ခရီးသွားအများစု သိပ်ပြီးမသိကြတဲ့ လေယာဥ်ခရီးစဥ်အတွက် အကြံဥာဏ်ကောင်းလေးများ

0
33

ကုန်ကျစရိတ်ပိုမိုများပြားပေမယ့်လည်း အချိန်ကုန်သက်သာပြီး ပေါ့ပေါ့ပါးပါးသွားလာနိုင်ဖို့အတွက် လူအများစုက သယ်ယူပို့ဆောင်ရေးအတွက် လေကြောင်းလိုင်းကို ရွေးချယ်လေ့ရှိကြပါတယ်။ တစ်ချို့သူတွေဆို မကြာမကြာ လေယာဥ်စီးပြီး ခရီးသွားလေ့ရှိကြပေမယ့်လည်း သွားလာလှုပ်ရှားရတာကို ပိုပြီး သက်သောင့်သက်သာရှိစေဖို့အတွက် ဘယ်လိုအချက်လေးတွေကိုရှောင်ပြီးတော့ ဘယ်လိုအချက်လေးတွေကို လိုက်နာရမလဲဆိုတဲ့ အကြံပေးချက်လေးတွေကို စုစည်းတင်ဆက်ပေးလိုက်ရပါတယ်။

၁။ ပြတင်းပေါက်ထိုင်ခုံတွေက ပိုပြီးအေးတယ်

နွေရာသီဆိုပြီးတော့ တစ်ချို့လူတွေက တအားပါးလျတဲ့အဝတ်အစားတွေကို ဝတ်တတ်ကြပါတယ်။ ဒါပေမယ့် ဘယ်လောက်ပဲပူတယ်ပြောပြော လေယာဥ်အပြင်ဖက်က အပူချိန်က အနုတ် ၆၀ ဒီဂရီဆဲလ်စီးရပ်စ်မှ အနုတ် ၆၅ ဒီဂရီဆဲလ်ဆီးရပ်စ်အထိ လျော့ကျသွားနိုင်ပါတယ်။ ဒါကြောင့် ကိုယ်ကအပြင်ရှုခင်းလေးတွေကြည့်ရင်း ခရီးသွားချင်တယ်ဆိုရင်တော့ အဝတ်အစားကိုနည်းနည်းနွေးမယ့် အမျိုးအစားလေးရွေးဝတ်ပါ။

၂။ ကော်ဖီ သို့မဟုတ် လက်ဖက်ရည် မသောက်ပါနဲ့

အပူဖျော်ရည်တွေကို ပြင်ဆင်ဖို့အတွက် အသုံးပြုတဲ့ရေမှာ အန္တရာယ်ပေးနိုင်တဲ့ ဘက်တီးရီးယားတစ်မျိုး E.coli နှင့် Staphylococcus aureus တို့ ပါဝင်နိုင်ပါတယ်။ ဒါကြောင့် လက်ဖက်ရည်နှင့် ကော်ဖီတို့ကိုသောက်မယ့်အစား ရေသန့် သို့မဟုတ် သစ်သီးဖျော်ရည်တို့ကို အစားထိုးသောက်ပေးလိုက်ပါ။

၃။ ခေါက်ခုံတွေနဲ့ ခုံမှာပါတဲ့အိတ်တွေက လေယာဥ်ပေါ်မှာ အညစ်ပတ်ဆုံး အစိတ်အပိုင်းတွေပါ

လေယာဥ်စီးနေရင်းနဲ့ အသုံးပြုခဲ့တဲ့ အမှိုက်သရိုက်အများစုဟာ ထိုင်ခုံအနောက်က ကိုယ့်အရှေ့မျက်နှာစာက အိတ်တွေမှာ အမြဲကျန်နေခဲ့တတ်ပါတယ်။ အဆိုးဆုံးကတော့ ခေါက်ခုံတွေပါပဲ။ တချို့လေယာဥ်မယ်၊ လေယာဥ်မောင်တွေပြောစကားအရ တစ်ခါတစ်လေမှာ ကလေးဒိုက်ပါ လဲဖို့အတွက် ထိုခေါက်ခုံတွေကို အသုံးပြုတတ်ကြပါတယ်။ ဒါကြောင့် ကိုယ့်အိတ်ထဲမှာ Wet Tissues ကိုအမြဲဆောင်ထားပြီးတော့ အရင်သေချာသုတ်ပြီးမှသာလျှင် အစားအစာတင်ပါ။

၄။ လေယာဥ်စီးဖို့အကောင်းဆုံးအချိန်က မနက်ခင်းပါ

အကယ်လို့ ဘယ်အချိန်သွားမလဲဆိုပြီးတော့ လေယာဥ်ချိန်ကို လွတ်လွတ်လပ်လပ်ရွေးခွင့်ရခဲ့မယ်ဆိုရင် မနက်ခင်းအချိန်ကိုရွေးဖို့အတွက် အကြံပေးချင်ပါတယ်။ ခရီးစဥ်နှောင့်နှေးမယ့် ရာခိုင်နှုန်းလည်းနည်းပါးမှာဖြစ်ပါတယ်။

၅။ ဇက်ကိုအထောက်အကူဖြစ်စေမယ့် ကူရှင်ကို အရမ်းဖောင်းတာကြီး မလုပ်မိပါစေနဲ့

ပုံမှန်ဖန်တီးထားပြီးသား ဇက်ခေါင်းအုံးတွေမဟုတ်ဘဲ လေမှုတ်ရတဲ့အမျိုးအစားဆိုရင်တော့ တစ်ခုသတိထားရမှာက အကုန်အပြည့်လေမမှုတ်မိစေဖို့ပါပဲ။ တစ်ခုလုံးအပြည့် လေမှုတ်ထားမယ်ဆိုပါက လေယာဥ်တွင်း ဖိအားအပြောင်းအလဲကြောင့် ပေါက်ကွဲသွားနိုင်လို့ အတန်ငယ်လေလေးလျှော့ထားပါ။

Lifestyle_Myanmar

Thinzar

Source-brightside

Zawgyi

ခရီးသြားအမ်ားစု သိပ္ၿပီးမသိၾကတဲ့ ေလယာဥ္ခရီးစဥ္အတြက္ အႀကံဥာဏ္ေကာင္းေလးမ်ား

ကုန္က်စရိတ္ပိုမိုမ်ားျပားေပမယ့္လည္း အခ်ိန္ကုန္သက္သာၿပီး ေပါ့ေပါ့ပါးပါးသြားလာႏိုင္ဖို႔အတြက္ လူအမ်ားစုက သယ္ယူပို႔ေဆာင္ေရးအတြက္ ေလေၾကာင္းလိုင္းကို ေ႐ြးခ်ယ္ေလ့ရွိၾကပါတယ္။ တစ္ခ်ိဳ႕သူေတြဆို မၾကာမၾကာ ေလယာဥ္စီးၿပီး ခရီးသြားေလ့ရွိၾကေပမယ့္လည္း သြားလာလႈပ္ရွားရတာကို ပိုၿပီး သက္ေသာင့္သက္သာရွိေစဖို႔အတြက္ ဘယ္လိုအခ်က္ေလးေတြကိုေရွာင္ၿပီးေတာ့ ဘယ္လိုအခ်က္ေလးေတြကို လိုက္နာရမလဲဆိုတဲ့ အႀကံေပးခ်က္ေလးေတြကို စုစည္းတင္ဆက္ေပးလိုက္ရပါတယ္။

၁။ ျပတင္းေပါက္ထိုင္ခုံေတြက ပိုၿပီးေအးတယ္

ေႏြရာသီဆိုၿပီးေတာ့ တစ္ခ်ိဳ႕လူေတြက တအားပါးလ်တဲ့အဝတ္အစားေတြကို ဝတ္တတ္ၾကပါတယ္။ ဒါေပမယ့္ ဘယ္ေလာက္ပဲပူတယ္ေျပာေျပာ ေလယာဥ္အျပင္ဖက္က အပူခ်ိန္က အႏုတ္ ၆၀ ဒီဂရီဆဲလ္စီးရပ္စ္မွ အႏုတ္ ၆၅ ဒီဂရီဆဲလ္ဆီးရပ္စ္အထိ ေလ်ာ့က်သြားႏိုင္ပါတယ္။ ဒါေၾကာင့္ ကိုယ္ကအျပင္ရႈခင္းေလးေတြၾကည့္ရင္း ခရီးသြားခ်င္တယ္ဆိုရင္ေတာ့ အဝတ္အစားကိုနည္းနည္းေႏြးမယ့္ အမ်ိဳးအစားေလးေ႐ြးဝတ္ပါ။

၂။ ေကာ္ဖီ သို႔မဟုတ္ လက္ဖက္ရည္ မေသာက္ပါနဲ႔

အပူေဖ်ာ္ရည္ေတြကို ျပင္ဆင္ဖို႔အတြက္ အသုံးျပဳတဲ့ေရမွာ အႏၲရာယ္ေပးႏိုင္တဲ့ ဘက္တီးရီးယားတစ္မ်ိဳး E.coli ႏွင့္ Staphylococcus aureus တို႔ ပါဝင္ႏိုင္ပါတယ္။ ဒါေၾကာင့္ လက္ဖက္ရည္ႏွင့္ ေကာ္ဖီတို႔ကိုေသာက္မယ့္အစား ေရသန႔္ သို႔မဟုတ္ သစ္သီးေဖ်ာ္ရည္တို႔ကို အစားထိုးေသာက္ေပးလိုက္ပါ။

၃။ ေခါက္ခုံေတြနဲ႔ ခုံမွာပါတဲ့အိတ္ေတြက ေလယာဥ္ေပၚမွာ အညစ္ပတ္ဆုံး အစိတ္အပိုင္းေတြပါ

ေလယာဥ္စီးေနရင္းနဲ႔ အသုံးျပဳခဲ့တဲ့ အမႈိက္သ႐ိုက္အမ်ားစုဟာ ထိုင္ခုံအေနာက္က ကိုယ့္အေရွ႕မ်က္ႏွာစာက အိတ္ေတြမွာ အၿမဲက်န္ေနခဲ့တတ္ပါတယ္။ အဆိုးဆုံးကေတာ့ ေခါက္ခုံေတြပါပဲ။ တခ်ိဳ႕ေလယာဥ္မယ္၊ ေလယာဥ္ေမာင္ေတြေျပာစကားအရ တစ္ခါတစ္ေလမွာ ကေလးဒိုက္ပါ လဲဖို႔အတြက္ ထိုေခါက္ခုံေတြကို အသုံးျပဳတတ္ၾကပါတယ္။ ဒါေၾကာင့္ ကိုယ့္အိတ္ထဲမွာ Wet Tissues ကိုအၿမဲေဆာင္ထားၿပီးေတာ့ အရင္ေသခ်ာသုတ္ၿပီးမွသာလွ်င္ အစားအစာတင္ပါ။

၄။ ေလယာဥ္စီးဖို႔အေကာင္းဆုံးအခ်ိန္က မနက္ခင္းပါ

အကယ္လို႔ ဘယ္အခ်ိန္သြားမလဲဆိုၿပီးေတာ့ ေလယာဥ္ခ်ိန္ကို လြတ္လြတ္လပ္လပ္ေ႐ြးခြင့္ရခဲ့မယ္ဆိုရင္ မနက္ခင္းအခ်ိန္ကိုေ႐ြးဖို႔အတြက္ အႀကံေပးခ်င္ပါတယ္။ ခရီးစဥ္ေႏွာင့္ေႏွးမယ့္ ရာခိုင္ႏႈန္းလည္းနည္းပါးမွာျဖစ္ပါတယ္။

၅။ ဇက္ကိုအေထာက္အကူျဖစ္ေစမယ့္ ကူရွင္ကို အရမ္းေဖာင္းတာႀကီး မလုပ္မိပါေစနဲ႔

ပုံမွန္ဖန္တီးထားၿပီးသား ဇက္ေခါင္းအုံးေတြမဟုတ္ဘဲ ေလမႈတ္ရတဲ့အမ်ိဳးအစားဆိုရင္ေတာ့ တစ္ခုသတိထားရမွာက အကုန္အျပည့္ေလမမႈတ္မိေစဖို႔ပါပဲ။ တစ္ခုလုံးအျပည့္ ေလမႈတ္ထားမယ္ဆိုပါက ေလယာဥ္တြင္း ဖိအားအေျပာင္းအလဲေၾကာင့္ ေပါက္ကြဲသြားႏိုင္လို႔ အတန္ငယ္ေလေလးေလွ်ာ့ထားပါ။

Lifestyle_Myanmar

Thinzar

Source-brightside

LEAVE A REPLY

Please enter your comment!
Please enter your name here