Home Uncategorized ချစ်သူများနေ့အတွက် ကြေးစားချစ်သူအဖြစ် ကိုယ့်ကိုယ်ကိုရောင်းခဲ့တဲ့ အမျိုးသား


0
109

နယူးဇီလန်နိုင်ငံသား Peter Widing ဆိုသူဟာ Valentine’s day မှာ သူ့ကိုချစ်သူအဖြစ် တစ်ညတာပက်ကေ့ခ်ျနဲ့ ဝယ်ယူနိုင်ဖို့အတွက် အမျိုးသမီးတွေကို အွန်လိုင်းကနေတဆင့် သူ့ကိုယ်သူရောင်းချခဲ့ပါတယ်။ သူဒီလို ပြုလုပ်ရခြင်းဟာ အမျိုးသမီးတွေအတွက် romantic ဆန်တဲ့ ဝန်ဆောင်မှုပေးချင်လို့ဖြစ်ပြီး ဝန်ဆောင်မှုပက်ကေ့ခ်ျ ၈မျိုး သတ်မှတ်ထားကြောင်း နဲ့ဈေးနှုန်းကိုညှိနှိုင်းနိုင်ကြောင်း သူကသူ့ရဲ့ ဖေ့ဘွတ်စာမျက်နှာနဲ့ Taupo Noticeboard ပေ့ခ်ျမှာကြော်ငြာထားပါတယ်။





သင့်ရဲ့ချစ်သူအဖြစ် နှစ်ပတ်တိတိ ဖေ့ဘွတ်မှာဟန်ဆောင်ပေးဖို့အတွက်လည်း ပက်ကေ့ခ်ျကို သူကသတ်မှတ်ထားပါသေးတယ်။ တကယ်လို့သင်ကသူနဲ့အတူ ဇတ်လမ်းလေးပိုမိုဖန်တီးချင်တယ် ဆိုရင်တော့ တစ်ညတာပက်ကေ့ခ်ျကို ယူသင့်ပြီး ဒေါ်လာ ၁၅၀လောက် ကျသင့်မှာဖြစ်ပါတယ်။

LM_Naung_Naung

Lifestyle_Myanmar

Source-Mirror

ချစ်သူများနေ့အတွက် ကြေးစားချစ်သူအဖြစ် ကိုယ့်ကိုယ်ကိုရောင်းခဲ့တဲ့ အမျိုးသား

နယူးဇီလန်နိုင်ငံသား Peter Widing ဆိုသူဟာ Valentine’s day မှာ သူ့ကိုချစ်သူအဖြစ် တစ်ညတာပက်ကေ့ချ်နဲ့ ဝယ်ယူနိုင်ဖို့အတွက် အမျိုးသမီးတွေကို
အွန်လိုင်းကနေတဆင့် သူ့ကိုယ်သူရောင်းချခဲ့ပါတယ်။ သူဒီလို ပြုလုပ်ရခြင်းဟာ အမျိုးသမီးတွေအတွက် romantic ဆန်တဲ့ ဝန်ဆောင်မှုပေးချင်လို့ဖြစ်ပြီး
ဝန်ဆောင်မှုပက်ကေ့ချ် ၈မျိုး သတ်မှတ်ထားကြောင်း နဲ့ဈေးနှုန်းကိုညှိနှိုင်းနိုင်ကြောင်း သူကသူ့ရဲ့ ဖေ့ဘွတ်စာမျက်နှာနဲ့ Taupo Noticeboard ပေ့ချ်မှာကြော်ငြာထားပါတယ်။
သူနဲ့တွဲနိုင်ဖို့ ဝန်ဆောင်မှုဈေးနှုန်းကို ၁၅ဒေါ်လာလောက်ကနေ စတင်ထားပြီး ၁၅ဒေါ်လာဝန်ဆောင်မှုကို ရယူလျှင် မနက်ခင်းပိုင်းမှာ သူငယ်ချင်းအဖြစ်
တစ်နာရီခန့် အချိန်ရရှိမှာဖြစ်ပါတယ်။ နောက်ထပ် ဒီဈေးနှုန်းရဲ့ နှစ်ဆဆိုလျှင် မနက်ခင်းပိုင်းမှာပဲ လက်တွဲတဲ့ဝန်ဆောင်မှုနဲ့ ချောကလက်ပါပါဝင်မှာ ဖြစ်ပါတယ်။
သင်နောက်ထပ်ပိုက်ဆံတွေ ပိုသုံးမယ်ဆိုရင်တော့ ရေအတူတူကူးခြင်း၊ ဓါတ်ပုံအတူတူရိုက်ခြင်း စတဲ့အခွင့်အရေးတွေ ပိုမိုရရှိမှာဖြစ်ပါတယ်။
သင့်ရဲ့မိဘတွေနဲ့အတူတူ ညစာစားဖု့အတွက်လည်း ပီတာကဈေးနှုန်းသတ်မှတ်ထားပြီး တကယ်လို့သင့်ရဲ့မောင်လေးညီမလေးတွေနဲ့ ဆော့ကစားပေးရရင်တော့
ဈေးနှုန်းကို ပိုမိုသတ်မှတ်သွားမှာဖြစ်ကြောင်း သူကရေးသားထားပါတယ်။ သင့်ရဲ့ချစ်သူအဖြစ် နှစ်ပတ်တိတိ ဖေ့ဘွတ်မှာဟန်ဆောင်ပေးဖို့အတွက်လည်း
ပက်ကေ့ချ်ကို သူကသတ်မှတ်ထားပါသေးတယ်။ တကယ်လို့သင်ကသူနဲ့အတူ ဇတ်လမ်းလေးပိုမိုဖန်တီးချင်တယ် ဆိုရင်တော့ တစ်ညတာပက်ကေ့ချ်ကို ယူသင့်ပြီး
ဒေါ်လာ ၁၅၀လောက် ကျသင့်မှာဖြစ်ပါတယ်။

LM_Naung_Naung

Lifestyle_Myanmar

Source-Mirror

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here