ဆင်တွေရှိတဲ့ နေရာတွေကို အလည်အပတ်သွားတဲ့အခါတိုင်း လူအတော်များများဟာ ဆင်စီးဖို့အတွက် ကြိုတင်စီစဉ်ထားတတ်ကြပါတယ်။ ဆင်စီးခြင်းဟာ ကမ္ဘာလှည့်ခရီးသွားတွေကို ဆွဲဆောင်ဖို့နည်းလမ်းတစ်ခုလို ဖြစ်နေပြီး ထိုင်းနိုင်ငံမှာဆိုရင် ကမ္ဘာလှည့်ခရီးသွားတွေ ဆင်စီးမှုအများဆုံး ဖြစ်လျက်ရှိပါတယ်။ ဒါပေမယ့် တွစ်တာမှာတက်လာတဲ့ပုံတွေက လူတွေဟာ မရည်ရွယ်ပဲနဲ့ ဆင်တွေကိုညှင်းပန်းနှိပ်စက်သလို ဖြစ်နေတာကြောင့် ဆင်စီးတဲ့အလေ့အထကို လျော့နည်းအောင် ပြုလုပ်ဖို့လိုလာပါပြီ။ ယခုပုံတွေဟာ ထိုင်းနိုင်ငံဖူးခက်က ပုံတွေဖြစ်ပြီး ကမ္ဘာလှည့်ခရီးသည်တွေ ဆင်အများဆုံးစီးကြတဲ့ နေရာကဖြစ်ပါတယ်။ ဆင်တွေကိုထိန်းကျောင်းတဲ့အခါ ချွန်းကိုအသုံးပြုရတာကြောင့် ဆင်တွေရဲ့ခေါင်းနဲ့ ကိုယ်ခန္ဓာမှာ ဒါဏ်ရာတွေကနေ အနာတွေဖြစ်နေတာကို စိတ်ထိခိုက်ဖွယ်ရာ မြင်တွေ့ရပါတယ်။ လူတွေရဲ့ စီးပွားရေးအတွက် ယခုလိုတိရိစ္ဆာန်တွေညှင်းပန်းခံနေရတာ တရားရဲ့လားဆိုတာကို စဉ်းစားဖို့လိုနေပါပြီ။
-Advertisement-
ယခုလိုစိတ်ထိခိုက်စရာပုံတွေက ကမ္ဘာလှည့်ခရီးသွားတွေနဲ့ ထိုင်းနိုင်ငံကအာဏာပိုင်တွေကို ရှော့ရသွားခဲ့ပါတယ်။ ထိုင်းအာဏာပိုင်တွေကတော့ သုတေသနပြုမှုတွေ ဆင်တွေရဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေနဲ့ တရားမဝင်တောရိုင်းသတ္တဝါကုန်သွယ်မှု၊ မူဝါဒစတာတွေကို ပြုပြင်ပြောင်းလဲဖို့ စတင်လုပ်ဆောင်နေပြီလို့ သိရပါတယ်။
ခရီးသွားလုပ်ငန်းတာဝန်ရှိသူတစ်ယောက်ကတော့ ကျွန်တော်တို့ဟာ တိုးရစ်တွေကို ဆင်စီးဖို့အတွက် ဘယ်တော့မှပံ့ပိုးပေးမှာမဟုတ်တော့ဘူးလို့ ပြောခဲ့ပြီး ဆင်တွေကိုမစီးဖိုးနဲ့ ဒီစီပွားရေးကို အားမပေးဖို့ တိုက်တွန်းခဲ့ပါတယ်။ ဆင်ပေါက်လေးတွေဆိုရင် မိခင်နဲ့ခွဲထားပြီး လေ့ကျင့်ပေးဖို့အတွက် ရိုက်နှက်တာကြောင့် သွေးထွက်ပြီး နာကျင်စွာအော်နေတာကို ယခုဗီဒီယိုတစ်ခုမှာ မြင်တွေ့ရပါတယ်။
၂၀၁၄ ခုနှစ်က အပြည်ပြည်ဆိုင်ရာ စောင့်ကြည့်လေ့လာသူတွေရဲ့ အစီရင်ခံစာမှာ ယခုဆင်တွေဟာ မြန်မာပြည်ကနေ ထိုင်းနိုင်ငံကိုရောက်ရှိလာတာဖြစ်ပြီး ငယ်ရွယ်တဲ့ဆင်တွေဟာ လေ့ကျင့်ဖို့အတွက် စိတ်ပိုင်းဆိုင်ရာကို ရိုက်ချိုးခံနေရကြောင်းနဲ့ စိတ်ဓါတ်ပျက်ပြားနေတဲ့ ဆင်ဖြစ်မှသာ စျေးကွက်မှာစျေးကောင်းပိုရကြောင်း သိရှိရပါတယ်။
မြန်မာပြည်မှာ ဆင်တွေကို အရေခွံနဲ့ အစွယ်အတွက် သတ်ဖြတ်မှုတွေ များပြားနေပြီး ဆင်ပေါက်လေးတွေဆိုရင် ပြည်ပကိုရောင်းစားဖို့အတွက် လေ့ကျင့်ပေးကြောင်း မြန်မာပြည်ကဆင်တွေကို မှောင်ခိုစျေးကွက်မှတဆင့် ထိုင်းတွေက ဝယ်ယူပြီး ဟော်တယ်နဲ့ခရီးသွားလုပ်ငန်းအတွက် အသုံးပြုနေကြောင်း အစီရင်ခံစာမှာ ပါဝင်ပါတယ်။ ယခုပို့စ်ဟာ တွစ်တာမှ မျှဝေသူ ၁၈၀၀၀ လောက်ရှိခဲ့ပြီး like ပေးသူ ၇၀၀၀ ကျော်ရှိခဲ့ပါတယ်။
LM_Naung_Naung
Lifestyle_Myanmar
Source
Zawgyi
ခရီးသွားတွေအနေနဲ့ အလည်အပတ်ခရီးတွေ သွားတဲ့အခါ ဆင်တွေကိုမစီးသင့်တော့ကြောင်း ဖော်ပြနေတဲ့ပုံများ
၂၀၁၄ ခုနှစ်က အပြည်ပြည်ဆိုင်ရာ စောင့်ကြည့်လေ့လာသူတွေရဲ့ အစီရင်ခံစာမှာ ယခုဆင်တွေဟာ မြန်မာပြည်ကနေ ထိုင်းနိုင်ငံကိုရောက်ရှိလာတာဖြစ်ပြီး ငယ်ရွယ်တဲ့ဆင်တွေဟာ လေ့ကျင့်ဖို့အတွက် စိတ်ပိုင်းဆိုင်ရာကို ရိုက်ချိုးခံနေရကြောင်းနဲ့ စိတ်ဓါတ်ပျက်ပြားနေတဲ့ ဆင်ဖြစ်မှသာ ဈေးကွက်မှာဈေးကောင်းပိုရကြောင်း သိရှိရပါတယ်။
LM_Naung_Naung
Lifestyle_Myanmar
Source
Zawgyi
LEAVE A REPLY
Please enter your comment!
Please enter your name here