ခရီးသွားတဲ့အခါ လုံခြုံစိတ်ချရမှု ရှိစေဖို့အတွက် စောစောစီးစီး သိထားသင့်တဲ့ အရာတွေ

0
49

ကိုယ့်နိုင်ငံမှာတောင် ဘယ်အချိန်၊ ဘယ်နေရာမှာ အန္တရာယ်ကြုံလာနိုင်မလဲ မသိနိုင်ကြလို့ အမြဲသတိထားနေရတာဖြစ်လို့ တခြားနိုင်ငံကို ခရီးသွားတော့မယ်ဆိုရင် ပိုလို့တောင်မှ အစစ အရာရာ သတိထားသင့်ပါတယ်။ ဒါကြောင့် ကြုံလာပြီဆိုတော့မှ ထိုင်ငိုနေတာမျိုး မဖြစ်စေဖို့အတွက် အစောကြီးကတည်းက ကြိုတင်ပြင်ဆင်ထားနိုင်အောင် သိထားသင့်တဲ့အရာလေးတွေကို ပြောပြပေးလိုက်ရပါတယ်။

၁။ ကိုယ်နဲ့မတည့်တဲ့အရာတွေနဲ့ ကျန်းမာရေးပြဿနာတွေအတွက်

အကယ်လို့သင့်မှာ အသက်အန္တရာယ်ရှိနိုင်တဲ့ Allergy ပြဿနာရှိတယ်ဆိုရင် ကိုယ်နဲ့မတည့်တဲ့ အစားအသောက်၊ ဆေးကို ကိုယ်သွားမယ့်နိုင်ငံရဲ့ ဘာသာစကားနဲ့ ကြိုပြီးချရေးထားပါ။

၂။ အင်တာနက်မလိုတဲ့ မြေပုံနဲ့ ဘာသာပြန် App တွေကို ဒေါင်းလုတ်လုပ်ထားပါ

Google Maps, Google Translate တို့က အင်တာနက်လိုအပ်တာကြောင့် မလိုအပ်တဲ့ App လေးတွေကို ကြိုရှာပြီးတော့ ဒေါင်းလုတ်လုပ်ထားပါ။ ကိုယ်ဘယ်သွားရမလဲ၊ ကိုယ်ဘာလိုအပ်လဲဆိုတာကို ပြောနိုင်၊ သိနိုင်ဖို့အတွက် ဒီအချက်လေးတွေက လိုကိုလိုအပ်ပါတယ်။

၃။ ဒေသခံ သွားလာရေးအချိန်ဇယားတွေကို လေ့လာထားပါ

သင်က ဈေးသက်သက်သာသာနဲ့ လုံလုံခြုံခြုံ ခရီးသွားချင်တယ်ဆိုရင်တော့ အများပြည်သူစီး ဘတ်စ်ကားတွေနဲ့ ရထားက အကောင်းဆုံးပါပဲ။ ဒါကြောင့် ကိုယ်သွားမယ့်နိုင်ငံရဲ့ ခရီးစဥ်တွေကို သေချာလေ့လာထားပါ။

၄။ ဈေးကြီးတဲ့ပစ္စည်းတွေ အိမ်မှာထားခဲ့ပါ

အသစ်ဝယ်ထားတဲ့ကင်မရာ ဒါမှမဟုတ် ဈေးကြီးတဲ့ လက်ဝတ်ရတနာတွေက မလိုလားအပ်တဲ့ အာရုံစိုက်မှုကို ရစေနိုင်တာကြောင့် ခရီးသွားတဲ့အခါ ယူမသွားဘဲ အိမ်မှာထားခဲ့ပါ။

၅။ ATM ပြေစာတွေကို အမြဲယူပါ

finance, money, bank and people concept – close up of hand taking receipt from atm machine; Shutterstock ID 548271667; CUID: 028372 ; Organization Name: Heritage Valley FCU; Usage (Sales, Marketing, Internal, Other): Marketing

ATM ကနေ ပိုက်ဆံထုတ်ဖို့အတွက် PIN ရိုက်နေချိန်မှာ အနောက်မှာဘယ်သူမှမရှိပါစေနဲ့။ ပိုက်ဆံထုတ်ပြီးတာနဲ့ လူမြင်ကွင်းမှာ ပိုက်ဆံမရေပါနဲ့။ နောက်ဆုံးတစ်ချက်ကတော့ ထွက်လာတဲ့ ပြေစာကို ဘယ်တော့မှချန်မထားဘဲ သယ်သွားပါ။ တခြားလူက ကိုယ့်ပြေစာကိုမြင်ပြီးတော့ ကိုယ့်အယောင်ဆောင်ပြီး အလွဲသုံးစား လုပ်နိုင်တဲ့အတွက်ကြောင့်ပါ။

၆။ အခန်းအပြင်ထွက်တဲ့အခါ “Do Not Disturb” ကဒ် ချိတ်ခဲ့ပါ

ကိုယ်ကအပြင်သွားမယ်ဆိုရင် ရေဒီယို ဒါမှမဟုတ် တီဗွီဖွင့်တာမျိုးလုပ်ပါ။ နောက်တစ်ခုက တံခါးအပြင်မှာ “Do Not Disturb” ကဒ်ချိတ်ခဲ့ပါ။ အခုလိုလုပ်ခြင်းအားဖြင့် အခန်းတွင်းမှာ ကိုယ်ရှိနေသလို ပုံစံဖြစ်စေလို့ သူခိုးဝင်မှာ မပူရတော့ပါဘူး။

Lifestyle_Maanmar

Thinzar

Source-brightside

Zawgyi

ခရီးသြားတဲ့အခါ လုံၿခဳံစိတ္ခ်ရမႈ ရွိေစဖို႔အတြက္ ေစာေစာစီးစီး သိထားသင့္တဲ့ အရာေတြ

ကိုယ့္ႏိုင္ငံမွာေတာင္ ဘယ္အခ်ိန္၊ ဘယ္ေနရာမွာ အႏၲရာယ္ႀကဳံလာႏိုင္မလဲ မသိႏိုင္ၾကလို႔ အၿမဲသတိထားေနရတာျဖစ္လို႔ တျခားႏိုင္ငံကို ခရီးသြားေတာ့မယ္ဆိုရင္ ပိုလို႔ေတာင္မွ အစစ အရာရာ သတိထားသင့္ပါတယ္။ ဒါေၾကာင့္ ႀကဳံလာၿပီဆိုေတာ့မွ ထိုင္ငိုေနတာမ်ိဳး မျဖစ္ေစဖို႔အတြက္ အေစာႀကီးကတည္းက ႀကိဳတင္ျပင္ဆင္ထားႏိုင္ေအာင္ သိထားသင့္တဲ့အရာေလးေတြကို ေျပာျပေပးလိုက္ရပါတယ္။

၁။ ကိုယ္နဲ႔မတည့္တဲ့အရာေတြနဲ႔ က်န္းမာေရးျပႆနာေတြအတြက္

အကယ္လို႔သင့္မွာ အသက္အႏၲရာယ္ရွိႏိုင္တဲ့ Allergy ျပႆနာရွိတယ္ဆိုရင္ ကိုယ္နဲ႔မတည့္တဲ့ အစားအေသာက္၊ ေဆးကို ကိုယ္သြားမယ့္ႏိုင္ငံရဲ႕ ဘာသာစကားနဲ႔ ႀကိဳၿပီးခ်ေရးထားပါ။

၂။ အင္တာနက္မလိုတဲ့ ေျမပုံနဲ႔ ဘာသာျပန္ App ေတြကို ေဒါင္းလုတ္လုပ္ထားပါ

Google Maps, Google Translate တို႔က အင္တာနက္လိုအပ္တာေၾကာင့္ မလိုအပ္တဲ့ App ေလးေတြကို ႀကိဳရွာၿပီးေတာ့ ေဒါင္းလုတ္လုပ္ထားပါ။ ကိုယ္ဘယ္သြားရမလဲ၊ ကိုယ္ဘာလိုအပ္လဲဆိုတာကို ေျပာႏိုင္၊ သိႏိုင္ဖို႔အတြက္ ဒီအခ်က္ေလးေတြက လိုကိုလိုအပ္ပါတယ္။

၃။ ေဒသခံ သြားလာေရးအခ်ိန္ဇယားေတြကို ေလ့လာထားပါ

သင္က ေဈးသက္သက္သာသာနဲ႔ လုံလုံၿခဳံၿခဳံ ခရီးသြားခ်င္တယ္ဆိုရင္ေတာ့ အမ်ားျပည္သူစီး ဘတ္စ္ကားေတြနဲ႔ ရထားက အေကာင္းဆုံးပါပဲ။ ဒါေၾကာင့္ ကိုယ္သြားမယ့္ႏိုင္ငံရဲ႕ ခရီးစဥ္ေတြကို ေသခ်ာေလ့လာထားပါ။

၄။ ေဈးႀကီးတဲ့ပစၥည္းေတြ အိမ္မွာထားခဲ့ပါ

အသစ္ဝယ္ထားတဲ့ကင္မရာ ဒါမွမဟုတ္ ေဈးႀကီးတဲ့ လက္ဝတ္ရတနာေတြက မလိုလားအပ္တဲ့ အာ႐ုံစိုက္မႈကို ရေစႏိုင္တာေၾကာင့္ ခရီးသြားတဲ့အခါ ယူမသြားဘဲ အိမ္မွာထားခဲ့ပါ။

၅။ ATM ေျပစာေတြကို အၿမဲယူပါ

ATM ကေန ပိုက္ဆံထုတ္ဖို႔အတြက္ PIN ႐ိုက္ေနခ်ိန္မွာ အေနာက္မွာဘယ္သူမွမရွိပါေစနဲ႔။ ပိုက္ဆံထုတ္ၿပီးတာနဲ႔ လူျမင္ကြင္းမွာ ပိုက္ဆံမေရပါနဲ႔။ ေနာက္ဆုံးတစ္ခ်က္ကေတာ့ ထြက္လာတဲ့ ေျပစာကို ဘယ္ေတာ့မွခ်န္မထားဘဲ သယ္သြားပါ။ တျခားလူက ကိုယ့္ေျပစာကိုျမင္ၿပီးေတာ့ ကိုယ့္အေယာင္ေဆာင္ၿပီး အလြဲသုံးစား လုပ္ႏိုင္တဲ့အတြက္ေၾကာင့္ပါ။

၆။ အခန္းအျပင္ထြက္တဲ့အခါ “Do Not Disturb” ကဒ္ ခ်ိတ္ခဲ့ပါ

ကိုယ္ကအျပင္သြားမယ္ဆိုရင္ ေရဒီယို ဒါမွမဟုတ္ တီဗြီဖြင့္တာမ်ိဳးလုပ္ပါ။ ေနာက္တစ္ခုက တံခါးအျပင္မွာ “Do Not Disturb” ကဒ္ခ်ိတ္ခဲ့ပါ။ အခုလိုလုပ္ျခင္းအားျဖင့္ အခန္းတြင္းမွာ ကိုယ္ရွိေနသလို ပုံစံျဖစ္ေစလို႔ သူခိုးဝင္မွာ မပူရေတာ့ပါဘူး။

Lifestyle_Maanmar

Thinzar

Source-brightside

LEAVE A REPLY

Please enter your comment!
Please enter your name here