ခရီးသြားမယ္ဆိုရင္ ကၽြန္မတို႔မိန္းကေလးအမ်ားစုဟာ အဝတ္အစားအိတ္တစ္လံုးနဲ႔ လက္ကိုင္အိတ္တစ္လံုးေတာ့ အနည္းဆံုးယူသြားတတ္ၾကပါတယ္။ အဝတ္အစားအိတ္တစ္အိတ္ထဲမွာပဲ အလွကုန္ေတြေကာ၊ အဝတ္အစားေတြေကာ စုၿပံဳၿပီး အကုန္ထည့္တာေၾကာင့္ တခါတေလ ပစၥည္းတစ္ခုခုရွာရင္ ေတာ္ေတာ္နဲ႔ ရွာေတြ႕ဖို႔မလြယ္ပါဘူး။ လိုအပ္တဲ့ပစၥည္းေတြကို အဝတ္အစားအိတ္ထဲမွာ ေမႊေႏွာက္ၿပီး မရွာရေအာင္ ပိုက္ဆံအိတ္ထဲမွာ ထည့္ထားသင့္ပါတယ္။ ဘယ္လိုပစၥည္းေလးေတြ ထည့္မလဲ?
၁။ မိတ္ကပ္အိတ္
သင့္ရဲ႕အခ်ိန္ေတြကို ေခၽြတာတာေရာက္ၿပီး သြားရင္းလာရင္း မိတ္ကပ္ျပင္လို႔ရပါတယ္။ သင့္မိတ္ကပ္အိတ္ထဲမွာ လိုအပ္တဲ့ Cosmeticsေတြကို ဘူးေသးေသးေလးေတြနဲ႔ ေျပာင္းထည့္ၿပီး သယ္ပါ။ ေပါင္ဒါ သို႔ ေဖာင္ေဒးရွင္းကိုထည့္တဲ့အခါ သတိထားပါ။ သူတို႔က ကြဲသြားလွ်င္ သင့္ပိုက္ဆံအိတ္ထဲက ပစၥည္းေတြကို ပ်က္စီးေစပါလိမ့္မယ္။ Sunscreen၊ ဘီး၊ ႏႈတ္ခမ္းနီနဲ႔ mascara တို႔ကိုလည္းထည့္ပါ။
၂။ မွတ္စုစာအုပ္/sketchbook
သင္သည္ အိုင္ဒီယာႏွင့္ ဖန္တီးသူတစ္ေယာက္ျဖစ္လွ်င္ သင့္စိတ္ထဲမွာ ေပၚလာသမွ်ကို notebook ထဲမွာ ခ်ေရးထားလို႔ရပါတယ္။ သင့္ဖုန္းကိုလညး္အသံုးျပဳႏိုင္သလို တျခားအီလက္ထေရာနစ္ကိရိယာကိုလည္းသံုးႏိုင္ပါတယ္။ ဒါေပမယ့္ notebook တစ္အုပ္ကို ေဆာင္ထားတာက မမွားပါဘူး။ လမ္းခရီးမွာ ဖုန္းေတြ၊ အီလက္ထေရာနစ္ပစၥည္းေတြ အားကုန္သြားတဲ့အခါ သံုးလို႔ရပါတယ္။ ဒါ့ေၾကာင့္ သင့္ပိုက္ဆံအိတ္ထဲမွာ notebook ေသးေသးေလးတစ္အုပ္ေတာ့ ထည့္ထားသင့္ပါတယ္။ စိတ္ခံစားမႈတစ္ခုခုႀကံဳေတြ႕တဲ့အခါ ဆိုရွယ္မီဒီယာမွာ တင္မယ့္အစား စာအုပ္ေလးထဲမွာ ခ်ေရးႏိုင္ပါတယ္။
၃။ Face wipes
သင့္အသားအေရ အဆီျပန္တတ္ရင္ အသားအေရကို ထိန္းသိမ္းဖို႔၊ အဆီျပန္ေနတာကို ဖယ္ရွားဖို႔ face wipes က်ိန္းေသလိုအပ္ပါလိမ့္မယ္။ လမ္းခရီးမွာ ဖုန္ေတြ၊ ေလထုညစ္ညမ္းမႈေတြ ေတြ႕ႀကံဳႏိုင္တာေၾကာင့္ သင့္ပိုက္ဆံအိတ္ထဲမွာ တစ္ရႈဳး သို႔မဟုတ္ Face wipes ေလးေတြကို ေဆာင္ထားသင့္ပါတယ္။
၄။ အမ်ိဳးသမီး လစဥ္သံုးပစၥည္း
ခရီးသြားတဲ့အခါ မိန္းကေလးတစ္ေယာက္ရဲ႕ ပိုက္ဆံအိတ္ထဲမွာ အမ်ိဳးသမီးလစဥ္သံုးပစၥည္းတစ္ခုေလာက္ေတာ့ ထည့္ထားသင့္ပါတယ္။ အေရးေပၚလိုအပ္လာတဲ့အခါ အရမ္းအသံုးဝင္ပါတယ္။
၅။ အားသြင္းႀကိဳးေတြ
ဖုန္းေတြ၊ ကြန္ျပဴတာေတြအတြက္ အားသြင္းႀကိဳးမပါရင္ အခက္အခဲႀကံဳရပါလိမ့္မယ္။ ဒါ့ေၾကာင့္ ဖုန္းအားသြင္းႀကိဳးေတြ၊ အေရးေပၚသံုးလို႔ရမယ့္ Power Bank ေတြထည့္သြားဖို႔ လိုအပ္ပါတယ္။
၆။ ေဆးဝါးေတြ
ကိုယ္အၿမဲေသာက္ေနက်ေဆးေတြ၊ အမူးေျပေဆး၊ ေခါင္းကိုက္ေပ်ာက္ေဆး စတာေတြ ထည့္သြားပါ။
#Lifestyle_Myanmar
#TB_Nandar
Source-wmnlife
Unicode
ခရီးသွားတဲ့အခါ သင့်ပိုက်ဆံအိတ်ထဲမှာ ရှိနေသင့်တဲ့ လိုအပ်သောအရာ ၆မျိုး
ခရီးသွားမယ်ဆိုရင် ကျွန်မတို့မိန်းကလေးအများစုဟာ အဝတ်အစားအိတ်တစ်လုံးနဲ့ လက်ကိုင်အိတ်တစ်လုံးတော့ အနည်းဆုံးယူသွားတတ်ကြပါတယ်။ အဝတ်အစားအိတ်တစ်အိတ်ထဲမှာပဲ အလှကုန်တွေကော၊ အဝတ်အစားတွေကော စုပြုံပြီး အကုန်ထည့်တာကြောင့် တခါတလေ ပစ္စည်းတစ်ခုခုရှာရင် တော်တော်နဲ့ ရှာတွေ့ဖို့မလွယ်ပါဘူး။ လိုအပ်တဲ့ပစ္စည်းတွေကို အဝတ်အစားအိတ်ထဲမှာ မွှေနှောက်ပြီး မရှာရအောင် ပိုက်ဆံအိတ်ထဲမှာ ထည့်ထားသင့်ပါတယ်။ ဘယ်လိုပစ္စည်းလေးတွေ ထည့်မလဲ?
၁။ မိတ်ကပ်အိတ်
သင့်ရဲ့အချိန်တွေကို ချွေတာတာရောက်ပြီး သွားရင်းလာရင်း မိတ်ကပ်ပြင်လို့ရပါတယ်။ သင့်မိတ်ကပ်အိတ်ထဲမှာ လိုအပ်တဲ့ Cosmeticsတွေကို ဘူးသေးသေးလေးတွေနဲ့ ပြောင်းထည့်ပြီး သယ်ပါ။ ပေါင်ဒါ သို့ ဖောင်ဒေးရှင်းကိုထည့်တဲ့အခါ သတိထားပါ။ သူတို့က ကွဲသွားလျှင် သင့်ပိုက်ဆံအိတ်ထဲက ပစ္စည်းတွေကို ပျက်စီးစေပါလိမ့်မယ်။ Sunscreen၊ ဘီး၊ နှုတ်ခမ်းနီနဲ့ mascara တို့ကိုလည်းထည့်ပါ။
၂။ မှတ်စုစာအုပ်/sketchbook
သင်သည် အိုင်ဒီယာနှင့် ဖန်တီးသူတစ်ယောက်ဖြစ်လျှင် သင့်စိတ်ထဲမှာ ပေါ်လာသမျှကို notebook ထဲမှာ ချရေးထားလို့ရပါတယ်။ သင့်ဖုန်းကိုလညး်အသုံးပြုနိုင်သလို တခြားအီလက်ထရောနစ်ကိရိယာကိုလည်းသုံးနိုင်ပါတယ်။ ဒါပေမယ့် notebook တစ်အုပ်ကို ဆောင်ထားတာက မမှားပါဘူး။ လမ်းခရီးမှာ ဖုန်းတွေ၊ အီလက်ထရောနစ်ပစ္စည်းတွေ အားကုန်သွားတဲ့အခါ သုံးလို့ရပါတယ်။ ဒါ့ကြောင့် သင့်ပိုက်ဆံအိတ်ထဲမှာ notebook သေးသေးလေးတစ်အုပ်တော့ ထည့်ထားသင့်ပါတယ်။ စိတ်ခံစားမှုတစ်ခုခုကြုံတွေ့တဲ့အခါ ဆိုရှယ်မီဒီယာမှာ တင်မယ့်အစား စာအုပ်လေးထဲမှာ ချရေးနိုင်ပါတယ်။
၃။ Face wipes
သင့်အသားအရေ အဆီပြန်တတ်ရင် အသားအရေကို ထိန်းသိမ်းဖို့၊ အဆီပြန်နေတာကို ဖယ်ရှားဖို့ face wipes ကျိန်းသေလိုအပ်ပါလိမ့်မယ်။ လမ်းခရီးမှာ ဖုန်တွေ၊ လေထုညစ်ညမ်းမှုတွေ တွေ့ကြုံနိုင်တာကြောင့် သင့်ပိုက်ဆံအိတ်ထဲမှာ တစ်ရှုုး သို့မဟုတ် Face wipes လေးတွေကို ဆောင်ထားသင့်ပါတယ်။
၄။ အမျိုးသမီး လစဉ်သုံးပစ္စည်း
ခရီးသွားတဲ့အခါ မိန်းကလေးတစ်ယောက်ရဲ့ ပိုက်ဆံအိတ်ထဲမှာ အမျိုးသမီးလစဉ်သုံးပစ္စည်းတစ်ခုလောက်တော့ ထည့်ထားသင့်ပါတယ်။ အရေးပေါ်လိုအပ်လာတဲ့အခါ အရမ်းအသုံးဝင်ပါတယ်။
၅။ အားသွင်းကြိုးတွေ
ဖုန်းတွေ၊ ကွန်ပြူတာတွေအတွက် အားသွင်းကြိုးမပါရင် အခက်အခဲကြုံရပါလိမ့်မယ်။ ဒါ့ကြောင့် ဖုန်းအားသွင်းကြိုးတွေ၊ အရေးပေါ်သုံးလို့ရမယ့် Power Bank တွေထည့်သွားဖို့ လိုအပ်ပါတယ်။
၆။ ဆေးဝါးတွေ
ကိုယ်အမြဲသောက်နေကျဆေးတွေ၊ အမူးပြေဆေး၊ ခေါင်းကိုက်ပျောက်ဆေး စတာတွေ ထည့်သွားပါ။
#Lifestyle_Myanmar
#TB_Nandar
Source-wmnlife