• Latest
  • Trending
  • All
  • News
  • Lifestyle
June 7, 2018
ကြိုးစားနေတာတွေက လမ်းမမှန်ဘူးဆို အောင်မြင်မှုနဲ့ အလှမ်းကွာဝေးနေဦးမှာပါ
ကြိုးစားနေတာတွေက လမ်းမမှန်ဘူးဆို အောင်မြင်မှုနဲ့ အလှမ်းကွာဝေးနေဦးမှာပါ
December 20, 2022
သင့်ဂျင်းဘောင်းဘီတွေကို အရောင်မမှိန် ဟောင်းနွမ်းမသွားအောင် နည်းမှန်လမ်းမှန် လျှော်ဖွပ်နည်း
သင့်ဂျင်းဘောင်းဘီတွေကို အရောင်မမှိန် ဟောင်းနွမ်းမသွားအောင် နည်းမှန်လမ်းမှန် လျှော်ဖွပ်နည်း
December 20, 2022
ရေကူးနည်းများစွာရှိတဲ့အထဲမှ သင့်ကိုဝိတ်ကျစေမယ့် ရေကူးနည်း (၃) မျိုး
ရေကူးနည်းများစွာရှိတဲ့အထဲမှ သင့်ကိုဝိတ်ကျစေမယ့် ရေကူးနည်း (၃) မျိုး
December 20, 2022
ကိုယ့်ချစ်သူကောင်မလေးနဲ့ စကားပြောချိန် လုံးဝထည့်မပြောသင့်တဲ့ စကားလုံးများ
ကိုယ့်ချစ်သူကောင်မလေးနဲ့ စကားပြောချိန် လုံးဝထည့်မပြောသင့်တဲ့ စကားလုံးများ
December 20, 2022
ယုံကြည်ချက်ရှိတဲ့ အပြုံးလှလှလေးတွေကို ပိုင်ဆိုင်နိုင်စေမယ့် သဘာဝနည်းလမ်းလေးတွေ
ယုံကြည်ချက်ရှိတဲ့ အပြုံးလှလှလေးတွေကို ပိုင်ဆိုင်နိုင်စေမယ့် သဘာဝနည်းလမ်းလေးတွေ
December 20, 2022
စိုးရိမ်သောကကင်းဝေးတဲ့ ဘဝတစ်ခုကို မပိုင်ဆိုင်ချင်ဘူးလား
စိုးရိမ်သောကကင်းဝေးတဲ့ ဘဝတစ်ခုကို မပိုင်ဆိုင်ချင်ဘူးလား
December 20, 2022
ပျော်ပွဲစား ထွက်မယ်ဆိုရင် မမေ့မလျော့ သယ်သွားရမယ့်ပစ္စည်းများ
ပျော်ပွဲစား ထွက်မယ်ဆိုရင် မမေ့မလျော့ သယ်သွားရမယ့်ပစ္စည်းများ
December 20, 2022
အားစိုက်ထုတ်ရတာ သက်သာစေပြီး လွယ်ကူရိုးရှင်းတဲ့ မိတ်ကပ်ပြင်ဆင်နည်းလေးတွေ
အားစိုက်ထုတ်ရတာ သက်သာစေပြီး လွယ်ကူရိုးရှင်းတဲ့ မိတ်ကပ်ပြင်ဆင်နည်းလေးတွေ
December 20, 2022
ကြီးပွားချမ်းသာချင်ကြတဲ့သူတိုင်း မှတ်သားလိုက်နာရမယ့် အရေးကြီးအချက် (၄) ချက်
ကြီးပွားချမ်းသာချင်ကြတဲ့သူတိုင်း မှတ်သားလိုက်နာရမယ့် အရေးကြီးအချက် (၄) ချက်
December 20, 2022
ဝိတ်ကျချင်သူတစ်ယောက်အနေနဲ့ ဘယ်လိုကြိုးစားသင့်လဲ၊ ဘယ်လိုစိတ်နေစိတ်ထားမျိုး ထားရှိသင့်လဲ
ဝိတ်ကျချင်သူတစ်ယောက်အနေနဲ့ ဘယ်လိုကြိုးစားသင့်လဲ၊ ဘယ်လိုစိတ်နေစိတ်ထားမျိုး ထားရှိသင့်လဲ
December 19, 2022
ခါးနာဝေဒနာခံစားရတဲ့အခါ အိမ်တွင်းဆေးနည်းတွေနဲ့ ကုသနည်း (၅) သွယ်
ခါးနာဝေဒနာခံစားရတဲ့အခါ အိမ်တွင်းဆေးနည်းတွေနဲ့ ကုသနည်း (၅) သွယ်
December 19, 2022
First Date အတွက် ရွေးချယ်ဖို့ အသင့်တော်ဆုံး နေရာများ
First Date အတွက် ရွေးချယ်ဖို့ အသင့်တော်ဆုံး နေရာများ
December 19, 2022
  • Home
  • Lifestyle
    • Daily Horoscope
    • Relationship
    • Family
    • Health & Beauty
    • Entertainment
    • Fashion
    • Celebrity
    • Fitness
    • Travel
    • Funny
  • General Knowledge
    • Unique Things
  • News
    • Technology
  • Video
  • About Us
Wednesday, February 8, 2023
  • Login
Lifestyle Myanmar
  • Home
  • Lifestyle
    • Daily Horoscope
    • Relationship
    • Family
    • Health & Beauty
    • Entertainment
    • Fashion
    • Celebrity
    • Fitness
    • Travel
    • Funny
  • General Knowledge
    • Unique Things
  • News
    • Technology
  • Video
    Stay at home ဖြစ်နေချိန်မှာ အပျင်းပြေစေဖို့အတွက် Anime ဇာတ်ကားကောင်းများ
    Stay at home ဖြစ်နေချိန်မှာ အပျင်းပြေစေဖို့အတွက် Anime ဇာတ်ကားကောင်းများ
    နာမည်ကြီး YouTuber ရဲ့ ဗီဒီယိုအတိုင်း ပြောင်းဖူးပေါက်ပေါက်ပြုလုပ်ရာမှ ပေါက်ကွဲမှုဖြစ်ပြီး သေဆုံးခဲ့တဲ့ ကလေးမလေး
    နာမည်ကြီး YouTuber ရဲ့ ဗီဒီယိုအတိုင်း ပြောင်းဖူးပေါက်ပေါက်ပြုလုပ်ရာမှ ပေါက်ကွဲမှုဖြစ်ပြီး သေဆုံးခဲ့တဲ့ ကလေးမလေး
    သခင်အတွက် ပင်လယ်ကြမ်းပြင်က ကျောက်ပုစွန်ထုပ်တွေကို ရေငုပ်ပြီး ဖမ်းယူပေးတတ်တဲ့ ခွေးလိမ္မာလေး
    သခင်အတွက် ပင်လယ်ကြမ်းပြင်က ကျောက်ပုစွန်ထုပ်တွေကို ရေငုပ်ပြီး ဖမ်းယူပေးတတ်တဲ့ ခွေးလိမ္မာလေး
    ခြောက်ထပ်ကနေ ပြုတ်ကျလာတဲ့ ကလေးငယ်ကို လက်မတင်လေး ကယ်တင်နိုင်ခဲ့ကြတဲ့ အိမ်နီးချင်းများ
    ခြောက်ထပ်ကနေ ပြုတ်ကျလာတဲ့ ကလေးငယ်ကို လက်မတင်လေး ကယ်တင်နိုင်ခဲ့ကြတဲ့ အိမ်နီးချင်းများ
    ရည်းစားဟောင်း
    ကိုယ့်ရဲ့ ရည်းစားဟောင်း အပေါ် ကျေးဇူးတင်သင့်တဲ့ အချက်အချို့
    တကယ်ကြိုးစားချင်စိတ်ရှိတဲ့လူတစ်ယောက်ဟာ ဘယ်လိုပဲ အခက်အခဲတွေ ကြုံတွေ့နေပါစေ အမြဲရင်ဆိုင်ဖို့ အသင့်ဖြစ်နေပြီးသားပါ။
    တကယ်ကြိုးစားချင်စိတ်ရှိတဲ့လူတစ်ယောက်ဟာ ဘယ်လိုပဲ အခက်အခဲတွေ ကြုံတွေ့နေပါစေ အမြဲရင်ဆိုင်ဖို့ အသင့်ဖြစ်နေပြီးသားပါ။
    ခလုတ်ထိမှ အမိတ ဆိုသလို ကျွန်တော်တို့တွေဟာ ပြဿနာတွေ၊ ဒုက္ခတွေနဲ့ ကြုံလာတဲ့အခါ
    ခလုတ်ထိမှ အမိတ ဆိုသလို ကျွန်တော်တို့တွေဟာ ပြဿနာတွေ၊ ဒုက္ခတွေနဲ့ ကြုံလာတဲ့အခါ
    မိန်းမချော့နည်း
    မိန်းမချော့နည်း
    ငါးမိနစ်တစ်ခါ စိတ်ပြောင်းတတ်တဲ့ မိန်းကလေးတို့ရဲ့ သဘာဝ အပိုင်း(၂)
    ငါးမိနစ်တစ်ခါ စိတ်ပြောင်းတတ်တဲ့ မိန်းကလေးတို့ရဲ့ သဘာဝ အပိုင်း(၂)
  • About Us
No Result
View All Result
Lifestyle Myanmar
No Result
View All Result
Home Relationship
by Kyaw Htike Aung
June 7, 2018
in Relationship
0
1.1k
SHARES
41
VIEWS
Share on FacebookShare on Twitter
ADVERTISEMENT
အသက် ၁၃နှစ်မရောက်ခင်မှာ သူတို့လေးတွေကိုယ်တိုင် ပြုလုပ်တတ်စေဖို့ သင်ပေးထားသင့်တဲ့ အရာ ၅ခု (၂)
#Lifestyle_Myanmar
#Thar_Nage
Unicode
ချစ်သူစုံတွဲနဲ့ အိမ်ထောင်သည်တွေကြား အချစ်တွေကုန်ဆုံးစေတဲ့ အဓိကအကြောင်းအရင်း
၁။ အသွင်အပြင် ပုံသဏ္ဍာန်ဝေဖန်မှုများ
အလှတရားဟာ တည်မြဲတဲ့ အရာတစ်ခုမဟုတ်ပါဘူး။ ငယ်ရွယ်တဲ့အချိန်မှ နုပျိုလှပနေပေမဲ့ အချိန်ကြာလာတာနဲ့ အမျှ အနည်းနဲ့ အများ ပျက်စီးယိုယွင်းစမြဲပါ။ အသက်အရွယ် ကြီးလာတာကြောင့်သော်လည်ကောင်း၊ သွေးသားပြောင်းလဲမှုကြောင့်သော်လည်ကောင်း၊ကျန်းမာရေးအခြေအနေရသော်လည်ကောင်း အမျိုးမျိုးကြောင့် ရုပ်ဆင်းအင်္ဂါက ယောကျ်ား/ မိန်းမ အားလုံးပြောင်းလဲမှုရှိပါတယ်။ ဒီအချက်တွေပေါ်မှာ သင့်အနေနဲ့ ပြစ်တင်ဝေဖန်နေရင်တော့ သင်ဟာ အချစ်ထက် တဏှာရာဂကို ဦးစားပေးသူဖြစ်သွားပါလိမ့်မယ်။ ဒါ့ကြောင့် သင့်အနေနဲ့ လက်မတွဲခင်အချိန်ထဲက တစ်ယောက်နဲ့ တစ်ယောက် အားနည်းချက်တွေကို လက်ခံနားလည်ပေးရမယ်၊ ချစ်မြတ်နိုးတတ်ရပါမယ်။ ဒါ့အပြင်သူရဲ့ အားနည်းချက်ကို ဘယ်လိုကောင်းမွန်အောင်ပြန်တည်ဆောက်မလဲ၊ လိုအပ်ချက်တွေကို သင့်ဘက်ကအလိုက်တသိ ပြုလုပ်ပေးသင့်ပါတယ်။
၂။ တစ်ယောက်ရဲ့ အမှားကို တစ်ယောက် ဖော်ကောင်လုပ်ခြင်း
တစ်ယောက် မျက်ချေးကို တစ်ယောက်မမြင်ဘဲ အချင်းချင်း လက်ညိုးထိုးပြီး အမှားတွေကို အများရဲ့ ရှေ့မှာ ဖော်ကောင်လုပ်နေရင်တော့ စိတ်ပျက်စရာကောင်းတဲ့ Relationship တစ်ခုပါပဲဖြစ်ပါတယ်။ လူတော်တော်များများက မှန်တစ်ချပ်လို ပြုမူဆက်ဆံတတ်ကြပါတယ်။ ကိုယ့်အပေါ်ကောင်းတဲ့သူကို ပြန်ကောင်းတတ်ကြပြီး ချစ်သူ လင်မယားကြာထဲက ဆက်ဆံရေးလည်း ထိုနည်းအတိုင်းပါပဲ။ သူ့ရဲ့ အားနည်းချက် အမှားကို အများရဲ့ ရှေ့မှာ ထုတ်ဖော်ပြောဆိုနေမဲ့အစား သင့်အနေနဲ့ သူ့ရဲ့ အားနည်းချက်ကို အများရဲ့ ရှေ့မှာ ပိုကောင်းတဲ့အရာအဖြင့်ပြောင်းလဲပြောသင့်ပါတယ်။ သူကိုယ်တိုင်က မကောင်းမှန်းသိပေမဲ့ သင့်ရဲ့ အပြောအဆိုကြောင့် ဒီထက်ပိုကောင်းအောင် ကြိုးစားချင်စိတ်တွေဖြစ်ပေါ်လာမှာဖြစ်ပါတယ်။
၃။ သူ့ရဲ့ ပင်ကိုယ်စရိုက်ကြောင့် သင့်ရဲ့ သဘောထားအမြင်
လူတိုင်းမှာ ပင်ကိုယ်အကျင့်စရိုက်ကိုယ်စီရှိကြပါတယ်။ ဒီလိုပင်ကိုယ်အကျင့်စရိုက်တွေထဲမှာ ကောင်းတဲ့အချက်တွေရှိသလိုအကောင်းတဲ့ အချက်တွေရှိပါတယ်။ သင့်ဟာ လူပျို/ အပျို ဘဝမှာ သင့်ရဲ့ ပင်ကိုယ်စရိုက်နဲ့ လွတ်လွတ်လပ်လပ်နေလာခဲ့ပေမဲ့ အိမ်ထောင်ကျတဲ့အခါမှာတော့အချို့ အကျင့်တွေကို ထိန်းချုပ်ရတယ်။ ဒါပေမဲ့ တခါတလေ စိတ်လွတ်တဲ့အခါမျိုးမှာ ဒီအကျင့်တွေက ပြန်ပေါ်လာတတ်ပါတယ်။ (ဥပမာ ပျော်လို့ပဲဖြစ်ဖြစ် သီချင်းအော်ဆိုတတ်တာမျိုး၊ လွတ်လွတ်လပ်လပ် ရယ်လိုက်တာမျိုး၊ ကခုန်တတ်တာမျိုး) စတဲ့ ပင်ကိုယ်နေထိုင်နေကျအကျင့်တွေဖြစ်ပေါ်လာတတ်ပါတယ်။ ဒါကို သင့်အနေနဲ့ စိတ်အနှောင့်အယှက်ဖြစ်တယ်၊ ရှက်ဖို့ကောင်းတယ်၊ စိတ်ပျက်ဖို့ကောင်းတယ်ဆိုရင်တော့ သင့်တို့ရဲ့ Relationship ဟာ ပျော်ရွှင်စရာကနေ စိတ်ပျက်စရာတွေဖြစ်သွားနိုင်ပါတယ်။ ဒါ့ကြောင့် တခါတလေမှာဖြစ်ပေါ်တတ်တဲ့ ပင်ကိုယ်အကျင့်စရိုက်မျိုးကို တစ်ယောက်နဲ့ တစ်ယောက်နားလည်နိုင်အောင် ကြိုးစားဖို့ လိုအပ်ပါတယ်။
၄။ တစ်ယောက်ရဲ့ ပြောဆိုချက်ကို တစ်ယောက်က စိတ်ဝင်စားမှုမရှိခြင်း
တစ်ယောက်နဲ့တစ်ယောက် စကားပြောတဲ့အခါ တစ်ယောက်ရဲ့ ပြောဆိုမှုကို တစ်ယောက်က အသိအမှတ်မပြု/ စိတ်မဝင်စားပေးဘူးဆိုရင်တော့ တစ်ခါတလေ သင့်တို့အတွက် အရေးကြီးကိစ္စတွေ/ ပြဿနာတွေကိုလည်း တိုင်ပင်ဆွေးနွေးလို့ရတော့မှာမဟုတ်ပါဘူး။ ဒါ့ကြောင့် တစ်ယောက်ရဲ့ပြောဆိုမှုဟာ ဟာသအနေပဲဖြစ်ဖြစ်၊ အခြားသင့်ကို သိစေချင်တဲ့ အကြောင်းအရာပဲဖြစ်ဖြစ် သင့်အနေနဲ့ နားထောင်ပေးလိုက်ပါ။ သင့်ရဲ့ ဂရုတစိုက်နားထောင်ပေးမှုကြောင့် သင်ကိစ္စပေါ်လာတဲ့အခါ/ပြဿနာတစ်ခုကြုံတွေ့လာတဲ့အခါ သင့်ရဲ့ ပြောဆိုမှုကိုလည်း သူ့ဘက်က တဖန်အကြံပေးခြင်း၊ ကူညီပေးခြင်းစတဲ့ အပြန်အလှန်အကူအညီရရှိမှုတွေဖြစ်ပေါ်လာပါလိမ့်မယ်။
၅။ စိတ်ခံစားမှုအပေါ် သင့်ရဲ့ အမြင်
စိတ်ခံစားမှုလွယ်တာတော့ အမျိုးသမီးတွေအများစုဖြစ်တတ်တဲ့ အကျင့်တစ်ခုပဲဖြစ်ပါတယ်။ အမျိုးသမီးတွေက အမျိုးသားတွေထက် စိတ်ခံစားမှုပိုလွယ်ပြီး မျက်ရည်ကျလွယ်တဲ့ သူတွေပဲဖြစ်ပါတယ်။ ဒီလိုခံစားလွယ်မှုအပေါ် သင့်အနေနဲ့ စိတ်ရှည်နာလည်းပေးဖို့ လိုအပ်ပါလိမ့်မယ်။ ဒါမှမဟုတ် သင်ဘက်က စိတ်မရှည်ဘဲ အပြစ်သဘောဖြစ်သာ ပြုမူဆက်ဆံနေရင်တော့ သင်စိတ်ဓာတ်ကျတဲ့အချိန်၊ သင်အဆင်မပြေမှုတွေကြံုတွေ့လာတဲ့အခါ သင့်အနားမှာ နှစ်သိမ့်အားပေးမှုလည်းရှိမှာမဟုတ်တော့ပါဘူး။
၆။ စီးပွားရေး နဲ့ ကိုယ့်ဇနီးယှဉ်လာတဲ့အခါ
ဒါကတော့ ယောကျ်ားလေးတွေ အများစု ခေါင်းကိုက်ရမဲ့ အလုပ်တစ်ခုပဲဖြစ်ပါတယ်။ တခါတလေမှာ အလုပ်ကိုလည်း အချိန်ပေးချင်တယ်၊ ကိုယ့်ရဲ့ မိန်းမရဲ့ ဆန္ဒကိုလည်း ဖြည့်ဆည်းပေးချင်တယ် စတဲ့ အလုပ်နဲ့ မိန်းမ ကြားမှာ ခေါင်းရှုပ်ရတတ်ပါတယ်။ အမျိုးသမီးတွေ အနေနဲ့လည်း ကိုယ့်ရဲ့ယောက်ျား တကယ့်အရေးကြီး ကိစ္စမျိုးကြံုတွေ့နေတဲ့ အချိန်မျိုးမှာ သင့်ရဲ့ ဆန္ဒကို ခဏမျိုသိပ့်ပြီး ယောကျ်ားဖြစ်သူအပေါ်သင့်အနေနဲ့ စိတ်မကွက်သင့်ပါဘူး။ ယောက်ျားလေးတွေအနေနဲ့လည်း အလုပ်နဲ့ ကိုယ့်မိန်းမ နှစ်ခုယှဉ်လာတဲ့အခါမျိုးမှာ နှစ်ဖက်စလုံး ထိခိုက်မှုမရှိအောင် သင့်အနေနဲ့အကောင်းဆုံးစီစဉ်ဆောင်ရွက်သင့်ပါတယ်။
၇။ စိတ်သဘောထား သေးသိမ်မှု
လူတိုင်းလိုလို ကိုယ်ချစ်တဲ့သူက ကိုယ့်ထက် (သက်ရှိပဲဖြစ်ဖြစ်၊ သက်မဲ့ပဲဖြစ်ဖြစ်) အခြားအရာတွေအပေါ်မှာ ပိုပြီး ဂရုစိုက်နေရင် သင့်အနေနဲ့ မနာလိုမှုတွေဖြစ်ပေါ်တတ်ပါတယ်။ မနာလိုတာ ချစ်ဖို့ကောင်းတယ်ဆိုပေမဲ့ သဘောထားသေးသိမ်ရင်တော့ ချစ်ဖို့မကောင်းတော့ပါဘူး။ ဥပမာ-ဆိုင်တစ်ဆိုင်မှာပဲဖြစ်ဖြစ်၊ လမ်းသွားရင်ဖြစ်ဖြစ် တစ်ဦးတစ်ယောက်က သင့်ရဲ့ ဇနီးမယားကို စိုက်ကြည့်နေတယ်ဆိုရင် သင့်အနေနဲ့ အရင်ဦးဆုံးသင့်ဇနီးအပေါ်ကာကွယ်မှုအရင်ပေးရမှာဖြစ်ပါတယ်။ ဒါက သင့်ရဲ့ ဇနီး/ ချစ်သူကို အခြားသူကြည့်တာ မနာလိုဘူးလို့ဆိုပါတယ်။ ဒီလိုမှမဟုတ်ဘဲအခြားတစ်ဦးတစ်ယောက်ကြည့်တဲ့အခါ အကာအကွယ်မပေးတဲ့အပြင် သင့်ဇနီး/ချစ်သူ ကို (နင်ကိုယ်တိုင်က ဒီလိုအကြည့်ခံချင်နေတာ၊ နင့်ဘက်က မဟုတ်လို့ ဟိုက ကြည့်တာနေမှာပေါ့) စတဲ့ ပြစ်တင်ဝေဖန်တဲ့စကားတွေနဲ့ ပြောဆိုပြုမူနေရင် သင့်မနာလိုတာမဟုတ်တော့ပါဘူး စိတ်သဘောထားသေးသိမ်တဲ့သူဖြစ်နေပါပြီ။
Share1055TweetShare
Kyaw Htike Aung
Kyaw Htike Aung
Related Posts
ကိုယ့်ချစ်သူကောင်မလေးနဲ့ စကားပြောချိန် လုံးဝထည့်မပြောသင့်တဲ့ စကားလုံးများ
ကိုယ့်ချစ်သူကောင်မလေးနဲ့ စကားပြောချိန် လုံးဝထည့်မပြောသင့်တဲ့ စကားလုံးများ
by Thinzar
December 20, 2022
0
Relationship တစ်ခုတည်ဆောက်ကြတဲ့ အခါလိုက်နာရမယ့် စည်းမျဉ်းစည်းကမ်းတွေဆိုတာ ရှိပါတယ်။ ဒီစည်းမျဉ်းတွေဟာ ဘယ်ပညာရှင်တွေကမှ ချမှတ်ပေးထားတဲ့ စည်းမျဉ်းစည်းကမ်းတွေတော့ မဟုတ်ပါဘူး။ ကိုယ်နဲ့ ကိုယ့်ချစ်သူကောင်မလေးနဲ့ ကြားမှာ အဆင်ပြေပြေလက်တွဲနိုင်ဖို့ နှစ်ဦးသဘောတူ ညှိနှိုင်းချမှတ်ရတဲ့ အခြေခံစည်းမျဉ်းလေးတွေပဲ ဖြစ်ပါတယ်။ ဒီစည်းမျဉ်းတွေထဲကမှ ဘယ်လိုစကားတွေဟာ...
First Date အတွက် ရွေးချယ်ဖို့ အသင့်တော်ဆုံး နေရာများ
First Date အတွက် ရွေးချယ်ဖို့ အသင့်တော်ဆုံး နေရာများ
by Thinzar
December 19, 2022
0
ကိုယ့် Crush လေးနဲ့ အဆင်ပြေသွားပြီလား။ ပထမဆုံးချိန်းတွေ့တဲ့ First Date ခံစားချက်က အရမ်းကို ရင်ခုန်စိတ်လှုပ်ရှားဖွယ်အတိ ဖြစ်နေမှာပါ။ ဒီလို ရင်ခုန်စရာအထိမ်းအမှတ်ကို ဘယ်လိုရိုမန်တစ်ဖြစ်မယ့် နေရာမျိုးမှာဆင်နွှဲသင့်သလဲ။ ရွေးချယ်ရခက်နေမှာပဲဖြစ်ပါတယ်။ ကော်ဖီဆိုင် စဉ်းစားရတာလွယ်ကူပြီး ရွေးချယ်ဖို့လည်းမခက်ခဲပါဘူး။ တိတ်ဆိတ်ပြီး...
ချစ်သူရည်းစားတွေအနေနဲ့ Social Media ပေါ်မှာ စောင့်ထိန်းသင့်တဲ့အရာတွေ
ချစ်သူရည်းစားတွေအနေနဲ့ Social Media ပေါ်မှာ စောင့်ထိန်းသင့်တဲ့အရာတွေ
by Thinzar
December 19, 2022
0
Social Media ဆိုတာ အခုနောက်ပိုင်း အသက်အရွယ်မျိုးစုံ၊ လူတန်းစားအလွှာမျိုးစုံကြားထဲမှာ အရမ်းကိုအရေးပါနေတဲ့ အရာတစ်ခုလိုမျိုးဖြစ်လာခဲ့ပါတယ်။ ဒါပေမယ့် အသုံးပြုကြတဲ့ အဆင့်အတန်းအလွှာလိုက် မြင်တွေ့နေရတာတွေကလည်း ကွဲပြားကြတယ်လေ။ တစ်ချို့တွေမှာတော့ လေ့လာမှတ်သားစရာတွေ၊ အတုယူချင်စရာတွေရှိပေမယ့် တစ်ချို့တွေဆီမှာကြတော့လည်း ကိုယ့်အကျိုးကိုပါ ဆုတ်ယုတ်သွားစေနိုင်တဲ့ အရာတွေလည်းရှိနေပါတယ်။...
ကိုယ့်ကိုမချစ်လို့ ထားခဲ့တဲ့သူအတွက်နဲ့ မလုပ်မိအောင် ရှောင်ကျဥ်ရမယ့်အရာများ
ကိုယ့်ကိုမချစ်လို့ ထားခဲ့တဲ့သူအတွက်နဲ့ မလုပ်မိအောင် ရှောင်ကျဥ်ရမယ့်အရာများ
by Thinzar
December 18, 2022
0
မှားယွင်းနေတဲ့အချိန်မှာ မှားယွင်းနေတဲ့သူနဲ့ တွေ့ဆုံမိသွားတယ်ဆိုရင်တော့ ဝမ်းနည်းစရာကောင်းတဲ့ အဆုံးသတ်ဇာတ်လမ်းတွေနဲ့ ကြုံတွေ့လာရတော့တာပေါ့။ ကိုယ်ချစ်တဲ့သူတစ်ယောက်က ကိုယ့်ကိုထားခဲ့တယ်ဆိုရင်တော့ လူတိုင်းခံစားရတာပေါ့။ ဝမ်းနည်းရတယ်ဆိုပေမယ့်လည်း ကိုယ့်ကိုမချစ်လို့ ထားခဲ့တဲ့သူအပေါ်မှာ ဒီလိုမျိုးတွေကိုဆက်ပြီးတော့ လုပ်နေစရာတော့မလိုပါဘူး။ လိုက်ပြီးကပ်တွယ်မနေပါနဲ့ သူကထားခဲ့ပြီဆိုရင် သေချာတာကတော့ ကိုယ့်ကိုမချစ်တော့လို့ပေါ့။ ဒါကို သင်ကလိုက်ကပ်ပြီး...
Lifestyle Myanmar
Copyright © 2017 Lifestyle Myanmar.
Digital Media Production in Myanmar.
  • About
  • Advertise
  • Privacy & Policy
  • Contact
Follow Us
No Result
View All Result
  • Home
  • Lifestyle
    • Daily Horoscope
    • Relationship
    • Family
    • Health & Beauty
    • Entertainment
    • Fashion
    • Celebrity
    • Fitness
    • Travel
    • Funny
  • General Knowledge
    • Unique Things
  • News
    • Technology
  • Video
  • About Us
Copyright © 2017 Lifestyle Myanmar.
Welcome Back!
Login to your account below
Forgotten Password?
Retrieve your password
Please enter your username or email address to reset your password.
Log In
error: Content is protected !!
Warning: Trying to access array offset on value of type bool in /var/www/html/lifestylemyanmar.com/wp-content/plugins/153a86ea-jnews-jsonld/class.jnews-jsonld.php on line 263
Warning: Trying to access array offset on value of type bool in /var/www/html/lifestylemyanmar.com/wp-content/plugins/153a86ea-jnews-jsonld/class.jnews-jsonld.php on line 264
Warning: Trying to access array offset on value of type bool in /var/www/html/lifestylemyanmar.com/wp-content/plugins/153a86ea-jnews-jsonld/class.jnews-jsonld.php on line 265