သင်ဟာ ခန္ဓာကိုယ် သေးသေးသွယ်သွယ် ရှိတဲ့ မိန်းကလေးဆိုရင် အားလပ်ရက်အတွက် အဝတ်အစားရွေးရတာက ဘယ်လောက်လွယ်မှန်း၊ ရုံးအတွက် လိုက်ဖက်မယ့် အဝတ်အစားရွေးရတာ ဘယ်လောက်ရုန်းကန်ရမှန်း သိပါလိမ့်မယ်။ မီနီစကတ်လေးတွေ၊ အတိုလေးတွေနဲ့ crop tops လေးတွေက ကျွန်မတို့ကို ကြည့်ကောင်းစေပေမယ့်လည်း သူတို့က office settings အများစုနဲ့ မသင့်တော်ပါဘူး။ သို့သော် structured blazers နဲ့ pencil skirts တွေလို ရုံးတတ်အဝတ်အစားတွေက အရပ်ပုတဲ့ လေဒီလေးတွေအတွက် မယုံနိုင်လောက်အောင် မလိုက်ဖက်တာ ဖြစ်စေနိုင်ပါတယ်။
၁။ One-tone outfit
အပေါ်နဲ့အောက်ကို အရောင်ကွဲတွေနဲ့ colour blocking လုပ်မယ်ဆိုရင် shortening effect ရှိသော သင့်ခန္ဓာကိုယ်ကို အမြင်မှာ ဖြတ်တောက်လိုက်ပါတယ်။ သီးခြားစီ ဝတ်ဆင်မယ်ဆိုရင် အရောင်တူပေမယ့် shades နည်းနည်းကွဲတာမျိုးကို ဝတ်ပါ။ ဥပမာ- အဝါရောင်ကို ဝတ်မယ်ဆိုရင် အပေါ်က အဝါနုနဲ့ အောက်က အဝါရင့်ကိုတွဲပြီး ဝတ်တာမျိုးဖြစ်ပါတယ်။

၂။ ခါးပတ် jumpsuit
one-tone outfit ကိုရရှိဖို့ အလွယ်ဆုံးနည်းတစ်ခုက solid-coloured jumpsuit ကို ဝတ်ဆင်ခြင်းဖြစ်ပါတယ်။ မလိုက်ဖက်တဲ့ ပွယောင်းယောင်း Look မျိုးကိုရှောင်ကြဉ်ဖို့ ခါးချည်ကြိုးပါတဲ့ jumpsuit မျိုး(သို့) ခါးပတ်ပါတာမျိုးကို ဝတ်ဆင်ပါ။

၃။ Crop top + ခါးမြင့်ဘောင်းဘီ
one-tone outfit မျိုးက အရပ်ရှည်လာစေမယ့် လှည့်ကွက်တစ်ခု ဖြစ်သော်လည်း အရောင်ကွဲတွေနဲ့ mix လုပ်နိုင်ပါသေးတယ်။ သင့်ကို ရှိရင်းစွဲထက် အရပ်ပိုရှည်တဲ့ အသွင် ဖြစ်စေနိုင်ပါတယ်။ ဗီလည်ပင်းပုံ crop top ၊ ခါးမြင့်ဘောင်းဘီတွေနဲ့ ဒေါက်ဖိနပ်တွေက သေးသွယ်တဲ့ လေဒီလေးတွေအတွက် လိုက်ဖက်တဲ့ look တစ်ခုဖြစ်ပါတယ်။ ခါးမြင့်ဘောင်းဘီတွေက ခြေထောက်တွေကို ရှည်သွယ်ပြီး အရပ်မြင့်တဲ့ပုံ ဖန်တီးပေးပါတယ်။

၄။ ခါးမြင့်စကတ်နဲ့ Fitted top
တူညီတဲ့သက်ရောက်မှုက ခါးမြင့်စကတ်တွေ အတွက်လည်း အလုပ်ဖြစ်ပါတယ်။ အပွင့်အဆင်လေးတွေ ဝတ်မယ်ဆိုရင် အဆင်နုတ်နုတ်လေးတွေ ဝတ်ပါ။

၅။ Petite-fit blazer နဲ့ ဝမ်းဆက်
ဘလေဇာကုတ်ဝတ်မယ်ဆိုရင် fit ဖြစ်နေရပါမယ်၊ ဒီလိုမှမဟုတ်ရင် သင့်ကို မသပ်မရပ်နဲ့ အရပ်ပုတဲ့ ပုံပေါက်သွားစေနိုင််ပါတယ်။ ဘလေဇာကုတ်က သင့်ပုခုံး၊ လက်မောင်းတွေနဲ့ ကောင်းစွာ ကွက်တိ ဖြစ်နေသင့်ပါတယ်။

၆။ ဒေါင်လိုက်အစင်းများ
အလျားလိုက်အစင်းတွေက ကျယ်ပြန့်တဲ့ အကျိုးသက်ရောက်မှုရှိသလို ဒေါင်လိုက်အစင်းတွေကလည်း ရှည်လျားတဲ့ သက်ရောက်မှုရှိပါတယ်။ အလျားလိုက်အစင်းတွေပါတဲ့ အဝတ်အစားအပြင် အလားတူသက်ရောက်မှုအတွက် maxi pleated skirt တစ်ထည်ကို ရွေးချယ်နိုင်ပါတယ်။

Lifestyle_Myanmar
LM_Nandar
Source-girlstyle/pinterest