Home Celebrity ခရစ္စမတ်ဘိုးဘိုးကြီးအဖြစ်သရုပ်ဆောင်ပြီး ဆေးရုံက ကလေးတွေကို လက်ဆောင်ဝေပေးခဲ့တဲ့ သမ္မတဟောင်းဘားရက်အိုဘားမား


0
386




#Lifestyle_Myanmar

#Thar_Nage

လေဖြတ်နေတဲ့သူတွေကို စားပွဲထိုးအဖြစ် အလုပ်ခန့်ဖို့ နည်းလမ်းတစ်ခု ရှာတွေ့ခဲ့တဲ့ ဂျပန်ကော်ဖီဆိုင်

Unicode

ခရစ္စမတ်ဘိုးဘိုးကြီးအဖြစ်သရုပ်ဆောင်ပြီး ဆေးရုံက ကလေးတွေကို လက်ဆောင်ဝေပေးခဲ့တဲ့ သမ္မတဟောင်းဘားရက်အိုဘားမား
ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က နိုင်ငံတော် သမ္မတဟောင်း အိုဘားမာဟာ အနောက်မြောက်ဘက်ဝါရှင်တန် ဒီစီမှာ ရှိတဲ့ အမျိုးသားဆေးရုံက ကလေးလူနာတွေကို လက်ဆောင်ပစ္စည်းတွေနဲ့ Suprise လုပ်ခဲ့ပါတယ်။ အိုဘားမားဟာ အမေရိကန်ပြည်ထောင်စုရဲ့၄၄ယောက်မြောက် သမ္မတတစ်ဦးဖြစ်ပြီး နိုင်ငံတကာက လေးစားထိုက်တဲ့ ပုဂ္ဂိုလ်တစ်ဦးဆိုလည်း မမှားပါဘူး။ သူဟာ ဆေးရုံက ကလေးလူနာတွေကို လက်ဆောင်တွေပေးပြီးတဲ့အပြင် အားလုံးကိုရင်းရင်းနှီးနှီး နှုတ်ဆက်ပြီး အားပေးစကားလည်းပြောခဲ့ပါသေးတယ်။

အိုဘားမားဟာ ဆေးရုံအတွင်းကို ခရစ္စမတ်ဘိုးဘိုးကြီး စန်တာ ကလော့စ်အသွင်ဆောင်ကာ အနီရောင် လက်ဆောင်အိတ်ကြီးကို ထမ်းလာတဲ့အခါမှာတော့ ကလေးငယ်တွေအားလုံးဟာ ရုတ်တရတ်အံ့သြပြီး ငေးကြည့်နေကြပါတယ်။ ဟန်ဆောင်မှုကင်းမဲ့တဲ့အိုဘားမားဟာ ကလေးငယ်တွေနဲ့အတူတွဲပြီး ဓာတ်ပုံတွေရိုက်၊ လက်ဆောင်တွေပေးပြီး တရင်းတနှီးစကားပြောဆိုခဲ့ပါတယ်။ ဒါ့အပြင် ကလေးလူနာရှင်အမေတွေကိုလည်း အားပေးစကားပြောပြီး နှစ်သိပ့်ပေးခဲ့ပါတယ်။

လူမှုကွန်ယက်ပေါ်မှာတော့ အိုဘားမားရဲ့ လုပ်ရပ် အရမ်းကို ကြည်နူးစရာကောင်းပြီး အားလုံးက လေးစားချီးကျူးတဲ့ လုပ်ရပ်တစ်ခုအဖြစ် မှတ်ချက်ပေးခံစားရပါတယ်။

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here