ခရီးသွားရင်းနဲ့ ‌‌နေထိုင်မကောင်း၊ နာမကျန်းမဖြစ်စေဖို့ ကိုယ့်ကိုယ်ကို ဘယ်လိုဂရုစိုက်ရမလဲ

0
32
- Advertisement -

ခရီးသွားတဲ့အခါ ကိုယ်အရင်က မမြင်ဖူးတာ၊ မတွေ့ဖူးတာ၊ မထိတွေ့ဖူးတဲ့အရာတွေ၊ အတွေ့အကြုံသစ်တွေအများကြီးရရှိပြီး သင့်ကို ပိုပြီးပျော်ရွှင်လာစေတယ်။ ပိုပြီးလည်း ကျေနပ်လာစေပါတယ်။ လူဖြစ်ရတာတန်တယ်လို့လည်း ထင်လာပါတယ်။ ခရီးသွားတဲ့အခါ အများအားဖြင့် ဝမ်းချုပ်တာမျိုး၊ အိပ်လို့မရတာမျိုးတွေ ဖြစ်တတ်ပါတယ်။ ဒီလိုမဖြစ်အောင် ခရီးသွားတဲ့အခါ ကျန်းမာအောင်ဘယ်လိုနေမလဲဆိုတာ မျှဝေပေးချင်ပါတယ်နော်။

-Advertisement-

၁။ အိပ်ရေးဝအောင်အိပ်ပါ

စိတ်ကိုလျှော့ထားလိုက်ပါ။ စိုးရိမ်စရာ ပူပန်စရာတွေကို မေ့ထားလိုက်ပါ။ စိတ်ကိုသက်သောင့်သက်သာထားပြီး အိပ်ရေးဝဝအိပ်သင့်ပါတယ်။ သင့်ခန္ဓာကိုယ်ကလည်း တစ်နေကုန်လျှောက်သွားထားလို့ ပင်ပန်းနေပါပြီ။ ဒါ့ကြောင့် အိပ်ရေးဝဝအိပ်ပါ။

၂။ အချိန်ရရင် လမ်းလျှောက်ပါ

တကူးတက အချိန်ပေးပြီးလမ်းမလျှောက်ရင်တောင် ကိုယ်မရောက်ဖူးတဲ့နေရာတွေကို လမ်းလျှောက်ပြီးသွားပါ။ စူးစမ်းလေ့လာပြီး လျှောက်ကြည့်ပါ။ ခရီးသွားရင် ကြိုက်တဲ့အစားအစာတွေ အများကြီးစားတတ်တယ်မလား။ ဆိုတော့ ဝလာလိမ့်မယ်နော်။ ဒါ့ကြောင့် အချိန်ရရင်လမ်းလျှောက်ပြီးသွားပါ။

၃။ မနက်စာ ပြည့်ပြည့်ဝဝစားပါ

မနက်စာဟာ သိပ်ကိုအရေးကြီးပါတယ်။ သင်တစ်နေ့တာလုံး လျှောက်သွားမယ်။ လာမယ်။ ဒါ့ကြောင့် အားအင်ပြည့်နေဖို့လိုအပ်တယ်။ ဆိုတော့ မနက်စာကို ပြည်ပြည့်ဝဝစားပါ။ အိပ်ယာထနောက်ကျရင်တော့ ပေါ့ပေါ့ပါးပါးပဲစားပါ။ နေ့လည်စာကို အရမ်းနောက်မကျအောင်ဂရုစိုက်ပါ။

၄။ ရေသောက်ဖို့မမေ့ပါနဲ့

ခရီးသွားနေရင်း အပေါ့သွားမှာစိုးလို့ ရေမသောက်ဘဲမနေပါနဲ့နော်။ တကယ်လို့ ဈေးတွေ ဆိုင်တွေ နဲ့ မနီးတဲ့နေရာသွားရမယ်ဆိုရင် ရေဘူးသယ်သွားပါ။ ရေများများသောက်ပါ။ ကိုယ်မရောက်ဖူးတဲ့ဒေသက အစားအစာတွေဟာ ကိုယ်နဲ့တည့်မတည်၊ အဆင်ပြေမပြေမသိနိုင်ပါဘူး။ အခန့်မသင့်ရင် ဝမ်းသွားတတ်ပါတယ်။ ဒါ့ကြောင့် အညစ်အကြေးတွေ၊ အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်ဖို့ ရေသောက်ပေးဖို့လိုမယ်နော်။

၅။ အသီးအရွက်များများ အသားနည်းနည်းစားပါ

အသီးအရွက်တွေများများစားပါ။ ခရီးသွားတဲ့အချိန်မှာ ငွေကိုပိုသုံးတတ်လေ့ရှိကြပါတယ်။ ဒါ့ကြောင့် အသားဟင်းတွေ၊ ဈေးပိုကြီးတဲ့ ဟင်းလျာတွေ စားသုံးလေ့ရှိကြပါတယ်။ အဲဒီထက် အသီးအရွက်တွေ များများပိုစားပါ။ ထမင်းစားပြီးရင် အသီးစားပါ။

၆။ အသားအရေကိုကာကွယ်မယ်

သင့်အသားအရေကိုကာကွယ်ပါ။ နေလောင်ကာခရင်မ်လိမ်းပေးပါ။ SPF အနည်းဆုံး ၁၅ ပါတဲ့ Body Lotion လိမ်းပေးပါ။

#Lifestyle_Myanmar

#Thinzar

Ref- huffpost

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here