မိန်းကလေးတိုင်းက ချစ်သူနဲ့ ချိန်းထားတဲ့ ပထမဆုံးနေ့ကို အလှဆုံးဖြစ်ချင်ကြပါတယ်။ ကိုယ့်ချစ်သူရှေ့မှာ ကိုယ်က ဆွဲဆောင်မှုရှိပြီး အလှဆုံးဖြစ်နေစေဖို့ ဘာဝတ်ရမလဲဆိုတာ စဉ်းစားနေတဲ့ ပျိုမေလေးတွေအတွက် ၀တ်စုံအိုင်ဒီယာလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။
လူတိုင်းလေ့လာထားသင့်တဲ့ ၀တ်စုံဝတ်ဆင်ခြင်းနှင့် ပတ်သတ်တဲ့စည်းမျဉ်းများ
၁။ ချစ်သူနှင့် နေ့လယ်စာစားဖို့ ချိန်းထားတဲ့အခါ ရိုးရိုးလေးနဲ့ ဖက်ရှင်ကျနေမယ့် ၀တ်စုံ
၂။ ချစ်သူနှင့်အတူ ရိုမန့်တစ်ဆန်တဲ့ ညစာစားပွဲလုပ်ဖို့ ချိန်းထားတဲ့အခါ ဆွဲဆောင်မှုရှိနေစေမယ့် ၀တ်စုံ
၃။ ရာသီဥတု ပူအိုက်တဲ့ နွေရာသီမှာ ချစ်သူနဲ့ချိန်းထားတဲ့အခါ သင့်ကို ပေါ့ပေါ့ပါးပါးနဲ့ ခေတ်မီနေစေမယ့် ၀တ်စုံ
၎။ သင်သည် နည်းနည်းရင့်ကျက်တဲ့ သူဖြစ်ပါက အရမ်းဟော့မနေဘဲ ဒီလိုစတိုင်ကျတဲ့ ၀တ်စုံလေးတွေလည်း ၀တ်ဆင်နိုင်ပါတယ်။
၅။ တကယ်လို့ သင်တို့နှစ်ယောက် နေသာတဲ့တစ်နေ့ အပန်းဖြေဥယျာဉ် လိုနေရာမျိုးမှာ နေ့လယ်စာစားဖို့ ချိန်းထားတယ်ဆိုရင်တော့ ဒီလို class ဖြစ်တဲ့ ၀တ်စုံလေးကို ၀တ်ဆင်လို့ရပါတယ်။
၆။ ရုပ်ရှင်ကြည့်ဖို့ ချိန်းထားတဲ့အခါ ပေါ့ပေါ့ပါးပါးနဲ့ classic ဖြစ်တဲ့ ၀တ်စုံလေးတွေ ၀တ်သွားပါ။
၇။ ညဘက်တွေ့ဖို့ ချိန်းထားတဲ့အခါ ဒီလိုပေါ့ပေါ့ပါးပါးနှင့် ခေတ်မီဖက်ရှင်လေးတွေကို ၀တ်ဆင်သွားပါ။
၈။ ကော်ဖီဆိုင်မှာ တွေ့ဖို့ချိန်းထားတဲ့အခါ ဒီလိုကြော့ရှင်းတဲ့ဖက်ရှင်က သင့်ရဲ့ကိုယ်ရည်ကိုယ်သွေးကို ပေါ်လွင်စေပြီး သင့်ကိုလေးစားသဘောကျနေစေမယ့် ၀တ်စုံဖြစ်ပါတယ်။
၉။ ဆောင်းရာသီ မနက်ခင်းမှာ ဒီလို ကြော့ရှင်းပြီး clssiest ဖြစ်တဲ့ဝတ်စုံက သင်တို့နှစ်ယောက်အတွက် အံ့သြစရာ နေ့စွဲလေးဖြစ်နေစေမှာပါ။
၁၀။ သင်က အနက်ရောင်ချစ်သူဆိုရင်တော့ ဒီလိုအနက်ရောင်ဂါဝန်လေးနှင့်အတူ ဖိနပ်အနက်ရောင်လေးက အလှအပအချို့နှင့် ယဉ်ကျေးမှုအချို့ ယူဆောင်လာပေးနိုင်ပါတယ်။
#Lifestyle_Myanmar
#TB_Nandar