ခန္ဓာကိုယ် အမျိုးအစားပေါ် မူတည်ပြီး ကိုယ်နဲ့ လိုက်ဖက်တဲ့ အိတ်ကို ဘယ်လိုရွေးချယ်မလဲ?

0
7335

အိတ်တွေဟာ အမျိုးသမီးတစ်ယောက်အတွက် ဖက်ရှင်လည်းကျစေပြီး မရှိမဖြစ် အရေးပါတဲ့ Accessories ပစ္စည်းတစ်ခုလည်း ဖြစ်ပါတယ်နော်။ ဒါပေမယ့် လူတစ်ယောက်နဲ့ တစ်ယောက်က ခန္ဓာကိုယ်ဖွဲ့စည်းတည်ဆောက်ပုံချင်း မတူကြတာကြောင့် သူများနဲ့ကြည့်ကောင်းနေတဲ့ အိတ်က ကိုယ်နဲ့ လိုက်ဖက်ချင်မှ လိုက်ဖက်တာပါ။ ဒါ့ကြောင့် ပျိုမေရဲ့ ကိုယ်ခန္ဓာအမျိုးအစားပေါ်မူတည်ပြီး ဘယ်လိုအိတ်လေးတွေကို ရွေးချယ်ရမလဲဆိုတာ မျှဝေပေးချင်ပါတယ်။ ပထမဆုံး ပျိုမေတို့ရဲ့ ခန္ဓာကိုယ်အမျိုးအစားနှင့်ပတ်သတ်ပြီး လေ့လာဖို့ လိုအပ်ပါတယ်။

-Advertisement-

တင်ပါးထက် ပခုံးတွေက ပိုကျယ်လျှင် တြိဂံပြောင်းပြန်ပုံသဏ္ဍာန် ဖြစ်ပါတယ်။
ခါးနှင့် ပခုံးတွေဟာ တင်ပါးထက် ပိုကျဉ်းတယ်ဆိုရင် ပျိုမေတို့ရဲ့ ခန္ဓာကိုယ်ဟာ သစ်တော်သီးပုံ ဖြစ်ပါတယ်။
ပျိုမေတို့ရဲ့ ခါး၊ တင်ပါးနှင့် ပခုံးအကျယ် အရွယ်အစားတူပါက ထောင့်မှန်စတုဂံပုံ အမျိုးအစား ဖြစ်ပါတယ်။

ပျိုမေတို့ရဲ့ ခါးက ပခုံးနှင့် တင်ပါးထက် ပိုကြီးပါက ပန်းသီးပုံသဏ္ဍာန် ဖြစ်ပါတယ်။
ခါးသွယ်သွယ်လေးရှိပြီး ပခုံးနှင့် တင်ပါးအကျယ်က တူညီတယ်ဆိုရင် ခန္ဓာကိုယ်အချိုးအစားမျှတတဲ့ သဲနာရီပုံစံ ဖြစ်ပါတယ်။

ပျိုမေတို့ရဲ့ ခန္ဓာကိုယ်ပုံစံကို ဒီနည်းလမ်းဖြင့် ဆုံးဖြတ်နိုင်ပါတယ်။ ဖက်ရှင်ကျွမ်းကျင်သူများက လက်ကိုင်အိတ်တစ်ခုကို ရွေးချယ်တဲ့အခါ ပျိုမေတို့ ခန္ဓာကိုယ်ရဲ့ ဆန့်ကျင်ဘက်ပုံစံ ဖြစ်သင့်တယ်လို့ ဆိုပါတယ်။

၁။ တြိဂံပြောင်းပြန်ပုံသဏ္ဍာန် ရှိတယ်ဆိုလျှင်

အောက်ပိုင်းသေးတဲ့ ပုံသဏ္ဍာန် ဖြစ်တာကြောင့် ခန္ဓာကိုယ်အချိုးအစားကို balance ဖြစ်စေဖို့ ခါးပတ်လည် ဧရိယာကို အာရုံစိုက်ပါ။ သင့်အတွက် စဉ်းစားရမယ့်အချက်က ကြိုးအရှည်နှင့်အကျယ်ဖြစ်ပါတယ်။ ကြိုးအပြားကြီးနှင့် အိုဗာဆိုဒ် ပခုံးလွယ်အိတ်တွေ (သို့) အရမ်းသေးလွန်းတဲ့ အိတ်တွေ မရွေးချယ်ပါနဲ့။ စလွယ်သိုင်းအိတ်တွေ၊ ခါးပတ်အိတ်တွေ၊ ကြိုးရှည်ရှည်နဲ့ လက်ဆွဲအိတ်တွေ၊ လက်ပွေ့အိတ်လေးတွေကို ရွေးချယ်ကြည့်နိုင်ပါတယ်။

၂။ ထောင့်မှန်စတုဂံ ပုံသဏ္ဍာန်ရှိပါက

လေးထောင့်ဆန်တဲ့ ပျိုမေတို့ရဲ့ ပုံပန်းသဏ္ဍာန်ကို ကောက်ကြောင်းလေးတွေထည့်ဖို့ လိုအပ်ပါတယ်။ ဒါ့ကြောင့် ဒီဇိုင်းနှင့် လက်ကိုင်အိတ်ရဲ့ materialက သင့်အတွက် အရေးကြီးပါတယ်။ ကြိုးရှည်ရှည်နဲ့ စလင်းဘတ်သေးသေးလေးတွေ ရွေးချယ်မယ့်အစား hobo အိတ်လေးတွေ၊ ပစ္စည်းများများဆံ့တဲ့ tote bag အိတ်လေးတွေ၊ ကြိုးအရှည်နဲ့ လွယ်လို့လည်းရတဲ့ အိုဗာဆိုဒ် satchel လက်ဆွဲအိတ်လေးတွေ နှင့် ပျော့ပျောင်းတဲ့ သားရေအိတ်တွေကို ရွေးချယ်ပါ။

၃။ သစ်တော်သီး ပုံသဏ္ဍာန်ရှိပါက

ခါးအောက်ပိုင်းကို ပိုထွားတဲ့ပုံ မဖြစ်ချင်ရင် ပျိုမေတို့ရဲ့ ပခုံးနှင့် ရင်ဘက်တစ်ဝိုက်ကို focus ထားပါ။ အိတ်ရဲ့ ကြိုးအရှည်ကို သတိပြုဖို့ လိုအပ်ပါတယ်။ သင့်လက်ကိုင်အိတ်ဟာ သင့်ခါးလိုင်းအောက် ကျမနေသင့်ပါဘူး။ ပခုံးလွယ်တဲ့ အိတ်တွေ၊ bucket အိတ်တွေကို ရွေးချယ်ပါ။ ခါးပတ်အိတ်ကို နှစ်သက်ပါက စလွယ်သိုင်းအိတ်မျိုးကို အသုံးပြုနိုင်ပါတယ်။

၄။ ပန်းသီး ပုံသဏ္ဍာန်ရှိပါက

ပျိုမေတို့ရဲ့ ခန္ဓာကိုယ်ရဲ့ ကောက်ကြောင်းကို ဟန်ချက်ညီစေဖို့ ထင်ယောင်ထင်မှား ပုံသဏ္ဍာန်ကို ဖန်တီးဖို့ လိုအပ်ပါတယ်။ ရွေးချယ်တဲ့ လက်ကိုင်အိတ်ရဲ့ အရွယ်အစားနှင့် ဒီဇိုင်းက လုံးဝကွဲပြားရပါမယ်။ ကြိုးတိုတိုနဲ့ အိတ်တွေ၊ အိတ်သေးသေးလေးတွေကိုရှောင်ပါ။
အဲ့ဒီအစား လယ်သာအမာနဲ့ tote bagလေးတွေ၊ top handle လက်ကိုင်အိတ်လေးတွေက ပျိုမေတို့အတွက် သင့်တော်ပါတယ်။

၅။ သဲနာရီ ပုံသဏ္ဍာန်ဆိုရင်

ဒီခန္ဓာကိုယ် အချိုးအစားရှိတဲ့သူဟာ ကံကောင်းတဲ့သူပါ။ ခန္ဓာကိုယ်နှင့် လက်ကိုင်အိတ် ရွေးချယ်မှုအကြားမှာ အတားအဆီးတစ်ခုမရှိစေဖို့ သင့်ရဲ့ ဟန်ချက်ညီတဲ့ ပုံပန်းသဏ္ဍာန်ကို မဖုံးကွယ်ထားတဲ့ အိတ်လေးတွေကို ရွေးချယ်သင့်ပါတယ်။

Lifestyle_Myanmar

LM_Nandar

Source-brightside

Zawgyi

ခႏၶာကိုယ္ အမ်ိဳးအစားေပၚ မူတည္ၿပီး ကိုယ္နဲ႔ လိုက္ဖက္တဲ့ အိတ္ကို ဘယ္လိုေ႐ြးခ်ယ္မလဲ?
အိတ္ေတြဟာ အမ်ိဳးသမီးတစ္ေယာက္အတြက္ ဖက္ရွင္လည္းက်ေစၿပီး မရွိမျဖစ္ အေရးပါတဲ့ Accessories ပစၥည္းတစ္ခုလည္း ျဖစ္ပါတယ္ေနာ္။ ဒါေပမယ့္ လူတစ္ေယာက္နဲ႔ တစ္ေယာက္က ခႏၶာကိုယ္ဖြဲ႕စည္းတည္ေဆာက္ပုံခ်င္း မတူၾကတာေၾကာင့္ သူမ်ားနဲ႔ၾကည့္ေကာင္းေနတဲ့ အိတ္က ကိုယ္နဲ႔ လိုက္ဖက္ခ်င္မွ လိုက္ဖက္တာပါ။ ဒါ့ေၾကာင့္ ပ်ိဳေမရဲ႕ ကိုယ္ခႏၶာအမ်ိဳးအစားေပၚမူတည္ၿပီး ဘယ္လိုအိတ္ေလးေတြကို ေ႐ြးခ်ယ္ရမလဲဆိုတာ မွ်ေဝေပးခ်င္ပါတယ္။ ပထမဆုံး ပ်ိဳေမတို႔ရဲ႕ ခႏၶာကိုယ္အမ်ိဳးအစားႏွင့္ပတ္သတ္ၿပီး ေလ့လာဖို႔ လိုအပ္ပါတယ္။

တင္ပါးထက္ ပခုံးေတြက ပိုက်ယ္လွ်င္ ႀတိဂံေျပာင္းျပန္ပုံသ႑ာန္ ျဖစ္ပါတယ္။
ခါးႏွင့္ ပခုံးေတြဟာ တင္ပါးထက္ ပိုက်ဥ္းတယ္ဆိုရင္ ပ်ိဳေမတို႔ရဲ႕ ခႏၶာကိုယ္ဟာ သစ္ေတာ္သီးပုံ ျဖစ္ပါတယ္။
ပ်ိဳေမတို႔ရဲ႕ ခါး၊ တင္ပါးႏွင့္ ပခုံးအက်ယ္ အ႐ြယ္အစားတူပါက ေထာင့္မွန္စတုဂံပုံ အမ်ိဳးအစား ျဖစ္ပါတယ္။
ပ်ိဳေမတို႔ရဲ႕ ခါးက ပခုံးႏွင့္ တင္ပါးထက္ ပိုႀကီးပါက ပန္းသီးပုံသ႑ာန္ ျဖစ္ပါတယ္။
ခါးသြယ္သြယ္ေလးရွိၿပီး ပခုံးႏွင့္ တင္ပါးအက်ယ္က တူညီတယ္ဆိုရင္ ခႏၶာကိုယ္အခ်ိဳးအစားမွ်တတဲ့ သဲနာရီပုံစံ ျဖစ္ပါတယ္။ ပ်ိဳေမတို႔ရဲ႕ ခႏၶာကိုယ္ပုံစံကို ဒီနည္းလမ္းျဖင့္ ဆုံးျဖတ္ႏိုင္ပါတယ္။ ဖက္ရွင္ကြၽမ္းက်င္သူမ်ားက လက္ကိုင္အိတ္တစ္ခုကို ေ႐ြးခ်ယ္တဲ့အခါ ပ်ိဳေမတို႔ ခႏၶာကိုယ္ရဲ႕ ဆန္႔က်င္ဘက္ပုံစံ ျဖစ္သင့္တယ္လို႔ ဆိုပါတယ္။

၁။ ႀတိဂံေျပာင္းျပန္ပုံသ႑ာန္ ရွိတယ္ဆိုလွ်င္

ေအာက္ပိုင္းေသးတဲ့ ပုံသ႑ာန္ ျဖစ္တာေၾကာင့္ ခႏၶာကိုယ္အခ်ိဳးအစားကို balance ျဖစ္ေစဖို႔ ခါးပတ္လည္ ဧရိယာကို အာ႐ုံစိုက္ပါ။ သင့္အတြက္ စဥ္းစားရမယ့္အခ်က္က ႀကိဳးအရွည္ႏွင့္အက်ယ္ျဖစ္ပါတယ္။ ႀကိဳးအျပားႀကီးႏွင့္ အိုဗာဆိုဒ္ ပခုံးလြယ္အိတ္ေတြ (သို႔) အရမ္းေသးလြန္းတဲ့ အိတ္ေတြ မေ႐ြးခ်ယ္ပါနဲ႔။ စလြယ္သိုင္းအိတ္ေတြ၊ ခါးပတ္အိတ္ေတြ၊ ႀကိဳးရွည္ရွည္နဲ႔ လက္ဆြဲအိတ္ေတြ၊ လက္ေပြ႕အိတ္ေလးေတြကို ေ႐ြးခ်ယ္ၾကည့္ႏိုင္ပါတယ္။

၂။ ေထာင့္မွန္စတုဂံ ပုံသ႑ာန္ရွိပါက

ေလးေထာင့္ဆန္တဲ့ ပ်ိဳေမတို႔ရဲ႕ ပုံပန္းသ႑ာန္ကို ေကာက္ေၾကာင္းေလးေတြထည့္ဖို႔ လိုအပ္ပါတယ္။ ဒါ့ေၾကာင့္ ဒီဇိုင္းႏွင့္ လက္ကိုင္အိတ္ရဲ႕ materialက သင့္အတြက္ အေရးႀကီးပါတယ္။ ႀကိဳးရွည္ရွည္နဲ႔ စလင္းဘတ္ေသးေသးေလးေတြ ေ႐ြးခ်ယ္မယ့္အစား hobo အိတ္ေလးေတြ၊ ပစၥည္းမ်ားမ်ားဆံ့တဲ့ tote bag အိတ္ေလးေတြ၊ ႀကိဳးအရွည္နဲ႔ လြယ္လို႔လည္းရတဲ့ အိုဗာဆိုဒ္ satchel လက္ဆြဲအိတ္ေလးေတြ ႏွင့္ ေပ်ာ့ေပ်ာင္းတဲ့ သားေရအိတ္ေတြကို ေ႐ြးခ်ယ္ပါ။

၃။ သစ္ေတာ္သီး ပုံသ႑ာန္ရွိပါက

ခါးေအာက္ပိုင္းကို ပိုထြားတဲ့ပုံ မျဖစ္ခ်င္ရင္ ပ်ိဳေမတို႔ရဲ႕ ပခုံးႏွင့္ ရင္ဘက္တစ္ဝိုက္ကို focus ထားပါ။ အိတ္ရဲ႕ ႀကိဳးအရွည္ကို သတိျပဳဖို႔ လိုအပ္ပါတယ္။ သင့္လက္ကိုင္အိတ္ဟာ သင့္ခါးလိုင္းေအာက္ က်မေနသင့္ပါဘူး။ ပခုံးလြယ္တဲ့ အိတ္ေတြ၊ bucket အိတ္ေတြကို ေ႐ြးခ်ယ္ပါ။ ခါးပတ္အိတ္ကို ႏွစ္သက္ပါက စလြယ္သိုင္းအိတ္မ်ိဳးကို အသုံးျပဳႏိုင္ပါတယ္။

၄။ ပန္းသီး ပုံသ႑ာန္ရွိပါက

ပ်ိဳေမတို႔ရဲ႕ ခႏၶာကိုယ္ရဲ႕ ေကာက္ေၾကာင္းကို ဟန္ခ်က္ညီေစဖို႔ ထင္ေယာင္ထင္မွား ပုံသ႑ာန္ကို ဖန္တီးဖို႔ လိုအပ္ပါတယ္။ ေ႐ြးခ်ယ္တဲ့ လက္ကိုင္အိတ္ရဲ႕ အ႐ြယ္အစားႏွင့္ ဒီဇိုင္းက လုံးဝကြဲျပားရပါမယ္။ ႀကိဳးတိုတိုနဲ႔ အိတ္ေတြ၊ အိတ္ေသးေသးေလးေတြကိုေရွာင္ပါ။
အဲ့ဒီအစား လယ္သာအမာနဲ႔ tote bagေလးေတြ၊ top handle လက္ကိုင္အိတ္ေလးေတြက ပ်ိဳေမတို႔အတြက္ သင့္ေတာ္ပါတယ္။

၅။ သဲနာရီ ပုံသ႑ာန္ဆိုရင္

ဒီခႏၶာကိုယ္ အခ်ိဳးအစားရွိတဲ့သူဟာ ကံေကာင္းတဲ့သူပါ။ ခႏၶာကိုယ္ႏွင့္ လက္ကိုင္အိတ္ ေ႐ြးခ်ယ္မႈအၾကားမွာ အတားအဆီးတစ္ခုမရွိေစဖို႔ သင့္ရဲ႕ ဟန္ခ်က္ညီတဲ့ ပုံပန္းသ႑ာန္ကို မဖုံးကြယ္ထားတဲ့ အိတ္ေလးေတြကို ေ႐ြးခ်ယ္သင့္ပါတယ္။

Lifestyle_Myanmar

LM_Nandar

Source-brightside

LEAVE A REPLY

Please enter your comment!
Please enter your name here