ခန္ဓာကိုယ်သင်းနံ့ကို ကောင်းမွန်စေဖို့အတွက် အထောက်အကူဖြစ်စေမယ့် သဘာဝအစားအစာများ

0
28

သင့်ခန္ဓာကိုယ်သင်းနံ့က မရည်ရွယ်ဘဲနဲ့ သိပ်မကောင်းဘူးဖြစ်နေပါသလား။ အခုလို ရှက်စရာကောင်းတဲ့ ပြဿနာကို လူအများစုက ကြုံတွေ့နေရပြီး ခန္ဓာကိုယ်တွင်းဟော်မုန်းအပြောင်းအလဲကြောင့်၊ ချွေးထွက်လွန်ခြင်းကြောင့်၊ တစ်ကိုယ်ရည်သန့်ရှင်းမှုအားနည်းခြင်းကြောင့် စတဲ့ အကြောင်းအရင်းတွေကနေတဆင့် ဖြစ်လာရတာပါ။ ကိုယ်သင်းနံ့က သိပ်ပြီးမကောင်းဘူးဆိုရင် လူကြားထဲသွားဖို့အတွက် ယုံကြည်ချက်လျော့နည်းစေလို့ တစ်ချို့က ချိုင်းလိမ်းတောင့်တွေ၊ ရေမွှေးတွေကို အသုံးပြုကြပေမယ့်လည်း ခဏတာပဲတားဆီးနိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် ဒီလိုစိတ်ညစ်စရာပြဿနာကို အရင်းကနေပြီး ဖယ်ရှားနိုင်ဖို့အတွက် မှီခိုအားပြုနိုင်မယ့် သဘာဝအစားအစာများကို ဖော်ပြပေးချင်ပါတယ်။

၁။ လီမွန်

လီမွန်ရဲ့ သင်းပျံ့ပြီးလန်းဆန်းတဲ့ မွှေးရနံ့ကြောင့် ကိုယ်သင်းနံ့အတွက် များစွာအထောက်အကူဖြစ်စေပါတယ်။ Antibacterial အစွမ်းရှိတဲ့အတွက်ကြောင့် ကိုယ်သင်းနံ့မကောင်းခြင်းကို ဖယ်ရှားနိုင်ကာ ဘက်တီးရီးယားတွေကြောင့် ခံတွင်းနံ့ဆိုးခြင်းကိုလည်း ထိန်းချုပ်နိုင်မှာဖြစ်ပါတယ်။

ချိုင်းကြားနဲ့ ခြေထောက်က အနံ့ဆိုးတွေကို ဖယ်ရှားရန်အတွက် လီမွန်တစ်ခြမ်းကို ပွတ်ပေးနိုင်ပါတယ်။

၂။ ခရမ်းချဥ်သီး

ခရမ်းချဥ်သီးဖျော်ရည်ကို နေ့စဥ်နေ့တိုင်း သောက်သုံးပေးခြင်း သို့မဟုတ် အသုပ်တွေထဲမှာထည့်စားခြင်းက ခန္ဓာကိုယ်အပူချိန်ကို လျော့ကျစေလို့ ချွေးထွက်ခြင်းကို သက်သာစေပါတယ်။

၃။ Green Tea

Antioxidant ကြွယ်ဝတဲ့ Green Tea က အာပုပ်နံ့၊ ချွေးနံ့နဲ့ ခြေထောက်နံ့တို့ကို ကာကွယ်ရန်အတွက် ကူညီပေးပါတယ်။ ခန္ဓာကိုယ်တွင်းက အဆိပ်အတောက်တွေကို ဖယ်ရှားပေးတဲ့အတွက် ကိုယ်သင်းနံ့လည်း ကောင်းလာစေမှာဖြစ်ပါတယ်။

Green Tea အရွက် လက်ဖက်ရည်ဇွန်း ၂ ဇွန်းကို ခွက်တစ်လုံးထဲထည့်ကာ ရေနွေးပူပူလောင်းထည့်ပါ။ ၃ မိနစ်လောက်အဖုံးအုပ်နှပ်ကာ အဖတ်တွေဆယ်ထုတ်ပြီး ပျားရည်ထည့်ကာ သောက်သုံးနိုင်ပါတယ်။

၄။ နံနံပင်

နံနံပင်မှာ Chlorophyll လို့ခေါ်တဲ့ သတ္တိတစ်မျိုးပါဝင်တာကြောင့် သွေးကို သန့်စင်ပေးမှာဖြစ်ပါတယ်။ နုပ်နုပ်စဥ်းထားတဲ့ နံနံပင် လက်ဖက်ရည်ဇွန်း ၁ ဇွန်းကို ရေနွေးပူနဲ့ရောကာ ၅ မိနစ်ထားပါ။ မသောက်ခင် အနည်းငယ်အအေးခံပြီး သောက်သုံးနိုင်ပါတယ်။

၅။ သစ်ကြံပိုးခေါက်

ခံတွင်းကိုလန်းဆန်းစေတဲ့ သစ်ကြံပိုးခေါက်က ပါးစပ်အတွင်းရှိ ဘက်တီးရီးယားပမာဏကို လျော့ချနိုင်တာကြောင့် နောက်ထပ်အမျိုးအမယ်တစ်ခုအနေနဲ့လည်း အသုံးပြုနိုင်မှာြဖစ်ပါတယ်။

ခံတွင်းနံ့ဆိုးတွေမဖြစ်အောင် ကြက်သွန်ဖြူ၊ ကြက်သွန်နီတို့ကို ရှောင်ပါ။ နေ့စဥ်နေ့တိုင်း ရေလုံလုံလောက်လောက်သောက်ပေးခြင်းဖြင့်လည်း ကိုယ်တွင်းမှာအဆိပ်အတောက်တွေစုဝေးမလာအောင် ကာကွယ်လိုက်ပါ

Lifestyle_Myanmar

Thinzar

Source-top10homeremedies.

Zawgyi

ခႏၶာကိုယ္သင္းနံ႔ကို ေကာင္းမြန္ေစဖို႔အတြက္ အေထာက္အကူျဖစ္ေစမယ့္ သဘာဝအစားအစာမ်ား

သင့္ခႏၶာကိုယ္သင္းနံ႔က မရည္႐ြယ္ဘဲနဲ႔ သိပ္မေကာင္းဘူးျဖစ္ေနပါသလား။ အခုလို ရွက္စရာေကာင္းတဲ့ ျပႆနာကို လူအမ်ားစုက ႀကဳံေတြ႕ေနရၿပီး ခႏၶာကိုယ္တြင္းေဟာ္မုန္းအေျပာင္းအလဲေၾကာင့္၊ ေခြၽးထြက္လြန္ျခင္းေၾကာင့္၊ တစ္ကိုယ္ရည္သန႔္ရွင္းမႈအားနည္းျခင္းေၾကာင့္ စတဲ့ အေၾကာင္းအရင္းေတြကေနတဆင့္ ျဖစ္လာရတာပါ။ ကိုယ္သင္းနံ႔က သိပ္ၿပီးမေကာင္းဘူးဆိုရင္ လူၾကားထဲသြားဖို႔အတြက္ ယုံၾကည္ခ်က္ေလ်ာ့နည္းေစလို႔ တစ္ခ်ိဳ႕က ခ်ိဳင္းလိမ္းေတာင့္ေတြ၊ ေရေမႊးေတြကို အသုံးျပဳၾကေပမယ့္လည္း ခဏတာပဲတားဆီးႏိုင္မွာျဖစ္ပါတယ္။ ဒါေၾကာင့္ ဒီလိုစိတ္ညစ္စရာျပႆနာကို အရင္းကေနၿပီး ဖယ္ရွားႏိုင္ဖို႔အတြက္ မွီခိုအားျပဳႏိုင္မယ့္ သဘာဝအစားအစာမ်ားကို ေဖာ္ျပေပးခ်င္ပါတယ္။

၁။ လီမြန္

လီမြန္ရဲ႕ သင္းပ်ံ႕ၿပီးလန္းဆန္းတဲ့ ေမႊးရနံ႔ေၾကာင့္ ကိုယ္သင္းနံ႔အတြက္ မ်ားစြာအေထာက္အကူျဖစ္ေစပါတယ္။ Antibacterial အစြမ္းရွိတဲ့အတြက္ေၾကာင့္ ကိုယ္သင္းနံ႔မေကာင္းျခင္းကို ဖယ္ရွားႏိုင္ကာ ဘက္တီးရီးယားေတြေၾကာင့္ ခံတြင္းနံ႔ဆိုးျခင္းကိုလည္း ထိန္းခ်ဳပ္ႏိုင္မွာျဖစ္ပါတယ္။

ခ်ိဳင္းၾကားနဲ႔ ေျခေထာက္က အနံ႔ဆိုးေတြကို ဖယ္ရွားရန္အတြက္ လီမြန္တစ္ျခမ္းကို ပြတ္ေပးႏိုင္ပါတယ္။

၂။ ခရမ္းခ်ဥ္သီး

ခရမ္းခ်ဥ္သီးေဖ်ာ္ရည္ကို ေန႔စဥ္ေန႔တိုင္း ေသာက္သုံးေပးျခင္း သို႔မဟုတ္ အသုပ္ေတြထဲမွာထည့္စားျခင္းက ခႏၶာကိုယ္အပူခ်ိန္ကို ေလ်ာ့က်ေစလို႔ ေခြၽးထြက္ျခင္းကို သက္သာေစပါတယ္။

၃။ Green Tea

Antioxidant ႂကြယ္ဝတဲ့ Green Tea က အာပုပ္နံ႔၊ ေခြၽးနံ႔နဲ႔ ေျခေထာက္နံ႔တို႔ကို ကာကြယ္ရန္အတြက္ ကူညီေပးပါတယ္။ ခႏၶာကိုယ္တြင္းက အဆိပ္အေတာက္ေတြကို ဖယ္ရွားေပးတဲ့အတြက္ ကိုယ္သင္းနံ႔လည္း ေကာင္းလာေစမွာျဖစ္ပါတယ္။

Green Tea အ႐ြက္ လက္ဖက္ရည္ဇြန္း ၂ ဇြန္းကို ခြက္တစ္လုံးထဲထည့္ကာ ေရေႏြးပူပူေလာင္းထည့္ပါ။ ၃ မိနစ္ေလာက္အဖုံးအုပ္ႏွပ္ကာ အဖတ္ေတြဆယ္ထုတ္ၿပီး ပ်ားရည္ထည့္ကာ ေသာက္သုံးႏိုင္ပါတယ္။

၄။ နံနံပင္

နံနံပင္မွာ Chlorophyll လို႔ေခၚတဲ့ သတၱိတစ္မ်ိဳးပါဝင္တာေၾကာင့္ ေသြးကို သန႔္စင္ေပးမွာျဖစ္ပါတယ္။ ႏုပ္ႏုပ္စဥ္းထားတဲ့ နံနံပင္ လက္ဖက္ရည္ဇြန္း ၁ ဇြန္းကို ေရေႏြးပူနဲ႔ေရာကာ ၅ မိနစ္ထားပါ။ မေသာက္ခင္ အနည္းငယ္အေအးခံၿပီး ေသာက္သုံးႏိုင္ပါတယ္။

၅။ သစ္ႀကံပိုးေခါက္

ခံတြင္းကိုလန္းဆန္းေစတဲ့ သစ္ႀကံပိုးေခါက္က ပါးစပ္အတြင္းရွိ ဘက္တီးရီးယားပမာဏကို ေလ်ာ့ခ်ႏိုင္တာေၾကာင့္ ေနာက္ထပ္အမ်ိဳးအမယ္တစ္ခုအေနနဲ႔လည္း အသုံးျပဳႏိုင္မွာျဖစ္ပါတယ္။

ခံတြင္းနံ႔ဆိုးေတြမျဖစ္ေအာင္ ၾကက္သြန္ျဖဴ၊ ၾကက္သြန္နီတို႔ကို ေရွာင္ပါ။ ေန႔စဥ္ေန႔တိုင္း ေရလုံလုံေလာက္ေလာက္ေသာက္ေပးျခင္းျဖင့္လည္း ကိုယ္တြင္းမွာအဆိပ္အေတာက္ေတြစုေဝးမလာေအာင္ ကာကြယ္လိုက္ပါ

Lifestyle_Myanmar

Thinzar

Source-top10homeremedies.

LEAVE A REPLY

Please enter your comment!
Please enter your name here