အမှန်တရားတစ်ခု ရှိပါတယ်။ အချစ်ဆုံးဆိုတဲ့ စုံတွဲတွေမှာတောင် ကတောက်ကဆလေးတွေ ရှိတတ်ကြပါတယ်။ ဒီတော့ အမြဲပျော်နေရတဲ့ အချစ်ရေးကို စိတ်ကူးယဉ်လို့ပဲရမယ်။ တကယ့်ဘဝကတော့ ခါးပါတယ်။ ဒါပေမယ့် ခါးသီးတဲ့ မှတ်ဉာဏ်ဆိုးတွေကို နှစ်ကိုယ်အကြားက ရှင်းထုတ်ပစ်လို့ရပါတယ်။
(၁) ချီးမွမ်းခြင်း ဆန်းဒွစ်ချ်လေးများ သုံးပေးပါ
ဘယ်သူမဆို ဝေဖန်တာထက် ချီးကျူးတာကို ပိုသဘောကျပါတယ်။ ချီးကျူးတာဟာ အချက်အလက်အပြည့်အစုံနဲ့ လာတဲ့ ဂုဏ်ပြုခြင်းဖြစ်ပြီး အလကားသက်သက် မြှောက်ပေးတာ မဟုတ်ပါဘူး။ အဓိပ္ပါယ်ရှိခဲ့တဲ့ အရာတွေဟာ ချစ်သူနဲ့ ရန်ဖြစ်ခဲ့တဲ့ အချိန်တွေမှာတောင် ရှိပါတယ်။ ဒါတွေကို သတိတရနဲ့ မှတ်သားပေးပါ။ စိတ်ပျက်စရာ အတိတ်ကမ္ဘာထဲ မတော်တဆ ပြန်သွားရရင်လည်း ဒီအချက်ကို သုံးပြီး ပျော်စရာမှတ်ဉာဏ်အဖြစ် ပြောင်းလဲနိုင်ပါတယ်။

(၂) တစ်ချို့အရာတွေကို လုံးဝဖျောက်ပစ်ပါ
မှတ်ဉာဏ်တစ်ခုကို အသေမေ့ပစ်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ သတိတရားနဲ့ စောင့်ထိန်းတာ ပိုကောင်းပါတယ်။ မညီမျှတဲ့ ဘဝအခြေအနေ ဘက်ဂရောင်းနဲ့ လာတဲ့ စုံတွဲတွေမှာဆို တစ်ယောက်နဲ့တစ်ယောက် ဘဝပေါ် သဘောထားတဲ့ ပုံစံချင်းနဲ့ အတွေးအခေါ် အယူအဆချင်းလည်း တောင်နဲ့ မြောက် ဆန့်ကျင်ဘက်တွေ ဖြစ်နိုင်ပါတယ်။
ဒီပဋိပက္ခဟာ စိတ်ထဲမှာ တကယ် ရှိနေသလားဆိုတာ ပြန်ဖော်ထုတ်ပါ။ ပြီးရင်တော့ ဒီအကြောင်းအရာကို ကိုယ့်ချစ်သူ နားလည်အောင် ရှင်းပြ ဆွေးနွေးပြီး သဘောတူညီမှု ရယူသင့်ပါတယ်။ ကိုယ်က နားလည်ပေးရမယ့် အရာပေါ် သဘောထားကြီးခြင်းနဲ့ ကိုယ့်အပေါ် နားလည်ပေးစေချင်တာကို ရိုးရိုးသားသားပြောခြင်း နှစ်ခုစလုံးဟာ အရေးကြီးပါတယ်။

(၃) ရယ်မောခြင်း ဆေး စားသုံးပေးပါ
ပျော်စရာဆိုတာ လာအောင် ထိုင်စောင့်နေလို့မရပါဘူး။ ကျဉ်းထဲ ကျပ်ထဲ အခြေအနေမှာ လက်ရှိကြုံနေတာကို ဟာသလုပ်နိုင်တာဟာ အရေးပါတဲ့ ဘဝနေနည်းတစ်ခုဖြစ်ပါတယ်။ ကိုယ့်ချစ်သူနဲ့ဆို ဒီနေနည်းဟာ ပိုပြီးတောင် အရေးကြီးပါတယ်။
(၄) အသိအမှတ်ပြုခြင်း ၊ ကျေးဇူးဆိုခြင်း
ရေရှည်တွဲတဲ့ စုံတွဲတွေဟာ တစ်ယောက်ကို တစ်ယောက် လက်ဆောင်တစ်ခုသဖွယ် သဘောထားပြီး ဒီချစ်ခြင်းကိုပဲ ကျေနပ် ကျေးဇူးတင်နေတတ်သူတွေ များပါတယ်။ ကိုယ့်ကို ချစ်တဲ့အတွက် ကျေးဇူးတင်ခြင်း ၊ ကိုယ့်အချစ်ကို သူလက်ခံတဲ့အတွက် ကျေးဇူးတင်ခြင်းဟာ စုံတွဲတွေအကြား လေးစားမြတ်နိုးမှု ပိုတိုးစေပြီး အဆင်မပြေချိန် တက်ခဲ့တဲ့ ပြဿနာတွေကို ဆေးကုဖို့ အကောင်းဆုံးကုထုံးလည်း ဖြစ်ပါတယ်။

Lifestyle_Myanmar
ref-wellandgood