Home Celebrity ချစ်သူနှင့်အတူ သွားခဲ့တဲ့ ဂျပန်ခရီးစဉ်အကြောင်း ပြောပြခဲ့တဲ့ ထိုင်းမင်းသားချော James jirayu
0
797
Lifestyle_Myanmar
LM_Nandar
Unicode
ချစ်သူနှင့်အတူ သွားခဲ့တဲ့ ဂျပန်ခရီးစဉ်အကြောင်း ပြောပြခဲ့တဲ့ ထိုင်းမင်းသားချော James jirayu
James ji လို့လူသိများတဲ့ ထိုင်းမင်းသားချောလေး James Jirayu ဟာ အဆိုတော်၊ သရုပ်ဆောင်၊ မော်ဒယ်တစ်ယောက်ဖြစ်ပါတယ်။ သူ့ရဲ့သရုပ်ဆောင်မှုနှင့် ချောမောတဲ့ ရုပ်ရည်တို့ကြောင့် မိန်းကလေးပရိတ်သတ်တွေကြားမှာ ရေပန်းစားခဲ့ပါတယ်။ သရုပ်ဆောင်ပိုင်နိုင်မှုကြောင့် ပရိတ်သတ်တွေရဲ့ အားပေးမှုကို အခိုင်အမာရရှိထားသူလည်းဖြစ်ပါတယ်။ မကြာသေးခင်က သူ့မှာတွဲနေတဲ့ ချစ်သူရှိကြောင်း ဖွင့်ပြောခဲ့ပေမယ့် ဘယ်သူလည်းဆိုတာတော့ အတိအကျမသိကြပါဘူး။
ပြီးခဲ့တဲ့လက James Jirayu ဟာ သူရဲ့ချစ်သူနှင့်အတူ ဂျပန်နိုင်ငံကို အလည်အပတ် ခရီးသွားခဲ့ပါတယ်။ ဒီခရီးစဉ်မှာ သူ့သူငယ်ချင်းတွေဖြစ်တဲ့ Taew Natapohn, Ton Arch, Alek Teeradetch, Toey Jarinporn, Mew Nittha, နှင့် Hi-So Shane တို့လည်း လိုက်ပါခဲ့ပါတယ်။
ချစ်သူနှင့်အတူ ဂျပန်ကို ခရီးသွားခဲ့တာနဲ့ ပတ်သတ်ပြီး ထိုင်းသထင်းထောက်တွေက ခုလိုမေးမြန်းခဲ့ပါတယ်။
သတင်းထောက်- အုပ်စုလိုက်ဓါတ်ပုံ ဘာလို့ တင်ထားတာလဲ?
james – သူငယ်ချင်းတွေနဲ့ ဓါတ်ပုံရိုက်တယ်ဆိုတာ ပုံမှန်ပါပဲ။ ကျွန်တော် ဘာရည်ရွယ်ချက်မှမရှိပါဘူး။ ဒီအတိုင်း ဓါတ်ပုံတစ်ပုံမျှဝေယုံပါပဲ။
သတင်းထောက်- ဓါတ်ပုံမျှဝေတယ်ဆိုတော့ မင်းသားရဲ့အချစ်ရေးကို ပရိတ်သတ်တွေဆီကို ဖွင့်ချပြတာလား?
James – ဖွင့်ချပြတာလား? ဒါက ဖွင့်ပြောပြီးသားပါ။ လူတိုင်းကို ကျွန်တော်ပြောပါတယ်။ ကျွန်တော်ရဲ့ နေထိုင်မှုပုံစံက ပုံမှန်ပါပဲ။ ဒီအကြောင်းနဲ့ ပတ်သတ်ပြီး အများကြီး မစဉ်းစားထားပါဘူး။ ဒါကလည်း စိုးရိမ်စရာမဟုတ်ပါဘူး။ ထိုင်းကိုပြန်ရောက်ပြီးနောက်ပိုင်း ဂျပန်မှာ ကျွန်တော်နေခဲ့စဉ်က အဖြစ်အပျက်တွေကို သူတို့ ပြောကြတယ်။ ပုံမှန်အားဖြင့် အချို့လူတွေက သဘောတူသလို အချို့လူတွေက သဘောမတူကြဘူး။ ကျွန်တော့ပရိတ်သတ်တွေက ချစ်စရာကောင်းပြီး ကျွန်တော်ကို ချစ်မယ်လို့ ယုံကြည်ပါတယ်လို့ James Ji ကဆိုပါတယ်။
Lifestyle_Myanmar
LM_Nandar
NO COMMENTS
LEAVE A REPLY
Please enter your comment!
Please enter your name here