ခပ်ပွပွ အဝတ်အစားတွေကို စတိုင်ကျအောင် ဘယ်လိုဝတ်ဆင်မလဲ
0
64
ကိုယ်လုံးပေါ် ကိုယ်ကျပ်အဝတ်အစားတွေကို ဝတ်ဆင်ရတာ ကြိုက်နှစ်သက်တဲ့ မိန်းကလေးတွေရှိသလို ချောင်ချောင်ချိချိနဲ့ သက်တောင့်သက်သာရှိတဲ့ ခပ်ပွပွ အဝတ်အစားတွေကို ကြိုက်နှစ်သက်တဲ့ မိန်းကလေးတွေ ရှိပါတယ်နော်။ တချို့ခန္ဓာကိုယ်အမျိုးအစားတွေက ဒီလိုခပ်ပွပွအဝတ်အစားတွေကို ဝတ်တဲ့အခါ ကြည့်မကောင်းပဲ ပိုသီဖက်သီပုံစံပေါက်သွားတတ်ပါတယ်။ ဒီလိုခပ်ပွပွ အဝတ်အစားတွေကို ဝတ်ဆင်တဲ့အခါ ဖက်ရှင်ကျပြီး နူးညံ့သိမ်မွေ့တဲ့အသွင် ဖြစ်စေဖို့ လက်တွေ့ကျတဲ့ အကြံပေးချက်တစ်ချို့ကို မျှဝေချင်ပါတယ်။
-Advertisement-
၁။ ရင်သားပင့်တင်ပေးတဲ့ gather bras မျိုးကို ရွေးဖို့ မကြိုးစားပါနဲ့
ခပ်ပွပွဂါဝန် သို့ အင်္ကျီပွပွတွေ ဝတ်တဲ့အခါ gather ဘရာမျိုးကို ဝတ်ဆင်ရင် သင့်အပေါ်ပိုင်းခန္ဓာကိုယ်က ဖောင်းပြီး fatty ပုံပေါက်နေမှာ သေချာပါတယ်။ ဆန့်ကျင်ဘက်အနေနဲ့ ရိုးရိုးဘရာကို ဝတ်ဆင်ပါ။
၂။ အနက်ရောင်ကို ရွေးချယ်တာ အကောင်းဆုံးဖြစ်ပါတယ်
ခပ်ပွပွအဝတ်အစားများကို ဝတ်တဲ့အခါ ဝတဲ့ပုံ ပေါက်စေပေမယ့် အနက်ရောင်ဝတ်စုံများက အားနည်းချက်တွေကို ကောင်းကောင်း ဖုံးသွားပေးနိုင်ပါတယ်။ all black စတိုင်က အရမ်းကို တည်ငြိမ်ပြီး တတ်ကြွမှုသိပ်မရှိတာကြောင့် အဖြူ၊ မီးခိုး ၊ ဝါဖျော့ဖျော အရောင်လေးတွေလို တခြားကာလာတွေနဲ့ လိုက်ဖက်အောင်တွဲနိုင်ပါတယ်။
၃။ skin အနည်းငယ်ပေါ်တာကို ဝတ်ပါ
ပြောင် ဒါမှမဟုတ် ပွင့်ရိုက်ခပ်ပွပွအဝတ်အစားတွေက အမြင်အာရုံမှာ တည်ငြိမ် အေးဆေးတဲ့ပုံပေါက်တာကြောင့် အသားအရေ အနည်းငယ် ဖော်ပြတာက သင့်ရဲ့ ပင်ကိုစရိုက်ကို မြှင့်တင်ဖို့ စိတ်ကူးကောင်းတစ်ခုဖြစ်ပါတယ်။ သင့်ရဲ့ သွယ်လျလျ ခြေထောက်နဲ့ လက်မောင်းလိုင်း အလှက ဒီရိုးရှင်းတဲ့ look အတွက် ဆွဲဆောင်မှုရှိပြီး အံအားသင့်စရာကောင်းမယ်ဆိုတာ ငြင်းလို့မရပါဘူးနော်။
၄။ ခါးမြင့်တာဝတ်ပါ
ခပ်ပွပွအဝတ်အစားတွေရဲ့ အဓိကသော့ချက်က ခါးလိုင်းပဲဖြစ်ပါတယ်။ ခါးမြင့် ဒီဇိုင်းများက သင့်ကို အရပ်ပိုရှည်ပြီး သွယ်လျတဲ့ပုံဖြစ်စေဖို့ ၊ သင့်ခြေထောက်လိုင်းကို ရှည်သွယ်စေဖို့ နဲ့ သင့်ခါးကို ပေါ်လွင်စေဖို့အတွက် ကောင်းကျိုးတွေ ရှိပါတယ်။ ခါးစည်းပါတဲ့ အဝတ်အစားလေးတွေကလည်း တူညီတဲ့ သက်ရောက်မှုကို ပေးပါတယ်။
၅။ classic ကာလာတွေလည်း လိုအပ်ပါတယ်
အရောင်တွေဟာ အလိုလိုသိတဲ့ ခံစားမှုမျိုးကို အများဆုံးယူလာနိုင်တာကြောင့် အရောင်က ဝတ်စုံ တစ်ထပ်တည်းကျမှုမှာ အရေးအပါဆုံး အခြေခံသဘောတရား တွေဖြစ်ပါတယ်။ ဒါ့ကြောင့် လိုက်ဖက်တဲ့ classic ကာလာလေးတွေနှင့်ပတ်သတ်ပြီး တချို့ ကျွမ်းကျင်မှုတွေ သိထားဖို့ အရေးကြီးပါတယ်။ ဥပမာ- ထုံးခြောက်ရောင်နှင့် ဂျင်းပြာ၊ ကာကီရောင်ဖျော့ဖျော့နှင့် အဖြူ၊ စစ်စိမ်းရောင်နှင့် အဝါနုရောင်၊ အနက်နှင့် အဖြူရောင် စတဲ့ ဒီပေါင်းစပ်မှုများက လူတိုင်းအတွက် လိုက်ဖက်ပြီး စတိုင် ချွတ်ယွင်းချက်မရှိပါဘူး။
၆။ သင့်အသားရောင်ပေါ် အခြေခံပြီး သင့်လျော်တဲ့ စတိုင်ကို ရွေးချယ်ပါ
အသားရောင်က အဝတ်အစားတွေ တစ်ထပ်တည်းကျမှုမှာ အရေးပါတဲ့ အခြေခံသဘောတရားလည်း ဖြစ်ပါတယ်။ သင့်အသားရောင်ပေါ်မှာ ဘယ်လိုစတိုင်ကို ရွေးချယ်ရမလဲဆိုတာ သိရင် အမှားတွေအများကြီးကို ရှောင်နိုင်ပါလိမ့်မယ်။ ဥပမာ- အသားဖြူတဲ့ မိန်းကလေးက ဘယ်အဝတ်အစားအရောင်မဆို ဝတ်ဆင်နိုင်ပေမယ့် အသားဝါတဲ့သူ၊ အသားမည်းတဲ့သူတွေဟာ ပန်းရောင်၊ ပန်းခရမ်းရောင် သို့ powder-blue (အပြာရောင်နုနု) ဝတ်စုံတွေက ပိုပြီးယောကျာ်းဆန်စေတာကြောင့် မရွေးချယ်သင့်ပါဘူး။
၇။ ပျော့ပျောင်းတဲ့ အဝတ်အစားများကို ရွေးချယ်ပါ
အသားပျော့တဲ့ ခပ်ပွပွ အဝတ်အစားများက တခြားအသားကြမ်းတဲ့ အထည်တွေနှင့်စာရင် အသက်ရှုချောင်ပြီး သက်တောင့်သက်သာ ပိုရှိစေပါတယ်။
၈။ ကွင်းထိုးဖိနပ်လေးတွေ ၊ဖိနပ်အပါးလေးတွေနဲ့ လိုက်ဖက်ပါတယ်
ရိုးရှင်းတာက အကောင်းဆုံးဖြစ်တာကြောင့် ဖိနပ်ရွေးတဲ့အခါ ရိုးရိုးရှင်းရှင်းလေးတွေ ရွေးချယ်ပါ။ ခပ်ပွပွအဝတ်အစားများက သက်တောင့်သက်သာနဲ့ ပေါ့ပေါ့ပါးပါး ရှိတာကြောင့် အားကစားဖိနပ်တွေ၊ ကွင်းထိုးလေးတွေ ၊ဖိနပ်အပါးလေးတွေနှင့် တွဲဖက်ခြင်းက သင့်ကို သက်တောင့်သက်သာခံစားမှု ပိုပေးနိုင်ပါတယ်။
Lifestyle_Myanmar
LM_Nandar
ZawGyi
၎။ ခါးမြင့်တာဝတ်ပါ
Lifestyle_Myanmar
LM_Nandar
LEAVE A REPLY
Please enter your comment!
Please enter your name here