ခါး၊ လက်ပြင်နဲ့ နောက်ကျောနေရာ နာကျင်ခြင်းကို လျှင်မြန်စွာ သက်သာစေမဲ့ နည်းလမ်း

0
201
ခါး၊ လက်ပြင်နဲ့ နောက်ကျောနေရာနာကျင်ခြင်
ခါး၊ လက်ပြင်နဲ့ နောက်ကျောနေရာနာကျင်ခြင်

အရွယ်ရောက်ပြီးသူ ၈၀ရာခိုင်နှုန်းလောက်ဟာ ဝမ်းရေးအတွက်နေ့စဉ်နဲ့အမျှ အလုပ်လုပ်နေရတာကြောင့် နာကျင်မှုဆိုတာလည်း သူတို့အတွက် နေ့စဉ်နဲ့ အမျှပါပဲ။ တစ်နေ့တာ နာကျင်မှုတွေအတွက် အကိုက်အခဲပျောက်လေးသောက်ပြီး ပြီးသွားမျိုးဟာ ရေရှည်မှာ ဆိုးကျိုးတွေဖြစ်ပေါ်နိုင်ပါတယ်။ ဒါ့ကြောင့် နောက်ကျောနာကျင်တဲ့ ဝေဒနာမျိုးကို ခံစားရတဲ့အခါ အမြန်ဆုံးသက်သာစေမဲ့ နည်းလမ်းလေး ၅မျိုးကို lifestyle_Myanmar ပရိတ်သက်ကြီးအတွက်မျှဝေပေးလိုက်တယ်နော်။

၁။ ကုလားထိုင်ကို အသုံးပြီး နောက်ကျောနာကျင်မှုကို သက်သာစေအောင်ပြုလုပ်နည်း

ကျောပြင်တစ်လျှောက် ကြွက်သားတွေ တင်းမာပြီး နာကျင်ကိုက်ခဲနေတဲ့အခါ ထိုနာကျင်ကိုက်ခဲမှုကို ပြေလျော့စေဖို့အတွက် ကုလားထိုင်တစ်လုံးနဲ့ ခေါင်းအုံးပျော့တစ်လုံးလိုအပ်ပါတယ်။ ပထမဦးစွာ ကုလားထိုင်ပေါ်မှာ ခေါင်းအုံးပျော့တစ်လုံးကို တင်လိုက်ပါ။ ပြီးတဲ့အခါ သင့်ရဲ့ ခန္ဓာကိုယ်အလယ်ပိုင်းကိုထိုင်ခုံဖြင့် ထောင့်ထားပြီး လေးဘက်ကုန်း အနေအထား နေပေးလိုက်ပါ။ ခေါင်းကို အောက်ကို ငုံ့ထားပေးပြီး ထောက်ထားတဲ့ လက်နှစ်ဖက်ကို အားသိမစိုက်ပဲ ဖွဖွလေးပဲ ထောက်ထားပေးလိုက်ပါ။ ထိုအနေအထားအတိုင် နောက်ကျောကြွက်သားတွေ ပြေလျော့လာတဲ့အထိ နေပေးရမှာဖြစ်ပါတယ်။

၂။ တိပ်ကို အသုံးပြုပြီး နောက်ကျော နာကျင်မှုကို သက်သာစေအောင် ပြုလုပ်နည်း

ဒီနည်းလမ်းလေးကတော့ ရိုးရှင်းပြီး အရမ်းထိရောက်တဲ့ နည်းလမ်းလေးတစ်ခုပဲဖြစ်ပါတယ်။ နောက်ကျောနာကျင်မှုကို သက်သာစေဖို့အတွက် အထူစီမံထုတ်လုပ်ထားတဲ့ တိပ်တွေ/ ပလာစတာတွေ ရှိပါတယ်။ အဆိုပါ တိပ်ဟာကြွက်သား နာကျင်မှုကို သက်သာစေတဲ့အပြင် အနာရောဂါကိုလည်းအချိန်တိုအတွင်းမှာ ပျောက်ကင်းစေပါတယ်။ ပထမဦးစွာ သင်နာကျင်တဲ့ နေရာတစ်ဝှိုက်ကို ခြောက်အောင်အရင်သုတ်သင်ပေးပါ။ ပြီးတဲ့အခါမှာတော့ တိပ်ကို လိုသလောက်လေး ဖြတ်ပြီး ထိုနေရာမှာ ကပ်ထားပေးလိုက်ပါ။ ပြီးလျှင် တိပ်ကပ်ထားတဲ့နေရာတစ်ဝှိုက်ကို လက်ဖြင့်စက္ကန့်အတော်ကြာ ပွတ်ပေးလိုက်ပါ။ မိနစ် ၂၀လောက် ထားပြီးရင်တော့ တိပ်ကို ခွာလို့ ရပါပြီ။

၃။ ကျောက်ပြားကို အသုံးပြုပြီး နာကျင်မှုကို သက်သာအောင်ပြုလုပ်နည်း

ကျောက်အပြားလေးတွေရှိရုံနဲ့ သင့်နောက်ကျော နာကျင်မှုကို သက်သာအောင် ပြုလုပ်လို့ရပါတယ်။ အဆိုပါကျောက်တုံးကို ကြွက်သားတင်းမှာမှုကို ပြေလျော့စေပြီး အပန်းဖြေတဲ့နေရာမှာ အသုံးပြုနိုင်ပါတယ်။ ပထမဦးစွာ အဆိုပါ ကျောက်ပြားကို ပူနွေးနေအောင် အပူအရင်ပေးသင့်ပြီး ထိုကျောက်ပြားပေါ်ကို အသားအရေနဲ့ ကျန်းမာရေးအတွက် ကောင်းမွန်တဲ့ ဆီတစ်မျိုးမျိုးကို သုပ်လိမ်းပေးပါ။ ပြီးလျှင် အဆိုပါကျောက်ပြားကို အရေပြားပေါ်မှာ ရွေ့လျားမှုမရှိ၊ တိုက်ရိုက်တင်ထားတာမျိုးမဟုတ်ဘဲ သင်နာကျင်တဲ့နေရာတစ်ဝှိုက်ကို အဆိုပါ ကျောက်ပြားနဲ့ ပွတ်ပြီး နှိပ်နယ်ပေးပါ။ မှောက်ခုံအနေအထား မှောက်အိပ်ပြီး သင်နာကျင်တဲ့ ကျောပြင်တစ်လျှောက်ကို ကျောက်ပြား နှိပ်နယ်ပြီးတဲ့အခါမှာတော့ အဆိုပါ ကျောက်ပြားကို နာကျင်တဲ့နေရာတစ်လျှောက်မှာ ၃-၄ မိနစ်လောက် ဖြန့်ကျက်ထားထားပေးလိုက်ပါ။

၄။ နာကျင်တဲ့ နေရာလေးတွေကို လက်မဖြင့် နှိပ်နယ်ပေးခြင်း

နာကျင်မှုအများဆုံးဖြစ်ပေါ်တတ်တဲ့ ခန္ဓာကိုယ်အောက်ပိုင်း တကောက်ကွေး၊ တင်ပါး၊ ခါးနဲ့ ဝမ်းဗိုက် စတဲ့နေရာတွေကို လက်မနှစ်ဖက်ဖြင့် မိနစ်အနည်းငယ်ကြာအောင် ဖိ နှိပ်ထားပေးပါ။ ပြီးတဲ့အခါမှ ဖြည်းဖြည်းချင်း လက်ကို လွတ်ချလိုက်ပါ။ ထိုကဲ့သို ပြုလုပ်ပေးခြင်းက ကြွက်သားနာကျင်တင်းမာမှုကို ပြေလျော့သက်သာစေပါတယ်။

၅။ နောက်ကျောနာကျင်မှုအတွက် chiropractic အကျောလျော့နည်း

ကျောရိုးနဲ့ နောက်ကျောနာကျင်မှုအတွက် အဆိုပါ အကျောလျော့နည်းက အရမ်းထိရောက်တဲ့ နည်းလမ်းလေးဖြစ်ပြီး အမေရိကားမှာ လူဦးရေ ၃၅သန်းလောက်က အသုံးပြုနေကြပါတယ်။ အဆိုပါနည်းလမ်းလေးက ပုံမှာဖော်ပြပေးထားတဲ့အတိုင်း တင်ပုလ္လင်ခွေထိုင်အနေအထားမှ သင့် လက်နှစ်ဖက်ကို အနောက်ကို ဆန့်ထုတ်ထားပေးပါ။ ပြီးလျှင်အခြားတစ်ယောက်က သင့်ကျောကို သူ့ရဲ့ ခြေထောက်ဖြင့် ထောက်ထားပြီး သင့်ရဲ့ အနောက်ဘက် ဆန့်ထုတ်ထားတဲ့ လက်နှစ်ဖက်ကို ဆွဲရမှာပဲဖြစ်ပါတယ်။ ခံနိုင်မဲ့ အနေအထားလောက်ပဲ ဆွဲပေးသင့်ပြီး သင့်မှာ ကျောရိုး ဒါမှမဟုတ်နောက်ကျောနဲ့ ပတ်သက်တဲ့အခြားဝေဒနာတစ်ခုခုရှိနေရင်တော့ လုပ်သင့်မလုပ်သင့် ဆရာဝန်ထံအရင် တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

#Lifestyle_Myanmar

#Thar_Nage

တစ်နေ့ကို အရက် ၁လီတာ သောက်သုံးခဲ့လို့ ဆိုးရွားတဲ့ အဖြစ်နဲ့ ကြုံတွေ့နေရတဲ့ တရုတ်အမျိုးသား

Zawgyi Fonts

ခါး၊ လက္ျပင္နဲ႔ ေနာက္ေက်ာေနရာ နာက်င္ျခင္းကို လၽွင္ျမန္စြာ သက္သာေစမဲ့ နည္းလမ္း
အရြယ္ေရာက္ၿပီးသူ ၈၀ရာခိုင္ႏွုန္းေလာက္ဟာ ဝမ္းေရးအတြက္ေန႔စဥ္နဲ႔အမၽွ အလုပ္လုပ္ေနရတာေၾကာင့္ နာက်င္မွုဆိုတာလည္း သူတို႔အတြက္ ေန႔စဥ္နဲ႔ အမၽွပါပဲ။ တစ္ေန႔တာ နာက်င္မွုေတြအတြက္ အကိုက္အခဲေပ်ာက္ေလးေသာက္ၿပီး ၿပီးသြားမ်ိဳးဟာ ေရရွည္မွာ ဆိုးက်ိဳးေတြျဖစ္ေပၚနိုင္ပါတယ္။ ဒါ့ေၾကာင့္ ေနာက္ေက်ာနာက်င္တဲ့ ေဝဒနာမ်ိဳးကို ခံစားရတဲ့အခါ အျမန္ဆုံးသက္သာေစမဲ့ နည္းလမ္းေလး ၅မ်ိဳးကို lifestyle_Myanmar ပရိတ္သက္ႀကီးအတြက္မၽွေဝေပးလိုက္တယ္ေနာ္။

၁။ ကုလားထိုင္ကို အသုံးၿပီး ေနာက္ေက်ာနာက်င္မွုကို သက္သာေစေအာင္ျပဳလုပ္နည္း
ေက်ာျပင္တစ္ေလၽွာက္ ႂကြက္သားေတြ တင္းမာၿပီး နာက်င္ကိုက္ခဲေနတဲ့အခါ ထိုနာက်င္ကိုက္ခဲမွုကို ေျပေလ်ာ့ေစဖို႔အတြက္ ကုလားထိုင္တစ္လုံးနဲ႔ ေခါင္းအုံးေပ်ာ့တစ္လုံးလိုအပ္ပါတယ္။ ပထမဦးစြာ ကုလားထိုင္ေပၚမွာ ေခါင္းအုံးေပ်ာ့တစ္လုံးကို တင္လိုက္ပါ။ ၿပီးတဲ့အခါ သင့္ရဲ့ ခႏၶာကိုယ္အလယ္ပိုင္းကိုထိုင္ခုံျဖင့္ ေထာင့္ထားၿပီး ေလးဘက္ကုန္း အေနအထား ေနေပးလိုက္ပါ။ ေခါင္းကို ေအာက္ကို ငုံ႔ထားေပးၿပီး ေထာက္ထားတဲ့ လက္ႏွစ္ဖက္ကို အားသိမစိုက္ပဲ ဖြဖြေလးပဲ ေထာက္ထားေပးလိုက္ပါ။ ထိုအေနအထားအတိုင္ ေနာက္ေက်ာႂကြက္သားေတြ ေျပေလ်ာ့လာတဲ့အထိ ေနေပးရမွာျဖစ္ပါတယ္။

၂။ တိပ္ကို အသုံးျပဳၿပီး ေနာက္ေက်ာ နာက်င္မွုကို သက္သာေစေအာင္ ျပဳလုပ္နည္း
ဒီနည္းလမ္းေလးကေတာ့ ရိုးရွင္းၿပီး အရမ္းထိေရာက္တဲ့ နည္းလမ္းေလးတစ္ခုပဲျဖစ္ပါတယ္။ ေနာက္ေက်ာနာက်င္မွုကို သက္သာေစဖို႔အတြက္ အထူစီမံထုတ္လုပ္ထားတဲ့ တိပ္ေတြ/ ပလာစတာေတြ ရွိပါတယ္။ အဆိုပါ တိပ္ဟာႂကြက္သား နာက်င္မွုကို သက္သာေစတဲ့အျပင္ အနာေရာဂါကိုလည္းအခ်ိန္တိုအတြင္းမွာ ေပ်ာက္ကင္းေစပါတယ္။ ပထမဦးစြာ သင္နာက်င္တဲ့ ေနရာတစ္ဝွိုက္ကို ေျခာက္ေအာင္အရင္သုတ္သင္ေပးပါ။ ၿပီးတဲ့အခါမွာေတာ့ တိပ္ကို လိုသေလာက္ေလး ျဖတ္ၿပီး ထိုေနရာမွာ ကပ္ထားေပးလိုက္ပါ။ ၿပီးလၽွင္ တိပ္ကပ္ထားတဲ့ေနရာတစ္ဝွိုက္ကို လက္ျဖင့္စကၠန္႔အေတာ္ၾကာ ပြတ္ေပးလိုက္ပါ။ မိနစ္ ၂၀ေလာက္ ထားၿပီးရင္ေတာ့ တိပ္ကို ခြာလို႔ ရပါၿပီ။

၃။ ေက်ာက္တုံးကို အသုံးျပဳၿပီး နာက်င္မွုကို သက္သာေအာင္ျပဳလုပ္နည္း
ေက်ာက္ျပားေလးေတြရွိ႐ုံနဲ႔ သင့္ေနာက္ေက်ာ နာက်င္မွုကို သက္သာေအာင္ ျပဳလုပ္လို႔ရပါတယ္။ အဆိုပါေက်ာက္တုံးကို ႂကြက္သားတင္းမွာမွုကို ေျပေလ်ာ့ေစၿပီး အပန္းေျဖတဲ့ေနရာမွာ အသုံးျပဳနိုင္ပါတယ္။ ပထမဦးစြာ အဆိုပါ ေက်ာက္ျပားကို ပူေႏြးေနေအာင္ အပူအရင္ေပးသင့္ၿပီး ထိုေက်ာက္ျပားေပၚကို အသားအေရနဲ႔ က်န္းမာေရးအတြက္ ေကာင္းမြန္တဲ့ ဆီတစ္မ်ိဳးမ်ိဳးကို သုပ္လိမ္းေပးပါ။ ၿပီးလၽွင္ အဆိုပါေက်ာက္ျပားကို အေရျပားေပၚမွာ ေရြ႕လ်ားမွုမရွိ၊ တိုက္ရိုက္တင္ထားတာမ်ိဳးမဟုတ္ဘဲ သင္နာက်င္တဲ့ေနရာတစ္ဝွိုက္ကို အဆိုပါ ေက်ာက္ျပားနဲ႔ ပြတ္ၿပီး ႏွိပ္နယ္ေပးပါ။ ေမွာက္ခုံအေနအထား ေမွာက္အိပ္ၿပီး သင္နာက်င္တဲ့ ေက်ာျပင္တစ္ေလၽွာက္ကို ေက်ာက္ျပား ႏွိပ္နယ္ၿပီးတဲ့အခါမွာေတာ့ အဆိုပါ ေက်ာက္ျပားကို နာက်င္တဲ့ေနရာတစ္ေလၽွာက္မွာ ၃-၄ မိနစ္ေလာက္ ျဖန္႔က်က္ထားထားေပးလိုက္ပါ။

၄။ နာက်င္တဲ့ ေနရာေလးေတြကို လက္မျဖင့္ ႏွိပ္နယ္ေပးျခင္း
နာက်င္မွုအမ်ားဆုံးျဖစ္ေပၚတတ္တဲ့ ခႏၶာကိုယ္ေအာက္ပိုင္း တေကာက္ေကြး၊ တင္ပါး၊ ခါးနဲ႔ ဝမ္းဗိုက္ စတဲ့ေနရာေတြကို လက္မႏွစ္ဖက္ျဖင့္ မိနစ္အနည္းငယ္ၾကာေအာင္ ဖိ ႏွိပ္ထားေပးပါ။ ၿပီးတဲ့အခါမွ ျဖည္းျဖည္းခ်င္း လက္ကို လြတ္ခ်လိုက္ပါ။ ထိုကဲ့သို ျပဳလုပ္ေပးျခင္းက ႂကြက္သားနာက်င္တင္းမာမွုကို ေျပေလ်ာ့သက္သာေစပါတယ္။

၅။ ေနာက္ေက်ာနာက်င္မွုအတြက္ chiropractic အေက်ာေလ်ာ့နည္း
ေက်ာရိုးနဲ႔ ေနာက္ေက်ာနာက်င္မွုအတြက္ အဆိုပါ အေက်ာေလ်ာ့နည္းက အရမ္းထိေရာက္တဲ့ နည္းလမ္းေလးျဖစ္ၿပီး အေမရိကားမွာ လူဦးေရ ၃၅သန္းေလာက္က အသုံးျပဳေနၾကပါတယ္။ အဆိုပါနည္းလမ္းေလးက ပုံမွာေဖာ္ျပေပးထားတဲ့အတိုင္း တင္ပုလႅင္ေခြထိုင္အေနအထားမွ သင့္ လက္ႏွစ္ဖက္ကို အေနာက္ကို ဆန္႔ထုတ္ထားေပးပါ။ ၿပီးလၽွင္အျခားတစ္ေယာက္က သင့္ေက်ာကို သူ႔ရဲ့ ေျခေထာက္ျဖင့္ ေထာက္ထားၿပီး သင့္ရဲ့ အေနာက္ဘက္ ဆန္႔ထုတ္ထားတဲ့ လက္ႏွစ္ဖက္ကို ဆြဲရမွာပဲျဖစ္ပါတယ္။ ခံနိုင္မဲ့ အေနအထားေလာက္ပဲ ဆြဲေပးသင့္ၿပီး သင့္မွာ ေက်ာရိုး ဒါမွမဟုတ္ေနာက္ေက်ာနဲ႔ ပတ္သက္တဲ့အျခားေဝဒနာတစ္ခုခုရွိေနရင္ေတာ့ လုပ္သင့္မလုပ္သင့္ ဆရာဝန္ထံအရင္ တိုင္ပင္ေဆြးေႏြးသင့္ပါတယ္။

LEAVE A REPLY

Please enter your comment!
Please enter your name here