ခရီးရှည်လေယာဉ်ပေါ်မှာ လူနာရဲ့ ဆီးကိုစုပ်ထုတ်ခြင်းဖြင့် အသက်ကယ်တင်ခဲ့တဲ့ တရုတ်ဆရာဝန်

0
127

‘ခွက်တစ်ခွက် ငါ့ဆီမြန်မြန်ယူလာပါ’ လို့ ဒေါက်တာ Zhang က ပြွန်နှင့် တွဲထားတဲ့ ပိုက်တံတစ်ခုကို စုပ်နေစဉ်မှာ ပြောကြားလိုက်ပါတယ်။ သူဟာ ပေါက်ကွဲလုနီးပါးဖြစ်နေတဲ့ သက်ကြီးရွယ်အိုအမျိုးသားတစ်ယောက်ရဲ့ ဆီးအိမ်ကနေ ဆီးကိုဖောက်ထုတ်နေတာ ဖြစ်ပါတယ်။ သူ့ရဲ့ လျင်မြန်တဲ့ စဉ်းစားတွေးခေါ်မှုက နိုဝင်ဘာ ၁၉ရက်၊ အင်္ဂါနေ့တွင် ကွမ်ကျိုးမှ နယူးယောက်သို့ China Southern Airlines လေယာဉ်ခရီးရှည်မှာ လိုက်ပါလာတဲ့ အမျိုးသားကြီးရဲ့ အသက်ကို ကယ်တင်နိုင်ခဲ့ပါတယ်။

-Advertisement-

ခရီးသည်ဟာ ဆီးအောင့်ခြင်းကို ပြင်းထန်စွာ ခံစားရပြီး အရေးပေါ် ချက်ချင်းကုသဖို့ လိုအပ်ခဲ့တာပါ။ သူဟာ ထိတ်လန့် တုန်လှုပ်စရာကောင်းတဲ့ လက္ခဏာတွေလည်း ပြသနေခဲ့ပါတယ်။ ကံကောင်းထောက်မစွာပဲ လေယာဉ်ပေါ်မှာ ခွဲစိတ်ဆရာဝန်နှစ်ဦးဖြစ်တဲ့ ဒေါက်တာ Zhang နှင့် ဒေါက်တာ Xiao တို့ရှိနေခဲ့ပါတယ်။ သက်ကြီးအမျိုးသားရဲ့ အခြေအနေကို စစ်ဆေးပြီးနောက် သူ့ရဲ့ ဆီးအိမ်မှာ ဆီးတစ်လီတာ လောက်ရှိမယ်လို့ ခန့်မှန်းခဲ့ကြပါတယ်။ ၎င်းက ကိုယ်ခန္ဓာရဲ့ ပုံမှန်စွမ်းရည် ၆၀၀ မီလီမီတာထက် များစွာပိုနေခဲ့တာပါ။

ဆရာဝန်များက ဆီးအိမ်ကို အပ်နှင့် ထိုးခြင်းဖြင့် ဆီးကို ဖောက်ထုတ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဆရာဝန်ဟာ အောင်ဆီဂျင်မျက်နှာဖုံး၊ ဆေးထိုးအပ်နှင့် အအေးသောက်ပိုက်တွေကို တပ်ဆင်လိုက်ပါတယ်။ ဒါပေမယ့် မကြာခင်မှာပဲ ပြဿနာတစ်ခုက ပေါ်လာပါတယ်။ ဆီးအိမ်က ဖိအားအောက်မှ လွတ်သွားသော်လည်း ဆရာဝန်တွေ အသုံးပြုခဲ့တဲ့ အပ်သေးသေးလေးက ရောင်ရမ်းနေတဲ့ အင်္ဂါမှ ဖိအားကို သက်သာစေဖို့ မလုံလောက်ခဲ့ပါဘူး။

Dr Zhang ဟာ ကိုယ်တိုင်စုပ်ယူခြင်းဖြင့် ဆီးကိုဖောက်ထုတ်ဖို့ အခြားဖြေရှင်းချက်တစ်ခုကို စဉ်းစားခဲ့ပါတယ်၊ နောက်မိနစ် ၃၀မှာ အခြားပြွန်တစ်ခုနဲ့ စုပ်ထုတ်လိုက် ခွက်တစ်ခုထဲကို အရည်ထွေးထုတ်လိုက်ဖြင့် ဆီးကို ဖယ်ရှားခဲ့ပါတယ်။ ဒေါက်တာ Zhang ဟာ ၈၀၀ မီလီမီတာရှိသော ဆီးကို ထုတ်ပစ်နိုင်ခဲ့ပါတယ်။ သက်ကြီးရွယ်အိုအမျိုးသားဟာ အသက်အန္တရာယ်မှ လွတ်မြောက်သွားခဲ့ပြီး ဆေးရုံတွင် သွားစစ်ဆေးဖို့ မမေ့ပါနဲ့ဆိုပြီး နှလုံးလှဆရာဝန်တွေက သူ့ကို သတိပေးခဲ့ပါတယ်။

ဆီးကိုစုပ်ထုတ်လိုက်ဖို့ ဘာ့ကြောင့် မတွန့်ဆုတ်ခဲ့တာလဲလို့ မေးတဲ့အခါ ဒေါက်တာ Zhang ကသက်ကြီးရွယ်အို ဒုက္ခရောက်နေတာကို မြင်ရတော့ “သူ မသက်မသာ ဖြစ်မိတယ်၊ သက်သာအောင် ဘယ်လိုကူညီနိုင်မလဲဆိုတာ သူစဉ်းစားခဲ့တယ်” နောက်ပြီး “ကျွန်တော် ဆရာဝန်တစ်ယောက်အနေနဲ့ တာဝန်ထမ်းဆောင်နေတာပါ”လို့ ဆိုပါတယ်။ တရုတ်ဆရာဝန်များရဲ့ ရဲရင့်သော အသက်ကယ်လုပ်ရပ်ကို လေယာဉ်ခရီးစဉ်က ဂုဏ်ပြုခဲ့ကြပါတယ်။

Lifestyle_Myanmar

LM_nandar

Source-asiaone.

Zawgyi

ခရီးရွည္ေလယာဥ္ေပၚမွာ လူနာရဲ႕ ဆီးကိုစုပ္ထုတ္ျခင္းျဖင့္ အသက္ကယ္တင္ခဲ့တဲ့ တ႐ုတ္ဆရာဝန္
‘ခြက္တစ္ခြက္ ငါ့ဆီျမန္ျမန္ယူလာပါ’ လို႔ ေဒါက္တာ Zhang က ႁပြန္ႏွင့္ တြဲထားတဲ့ ပိုက္တံတစ္ခုကို စုပ္ေနစဥ္မွာ ေျပာၾကားလိုက္ပါတယ္။ သူဟာ ေပါက္ကြဲလုနီးပါးျဖစ္ေနတဲ့ သက္ႀကီး႐ြယ္အိုအမ်ိဳးသားတစ္ေယာက္ရဲ႕ ဆီးအိမ္ကေန ဆီးကိုေဖာက္ထုတ္ေနတာ ျဖစ္ပါတယ္။ သူ႔ရဲ႕ လ်င္ျမန္တဲ့ စဥ္းစားေတြးေခၚမႈက ႏိုဝင္ဘာ ၁၉ရက္၊ အဂၤါေန႔တြင္ ကြမ္က်ိဳးမွ နယူးေယာက္သို႔ China Southern Airlines ေလယာဥ္ခရီးရွည္မွာ လိုက္ပါလာတဲ့ အမ်ိဳးသားႀကီးရဲ႕ အသက္ကို ကယ္တင္ႏိုင္ခဲ့ပါတယ္။

ခရီးသည္ဟာ ဆီးေအာင့္ျခင္းကို ျပင္းထန္စြာ ခံစားရၿပီး အေရးေပၚ ခ်က္ခ်င္းကုသဖို႔ လိုအပ္ခဲ့တာပါ။ သူဟာ ထိတ္လန္႔ တုန္လႈပ္စရာေကာင္းတဲ့ လကၡဏာေတြလည္း ျပသေနခဲ့ပါတယ္။ ကံေကာင္းေထာက္မစြာပဲ ေလယာဥ္ေပၚမွာ ခြဲစိတ္ဆရာဝန္ႏွစ္ဦးျဖစ္တဲ့ ေဒါက္တာ Zhang ႏွင့္ ေဒါက္တာ Xiao တို႔ရွိေနခဲ့ပါတယ္။ သက္ႀကီးအမ်ိဳးသားရဲ႕ အေျခအေနကို စစ္ေဆးၿပီးေနာက္ သူ႔ရဲ႕ ဆီးအိမ္မွာ ဆီးတစ္လီတာ ေလာက္ရွိမယ္လို႔ ခန္႔မွန္းခဲ့ၾကပါတယ္။ ၎က ကိုယ္ခႏၶာရဲ႕ ပုံမွန္စြမ္းရည္ ၆၀၀ မီလီမီတာထက္ မ်ားစြာပိုေနခဲ့တာပါ။

ဆရာဝန္မ်ားက ဆီးအိမ္ကို အပ္ႏွင့္ ထိုးျခင္းျဖင့္ ဆီးကို ေဖာက္ထုတ္ဖို႔ ဆုံးျဖတ္ခဲ့ပါတယ္။ ဆရာဝန္ဟာ ေအာင္ဆီဂ်င္မ်က္ႏွာဖုံး၊ ေဆးထိုးအပ္ႏွင့္ အေအးေသာက္ပိုက္ေတြကို တပ္ဆင္လိုက္ပါတယ္။ ဒါေပမယ့္ မၾကာခင္မွာပဲ ျပႆနာတစ္ခုက ေပၚလာပါတယ္။ ဆီးအိမ္က ဖိအားေအာက္မွ လြတ္သြားေသာ္လည္း ဆရာဝန္ေတြ အသုံးျပဳခဲ့တဲ့ အပ္ေသးေသးေလးက ေရာင္ရမ္းေနတဲ့ အဂၤါမွ ဖိအားကို သက္သာေစဖို႔ မလုံေလာက္ခဲ့ပါဘူး။

Dr Zhang ဟာ ကိုယ္တိုင္စုပ္ယူျခင္းျဖင့္ ဆီးကိုေဖာက္ထုတ္ဖို႔ အျခားေျဖရွင္းခ်က္တစ္ခုကို စဥ္းစားခဲ့ပါတယ္၊ ေနာက္မိနစ္ ၃၀မွာ အျခားႁပြန္တစ္ခုနဲ႔ စုပ္ထုတ္လိုက္ ခြက္တစ္ခုထဲကို အရည္ေထြးထုတ္လိုက္ျဖင့္ ဆီးကို ဖယ္ရွားခဲ့ပါတယ္။ ေဒါက္တာ Zhang ဟာ ၈၀၀ မီလီမီတာရွိေသာ ဆီးကို ထုတ္ပစ္ႏိုင္ခဲ့ပါတယ္။ သက္ႀကီး႐ြယ္အိုအမ်ိဳးသားဟာ အသက္အႏၲရာယ္မွ လြတ္ေျမာက္သြားခဲ့ၿပီး ေဆး႐ုံတြင္ သြားစစ္ေဆးဖို႔ မေမ့ပါနဲ႔ဆိုၿပီး ႏွလုံးလွဆရာဝန္ေတြက သူ႔ကို သတိေပးခဲ့ပါတယ္။

ဆီးကိုစုပ္ထုတ္လိုက္ဖို႔ ဘာ့ေၾကာင့္ မတြန္႔ဆုတ္ခဲ့တာလဲလို႔ ေမးတဲ့အခါ ေဒါက္တာ Zhang ကသက္ႀကီး႐ြယ္အို ဒုကၡေရာက္ေနတာကို ျမင္ရေတာ့ “သူ မသက္မသာ ျဖစ္မိတယ္၊ သက္သာေအာင္ ဘယ္လိုကူညီႏိုင္မလဲဆိုတာ သူစဥ္းစားခဲ့တယ္” ေနာက္ၿပီး “ကြၽန္ေတာ္ ဆရာဝန္တစ္ေယာက္အေနနဲ႔ တာဝန္ထမ္းေဆာင္ေနတာပါ”လို႔ ဆိုပါတယ္။ တ႐ုတ္ဆရာဝန္မ်ားရဲ႕ ရဲရင့္ေသာ အသက္ကယ္လုပ္ရပ္ကို ေလယာဥ္ခရီးစဥ္က ဂုဏ္ျပဳခဲ့ၾကပါတယ္။

Lifestyle_Myanmar

LM_nandar

Source-asiaone.

LEAVE A REPLY

Please enter your comment!
Please enter your name here