၅။ သူကစိတ်ပျက်နေတာလား
အရေပြားပွန်းရှခြင်းကို ကာကွယ်ဖို့ အိမ်သုံးဆေးနည်းလေးတွေ
#LM_Naung_Naung
#Lifestyle_Myanmar
Source-Bettermeapp
Unicode
ချစ်သူအဖြစ်ကနေ သူငယ်ချင်းအဆင့်သို့ လျှောကျစပြုလာတဲ့ လက္ခဏာ (၆) ချက်
လူအများစုဟာ သူတို့ရဲ့ ရင်ခုန်စရာ relationship ကို သူငယ်ချင်းခင်မင်မှုအဖြစ် ပြောင်းလဲသွားမှာကို စိုးရိမ်နေတတ်ကြပါတယ်။ ဒါပေမယ့် ဒါဟာကြောက်စရာတစ်ခုမဟုတ်ပါဘူး။ ယခုလိုဖြစ်ရခြင်းရဲ့ အဓိပ္ပာယ်ဟာ relationship တစ်ခုအလုပ်မလုပ်တော့ဘူးလို့ အဓိပ္ပာယ်မသက်ရောက်လို့ပါပဲ။ သို့ပေမယ့် ကိုယ့်ရဲ့ relationship အတွင်းပြောင်းလဲမှုအခြေအနေအားလုံးကို သိရှိနေဖို့ လိုအပ်ပြီး romance ပဲဖြစ်ဖြစ် friendship ပဲဖြစ်ဖြစ် ရင်းနှီးမှု၊ ခင်မင်မှု နဲ့ ပွင့်လင်းမှုကတော့ ပြောင်းလဲသွားမှာ မဟုတ်ပါဘူး။ ဒီလိုပြောင်းလဲလာတဲ့ လက္ခဏာ ၆ ချက်ကို သိရှိခြင်းကြောင့် ဘယ်အရာတွေက မှားနေတယ်ဆိုတာ ပြင်ဆင်နိုင်ခြင်းဖြင့် romance relationship ပြန်ဖြစ်ဖို့အတွက် ပြင်ဆင်နိုင်စေမှာ ဖြစ်ပါတယ်။
၁။ အဆိုးဆုံးဖြစ်ရပ်အဖြစ် သင့်ရဲ့ sex ကိစ္စပြောင်းလဲသွားတယ်
အချိန်တိုင်းမှာ သင့်ရဲ့လက်တွဲဖော်က နမ်းတာတွေ၊ ပွေဖက်တာတွေနဲ့ sex မှာ မငြင်းပယ်ဖူးဆိုရင်တော့ ဒါဟာအဆိုးဆုံး အခြေအနေမဟုတ်ပါဘူး။ သင်တို့ရဲ့ ဆက်သွယ်ရေးကို ပြန်လည်ကုစားနိုင်ဖို့အတွက် ဒီပြောင်းလဲမှုရဲ့ အကြောင်းပြချက်ကို သင်ကိုယ်တိုင် ရှာဖွေဖို့ လိုအပ်ပါတယ်။
၂။ သင်တို့ရဲ့ RS ကိုသူကဆက်လက်မဆောင်ရွက် ချင်တော့ဘူးလို့ သင်စတင်စဉ်းစားလာတဲ့အခါ
relationship work တစ်ခုအသက်ဝင်ဖို့ဆိုရင် နှစ်ဦးသားလုံး ဒီအရာကို ဂရုစိုက်မှဖြစ်ပါလိမ့်မယ်။ ဒါကြောင့် ရင်ခုန်စရာကောင်းတဲ့ ညစာစားခြင်းတွေ၊ မနက်ခင်းအတူတူလေ့ကျင့်ခန်းလုပ်တာတွေ၊ ဗီဒီယိုဂိမ်းအတူတူဆော့တာတွေ စတာတွေကိုနှစ်ဦးသား အတူတူလုပ်ဆောင်ဖို့ လိုအပ်ပါတယ်။
၃။ သင့်ကိုသူ စကားအများကြီးမပြောချင်တော့ဘူး
တကယ်လို့ သင့်ရဲ့လက်တွဲဖော်က အရင်ကလိုမဟုတ်ပဲ သင့်ကိုစကားတွေ ပြေဖို့စိတ်မပါတော့တာဟာ သင်တို့ရဲ့ relationship အတွင်းတစ်ခုခုမှားနေတာကြောင့် ဖြစ်ပါလိမ့်မယ်။ လူတိုင်းဟာ ကိုယ်ပိုင်အချိန်နဲ့ လွတ်လပ်မှု personal space လိုအပ်တာ မှန်ပါတယ်။ ဒါပေမယ့် သူဘာကြောင့် နှုတ်ဆိတ်နေရတယ် ဆိုတာကိုတော့ သင်သိဖို့ လိုအပ်ပါတယ်။
၄။ သူ့ရဲ့အသွင်အပြင်ကို ဂရုမစိုက်တော့ဘူး
တခါတရံမှာ လူတစ်ယောက်ဟာ သူဘယ်လိုပုံပဲ ပေါက်နေနေ ကိုယ့်ရဲ့အသွင်အပြင်ကို ဂရုစိုက်မှု မထားတတ်ပေမယ့် တကယ်လို့ သင့်ရဲ့ချစ်သူက ကျန်းမာရေးနဲ့ မညီညွှတ်တာတွေကို စားလာတာတွေ၊ တစ်ကိုယ်ရေ သန့်ရှင်းမှုနဲ့ သပ်ရပ်မှု မရှိတော့တာ၊ ဒါမှမဟုတ် တစ်နေကုန်အိပ်ယာမှာပဲ ပက်လက်လှန်နေတာတွေ ပြုလုပ်နေခဲ့ရင် သူ့ကိုငြင်သာစွာ ပြောဆိုပါ။ ကြမ်းတမ်းစွာစစ်ဆေးတာတွေ မလုပ်ပါနဲ့။
၅။ သူကစိတ်ပျက်နေတာလား
သင့်ဘဝမှာ အရင်တုန်းကလိုမဟုတ်ပဲ ပျော်စရာတွေ၊ စိတ်လှုပ်ရှားမှုတွေ မရှိတော့ဘူးလို့ ထင်မြင်မိတဲ့ အခိုက်အတံ့တွေ ရှိနိုင်ပါတယ်။ သိုပေမယ့် ဒီလိုဖြစ်မှုတွေက တစ်ယောက်နဲ့ တစ်ယောက် လမ်းခွဲစေဖို့ အကြောင်းပြချက်တစ်ခု မဟုတ်ပါဘူး။ ဒီအရာတွေက ပိုပြီးနီးစပ်အောင်လည်း ကူညီပေးနိုင်ပါတယ်။ သင့်တို့ရဲ့အချစ်ရေး ပိုမိုခိုင်မြဲစေဖို့အတွက် ပျော်စရာကောင်းတဲ့ အရာတွေကို အရင်ကထက် အတူတကွပြုလုပ်ဖို့အတွက် ကြိုးစားပေးပါ။
၆။ သူ့ရဲ့အချိန်အများစုကို အလုပ်မှာပဲ နစ်မြုပ်နေပြီး သင့်အတွက် အချိန်တွေ နည်းနေပြီလား
လူတချို့ကတော့ relationship တစ်ခုထက် အလုပ်ကပိုပြီး အရေးကြီးတယ်လို့ ယူဆကြပါတယ်။ အလုပ်နဲ့ personal life နှစ်ခုကြား ညီမျှအောင် နေထိုင်ဖို့ဆိုတာ အရေးကြီးတဲ့ အရာတစ်ခုပါ။ တကယ်လို့ သင့်ရဲ့ချစ်သူက ယခုလိုမျိုး အချိန်အများကြီးကို အလုပ်အတွက်နဲ့ပဲ ကုန်ဆုံးစေတယ်လို့ ခံစားရရင်တော့ သူ့ကိုပြောခြင်း သို့မဟုတ် အပေးအယူတစ်ခုကို
ရှာဖွေခြင်း မျိုးကိုပြုလုပ်ပေးပါ။
#LM_Naung_Naung
#Lifestyle_Myanmar
Source-Bettermeapp