Home News ခ်စ္သူေသတာကိုျမင္ၿပီး ၂၄နာရီအတြင္း ကိုယ့္ကိုကိုယ္ အဆုံးစီရင္လိုက္တဲ့ အမ်ိဳးသမီး

ခ်စ္သူေသတာကိုျမင္ၿပီး ၂၄နာရီအတြင္း ကိုယ့္ကိုကိုယ္ အဆုံးစီရင္လိုက္တဲ့ အမ်ိဳးသမီး

0
4982
ခ်စ္သူစုံတြဲ
ခ်စ္သူစုံတြဲ

Jason Francis ဆိုတဲ့ ေကာင္ေလးနဲ႔ Alic Robinson ဆိုတဲ့ ေကာင္မေလးဟာ အရမ္းကို ခ်စ္ခဲ့ၾကတဲ့ ခ်စ္သူစုံတြဲျဖစ္ၿပီး ၾသစေၾတးလ်မွာအတူတကြ ေနထိုင္ခဲ့ပါတယ္။ Jason Francis တို႔စုံတြဲဟာ ၿဗိတိန္ကေန ေျပာင္းေရြ႕လာခဲ့တာ တစ္ႏွစ္ေတာင္မျပည့္ေသးပါဘူး။ Jason Francis က Cottesloe Rugby Union Football Club အသင္းရဲ႕နာမည္ႀကီးလူသိမ်ားတဲ့ ေဘာလုံးကစားသမားတစ္ဦးပဲျဖစ္ပါတယ္။ ဒါေပမဲ့ ၿပီးခဲ့တဲ့ စေနေန႔က Jason Francis ဟာ သူငယ္ခ်င္းေတြနဲ႔ တစ္ေနကုန္ေသာက္စားၿပီး ည ၈နာရီေလာက္ေရာက္ေတာ့ Alic Robinson ရွိရာအိမ္ကို ျပန္ရင္ အိမ္နားေရာက္ခါနီးမွာ ကားတိုက္ခံရတာျဖစ္ပါတယ္။ Jason Francis ဟာ အမူးလြန္ၿပီး ကားလမ္းမေပၚမွာ အိပ္ေပ်ာ္ေနတဲ့အခ်ိန္ ပီဇာပို႔တဲ့ ကားက ဝင္တိုက္မိတာပဲ
ျဖစ္ပါတယ္။

ဝင္တိုက္တဲ့ ကားသမားဟာ အသက္ ၁၈ႏွစ္အရြယ္သာရွိေသးတဲ့ ေက်ာင္းသားတစ္ဦးျဖစ္ၿပီး ပီဇာပို႔တဲ့အလုပ္ကို အခ်ိန္ပိုင္းလုပ္ကိုင္ရင္း ေက်ာင္းစရိတ္ရွာေနသူတစ္ဦးပဲျဖစ္ပါတယ္။ ျဖစ္တဲ့ညမွာလည္း ပီဇာလိုက္ပို႔ရင္း Jason Francis ကားလမ္းမမွာ လဲေလ်ာင္းေနတာကို မျမင္ဘဲ မေတာ္တဆတိုက္မိသြားခဲ့တာျဖစ္ပါတယ္။ ကားသမားေလးဟာ တိုက္တိုက္ၿပီးခ်င္း ထြက္ေျပးခ်င္းမရွိဘဲ ထိုေနရာမွာတင္ ရဲစခန္းနဲ႔ လူနာတင္ကားေတြကို ဖုန္းဆက္ေခၚေပးခဲ့ပါေသးတယ္။ Jason Francis မျပန္ခင္သူ႔ရဲ႕ သူငယ္ခ်င္းေတြက Jason အတြက္ အိမ္တိုင္ရာေရာက္ ကားငွားၿပီး တင္ေပးလိုက္ေပမဲ့ jason ဟာ အိမ္နားေရာက္ခါနီးကားေပၚက ဆင္းၿပီး လမ္းေလွ်ာက္ရင္း ဆက္မေလွ်ာက္ႏိုင္ေတာ့ဘဲ ကားလမ္းမေပၚမွာ လဲေလ်ာင္းေနခဲ့တာျဖစ္ပါတယ္။ အိမ္နားမွာ ကားတိုက္မိတဲ့အသံၾကားေတာ့ Alic Robinson တစ္ေယာက္ အေျပးအလႊာ ထြက္ၾကည့္ခဲ့ရင္း သူမရဲ႕ ခ်စ္သူ ဒဏ္ရာေတြနဲ႔ လဲေလ်ာင္းေနတာကို မ်က္ျမင္ေတြ႕ရသျဖင့္ အေတာ္ေလး ရင္ႀကံဳးမရျဖစ္ခဲ့ရပါတယ္။

အဲ့ဒီေနာက္မွာေတာ့ ေဆး႐ုံကားေရာက္လာေပမဲ့လည္း Jason တစ္ေယာက္ အသက္မရွိေတာ့ပါဘူး။ ဒီအျဖစ္အပ်က္ႀကီးကို လက္ဝါးထင္ထင္ေတြ႕ျမင္လိုက္ရတဲ့ Alic တစ္ေယာက္အတြက္ေတာ့ တကယ့္ကို ဝမ္းနည္းေၾကကြဲစရာအျဖစ္အပ်က္တစ္ခုႀကံဳလုိက္ ရတာပဲျဖစ္ပါတယ္။ တနဂၤေႏြေန႔မွာ Jason ရဲ႕ အေပါင္းအသင္းေတြက အသုဘကိစၥလုပ္ဖို႔ Alic ဆီ ဆက္သြယ္ခဲ့ေပမဲ့ အဆက္အသြယ္မရခဲ့ပါဘူး။ အစပိုင္းမွာ သူတို႔ရဲ႕ အေတြးက ဘဝတစ္ခုလုံး ဆုံး႐ႈံးလိုက္ရသလို ခံစားေနရလို႔ သူလည္း ဘယ္သူနဲ႔မွ အဆက္အသြယ္မလုပ္ခ်င္လို႔ ေနမယ္ထင္ၿပီး အမႈ႕မဲ့ အမွတ္မဲ့ပဲ ေနေနလိုက္ပါတယ္။ ဒါေပမဲ့ အခ်ိန္ေတာ္ေတာ္ၾကာထိ လုံးဝအဆက္အသြယ္မရတာေၾကာင့္ စိုးရိမ္းၿပီး အိမ္ကို လိုက္သြားခဲ့ရာ အိမ္ရဲ႕ ဘယ္ဘက္ျခမ္းမွာ ရပ္ထားတဲ့ ကားထဲမွာ Alic တစ္ေယာက္ေသေနတာကို ေတြ႕ခဲ့ရပါတယ္။

ရဲတပ္ဖြဲ႕ဝင္ေတြရဲ႕ စစ္ေဆးခ်က္္အရ ကိုယ့္ကိုကိုယ္ အဆုံးစီရင္တာကလြဲရင္ သံသယျဖစ္စရာ ဘာမွမေတြ႕ရွိဘူးလို႔ဆိုပါတယ္။ အခုဆိုရင္ ႏွစ္ဖက္မိဘေတြကလည္း မိမိတို႔ သားသမီးေတြရဲ႕ ျဖစ္ရပ္ကို ၾကည့္ၿပီး အရမ္းကို ရင္ႀကံဳးမရခံစားေနရပါတယ္။ သူတို႔ရဲ႕ အေလာင္း ၂ေလာင္းကို ၿဗိတိန္က မိဘေတြဆီ ျပန္ပို႔ေပးမွာျဖစ္ၿပီး အေလာင္ျပန္ပို႔ဖို႔အတြက္ကို Cottesloe Rugby Union Football Club ကေန စီစဥ္ေနပါတယ္။ ပီဇာကားေမာင္းတဲ့ ေကာင္ေလးအတြက္ေတာ့ မေတာ္တဆ ယာဥ္တိုက္မႈ တစ္ခုျဖစ္တာေၾကာင့္ ျပစ္ဒဏ္ကေန အနည္းငယ္ေလ်ာ့ေပါ့ေပးမယ္လို႔ သိရပါတယ္။

#Lifestyle_Myanmar

#Thar_Nage

ခရစၥမတ္ဘိုးဘိုးႀကီးအျဖစ္သ႐ုပ္ေဆာင္ၿပီး ေဆး႐ုံက ကေလးေတြကို လက္ေဆာင္ေဝေပးခဲ့တဲ့ သမၼတေဟာင္းဘားရက္အိုဘားမား

Unicode

ချစ်သူသေတာကိုမြင်ပြီး ၂၄နာရီအတွင်း ကိုယ့်ကိုကိုယ် အဆုံးစီရင်လိုက်တဲ့ အမျိုးသမီး
Jason Francis ဆိုတဲ့ ကောင်လေးနဲ့ Alic Robinson ဆိုတဲ့ ကောင်မလေးဟာ အရမ်းကို ချစ်ခဲ့ကြတဲ့ ချစ်သူစုံတွဲဖြစ်ပြီး သြစတြေးလျမှာအတူတကွ နေထိုင်ခဲ့ပါတယ်။ Jason Francis တို့စုံတွဲဟာ ဗြိတိန်ကနေ ပြောင်းရွေ့လာခဲ့တာ တစ်နှစ်တောင်မပြည့်သေးပါဘူး။ Jason Francis က Cottesloe Rugby Union Football Club အသင်းရဲ့နာမည်ကြီးလူသိများတဲ့ ဘောလုံးကစားသမားတစ်ဦးပဲဖြစ်ပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့ စနေနေ့က Jason Francis ဟာ သူငယ်ချင်းတွေနဲ့ တစ်နေကုန်သောက်စားပြီး ည ၈နာရီလောက်ရောက်တော့ Alic Robinson ရှိရာအိမ်ကို ပြန်ရင် အိမ်နားရောက်ခါနီးမှာ ကားတိုက်ခံရတာဖြစ်ပါတယ်။ Jason Francis ဟာ အမူးလွန်ပြီး ကားလမ်းမပေါ်မှာ အိပ်ပျော်နေတဲ့အချိန် ပီဇာပို့တဲ့ ကားက ဝင်တိုက်မိတာပဲ
ဖြစ်ပါတယ်။

ဝင်တိုက်တဲ့ ကားသမားဟာ အသက် ၁၈နှစ်အရွယ်သာရှိသေးတဲ့ ကျောင်းသားတစ်ဦးဖြစ်ပြီး ပီဇာပို့တဲ့အလုပ်ကို အချိန်ပိုင်းလုပ်ကိုင်ရင်း ကျောင်းစရိတ်ရှာနေသူတစ်ဦးပဲဖြစ်ပါတယ်။ ဖြစ်တဲ့ညမှာလည်း ပီဇာလိုက်ပို့ရင်း Jason Francis ကားလမ်းမမှာ လဲလျောင်းနေတာကို မမြင်ဘဲ မတော်တဆတိုက်မိသွားခဲ့တာဖြစ်ပါတယ်။ ကားသမားလေးဟာ တိုက်တိုက်ပြီးချင်း ထွက်ပြေးချင်းမရှိဘဲ ထိုနေရာမှာတင် ရဲစခန်းနဲ့ လူနာတင်ကားတွေကို ဖုန်းဆက်ခေါ်ပေးခဲ့ပါသေးတယ်။ Jason Francis မပြန်ခင်သူ့ရဲ့ သူငယ်ချင်းတွေက Jason အတွက် အိမ်တိုင်ရာရောက် ကားငှားပြီး တင်ပေးလိုက်ပေမဲ့ jason ဟာ အိမ်နားရောက်ခါနီးကားပေါ်က ဆင်းပြီး လမ်းလျှောက်ရင်း ဆက်မလျှောက်နိုင်တော့ဘဲ ကားလမ်းမပေါ်မှာ လဲလျောင်းနေခဲ့တာဖြစ်ပါတယ်။ အိမ်နားမှာ ကားတိုက်မိတဲ့အသံကြားတော့ Alic Robinson တစ်ယောက် အပြေးအလွှာ ထွက်ကြည့်ခဲ့ရင်း သူမရဲ့ ချစ်သူ ဒဏ်ရာတွေနဲ့ လဲလျောင်းနေတာကို မျက်မြင်တွေ့ရသဖြင့် အတော်လေး ရင်ကြုံးမရဖြစ်ခဲ့ရပါတယ်။

အဲ့ဒီနောက်မှာတော့ ဆေးရုံကားရောက်လာပေမဲ့လည်း Jason တစ်ယောက် အသက်မရှိတော့ပါဘူး။ ဒီအဖြစ်အပျက်ကြီးကို လက်ဝါးထင်ထင်တွေ့မြင်လိုက်ရတဲ့ Alic တစ်ယောက်အတွက်တော့ တကယ့်ကို ဝမ်းနည်းကြေကွဲစရာအဖြစ်အပျက်တစ်ခုကြံုလိုက် ရတာပဲဖြစ်ပါတယ်။ တနင်္ဂနွေနေ့မှာ Jason ရဲ့ အပေါင်းအသင်းတွေက အသုဘကိစ္စလုပ်ဖို့ Alic ဆီ ဆက်သွယ်ခဲ့ပေမဲ့ အဆက်အသွယ်မရခဲ့ပါဘူး။ အစပိုင်းမှာ သူတို့ရဲ့ အတွေးက ဘဝတစ်ခုလုံး ဆုံးရှုံးလိုက်ရသလို ခံစားနေရလို့ သူလည်း ဘယ်သူနဲ့မှ အဆက်အသွယ်မလုပ်ချင်လို့ နေမယ်ထင်ပြီး အမှု့မဲ့ အမှတ်မဲ့ပဲ နေနေလိုက်ပါတယ်။ ဒါပေမဲ့ အချိန်တော်တော်ကြာထိ လုံးဝအဆက်အသွယ်မရတာကြောင့် စိုးရိမ်းပြီး အိမ်ကို လိုက်သွားခဲ့ရာ အိမ်ရဲ့ ဘယ်ဘက်ခြမ်းမှာ ရပ်ထားတဲ့ ကားထဲမှာ Alic တစ်ယောက်သေနေတာကို တွေ့ခဲ့ရပါတယ်။

ရဲတပ်ဖွဲ့ဝင်တွေရဲ့ စစ်ဆေးချက််အရ ကိုယ့်ကိုကိုယ် အဆုံးစီရင်တာကလွဲရင် သံသယဖြစ်စရာ ဘာမှမတွေ့ရှိဘူးလို့ဆိုပါတယ်။ အခုဆိုရင် နှစ်ဖက်မိဘတွေကလည်း မိမိတို့ သားသမီးတွေရဲ့ ဖြစ်ရပ်ကို ကြည့်ပြီး အရမ်းကို ရင်ကြံုးမရခံစားနေရပါတယ်။ သူတို့ရဲ့ အလောင်း ၂လောင်းကို ဗြိတိန်က မိဘတွေဆီ ပြန်ပို့ပေးမှာဖြစ်ပြီး အလောင်ပြန်ပို့ဖို့အတွက်ကို Cottesloe Rugby Union Football Club ကနေ စီစဉ်နေပါတယ်။ ပီဇာကားမောင်းတဲ့ ကောင်လေးအတွက်တော့ မတော်တဆ ယာဉ်တိုက်မှု တစ်ခုဖြစ်တာကြောင့် ပြစ်ဒဏ်ကနေ အနည်းငယ်လျော့ပေါ့ပေးမယ်လို့ သိရပါတယ်။

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here