ခါးမှာ ကြေးနန်းခွေ စွပ်နေလို့ ၂လကြာ တော်တော်လေး ဒုက္ခခံခဲ့ရတဲ့ ခွေးကလေး

0
95

ကျွန်တော်တို့လို လူတွေမှာ အခက်အခဲရှိတဲ့အခါ ဒါမှမဟုတ် နေထိုင်မကောင်းဖြစ်တဲ့အခါ ဝိုင်းဝန်းကူညီဖြေရှင်းပေးမဲ့လူ အနည်းနဲ့ အများရှိပေမဲ့ သခင် မရှိတဲ့ လမ်းဘေးတိရစ္ဆာန်တွေအတွက်တော့ ဒီလို အခက်အခဲ ကြုံတွေတဲ့အခါ ကူညီပေးမဲ့ သူဆိုတာ အင်မတန်ကိုရှားပါတယ်။ အခုလည်း ခွေးလေးတစ်ကောင်ဟာ ခါးမှာ ကြေးနန်းခွေစွပ်မိပြီး ရက်အတော်ကြာ ဒုက္ခခံစားလိုက်ရပါတယ်။

ကြေးနန်းခွေဟာ အစပိုင်းမှာ ခွေးလေးအတွက် ကိစ္စမရှိပေမဲ့ အချိန်ကြာလာနဲ့ အမျှ အသားထဲကို နစ်ဝင်တဲ့အထိ တင်းကြပ်လာခဲ့ပါတယ်။ ၂လကြာတဲ့ အထိ ဒီဒုက္ခကို ခံစားခဲ့ရပြီးနောက်မှာတော့ ပြေးလွှာဖို့ မပြောနဲ့ လမ်းတောင် ကောင်းကောင်းမလျှောက်နိုင်တဲ့အထိ ဖြစ်ခဲ့ပါတယ်။ လူတွေကလည်း တွေ့ပေမဲ့ အစပိုင်း ပြေးလွှားရုန်းကန်နိုင်တဲ့ အချိန်ဆိုတော့ ကြေးနန်းကို ဖြုတ်ပေးဖို့ ခက်ခဲနေဟန်တူပါတယ်။

https://www.worldofbuzz.com/wp-content/uploads/2019/09/video-1569136810.mp4?_=1

အဲ့ဒီနောက် သူသိပ့်မလှုပ်ရှားနိုင်တဲ့ အခြေအနေရောက်မှ လူတစ်ယောက်က ကြိုးနဲ့ သေချာဖမ်းပြီး အသားထဲ နစ်ဝင်နေတဲ့ ကြေးနန်းကြိုးကို ဖြတ်တောက်ပေးခဲ့ပါတယ်။ ပြီးတဲ့အခါ ခွေးတွေအတွက် ဖွင့်လှစ်ထားတဲ့ စောင့်ရှောက်ရေး ဂေဟာကို ခေါ်ဆောင်သွားခဲ့ပါတယ်။ တိစ္ဆာန်တွေအတွက် အလွဲသုံးစားလုပ်ရပ်တွေ မလေးရှားမှာ အဖြစ်များပြီး များသောအားဖြစ်ကတော့ ကျွန်တော်တို့ရဲ့ စွန့်ပစ်ပစ္စည်းတွေကြောင့်ပဲဖြစ်ပါတယ်။

အဆိုပါ စွန့်ပစ်ပစ္စည်းတွေကြောင့် ကုန်နေသတ္တဝါတွေသာမက ရေနေ သတ္တဝါ အမြောက်အများလည်း အသက် ဆုံးရှုံးမှုတွေ နေ့စဉ်နဲ့ အမျှ ဖြစ်ပေါ်လျှက်ရှိပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့ အနေနဲ့ ဘေးထွက်ဆိုးကျိုး ဖြစ်ပေါ်စေတဲ့ စွန့်ပစ်ပစ္စည်းမျိုး နဲ့ ပတ်ဝန်းကျင်ကို ထိခိုက်စေမဲ့ စွန့်ပစ်ပစ္စည်းမျိုးကို တွေ့ကရာ နေရာမှာ စွန့်ပစ်တဲ့ လုပ်ရပ်မျိုးကို အမြန်ဆုံး ရပ်တည်ဖို့လိုအပ်နေပါပြီ။

#Lifestyle_Myanmar

#Thar_Nage

Zawgyi Fonts

ခါးမွာ ေၾကးနန္းေခြ စြပ္ေနလို႔ ၂လၾကာ ေတာ္ေတာ္ေလး ဒုကၡခံခဲ့ရတဲ့ ေခြးကေလး
ကၽြန္ေတာ္တို႔လို လူေတြမွာ အခက္အခဲရွိတဲ့အခါ ဒါမွမဟုတ္ ေနထိုင္မေကာင္းျဖစ္တဲ့အခါ ဝိုင္းဝန္းကူညီေျဖရွင္းေပးမဲ့လူ အနည္းနဲ႔ အမ်ားရွိေပမဲ့ သခင္ မရွိတဲ့ လမ္းေဘးတိရစၧာန္ေတြအတြက္ေတာ့ ဒီလို အခက္အခဲ ၾကဳံေတြတဲ့အခါ ကူညီေပးမဲ့ သူဆိုတာ အင္မတန္ကိုရွားပါတယ္။ အခုလည္း ေခြးေလးတစ္ေကာင္ဟာ ခါးမွာ ေၾကးနန္းေခြစြပ္မိၿပီး ရက္အေတာ္ၾကာ ဒုကၡခံစားလိုက္ရပါတယ္။

ေၾကးနန္းေခြဟာ အစပိုင္းမွာ ေခြးေလးအတြက္ ကိစၥမရွိေပမဲ့ အခ်ိန္ၾကာလာနဲ႔ အမၽွ အသားထဲကို နစ္ဝင္တဲ့အထိ တင္းၾကပ္လာခဲ့ပါတယ္။ ၂လၾကာတဲ့ အထိ ဒီဒုကၡကို ခံစားခဲ့ရၿပီးေနာက္မွာေတာ့ ေျပးလႊာဖို႔ မေျပာနဲ႔ လမ္းေတာင္ ေကာင္းေကာင္းမေလၽွာက္နိုင္တဲ့အထိ ျဖစ္ခဲ့ပါတယ္။ လူေတြကလည္း ေတြ႕ေပမဲ့ အစပိုင္း ေျပးလႊား႐ုန္းကန္နိုင္တဲ့ အခ်ိန္ဆိုေတာ့ ေၾကးနန္းကို ျဖဳတ္ေပးဖို႔ ခက္ခဲေနဟန္တူပါတယ္။

အဲ့ဒီေနာက္ သူသိပ့္မလွုပ္ရွားနိုင္တဲ့ အေျခအေနေရာက္မွ လူတစ္ေယာက္က ႀကိဳးနဲ႔ ေသခ်ာဖမ္းၿပီး အသားထဲ နစ္ဝင္ေနတဲ့ ေၾကးနန္းႀကိဳးကို ျဖတ္ေတာက္ေပးခဲ့ပါတယ္။ ၿပီးတဲ့အခါ ေခြးေတြအတြက္ ဖြင့္လွစ္ထားတဲ့ ေစာင့္ေရွာက္ေရး ေဂဟာကို ေခၚေဆာင္သြားခဲ့ပါတယ္။ တိစၧာန္ေတြအတြက္ အလြဲသုံးစားလုပ္ရပ္ေတြ မေလးရွားမွာ အျဖစ္မ်ားၿပီး မ်ားေသာအားျဖစ္ကေတာ့ ကၽြန္ေတာ္တို႔ရဲ့ စြန္႔ပစ္ပစၥည္းေတြေၾကာင့္ပဲျဖစ္ပါတယ္။

အဆိုပါ စြန္႔ပစ္ပစၥည္းေတြေၾကာင့္ ကုန္ေနသတၱဝါေတြသာမက ေရေန သတၱဝါ အေျမာက္အမ်ားလည္း အသက္ ဆုံးရွုံးမွုေတြ ေန႔စဥ္နဲ႔ အမၽွ ျဖစ္ေပၚလၽွက္ရွိပါတယ္။ ဒါ့ေၾကာင့္ ကၽြန္ေတာ္တို႔ အေနနဲ႔ ေဘးထြက္ဆိုးက်ိဳး ျဖစ္ေပၚေစတဲ့ စြန္႔ပစ္ပစၥည္းမ်ိဳး နဲ႔ ပတ္ဝန္းက်င္ကို ထိခိုက္ေစမဲ့ စြန္႔ပစ္ပစၥည္းမ်ိဳးကို ေတြ႕ကရာ ေနရာမွာ စြန္႔ပစ္တဲ့ လုပ္ရပ္မ်ိဳးကို အျမန္ဆုံး ရပ္တည္ဖို႔လိုအပ္ေနပါၿပီ။

LEAVE A REPLY

Please enter your comment!
Please enter your name here