ခရီးသည်တွေရဲ့ ဘယ်လိုအမူအယာတွေကို လေယာဥ်မောင်/မယ်တွေက သတိထားလေ့ရှိသလဲ

0
388
- Advertisement -

လေယာဥ်ပေါ်တက်ဖို့ပြင်နေတဲ့ ခရီးသည်တွေရဲ့ ဘယ်လိုပုံစံ၊ ဘယ်လိုအနေအထားရှိလဲဆိုတာကို စစ်ဆေးရာမှာ Customs မှာတင် မပြီးဆုံးသေးပါဘူး။ လုံခြုံရေးစစ်ဆေးရေးဂိတ်ကို ဖြတ်သန်းပြီးနောက်မှာ စိတ်ဝင်စားစရာတွေစတင်တော့မယ့် လေယာဥ်ပေါ်ကို တက်ရပါပြီ။ ဆွဲဆောင်မှုရှိပြီး အပြုံးလေးတွေနဲ့ စောင့်ကြိုနေမယ့် လေယာဥ်မောင်၊ မယ်တွေဟာ တက်လာသမျှ ခရီးသည်တွေထဲက ဘယ်သူတွေက လူကောင်း၊ ဘယ်သူတွေကတော့ အန္တရာယ်ရှိသူတွေဖြစ်မလဲဆိုတာကို တစ်ကြိမ်ကြည့်ရုံနဲ့သိနိုင်တဲ့သူတွေဖြစ်ပါတယ်။

-Advertisement-

ကျွန်ုပ်တို့လေယာဥ်ပေါ်တက်နေချိန်မှာ လေယာဥ်မောင်၊ မယ်တွေ အမြဲစောင့်ကြည့်လေ့ရှိတဲ့ အချက် (၄) ချက်ကို ပြောပြပေးချင်ပါတယ်။

၁။ မင်္ဂလာပါ လို့ နှုတ်မဆက်ဘူးဆိုရင် ချက်ချင်းသတိထားမိပါလိမ့်မယ်

လေယာဥ်မောင်၊ မယ်တွေက နှုတ်ခွန်းဆက်သတဲ့အချိန်မှာ မင်္ဂလာပါ လို့ ပြန်ပြီးနှုတ်မဆက်တဲ့ ခရီးသည်ဟာ မတော်တဆ အရေးပေါ်ကြုံလာရတဲ့အချိန်ကျရင် ကူညီနိုင်ဖို့ အလားအလာမရှိပါဘူး။ အကယ်လို့ ခရီးသည်တစ်ယောက်က ရင်းရင်းနှီးနှီးရှိပြီး ရန်မလိုတတ်ဘူးဆိုရင်တော့ အန္တရာယ်ရှိတဲ့အခြေအနေ၊ အချိန်အခါတွေကျရင် ကူညီပေးကောင်း ကူညီပေးပါလိမ့်မယ်။

၂။ မျက်လုံးချင်းမဆိုင်ဘူး

ခရီးသည်လေယာဥ်ပေါ်တက်လာလို့ နှုတ်ဆက်ချိန်မှာ လေယာဥ်မောင်မယ်တွေဟာ အမြဲတည့်တည့်ကြီးပြီး နှုတ်ဆက်တတ်ကြပါတယ်။ ခရီးသည်က မျက်နှာလွှဲလိုက်မယ်ဆိုရင် သတိထားရမယ့်လက္ခဏာဖြစ်ပါတယ်။ ကိုယ်ကတစ်ခုခုမဟုတ်တာလုပ်ထားလို့ တခြားကိုလွှဲကြည့်လိုက်တာမျိုးလိုပါ။

၃။ မျက်နှာကဖြူဖပ်ဖြူရော်နဲ့ နှာခေါင်းနီနေခြင်း

လေယာဥ်ပေါ်ကိုမတက်ခင်မှာ လေယာဥ်ကွင်းက တာဝန်ရှိဝန်ထမ်းတွေဟာ ခရီးသည်ရဲ့ ဖျားနာမှုက လေထဲကတဆင့် ပျံ့နှံ့ပြီးတော့ တခြားပတ်ဝန်းကျင်ကလူတွေကို အန္တရာယ်မဖြစ်စေနိုင်ဘူးဆိုတဲ့ ထောက်ခံချက်ကို တောင်းကြည့်နိုင်ပါတယ်။ ဓာတ်မတည့်လို့ နှာချေ၊ နှာစေးဖြစ်တာမျိုးဆိုရင်တော့ လေယာဥ်ပေါ်ပေးတက်နိုင်ပေမယ့်လည်း လေယာဥ်မောင်၊ မယ်တွေအတွက်တော့ အများကြီးတာဝန်များလာပါတယ်။

၄။ လက်ကမ်းစာစောင်တွေရှိနေခြင်း

အကယ်လို့ ခရီးသည်တစ်ယောက်က လေယာဥ်ပေါ်က တခြားခရီးသည်တွေအားလုံးကို စကားလိုက်ပြောပြီးတော့ ဘာသာရေး၊ နိုင်ငံရေး၊ စီးပွားရေးနဲ့ပတ်သက်တဲ့ အဖွဲ့အစည်းတွေကို ဝင်ဖို့လိုက်လံတိုက်တွန်းနေမယ်ဆိုရင် ဘယ်လိုမှအဆင်မပြေနိုင်ပါဘူး။ လေယာဥ်မောင်၊ မယ်တွေရဲ့ အဓိကတာဝန်က လေယာဥ်စီးနေစဥ်တစ်လျှောက် လုံခြုံစိတ်ချမှုရှိစေဖို့နဲ့ အတတ်နိုင်ဆုံး သက်သောင့်သက်သာရှိစေဖို့ဖြစ်ပါတယ်။

#Lifestyle_Myanmar

#Thinzar

Ref- brightside

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here