တကယ့်အပြင်လောကမှာ ချစ်သူဘဝတုန်းက နှစ်ယောက်သား ပြုမူဆက်ဆံတဲ့ အပြုအမူနဲ့ လက်ထက်ပြီးတဲ့အခါ ပြုမူဆက်ဆံတဲ့ အပြုအမူတွေက အများကြီး ပြောင်းလဲသွားတတ်ကြပါတယ်။ သင်က အိမ်ထောင်သည်တစ်ဦးဆိုရင် ယခင်ကချစ်သူဘဝနဲ့အခုလက်ရှိ အိမ်ထောင်သည်ဘဝမှာ ဘယ်အချက်တွေပြောင်းလဲသွားလည်း တွေးကြည့်ကြည့်နော်။
အိပ်ရေးဆော့တတ်တဲ့သူဆို ဒီအဖြစ်မျိုးက မလွဲမသွေးကြုံရမှာနော်။

ရည်းစားဘဝတုန်းကတော့ အချစ်အတွက်ဆို ဓားတောင်ပဲကျော်ရကျော်ရ၊ မီးပင်လယ်ပဲ ဖြတ်ရဖြတ်ရ ရင်ဆိုင်ရဲတယ်ဆိုပြီး အိမ်ထောင်လဲကျရော မိုးဖွဲလေးကျတာတောင် ဆင်ခြေပေးပြီး ကိုယ့်ဆီမလာတတ်ကျတော့ပါဘူး။

ချစ်သူဘဝတုန်း မွေးနေ့တွေ၊ နှစ်ပတ်လည်နေ့တွေ၊ ချစ်သူများနေ့တွေမှာဆို ro ပြီး တကူးတက suprise လုပ်ပေးပေမဲ့ ယူပြီးရင်တော့ အဲ့နေ့တွေ ရောက်မှန်းတောင်သိမှာမဟုတ်တော့ပါဘူး။

ချစ်သူရည်စားဘဝမှာ ရုံးပိတ်ရက်အတူတူရှိတာနဲ့ အိမ်ထောင်ကျခါစလင်မယား ရုံးပိတ်ရက်အတူတူရှိနေတဲ့ တစ်နေ့တာဖြတ်သန်းပုံက တော်တော်လေး ကွာခြားသွားတတ်ပါတယ်။

ဒီအကျင့်ကတော့ မိန်းကလေးတော်တော်များများ ပိုင်ဆိုင်ထားတဲ့ အကျင့်တစ်ခုပါ။

စတွေ့ခါစတုန်းကတော့ တစ်ယောက်နဲ့တစ်ယောက် ပြင်ပြင်ဆင်ဆင်လေး နေပြီး နည်းအမျိုးမျိုးနဲ့ စွဲဆောင်ကြပေမဲ့ ညားသွားရင်တော့ နှစ်ယောက်စလုံး ဖြစ်သလိုနေ၊ ဖြစ်သလိုစားတတ်ကြပါတယ်။

ရည်းစားဘဝမှာ နှစ်ဦးသား အတူတူရုပ်ရှင်ကြည့်ရဖို့ဆိုတာ ရတောက်ရခဲ အခွင့်အရေးလေးနော်။ ဒါပေမဲ့ အိမ်ထောင်ကျသွားရင်တော့ ဒီအခွင့်အရေးကို စိတ်မဝင်စားတော့ဘူး။

တောင်းဆိုတာခြင်းတူပေမဲ့ သဘောတရားတွေက လက်မထပ်ရသေးခင်နဲ့ လက်ထပ်ပြီးမှာ ဆန့်ကျင့်ဘက်ကို ပြောင်းလဲသွားတတ်ကြတယ်။

ရည်စားဘဝတုန်းက အရမ်းချစ်ပြီး အကဲပိုတယ်ထင်ကြပေမဲ့ အိမ်ထောင်ကျသွားပြီဆိုရင်တော့ ချွဲချွဲပစ်ပစ်နဲ့ အပိုအလုပ်တွေကို ထင်မြင်ချင်ရင် မြင်ကြပါလိမ့်မယ်။င်စားတော့ဘူး။

#Lifestyle_Myanmar
#Thar_Nage
Credit Illustrated by Astkhik Rakimova