးထြက္မ်ားျခင္းနဲ႔ အနံ႔နံျခင္းအတြက္ စပ်စ္သီးကို ဓါတ္စာအျဖစ္ ေန႔စဥ္စားသံုးေပးပါ။ သင့္ရဲ႕ကိုယ္တြင္းေရာဂါကာကြယ္မႈနဲ႔ အပူခ်ိန္ကိုပါ ထိန္းညွိေပးႏိုင္ပါတယ္။
၈။ ဆား
ဆားလၻက္ရည္ဇြန္းတစ္ဇြန္းခန္႔ကို သံပရာရည္နဲ႔ေရာစပ္ၿပီး သင့္ရဲ႕ခ်ိဳင္းၾကားကို ႏွိပ္နယ္ေပးပါ။ ေခၽြးဂလင္းေတြရဲ႕ လႈပ္ရွားမႈေတြကို အရွိေလ်ာ့ေစၿပီး ေခၽြးထြက္ျခင္းသက္သာလာပါလိမ့္မယ္။
အျခားသူေတြနဲ႔ ေပါင္းသင္းဆက္ဆံေရး ပိုမိုအဆင္ေျပေစဖို႔အတြက္ နည္းလမ္း (၆) ခ်က္
#LM_Naung_Naung
#Lifestyle_Myanmar
Unicode
ချွေးထွက်ခြင်းဟာ ကိုယ်အတွင်းက အဆိပ်အတောက်ဖြစ်စေမယ့် အရာတွေကို ဖယ်ရှားပေးနိုင်ပေမယ့် အလွန်အမင်းချွေးထွက်ခြင်းကြောင့် ကိုယ်တွင်းအငန်ဓါတ်နဲ့ ရေဓါတ်ဆုံးရှုံးခြင်း၊ ခန္ဓာကိုယ်အနံ့ဆိုးခြင်းတို့ကို ဖြစ်ပေါ်စေပါတယ်။ အထူးသဖြင့် ချိုင်းကြားချွေးထွက်ခြင်းကို လူအတော်များများ ကြုံတွေ့နေရပြီး အဝတ်အစားဝတ်ရတာ အဆင်မပြေခြင်း လူကြားထဲမှာ ဆိုးဝါးခြင်းနဲ့ အနံ့နံခြင်းတို့ ဖြစ်စေနိုင်ပါတယ်။ ဒီလိုချိုင်းကြားချွေးထွက်တာကြောင့် စိတ်မညစ်ပါနဲ့ အိမ်မှာရှိနေတဲ့ မီးဖိုချောင်ပစ္စည်းတွေက ကာကွယ်ပေးနိုင်ပါတယ်။
၁။ ရှာလကာရည်
သဘာဝရှာလကာရည် ဟာ ချွေးထွက်ခြင်းနဲ့ ချွေးနံ့နံခြင်းကို သက်သာစေနိုင်ပါတယ်။ သဘာဝရှာလကာရည် လ္ဘက်ရည်ဇွန်းနဲ့ နှစ်ဇွန်းကို apple cider ရှာလကာရည်တစ်ဇွန်းနဲ့ ရောစပ်ပါ။ ဗိုက်ထဲအစာမရှိချိန် မှာ အစာစားချိန်နဲ့ နာရီဝက်လောက်ခွာပြီး သောက်သုံးပါ။ သို့မဟုတ် အစာစားပြီးတဲ့အချိန်နာရီဝက်လောက်နေရင် သောက်သုံးလို့လည်းရပါတယ်။
၂။ ခရမ်ချဉ်းသီးဖျော်ရည်
ချွေးအလွန်အကျွံထွက်ခြင်းကို ပျောက်ကင်းစေဖို့အတွက် လတ်ဆတ်တဲ့ ခရမ်းချဉ်သီးဖျော်ရည်တစ်ခွက်ကို နေ့စဉ်သောက်သုံးပေးခြင်းဖြင့် ကုသပေးနိုင်ပါတယ်။
၃။ ဆေးဖက်ဝင်လက်ဖက်
လက်ဖက်ရည် အစိမ်းရောင်နဲ့ အနက်ရောင်တို့ဟာလည်း ချွေးထွက်လွန်ခြင်း ပြဿနာကို ဖြေရှင်းပေးနိုင်ပါတယ်။ အစိမ်းရောင်လက်ဖက်ရည်မှာ မဂ္ဂနီဆီယမ်၊ ဗီတာမင်ဘီတို့ ပါဝင်တာကြောင့် သင့်ရဲ့ ချွေးပေါက် ဂလင်းတွေကို တင်းကျပ်စေပြီး သင့်ကိုစိတ်အေးလက်အေးပိုဖြစ်စေပါတယ်။ အထူးသဖြင့် စိတ်ဖိစီးမှုကြောင့် ထွက်တဲ့ချွေးတွေကို သက်သာစေမှာပါ။
တကယ်လို့ နေ့စဉ်ချွေးအရမ်းထွက်နေရင်တော့ အစိမ်းရောင်လက်ဖက်ရည်ကို မနက်တိုင်းသောက်သုံးပေးသင့်ပါတယ်။ တကယ်လို့ခြေဖျားလက်ဖျားတွေမှာ ချွေးအလွန်ထွက်နေပါက လက်ဖက်ရည်နဲ့ မိနစ် ၂၀ ၃၀ လောက်ဆေးကြောပေးပါ။
၄။ အာလူး
အာလူးဟာလည်း ချွေးထွက်ခြင်းကို သက်သာစေတဲ့ ဆေးမြီးတိုဖြစ်ပါတယ်။ အသုံးပြုဖို့ကလည်း အရမ်းကိုလွယ်ကူပါတယ်။ အာလူးကိုအပြားလေးတွေလှီးပြီး သင့်ရဲ့ချိုင်းကြားကို ပွတ်တိုက်ပေးပါ။ ချွေးထွက်ခြင်းကို ပျောက်ကင်းစေမှာပါ။
၅။ ပြောင်းမှုန့်နဲ့ မုတ်ဖုတ်ဆိုဒါ
ပြောင်းမှုန့်နဲ့ မုတ်ဖုတ်ဆိုဒါကို ရောနှောပြီး သင့်ရဲ့ချိုင်းကြားကို လိမ်းပေးပြီး နာရီဝက်ကနေတစ်နာရီကြာအောင်နေပေးပါ။ ပြီးလျှင်ဆေးကြောပေးပါ။ အခြားဂျိုင်းလိမ်းအဆီနဲ့ essential oil တို့ကိုလည်း ရောစပ်အသုံးပြုနိုင်ပါတယ်။
၆။အုန်းဆီ
ပရုတ် 10gms ကို အုန်းဆီနဲ့ရောစပ်ပြီး ချွေးထွက်တဲ့နေရာတွေကို သုတ်လိမ်းပေးခြင်းဖြင့်လည်း ကုသနိုင်ပါတယ်။
၇။ စပျစ်သီး
ချိုင်းကြားလေချွေးထွက်များခြင်းနဲ့ အနံ့နံခြင်းအတွက် စပျစ်သီးကို ဓါတ်စာအဖြစ် နေ့စဉ်စားသုံးပေးပါ။ သင့်ရဲ့ကိုယ်တွင်းရောဂါကာကွယ်မှုနဲ့ အပူချိန်ကိုပါ ထိန်းညှိပေးနိုင်ပါတယ်။
၈။ ဆား
ဆားလ္ဘက်ရည်ဇွန်းတစ်ဇွန်းခန့်ကို သံပရာရည်နဲ့ရောစပ်ပြီး သင့်ရဲ့ချိုင်းကြားကို နှိပ်နယ်ပေးပါ။ ချွေးဂလင်းတွေရဲ့ လှုပ်ရှားမှုတွေကို အရှိလျော့စေပြီး ချွေးထွက်ခြင်းသက်သာလာပါလိမ့်မယ်။
#LM_Naung_Naung
#Lifestyle_Myanmar