ခရီးသွားရတာ ကြိုက်လားရှင့်။ တစ်ယောက်တည်းကော ခရီးသွားဖူးလား။ ခရီးသွားတဲ့အခါ တစ်ယောက်တည်း ဘာလို့ခရီးသွားသင့်သလဲဆိုတဲ့ အချက်တွေကို မျှဝေပေးချင်ပါတယ်။
သင့်ရဲ့ ကိုယ်ပိုင်အချိန်တွေနဲ့ သင့်စိတ်တွေကို ရှင်းလင်းစေဖို့
ကျွန်မတို့ ဘဝတလျှောက်လုံးမှာ အလုပ်၊ ကျောင်း၊ မိသားစု၊ မိတ်ဆွေ သူငယ်ချင်းတွေနဲ့ အချိန်ဖြုန်းရင်း ကုန်ဆုံးနေရပါတယ်။ အဲဒီအတွက် ကိုယ့်တကိုယ်ရည် သီးသန့်ကာလကို အချိန်ကုန်ဆုံးဖို့လည်းလိုအပ်ပါတယ်။ တစ်နေ့ကို ရေ ၁၀ မိနစ်လောက် တစ်ယောက်တည်း ချိုးနေရုံနဲ့ မလုံလောက်သေးပါဘူး။ တစ်ယောက်တည်း ခရီးသွားဖို့ လိုအပ်ပါတယ်။ သင့်တစ်ယောက်တည်း အချိန်တွေကို ကုန်ဆုံးနိုင်မှာဖြစ်ပြီး သင့်စိတ်တွေကိုလည်း အကောင်းဆုံး ရှင်းထုတ်ပေးနိုင်မှာဖြစ်ပါတယ်။

သင့်ခရီးစဉ်ကို ကိုယ်တိုင် စီမံတတ်ဖို့
ခရီးစဉ်တစ်ခုကို သူငယ်ချင်းတွေနဲ့ အတူတူ သွားတာထက် တစ်ယောက်တည်းသွားရင် ဘယ်အချိန်ထမယ်၊ ဘယ်မှာစားမယ်၊ ဘယ်တွေသွားမယ် စသဖြင့် ကိုယ့်စိတ်ကြိုက် စီမံလို့ရပြီး သင့်ရဲ့ ခရီးစဉ်တစ်လျှောက်လုံးကို သင်ကိုယ် တိုင်စီမံတတ်သွားမှာဖြစ်ပါတယ်။
လူသစ်တွေ အတွေ့အကြုံသစ်တွေရဖို့
ခရီးသွားခြင်းရဲ့ အဓိကရည်ရွယ်ချက်ကတော့ အတွေ့အကြုံသစ်တွေ နေရာသစ်မှာ လူသစ်တွေနဲ့ တွေ့ဆုံနိုင်ဖို့ပါပဲ။ ခရီးကို တစ်ယောက်တည်းသွားတဲ့ အဲဒီအတွေ့အကြုံသစ်တွေကို သင်အပြည့်အ၀ ရရှိစေမှာဖြစ်ပါတယ်။

အတွေ့အကြုံဆိုတဲ့ အဓိပ္ပာယ်ကို ပိုမိုနားလည်သွားမယ်။
ခရီးသွားတာကနေ ရရှိလာတဲ့ အတွေ့အကြုံတွေအကြောင်း သင်ပိုပီး နားလည်သွားမယ်။ သင့်ရဲ့ မမေ့နိုင်တဲ့ ခရီးစဉ်အကြောင်းကို ပြန်ပြောင်းအောက်မေ့ပြောကြားရင် အဲဒီခရီးစဉ်က သင့်အတွက် ပိုပြီး အဓိပ္ပာယ်ရှိနေမှာသေချပါတယ်။
ကိုယ့်ကိုကိုယ် ယုံကြည်မှုကို မြင့်တင်ဖို့။
တစ်ယောက်တည်း ခရီးသွားတဲ့အခါ တခြားသူတွေရဲ့ ထောက်ခံချက်တွေ၊ စောဒက တက်မှုတွေအတွက် စိုးရိမ်စရာမလိုဘဲ သင့်ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့မို့ သင့်ကိုယ်သင် ယုံကြည်မှု ပိုရှိလာစေမှာဖြစ်ပါတယ်။ ငါတစ်ယောက်တည်းလည်း လုပ်နိုင်တယ်ဆိုတဲ့ ယုံကြည်မှုတွေရရှိလာမှာဖြစ်ပြီး သင်ဟာ အောင်မြင်အောင်လုပ်နိုင်တဲ့ သူတစ်ယောက်ဖြစ်တယ်ဆိုတဲ့ ယုံကြည်မှုတွေတိုးလာစေမှာပါ။

Lifestyle_Myanmar
ref-babbel