ခရီးသွားခါနီး ဘာပြဿနာမှ ပေါ်မလာအောင်လို့ သင့်အနေနဲ့ ကြိုတင်လုပ်ဆောင်ရမယ့် အချက်လေးချက်

0
42

ခရီးသွားရတာဟာ ပျော်စရာကောင်း၊ ရင်ခုန်စိတ်လှုပ်ရှားစရာ ကောင်းတယ်ဆိုပေမယ့်လည်း ကိုယ်သွားချင်တဲ့နေရာကို မရောက်မချင်းတော့ အတန်ငယ်စိတ်ဖိစီးနိုင်ပါတယ်။ လေဆိပ်ကိုရောက်ဖို့အတွက် စောစောစီးစီးကတည်းက ကြိုထွက်မိရဲ့လား။ ကိုယ့်ရဲ့ ပတ်စ်ပို့က သက်တမ်းရှိသေးရဲ့လား။ စသဖြင့် မေးခွန်းတွေကို စုံနေအောင် မေးရပြီး ပျာယာတွေကို ခတ်နေတာပါပဲ။ ဒါကြောင့် ခရီးသွားခါနီး လာခါနီးကျမှ ပြဿနာမရှိအောင်လို့ ကြိုတင်ပြင်ဆင်ရမယ့် အချက်တွေကို ပြောချင်ပါတယ်။

-Advertisement-

၁။ စောစောထွက်ပါ

လေဆိပ်၊ ကားဂိတ်ကို အမြဲတမ်းစောစောထွက်ပါ။ အနားကပ်ခါနီးကျမှ သုတ်ပြာသုတ်ပြာနဲ့ ထွက်မိမယ်ဆိုရင် မြန်မြန်ဆန်ဆန်ကားမောင်းခြင်း သို့မဟုတ် အဖိုးတန်ပစ္စည်းတွေကို လုံခြုံရေးမှာမေ့ကျန်ခဲ့တာ စသဖြင့် ကြုံရနိုင်ပါတယ်။ အဆိုးဆုံးကတော့ လေယာဥ် သို့မဟုတ် ကားလွတ်သွားခြင်းပါပဲ။ ဒါဆိုရင် ကိုယ်ရင်းနှီးထားတဲ့ ပိုက်ဆံတွေအကုန်လုံးကို ဆုံးရှုံးသွားရနိုင်ပါတယ်။ ဒါကြောင့် အတတ်နိုင်ဆုံး စောစောထွက်လို့ ကြိုရောက်နှင့်ပြီး ပြဿနာတွေကို ရှောင်ရှားလိုက်ပါ။

၂။ ဘယ်လိုသွားရမလဲဆိုတာ ကြိုတင်စဥ်းစားထားပါ

လေဆိပ် သို့မဟုတ် ကားဂိတ်ကို ကိုယ့်ကားနဲ့ကိုယ် မောင်းပြီးသွားဖို့ စဥ်းစားထားတယ်ဆိုရင် ကားရပ်ခဲ့ဖို့အတွက် ကြိုတင်စာရင်းပေးထားပါ။ လူရှုပ်တဲ့အချိန်ဆိုရင် ထားစရာနေရာမရှိဖြစ်တတ်လို့ပါ။ အကယ်လို့ ကိုယ်က တက္ကစီ သို့မဟုတ် Grab ငှားမယ်ဆိုရင် သူတို့မလာတာမျိုး၊ သွားခါနီးကျမှ Cancel လုပ်တာမျိုး၊ လိုက်မပို့တော့တာမျိုး ဖြစ်မှာစိုးလို့ စောစောစီးစီး ကြိုထွက်ပါ။

၃။ လတ်မှတ်တွေနဲ့ ထိုင်ခုံနေရာတွေကို နှစ်ကျော့ပြန်စစ်ပါ

ကိုယ်က အစောကြီးကတည်းက လတ်မှတ်ကြိုဝယ်ထားတာဆိုရင် မတော်တဆ သွားမယ့်အချိန်တွေ ပြောင်းမပြောင်း သိရအောင်လို့ သွားမယ့်ရက်ရဲ့ နှစ်ပတ်အလိုလောက်ကတည်းက လတ်မှတ်တွေကို ပြန်စစ်ဆေးပါ။ တစ်ခါတစ်လေကျရင် မိနစ်အနည်းငယ်အလိုလောက်မှ ပြောင်းသွားတာ သို့မဟုတ် လုံးဝဖျက်လိုက်တာမျိုးဖြစ်နိုင်ပါတယ်။ ဒါကြောင့် အမြဲတမ်းပြန်စစ်ဆေးတာက မမှားပါဘူး။

၄။ ပတ်စ်ပို့နဲ့ ဗီဇာတွေကို ပြန်စစ်ဆေးပါ

ကိုယ်က ပြည်တွင်းမဟုတ်ဘဲ ပြည်ပကိုခရီးသွားမှာဆိုရင် ကိုယ့်ပတ်စ်ပို့ သက်တမ်းက အနည်းဆုံးခြောက်လလောက်ကျန်နေသင့်ပါတယ်။

#Lifestyle_Myanmar

#Thinzar

Ref- liligo

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here