ခေါက်ဆွဲခြောက်အထုပ် ၂၀၀၀ နဲ့ ကလေးအတွက် ကစားစရာအိမ်ဆောက်ပေးလို့ ဝေဖန်ခံရတဲ့ ဖခင်

0
200
ခေါက်ဆွဲခြောက်

အိမ်တစ်လုံးကို ခေါက်ဆွဲခြောက်တွေနဲ့ ဆောက်ဖို့ဆိုတာ ကြားရုံနဲ့တင် ရယ်စရာ၊ အံ့သြစရာ ဒါမှမဟုတ် မဖြစ်နိုင်ဘူးလို့ တွေးကောင်းတွေးမိကြမှာပါ။ ဒါပေမဲ့ တရုတ်နိုင်ငံ Jilin မှာ နေထိုင်တဲ့ Zhang ဆိုတဲ့ အမျိုးသားကတော့ နောက်မွေးလားမဲ့ သူ့ကလေးအတွက် ခေါက်ဆွဲခြောက်တွေကို အသုံးပြုပြီး အိမ်ငယ်လေး တစ်လုံးဆောက်လုပ်ခဲ့ပါတယ်။

သူဟာ ခေါက်ဆွဲခြောက် ထုတ်လုပ်တဲ့ အသိမိတ်ဆွေတစ်စီက သက်တမ်းကျော်လွန်သွားတဲ့ ခေါက်ဆွဲခြောက် အထုပ် ၂၀၀၀ ကိုတောင်းယူခဲ့ပါတယ်။ တရုတ်စာနယ်ဇင်းရဲ့ အဆိုအရ Zhang ဟာ ငယ်စဉ်ကတည်းက ခေါက်ဆွဲခြောက်ကိုအသုံးပြုပြီး ဖန်တီးရတာ ကြိုက်ပေမဲ့ ကလေးဘဝကဆိုတော့ ခေါက်ဆွဲခြောက်တွေကို အများကြီး ဝယ်ယူဖို့ မတက်နိုင်ခဲ့ပါဘူး။

သူ့ရဲ့ မျက်စိထဲမှာ ခေါက်ဆွဲခြောက်ထုပ်ထဲက ခေါက်ဆွဲတွေဟာ အုတ်တစ်လုံးနဲ့ အရမ်းကို ဆင်တူပါတယ်။ အဲ့ဒါကြောင့် သူဟာ ခေါက်ဆွဲခြောက်တွေကို အသုံးပြုပြီး မွေးလာမဲ့ ကလေးအတွက် ကြိုတင်ပြီး ကစားစရာအိမ်လေး ဆောက်လုပ်ဖြစ်ခဲ့တာဖြစ်ပါတယ်။ ခေါက်ဆွဲတွေကို အုတ်တစ်လုံးကဲ့သို့ အသုံးချပြီး ကော်ဗူး အဗူး ၂၀နဲ့ ၄ရက်ကြာအောင် ဆောက်လုပ်ခဲ့ရတာပဲဖြစ်ပါတယ်။

ခေါက်ဆွဲခြောက်ဟာ ခန့်မှန်းခြေ ၄စတုရန်းမီတာလောက် ရှိပြီး ဆောက်လုပ်တဲ့အခါမှာတော့ တကယ့်ကို သစ်သားဘောင်တွေ ရောနှောအသုံးပြုခဲ့ပါတယ်။ လူတစ်ယောက် ကောင်းကောင်းအိပ်စက်နိုင်တဲ့ အိပ်ခန်းတစ်ခမ်းပါဝင်ပြီး နံရံတွေမှာလည်း ကိုယ်ပိုင်ပန်းချီကားလေးတွေနဲ့ အလှဆင်ထားပါသေးတယ်။ Zhang ကိုယ်တိုင်ကတော့ သူ့ရဲ့ ဖန်တီးမှုကို စိတ်ကျေနပ်မှုရှိတယ်လို့ဆိုပါတယ်။

အိမ်ထဲကို ဝင်လိုက်ရင်လည်း နံရံတွေကို ကိုက်ဖဲ့ချင်လောက်အောင် ခေါက်ဆွဲအနံ့က ဆွဲဆောင်နေတယ်။ ဒါပေမဲ့ ဒီအိမ်သက်တမ်းက ဘယ်လောက်ခံမလဲဆိုတာတော့ သေချာမသိနိုင်ပါဘူးလို့ ဆိုပါတယ်။ Zhang ဟာ သူ့ရဲ့ တီထွင်ဖန်တီးမှုကို လူမှုကွန်ယက်ပေါ်မှာ မျှဝေပေးခဲ့တဲ့ အခါမှာတော့အွန်လိုင်းသုံးစွဲသူတွေ အနေနဲ့ အမျိုးမျိုး အဖုန်ဖုန် ဝေဖန်ခဲ့ကြပါတယ်။

စားစရာဖြစ်တဲ့အတွက် ရက်ကြာလာတာနဲ့ ပိုးဟပ်တွေ ကြွက်တွေရဲ့ ဖျက်ဆီးခံရပြီး ဘက်တီးရီးယား ပိုးမွှားတွေ ပြန့်ပွားလာနိုင်ပါတယ်။ ဒါ့အပြင် အစိုဓာတ်ရှိတဲ့ လေထုနဲ့ ထိတွေ့တဲ့အခါ အချိန်တိုအတွင်း ပျော့ပျောင်းခြင်း၊ မှိုစွဲခြင်း၊ လေထု ညစ်ညမ်းခြင်း စတဲ့ ဆိုးကျိုးတွေဖြစ်ပေါ်လာနိုင်တယ်လို့ အွန်လိုင်းသုံးစွဲသူတွေက မှတ်ချက်ပေးဝေဖန်ခဲ့ကြတာပဲ ဖြစ်ပါတယ်။

အနာဂတ်က ကလေးအတွက် အိမ်လေးဆိုပေမဲ့ ချစ်ခြင်းမေတ္တာကို ပြသတာလား၊ ကြောက်မက်ဖွယ် အန္တရာယ်ကြားထဲကို ခေါ်သွင်းတာလား ဆိုတာလည်း မှတ်ချက်ပေးသူတွေရှိတာကြောင့် သူ့အနေနဲ့ သေချာစဉ်စားဖို့လိုအပ်နေပါပြီ။

#Lifestyle_Myanmar

#Thar_Nage

ေခါက္ဆြဲေျခာက္အထုပ္ ၂၀၀၀ နဲ႔ ကေလးအတြက္ ကစားစရာအိမ္ေဆာက္ေပးလို႔ ေဝဖန္ခံရတဲ့ ဖခင္
အိမ္တစ္လုံးကို ေခါက္ဆြဲေျခာက္ေတြနဲ႔ ေဆာက္ဖို႔ဆိုတာ ၾကား႐ုံနဲ႔တင္ ရယ္စရာ၊ အံ့ၾသစရာ ဒါမွမဟုတ္ မျဖစ္နိုင္ဘူးလို႔ ေတြးေကာင္းေတြးမိၾကမွာပါ။ ဒါေပမဲ့ တ႐ုတ္နိုင္ငံ Jilin မွာ ေနထိုင္တဲ့ Zhang ဆိုတဲ့ အမ်ိဳးသားကေတာ့ ေနာက္ေမြးလားမဲ့ သူ႔ကေလးအတြက္ ေခါက္ဆြဲေျခာက္ေတြကို အသုံးျပဳၿပီး အိမ္ငယ္ေလး တစ္လုံးေဆာက္လုပ္ခဲ့ပါတယ္။

သူဟာ ေခါက္ဆြဲေျခာက္ ထုတ္လုပ္တဲ့ အသိမိတ္ေဆြတစ္စီက သက္တမ္းေက်ာ္လြန္သြားတဲ့ ေခါက္ဆြဲေျခာက္ အထုပ္ ၂၀၀၀ ကိုေတာင္းယူခဲ့ပါတယ္။ တ႐ုတ္စာနယ္ဇင္းရဲ့ အဆိုအရ Zhang ဟာ ငယ္စဥ္ကတည္းက ေခါက္ဆြဲေျခာက္ကိုအသုံးျပဳၿပီး ဖန္တီးရတာ ႀကိဳက္ေပမဲ့ ကေလးဘဝကဆိုေတာ့ ေခါက္ဆြဲေျခာက္ေတြကို အမ်ားႀကီး ဝယ္ယူဖို႔ မတက္နိုင္ခဲ့ပါဘူး။

သူ႔ရဲ့ မ်က္စိထဲမွာ ေခါက္ဆြဲေျခာက္ထုပ္ထဲက ေခါက္ဆြဲေတြဟာ အုတ္တစ္လုံးနဲ႔ အရမ္းကို ဆင္တူပါတယ္။ အဲ့ဒါေၾကာင့္ သူဟာ ေခါက္ဆြဲေျခာက္ေတြကို အသုံးျပဳၿပီး ေမြးလာမဲ့ ကေလးအတြက္ ႀကိဳတင္ၿပီး ကစားစရာအိမ္ေလး ေဆာက္လုပ္ျဖစ္ခဲ့တာျဖစ္ပါတယ္။ ေခါက္ဆြဲေတြကို အုတ္တစ္လုံးကဲ့သို႔ အသုံးခ်ၿပီး ေကာ္ဗူး အဗူး ၂၀နဲ႔ ၄ရက္ၾကာေအာင္ ေဆာက္လုပ္ခဲ့ရတာပဲျဖစ္ပါတယ္။

ေခါက္ဆြဲေျခာက္ဟာ ခန္႔မွန္းေၿခ ၄စတုရန္းမီတာေလာက္ ရွိၿပီး ေဆာက္လုပ္တဲ့အခါမွာေတာ့ တကယ့္ကို သစ္သားေဘာင္ေတြ ေရာေႏွာအသုံးျပဳခဲ့ပါတယ္။ လူတစ္ေယာက္ ေကာင္းေကာင္းအိပ္စက္နိုင္တဲ့ အိပ္ခန္းတစ္ခမ္းပါဝင္ၿပီး နံရံေတြမွာလည္း ကိုယ္ပိုင္ပန္းခ်ီကားေလးေတြနဲ႔ အလွဆင္ထားပါေသးတယ္။ Zhang ကိုယ္တိုင္ကေတာ့ သူ႔ရဲ့ ဖန္တီးမွုကို စိတ္ေက်နပ္မွုရွိတယ္လို႔ဆိုပါတယ္။

အိမ္ထဲကို ဝင္လိုက္ရင္လည္း နံရံေတြကို ကိုက္ဖဲ့ခ်င္ေလာက္ေအာင္ ေခါက္ဆြဲအနံ့က ဆြဲေဆာင္ေနတယ္။ ဒါေပမဲ့ ဒီအိမ္သက္တမ္းက ဘယ္ေလာက္ခံမလဲဆိုတာေတာ့ ေသခ်ာမသိနိုင္ပါဘူးလို႔ ဆိုပါတယ္။ Zhang ဟာ သူ႔ရဲ့ တီထြင္ဖန္တီးမွုကို လူမွုကြန္ယက္ေပၚမွာ မၽွေဝေပးခဲ့တဲ့ အခါမွာေတာ့အြန္လိုင္းသုံးစြဲသူေတြ အေနနဲ႔ အမ်ိဳးမ်ိဳး အဖုန္ဖုန္ ေဝဖန္ခဲ့ၾကပါတယ္။

စားစရာျဖစ္တဲ့အတြက္ ရက္ၾကာလာတာနဲ႔ ပိုးဟပ္ေတြ ႂကြက္ေတြရဲ့ ဖ်က္ဆီးခံရၿပီး ဘက္တီးရီးယား ပိုးမႊားေတြ ျပန္႔ပြားလာနိုင္ပါတယ္။ ဒါ့အျပင္ အစိုဓာတ္ရွိတဲ့ ေလထုနဲ႔ ထိေတြ႕တဲ့အခါ အခ်ိန္တိုအတြင္း ေပ်ာ့ေပ်ာင္းျခင္း၊ မွိုစြဲျခင္း၊ ေလထု ညစ္ညမ္းျခင္း စတဲ့ ဆိုးက်ိဳးေတြျဖစ္ေပၚလာနိုင္တယ္လို႔ အြန္လိုင္းသုံးစြဲသူေတြက မွတ္ခ်က္ေပးေဝဖန္ခဲ့ၾကတာပဲ ျဖစ္ပါတယ္။

အနာဂတ္က ကေလးအတြက္ အိမ္ေလးဆိုေပမဲ့ ခ်စ္ျခင္းေမတၱာကို ျပသတာလား၊ ေၾကာက္မက္ဖြယ္ အႏၲရာယ္ၾကားထဲကို ေခၚသြင္းတာလား ဆိုတာလည္း မွတ္ခ်က္ေပးသူေတြရွိတာေၾကာင့္ သူ႔အေနနဲ႔ ေသခ်ာစဥ္စားဖို႔လိုအပ္ေနပါၿပီ။

LEAVE A REPLY

Please enter your comment!
Please enter your name here