ခါးကအဆီေတြကိုဖယ္ရွားေစၿပီး ေနာက္ေက်ာကို သန္မာေစမဲ့ဂ်ပန္ေလ့က်င့္ခန္း

0
7801
ဂ်ပန္ေလ့က်င့္ခန္း
ဂ်ပန္ေလ့က်င့္ခန္း

တစ္ေန႔ကို ၅မိနစ္ အခ်ိန္ေပး႐ုံနဲ႔ သင့္ခါးမွအဆီေတြကို ဖယ္ရွားႏိုင္ၿပီး ေနာက္ေက်ာကို သက္သာၿပီး သန္မာေစတဲ့ နည္းလမ္းေလးပဲျဖစ္ပါတယ္။ ခါးကုန္းတတ္တဲ့သူေတြအတြက္ေနာက္ေက်ာကိုလည္း ေျဖာင့္ဆန္႔ေစပါတယ္။

-Advertisement-

အဆိုပါ ေလ့က်င့္ခန္းကိုျပဳလုပ္ဖို႔အတြက္ ပထမဦးစြာ ၾကမ္းျပင္ေပၚမွာ ပက္လက္အေနအထားျဖင့္ အိပ္ေပးပါ။ ခါးေအာက္တြင္ လုံးပတ္ ၃ လက္မနဲ႔ အရွည္ ၆လက္မလာက္ရွိတဲ့ သဘက္ သို႔႔မဟုတ္ အဝတ္တစ္ခုခုကို လိမ့္ၿပီး ခုထားေပးပါ။

ဆန္႔ထားတဲ့ သင့္ရဲ႕ ေျခေထာက္အစုံမွာ ပုံမွာေဖာ္ျပထားတဲ့အတိုင္း ဘယ္ညာေျခဖ်ားႏွစ္ဖက္ကို စုထားၿပီး ေျခဖေႏွာင့္ႏွစ္ခုကိုေတာ့ ၆-၈ လက္မ ေလာက္ထိ ခြာထားေပးပါ။ ၆-၈လက္မထက္ပိုခြာႏိုင္လည္း အဆင္ေျပပါတယ္။ သင့္ရဲ႕ လက္ႏွစ္ဖက္ကိုလည္း ဦးေခါင္းအေပၚဘက္မွာ ဆန္႔ထားၿပီး လက္ႏွစ္ဖက္ကိုလည္း ေျခေထာက္ကဲ့သို႔ ပုံမွာျပတဲ့ပုံစံအတြင္း ထားထားေပးရပါမယ္။

ထိုအေနအထားအတိုင္း ၅မိနစ္ခန္႔ေနပါ။ အစပိုင္းမွာ ဒီေလ့က်င့္ခန္းက သင့္အတြက္ ခက္ခဲေပမဲ့ ေနာက္ပိုင္းျပဳလုပ္တာၾကာသြားလွ်င္ လြယ္ကူသြားပါလိမ့္မယ္။ အဆိုပါ ေလ့က်င့္ခန္းကိုတစ္ေန႔ကို ၂ႀကိမ္ ၃ႀကိမ္အထိျပဳလုပ္ႏိုင္ပါတယ္။ ၾကမ္းျပင္ညီတဲ့ေနရာမ်ိဳးမွာ ျပဳလုပ္သင့္ၿပီး သင့္မွာ ခါးနာတတ္တဲ့ အက်င့္ရွိလွ်င္ေတာ့ ဆရာဝန္နဲ႔ အရင္တိုင္ပင္သင့္ပါတယ္။

#Lifestyle_Myanmar

#Thar_Nage

Unicode

ခါးကအဆီတွေကိုဖယ်ရှားစေပြီး နောက်ကျောကို သန်မာစေမဲ့ဂျပန်လေ့ကျင့်ခန်း
တစ်နေ့ကို ၅မိနစ် အချိန်ပေးရုံနဲ့ သင့်ခါးမှအဆီတွေကို ဖယ်ရှားနိုင်ပြီး နောက်ကျောကို သက်သာပြီး သန်မာစေတဲ့ နည်းလမ်းလေးပဲဖြစ်ပါတယ်။ ခါးကုန်းတတ်တဲ့သူတွေအတွက်နောက်ကျောကိုလည်း ဖြောင့်ဆန့်စေပါတယ်။

အဆိုပါ လေ့ကျင့်ခန်းကိုပြုလုပ်ဖို့အတွက် ပထမဦးစွာ ကြမ်းပြင်ပေါ်မှာ ပက်လက်အနေအထားဖြင့် အိပ်ပေးပါ။ ခါးအောက်တွင် လုံးပတ် ၃ လက်မနဲ့ အရှည် ၆လက်မလာက်ရှိတဲ့ သဘက် သို့့မဟုတ် အဝတ်တစ်ခုခုကို လိမ့်ပြီး ခုထားပေးပါ။

ဆန့်ထားတဲ့ သင့်ရဲ့ ခြေထောက်အစုံမှာ ပုံမှာဖော်ပြထားတဲ့အတိုင်း ဘယ်ညာခြေဖျားနှစ်ဖက်ကို စုထားပြီး ခြေဖနှောင့်နှစ်ခုကိုတော့ ၆-၈ လက်မ လောက်ထိ ခွာထားပေးပါ။ ၆-၈လက်မထက်ပိုခွာနိုင်လည်း အဆင်ပြေပါတယ်။ သင့်ရဲ့ လက်နှစ်ဖက်ကိုလည်း ဦးခေါင်းအပေါ်ဘက်မှာ ဆန့်ထားပြီး လက်နှစ်ဖက်ကိုလည်း ခြေထောက်ကဲ့သို့ ပုံမှာပြတဲ့ပုံစံအတွင်း ထားထားပေးရပါမယ်။

ထိုအနေအထားအတိုင်း ၅မိနစ်ခန့်နေပါ။ အစပိုင်းမှာ ဒီလေ့ကျင့်ခန်းက သင့်အတွက် ခက်ခဲပေမဲ့ နောက်ပိုင်းပြုလုပ်တာကြာသွားလျှင် လွယ်ကူသွားပါလိမ့်မယ်။ အဆိုပါ လေ့ကျင့်ခန်းကိုတစ်နေ့ကို ၂ကြိမ် ၃ကြိမ်အထိပြုလုပ်နိုင်ပါတယ်။ ကြမ်းပြင်ညီတဲ့နေရာမျိုးမှာ ပြုလုပ်သင့်ပြီး သင့်မှာ ခါးနာတတ်တဲ့ အကျင့်ရှိလျှင်တော့ ဆရာဝန်နဲ့ အရင်တိုင်ပင်သင့်ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here