ခရီးသွားခြင်းဖြင့် ရရှိနိုင်တဲ့ အံ့ဖွယ်အကျိုးကျေးဇူး ၁၀ မျိုး

0
41

လူအတော်များများ ခရီးသွားရတာကို နှစ်သက်ကြမှာပါ။ ကိုယ်မရောက်ဖူးတဲ့ နေရာတွေ မတူညီတဲ့နေရာတွေမှာ အတွေ့အကြုံအသစ်တွေကို ရှာဖွေရတာဟာ မိတ်ဆွေအသစ်တွေ၊ ဇာတ်လမ်းအသစ်တွေ အတွေ့အကြုံအသစ်တွေကို ရရှိစေတဲ့အပြင် နေရာအစုံရဲ့ ယဥ်ကျေးမှု၊ သမိုင်းကြောင်းတွေကိုပါ သိရှိစေပါတယ်။ ခရီးထွက်ခြင်းဟာ သင့်အတွက် အလုံးစုံကျန်းမာရေးနဲ့ ဖန်းတီးနိုင်စွမ်းကို တိုးတက်စေနိုင်ကြောင်း လေ့လာမှုတွေက ဖော်ပြထားပါတယ်။ ဒါကြောင့် သင့်ရဲ့နေ့စဥ်လုပ်ငန်းဆောင်တာတွေ တာဝန်ယူမှုတွေ၊ ဖိအားတွေကို ပြေပျောက်စေဖို့ အနည်းဆုံးတစ်နှစ်ကို တစ်ကြိမ်လောက်တော့ ခရီးထွက်သင့်ပါတယ်။

၁။ လူမှုဝန်းကျင်နဲ့ ပေါင်းသင်းဆက်ဆံရေး ကျွမ်းကျင်မှု တိုးတက်လာစေတယ်
ကျွန်တော်တို့ရဲ့ ဒေသသုံးဘာသာစကားဟာ ကျယ်ပြန့်စွာအသုံးပြုလို့မရတာကြောင့် အခြားအရပ်ဒေသကလူတွေနဲ့ ဆက်ဆံပြောဆိုနိုင်ဖို့အတွက် လေ့လာရပါတယ်။ ဒီလိုလေ့လာရခြင်းကြောင့် လူမှုပတ်ဝန်းကျင်နဲ့ ပေါင်းသင်းဆက်ဆံရေး ပိုမိုတိုးတက်ကောင်းမွန်လာပါတယ်။

၂။ စိတ်ကို ပိုပြီးငြိမ်းချမ်းအောင် ထားတတ်လာတယ်
လူတိုင်း ဘဝမှာ စိတ်ဖိစီးမှုတွေနဲ့ ဖိအားတွေကိုယ်စီ ရှိကြမှာပါ။ ဒီလိုစိတ်ဖိစီးမှုတွေ များနေတဲ့အချိန်မှာ ခရီးထွက်ခြင်းကြောင့် အရာရာကိုအကောင်းဆုံး ပြန်လည်ရင်ဆိုင်နိုင်ဖို့ ခွန်အားတွေ ရရှိစေမှာ ဖြစ်ပါတယ်။

၃။ ဖန်တီးနိုင်စွမ်း ပိုမိုတိုးတက်လာတယ်
နေရာအသစ်တွေကို ခရီးသွားရခြင်းကြောင့် အတွေ့အကြုံအသစ်တွေ ပညာအသစ်တွေကို ရရှိနိုင်ပြီး ဖန်တီးနိုင်စွမ်းလည်း ပိုမိုတိုးတက်လာပါတယ်။ အမြဲတမ်း နေစဥ်ဘဝလုပ်ရိုးလုပ်စဥ်တွေထဲမှာပဲ နစ်မြှပ်နေရင် ဖန်တီးနိုင်စွမ်းလည်း တိုးတက်လာမှာ မဟုတ်ပါဘူး။

၄။ သင့်ရဲ့အမြင်ကို ပိုပြီးကျယ်ပြန့်လာစေတယ်
ခရီးသွားခြင်းဟာ မတူညီတဲ့သူတွေ ကွဲပြားတဲ့ယဥ်ကျေးမှုတွေနဲ့ ဆက်သွယ်စေတာကြောင့် နေ့စဥ်ဘဝရဲ့ စိန်ခေါ်မှုတွေကို မတူညီတဲ့ ရှုထောင့်ကနေ ဖြေရှင်းနိုင်ဖို့ ကူညီပေးနိုင်ပါတယ်။

၅။ ယုံကြည်မှုကို မြှင့်တင်ပေးနိုင်တယ်
အခြားနေရာတစ်ခုကို သွားရောက်ရတာဖြစ်တဲ့အတွက် ကိုယ့်ကိုကိုယ် ပိုမိုအားကိုးလာသလို အခက်အခဲတွေကို ကိုယ်တိုင်ဖြေရှင်းရမှာ ဖြစ်တာကြောင့် ကိုယ့်ကိုကိုယ် ယုံကြည်မှု ပိုရှိလာစေပါတယ်။

၆။ လက်တွေ့ဘဝရဲ့ ပညာရေးပါပဲ
ခရီးသွားခြင်းဟာ လက်တွေကျတဲ့ ပညာရေးတစ်ခုအဖြစ် ယုံကြည်ကြပါတယ်။ ခရီးသွားခြင်းကြောင့် ရရှိတဲ့ အတွေ့အကြုံ၊ ဗဟုသုတွေကို ဘယ်ပညာရေးနယ်ပယ်မှာမှ ရနိုင်မှာ မဟုတ်ပါဘူး။

၇။ ဘဝရဲ့ ပျော်စရာကောင်းတဲ့ မှတ်ဥာဏ်တွေကို ဖန်တီးနိုင်တယ်
တကယ်လို့ ကိုယ့်ရဲ့မိသားစု၊ သူငယ်ချင်း တွေနဲ့ ခရီးသွားမယ်ဆိုရင် ပိုပြီးသံယောဇဥ်တိုးလာဖို့ ကူညီပေးနိုင်တဲ့အပြင် အမှတ်တရတွေကိုလည်း ရရှိစေနိုင်ပါတယ်။ ဒီလိုပျော်စရာကောင်းတဲ့ အချိန်တွေကို ဓါတ်ပုံအယ်ဘမ်ထဲမှာ သိမ်းထားခြင်း၊ ဆိုရှယ်မီဒီယာမှာ မျှဝေခြင်းတွေကို ပြုလုပ်နိုင်ပါတယ်။

၈။ သင့်ကိုပျော်ရွင်စေပါတယ်
သင့်ရဲ့အသက်ဘယ်လောက်ကြီးကြီး ဘယ်လောက်ငယ်ငယ် ခရီးသွားခြင်းကြောင့် ပျော်ရွင်မှုကို ခံစားရမှာ မလွဲပါပဲ။ ဘယ်သူပဲဖြစ်ဖြစ် ခရီးထွက်ခြင်းကို နှစ်သက်ကြမှာပါ။

၉။ အစီအစဥ်တွေ ပိုပြီးချတတ်လာတယ်
ခရီးတစ်ခုကို သွားတော့မယ်ဆိုရင် အရင်ဆုံး ပလန်ဆွဲရမှာပါ။ သင့်မှာ ဘာပလန်မှ မရှိပဲခရီးသွားတယ်ဆိုရင်တောင်မှ ခရီးစဥ်အတွင်း ကိုယ်တိုင်အစီအစဥ်ချရမှာ ဖြစ်ပါတယ်။
ဒါကြောင့် ခရီးတစ်ခုထွက်တိုင်း ကိုယ့်ရဲ့ အစီအစဥ်ဆွဲမှု ကျွမ်းကျင်ခြင်းဟာလည်း ပိုပိုပြီးတိုးတက်လာမှာ ဖြစ်ပါတယ်။

၁၀။ ကျန်းမာရေးကို ပိုကောင်းစေတယ်
ခရီးထွက်ခြင်းကြောင့် စိတ်ကိုပြန်လည် နုပျိုစေသလို ကိုယ်ရောစိတ်ပါလှုပ်ရှားရတဲ့အတွက် အလုံးစုံကျန်းမာရေးအတွက် ပိုပြီးအထောက်အကူဖြစ်စေပါတယ်။

LM_Naung_Naung

Lifestyle_Myanmar

Zawgyi Font

လူအေတာ္မ်ားမ်ား ခရီးသြားရတာကို ႏွစ္သက္ၾကမွာပါ။ ကိုယ္မေရာက္ဖူးတဲ့ ေနရာေတြ မတူညီတဲ့ေနရာေတြမွာ အေတြ႕အႀကဳံအသစ္ေတြကို ရွာေဖြရတာဟာ မိတ္ေဆြအသစ္ေတြ၊ ဇာတ္လမ္းအသစ္ေတြ အေတြ႕အႀကဳံအသစ္ေတြကို ရရွိေစတဲ့အျပင္ ေနရာအစုံရဲ႕ ယဥ္ေက်းမႈ၊ သမိုင္းေၾကာင္းေတြကိုပါ သိရွိေစပါတယ္။ ခရီးထြက္ျခင္းဟာ သင့္အတြက္ အလုံးစုံက်န္းမာေရးနဲ႔ ဖန္းတီးႏိုင္စြမ္းကို တိုးတက္ေစႏိုင္ေၾကာင္း ေလ့လာမႈေတြက ေဖာ္ျပထားပါတယ္။ ဒါေၾကာင့္ သင့္ရဲ႕ေန႔စဥ္လုပ္ငန္းေဆာင္တာေတြ တာဝန္ယူမႈေတြ၊ ဖိအားေတြကို ေျပေပ်ာက္ေစဖို႔ အနည္းဆုံးတစ္ႏွစ္ကို တစ္ႀကိမ္ေလာက္ေတာ့ ခရီးထြက္သင့္ပါတယ္။

၁။ လူမႈဝန္းက်င္နဲ႔ ေပါင္းသင္းဆက္ဆံေရး ကြၽမ္းက်င္မႈ တိုးတက္လာေစတယ္
ကြၽန္ေတာ္တို႔ရဲ႕ ေဒသသုံးဘာသာစကားဟာ က်ယ္ျပန္႔စြာအသုံးျပဳလို႔မရတာေၾကာင့္ အျခားအရပ္ေဒသကလူေတြနဲ႔ ဆက္ဆံေျပာဆိုႏိုင္ဖို႔အတြက္ ေလ့လာရပါတယ္။ ဒီလိုေလ့လာရျခင္းေၾကာင့္ လူမႈပတ္ဝန္းက်င္နဲ႔ ေပါင္းသင္းဆက္ဆံေရး ပိုမိုတိုးတက္ေကာင္းမြန္လာပါတယ္။

၂။ စိတ္ကို ပိုၿပီးၿငိမ္းခ်မ္းေအာင္ ထားတတ္လာတယ္
လူတိုင္း ဘဝမွာ စိတ္ဖိစီးမႈေတြနဲ႔ ဖိအားေတြကိုယ္စီ ရွိၾကမွာပါ။ ဒီလိုစိတ္ဖိစီးမႈေတြ မ်ားေနတဲ့အခ်ိန္မွာ ခရီးထြက္ျခင္းေၾကာင့္ အရာရာကိုအေကာင္းဆုံး ျပန္လည္ရင္ဆိုင္ႏိုင္ဖို႔ ခြန္အားေတြ ရရွိေစမွာ ျဖစ္ပါတယ္။

၃။ ဖန္တီးႏိုင္စြမ္း ပိုမိုတိုးတက္လာတယ္
ေနရာအသစ္ေတြကို ခရီးသြားရျခင္းေၾကာင့္ အေတြ႕အႀကဳံအသစ္ေတြ ပညာအသစ္ေတြကို ရရွိႏိုင္ၿပီး ဖန္တီးႏိုင္စြမ္းလည္း ပိုမိုတိုးတက္လာပါတယ္။ အၿမဲတမ္း ေနစဥ္ဘဝလုပ္႐ိုးလုပ္စဥ္ေတြထဲမွာပဲ နစ္ျမႇပ္ေနရင္ ဖန္တီးႏိုင္စြမ္းလည္း တိုးတက္လာမွာ မဟုတ္ပါဘူး။

၄။ သင့္ရဲ႕အျမင္ကို ပိုၿပီးက်ယ္ျပန္႔လာေစတယ္
ခရီးသြားျခင္းဟာ မတူညီတဲ့သူေတြ ကြဲျပားတဲ့ယဥ္ေက်းမႈေတြနဲ႔ ဆက္သြယ္ေစတာေၾကာင့္ ေန႔စဥ္ဘဝရဲ႕ စိန္ေခၚမႈေတြကို မတူညီတဲ့ ရႈေထာင့္ကေန ေျဖရွင္းႏိုင္ဖို႔ ကူညီေပးႏိုင္ပါတယ္။
၅။ ယုံၾကည္မႈကို ျမႇင့္တင္ေပးႏိုင္တယ္
အျခားေနရာတစ္ခုကို သြားေရာက္ရတာျဖစ္တဲ့အတြက္ ကိုယ့္ကိုကိုယ္ ပိုမိုအားကိုးလာသလို အခက္အခဲေတြကို ကိုယ္တိုင္ေျဖရွင္းရမွာ ျဖစ္တာေၾကာင့္ ကိုယ့္ကိုကိုယ္ ယုံၾကည္မႈ ပိုရွိလာေစပါတယ္။

၆။ လက္ေတြ႕ဘဝရဲ႕ ပညာေရးပါပဲ
ခရီးသြားျခင္းဟာ လက္ေတြက်တဲ့ ပညာေရးတစ္ခုအျဖစ္ ယုံၾကည္ၾကပါတယ္။ ခရီးသြားျခင္းေၾကာင့္ ရရွိတဲ့ အေတြ႕အႀကဳံ၊ ဗဟုသုေတြကို ဘယ္ပညာေရးနယ္ပယ္မွာမွ ရႏိုင္မွာ မဟုတ္ပါဘူး။

၇။ ဘဝရဲ႕ ေပ်ာ္စရာေကာင္းတဲ့ မွတ္ဥာဏ္ေတြကို ဖန္တီးႏိုင္တယ္
တကယ္လို႔ ကိုယ့္ရဲ႕မိသားစု၊ သူငယ္ခ်င္း ေတြနဲ႔ ခရီးသြားမယ္ဆိုရင္ ပိုၿပီးသံေယာဇဥ္တိုးလာဖို႔ ကူညီေပးႏိုင္တဲ့အျပင္ အမွတ္တရေတြကိုလည္း ရရွိေစႏိုင္ပါတယ္။ ဒီလိုေပ်ာ္စရာေကာင္းတဲ့ အခ်ိန္ေတြကို ဓါတ္ပုံအယ္ဘမ္ထဲမွာ သိမ္းထားျခင္း၊ ဆိုရွယ္မီဒီယာမွာ မွ်ေဝျခင္းေတြကို ျပဳလုပ္ႏိုင္ပါတယ္။

၈။ သင့္ကိုေပ်ာ္႐ြင္ေစပါတယ္
သင့္ရဲ႕အသက္ဘယ္ေလာက္ႀကီးႀကီး ဘယ္ေလာက္ငယ္ငယ္ ခရီးသြားျခင္းေၾကာင့္ ေပ်ာ္႐ြင္မႈကို ခံစားရမွာ မလြဲပါပဲ။ ဘယ္သူပဲျဖစ္ျဖစ္ ခရီးထြက္ျခင္းကို ႏွစ္သက္ၾကမွာပါ။

၉။ အစီအစဥ္ေတြ ပိုၿပီးခ်တတ္လာတယ္
ခရီးတစ္ခုကို သြားေတာ့မယ္ဆိုရင္ အရင္ဆုံး ပလန္ဆြဲရမွာပါ။ သင့္မွာ ဘာပလန္မွ မရွိပဲခရီးသြားတယ္ဆိုရင္ေတာင္မွ ခရီးစဥ္အတြင္း ကိုယ္တိုင္အစီအစဥ္ခ်ရမွာ ျဖစ္ပါတယ္။ ဒါေၾကာင့္ ခရီးတစ္ခုထြက္တိုင္း ကိုယ့္ရဲ႕ အစီအစဥ္ဆြဲမႈ ကြၽမ္းက်င္ျခင္းဟာလည္း ပိုပိုၿပီးတိုးတက္လာမွာ ျဖစ္ပါတယ္။

၁၀။ က်န္းမာေရးကို ပိုေကာင္းေစတယ္
ခရီးထြက္ျခင္းေၾကာင့္ စိတ္ကိုျပန္လည္ ႏုပ်ိဳေစသလို ကိုယ္ေရာစိတ္ပါလႈပ္ရွားရတဲ့အတြက္ အလုံးစုံက်န္းမာေရးအတြက္ ပိုၿပီးအေထာက္အကူျဖစ္ေစပါတယ္။

LM_Naung_Naung

Lifestyle_Myanmar

LEAVE A REPLY

Please enter your comment!
Please enter your name here