လူအများစု ခရီးသွားတယ်ဆိုတာ စွန့်စားခြင်းတွေ အတွေအကြုံအသစ်တွေ စိတ်အပန်းပြေမှုတွေ ပျော်ရွှင်မှုတွေရချင်လို့ သွားကြတာဖြစ်ပါတယ်။အကယ်၍ ခရီးမှာ စိတ်အနှောက်ယှက်ဖြစ်စရာတွေ ကြုံရမယ်ဆိုတော့ ငွေကုန်ရုံသာမက လူရောစိတ်ပါပင်ပန်းမှုတွေကို ခံစားရမှာဖြစ်ပါတယ်။ ဒါကြောင့် ခရီးသွားတော့မယ်ဆိုရင် အခုပြောပြမယ့် လူမျိုးတွေနဲ့ ခရီးအတူတူမထွက်မိဖို့ အကြံ ပြုချင်ပါတယ်။
ပိုက်ဆံမထုတ်ချင်သူ
ခရီးတစ်ခုသွားမယ်ဆိုရင် ကိုယ်ရွေးချယ်လိုက်တဲ့ ခရီးစဉ်အလိုက် ကုန်စရိတ်ဆိုတာရှိပါတယ်။ဒါကြောင့် ကိုယ့်နဲခရီးအတူတူသွားမယ်သူက ကုန်ကျစရိတ်ကို ညီတူမျှတူအကုန်ကျခံနိုင်တဲ့လူမှ အဆင်ပြေမှာပါ။ ပိုက်ဆံထုတ်ရမယ့်အချိန်ရောက်မှ ဟိုလိုလိုဒီလိုလိုနဲ့ ကပ်သပ်နေရင် အဆင်ပြေမှာမဟုတ်ပါဘူး။ ဒါကြောင့် ကိုယ်သူငယ်ချင်းအပေါင်းအသင်းတွေထဲမှာ ဒီလိုလူမျိုးတွေရှိပြီး သူတိုနဲ့ အခင်အမင်မပြတ်ချင်ဘူးဆိုရင် အစောထဲက ခရီးအတူတူမသွားတာကောင်းပါတယ်။

ဇီဇာကြောင်သူ
တစ်ချို့လူတွေဟာ ပုံမှန်အတိုင်း ပေါင်းသင်းဆက်ဆံနေချိန်မှာ ဇီဇာကြောင်တတ်မှန်းမသိရပေမယ့် ခရီးအတူတူထွက်ရင်တော့ ပင်ကိုယ်ဗီဇနဲ့ ဇီဇာကြောင်မှုတွေကို မြင်ရလာတက်ပါတယ်။ ခရီးသွားတဲ့အချိန်မှာ အရာရာစိတ်တိုင်းမကျဘဲ ဇီဇာကြောင် နားပူနားဆာလုပ်နေရင် တခြားသူတွေအနေနဲ့ အာရုံနောက်ရမှာသေချာပါတယ်။ ဒါကြောင့် ခရီးအတူတူမသွားသင့်တဲ့လူတွေထဲမှာ ဇီဇာကြောင်ပြီး ပါးစိပါးစပ်များတတ်သူတွေလည်း ပါဝင်တာမို့ ဒီလိုလူတွေကိုအထူးရှောင်ကျဉ်သင့်ပါတယ်။

အလွန်အကျွံသောက်တတ်သူ
ကမ်းခြေလိုနေရာမျိုးတွေကို ခရီးထွက်တဲ့အခါ ပျော်ပျော်ပါးပါး သောက်ကြစားကြတာတွေ ရှိကြပါတယ်။ ဒါဟာ ပျော်ချင်ပါးချင်ရုံသက်သက် စားကြသောက်ကြတာပါ။ အမူးလွန်ပြီး လူမှန်းသူမှန်းမသိအောင် သောက်ဖို့မဟုတ်ပါဘူး။ အရက်သောက်ရင် တားလို့မရအောင် အလွန်အကျွံသောက်တတ်သူတွေကြောင့် မဖြစ်သင့်တဲ့ပြဿနာတွေဖြစ်လာနိုင်သလို ပျော်စရာကောင်းတဲ့ခရီးကနေ စိတ်ညစ်စရာတွေအဖြစ်သို့ ပြောင်းသွားမှာဖြစ်ပါတယ်။ ဒါကြောင့် အရက်အလွန်အကျွံသောက်ပြီး ထိန်းမနိုင်တဲ့လူမျိုးတွေနဲ့ ခရီးအတူတူသွားဖို့ ရှောင်ကျဉ်သင့်ပါတယ်။

အချစ်အတွက်နဲ့ အချိန်ကုန်နေသူ
Relationship ရှိသူတွေနဲ့ ခရီးအတူတူမသွားသင့်ဘူးလို့ သိမ်းကျုံးပြောလို့မရပေမယ့် သမီးရည်းစားကိစ္စတွေအတွက်ပဲ အချိန်တွေကုန်နေတဲ့သူဆိုရင်တော့ စိတ်အနှောက်ယှက်ဖြစ်စေရမှာသေချာပါတယ်။ သူငယ်ချင်းတွေ ပျော်ပျော်ပါးပါးခရီးသွားနေချိန်မှာ တစ်ယောက်တည်းဖုန်းတစ်လုံးနဲ့ အချိန်တွေကုန်နေမယ် သူငယ်ချင်းတွေနဲ့အတူတူ ခရီးအပေါ်အာရုံမရှိဘူး ဒီလိုဆိုရင်တော့ လိုက်သာလိုက်လာတာ လူပိုတစ်ယောက်လိုဖြစ်နေမှာပါ။

Lifestyle_Myanmar
ref-detechter