ကွန်ပျူတာရှေ့မှာ အကြာကြီးထိုင်ရပြီး အလုပ်လုပ်ရခြင်း၊ အချိန်အကြာကြီး မတ်တပ်ရပ်ရခြင်း၊ အလေးအပင် မရခြင်း စတဲ့အချက်တွေကြောင့် ခါးနာဝေဒနာကို ခံစားရတတ်ပါတယ်။ သက်ကြီးရွယ်အိုတွေပဲ ခါးနာဝေဒနာကို ခံစားရတာမဟုတ်ပါဘူး။ လူငယ်လူရွယ်တွေလည်း အခန့်မသင့်ရင် ခါးနာဝေဒနာခံစားရတတ်ပါတယ်။ ဒီလို ခံစားရတဲ့အခါ အိမ်တွင်းဆေးနည်းတွေနဲ့ ကုသလို့ရတယ်ဆိုတာ စာဖတ်သူတို့ သိကြရဲ့လား။ ဘယ်လိုဆေးနည်းတွေဖြစ်မလဲဆိုတာ ဆက်လေ့လာကြည့်လိုက်ရအောင်။
(၁) နနွင်းမှုန့် ဆေးစွမ်းကောင်း
နနွင်းမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်းကို နွားနို့ပူပူလေးတစ်ခွက်နဲ့ ရောပြီး နေ့စဉ်မှန်မှန်သောက်ပေးလိုက်ပါ။ အရသာရှိအောင် ပျားရည်အနည်းငယ် ထပ်ထည့်မယ်ဆိုလည်း ရပါသေးတယ်။ နနွင်းမှုန့်ထဲမှာ ပါဝင်တဲ့ Curcumin ဓာတ်က ခါးနာဝေဒနာကို သက်သာအောင် ကုသပေးနိုင်ပါတယ်။

(၂) ရေနွေးအိတ် ကပ်ပါ
ဆေးလိမ်းရုံနဲ့လည်း ခါးနာတာက တချို့လူတွေအတွက် မသက်သာနိုင်ပါဘူး။ ဒါဆိုရင် ဆေးလည်းသောက်ပေးပြီးတော့ ရေနွေးအိတ်နွေးနွေးလေးကို ခါးနာတဲ့နေရာမှာ ကပ်ထားပေးလိုက်ပါ။ နာကျင်တဲ့နေရာမှာ အပူလေးကပ်ထားပေးမယ်ဆိုရင် နာကျင်တဲ့ဝေဒနာကို တစ်ဝက်လောက် သက်သာစေပါတယ်။

(၃) ဂျင်းပြုတ်ရည်သောက်ပါ
ဖန်ခွက်တစ်ခွက်စာ ရေထဲသို့ ၂ လက်မပတ်လည် ဂျင်းတုံးထည့်ပြီး ပွက်ပွက်ဆူအောင်တည်ထားပြီးနောက် ထိုရေနွေးကို သောက်သုံးရမှာပါ။ အရသာရှိချင်တယ်ဆိုရင် ပျားရည်အနည်းငယ်ထည့်ပေးလိုက်ပါ။ ဂျင်းပြုတ်ရည်ကို တစ်နေ့ နှစ်ခွက်ခန့် ပုံမှန်သောက်သုံးပေးမယ်ဆိုရင် ခါးနာဝေဒနာကို အရှင်းပျောက်ကင်းအောင် ကူညီပေးနိုင်ပါတယ်။ အာဟာရပညာရှင်များကလည်း ခါးနာဝေဒနာရှင်များအတွက် အထူးမှီဝဲသောက်သုံးသင့်ကြောင့် အကြံပြုထားတဲ့ ဆေးစွမ်းကောင်းတစ်လက်ပါပဲ။

(၄) ရေနွေးဖြင့် ရေချိုးပါ
သင့်ခါးက ရောင်ရမ်းနေတဲ့ ကြွက်သားတွေကြောင့် ခါးနာဝေဒနာခံစားရခြင်းဖြစ်ပါတယ်။ ရေနွေးနွေးနဲ့ ရေချိုးခြင်းက ထိုကြွက်သားများ နာကျင်မှုကို သက်သာစေပါတယ်။ ရေချိုးပြီးပါက လာဗန်ဒါအဆီကို ခါးတစ်ဝိုက်သုတ်လိမ်းပေးခြင်းက ရောဂါအမြန်သက်သာအောင် ကူညီပေးပါတယ်။

(၅) ညအိပ်ရာဝင်တဲ့အခါ အနေအထားမှန်အောင် အိပ်စက်ပါ
အိပ်စက်ပုံအနေအထားမမှန်ခြင်းက ခါးနာခြင်းကို ပိုမိုဆိုးရွားစေပါတယ်။ ပက်လက်အိပ်အနေအထားနဲ့ မှန်ကန်အောင် အိပ်စက်တာတောင်မှ ခါးနာသေးတယ်ဆိုရင် သင့်ကျောရိုးကို အထောက်အပံ့ပေးနိုင်ဖို့ရန်အတွက် ဒူးခေါင်းအောက်မှာ ခေါင်းအုံးထားအိပ်ပါ။ နာကျင်ခြင်း သက်သာသွားပါလိမ့်မယ်။

Lifestyle_Myanmar
ref-medicalnewstoday