
ခ်စ္ျခင္းေမတၱာဟာ ဆန္းက်ယ္သေလာက္ နက္႐ႈိင္းမႈရွိပါတယ္။ အေပၚယံ ပကာသနေတြအေပၚ စြဲလမ္းၿပီး ခ်စ္တာေတြ၊ ႐ုပ္ရည္႐ူပကာကို ၾကည့္ၿပီး ခ်စ္တာေတြ စတဲ့ အေပၚယံကိုၾကည့္ၿပီး ခ်စ္ႀကိဳက္သူေတြ မ်ားစြာရွိတဲ့ အထဲမွာ တကယ့္ေမတၱာစစ္၊ ေမတၱာမွန္နဲ႔ ခ်စ္ႀကိဳက္တဲ့ ခ်စ္သူေတြလည္း ရွိပါတယ္။ အေပၚယံပကာသနေတြအေပၚ စြဲလမ္းၿပီး ခ်စ္တာဟာ ခဏတာယာယီအခ်ိန္ေလးသာ ေပွ်ာ္ရႊင္မႈကို ဖန္တီးႏိုင္ေပမဲ့ တကယ့္စစ္မွန္တဲ့ အခ်စ္စစ္နဲ႔ ခ်စ္တဲ့ သူကသာ ထာဝရ ခိုင္ၿမဲတဲ့ အခ်စ္ကို ပိုင္ဆိုင္ႏိုင္မွာျဖစ္ပါတယ္။ လက္ေတြ႕ဘဝမွာေတာ့ တကယ့္အခ်စ္စစ္နဲ႔ ခ်စ္တယ္ဆိုတာ ရွားလြန္းပါတယ္။ အေပၚယံ ပကာသနေတြ၊ ႐ုပ္ရည္႐ူပကာေတြကိုသာ ၾကည့္ၿပီး ခ်စ္တဲ့သူေတြက မ်ားပါတယ္။ ကိုယ္ဘက္က ဘယ္ေလာက္ပဲခ်စ္တယ္ေျပာေျပာ ကိုယ္ခ်စ္တ့ဲသူက အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ဒုကၡိတဘဝေရာက္သြားတာမ်ိဳး၊ သူရဲ႕ အလွတရားပ်က္သြားတာမ်ိဳးဆို သင့္ဘက္က ေမတၱာမေလ်ာ့ဘဲ ဆက္ခ်စ္ႏိုင္ပါ့ဦးမလား။ တကယ္ေတာ့ ဒီလိုအေျခအေနေတြမွာ ဆက္ခ်စ္ေပးႏိုင္တဲ့သူက အလြန္ရွားလြန္းပါတယ္။

ဒါေပမဲ့ ယခုေျပာျပမဲ့ အျဖစ္အပ်က္ေလးကေတာ့ ခင္ပြန္းသည္က ႐ုပ္ဆိုးလြန္းလို႔ အျခားသူေတြရဲ႕ အျပစ္တင္ေဝဖန္ျခင္းကို ခံရေပမဲ့ မိန္းကေလးဘက္က သူ႔မရဲ႕ ခင္ပြန္သည္အေပၚ ေမတၱာမပ်က္ပဲ ခ်စ္ေနေပးတဲ့ အျဖစ္အပ်က္ေလးတစ္ခုပဲျဖစ္ပါတယ္။ Deng San Pedro အမည္ရွိတဲ့ အမ်ိဳးသမီးတစ္ဦးဟာ သူမရဲ႕ ခင္ပြန္းသည္နဲ႔ အတူ႐ိုက္ထားတဲ့ ပုံကို ဆိုရွယ္မီဒီယာမွာ တင္တဲ့အခါ သူမနဲ႔ ခင္ပြန္းသည္ရဲ႕ ႐ုပ္ရည္ဟာ အလြန္ကြာဟမႈရွိတာေၾကာင့္ လူအမ်ားရဲ႕ အျပစ္တင္ေဝဖန္ျခင္းကို မ်ားစြာမွတ္ခ်က္ ေပးခံခဲ့ရပါတယ္။ သူမနဲ႔ အတူ ဓာတ္ပုံတြဲ႐ိုက္ဖို႔ေတာင္ မတန္တဲ့အေၾကာင္း၊ သူမကိုလည္း ယူစရာေယာက်္ား ဒီေလာက္ေတာင္ရွားသလားဆိုၿပီး စတဲ့ တစ္ေယာက္တစ္မ်ိဳးနဲ႔ ေပါင္းစုံ အျပစ္တင္ေဝဖန္ေျပာဆိုျခင္းကို ခံခဲ့ရပါတယ္။ ဒါေပမဲ့ Deng San Pedro ကေတာ့ လူအမ်ားရဲ႕ အျပစ္တင္ေျပာဆိုေနတဲ့ မွတ္ခ်က္ေပးမႈေတြကို လ်စ္လ်ဴ႐ႈ႕ၿပီး လွလွပပနဲ႔ ျပန္လည္တုံ႕ျပန္ခဲ့ပါတယ္။ သူရဲ႕ ေျပာဆိုမႈမွာ ” ရွင္တို႔ေျပာတဲ့ ကြာျပားျခားနားမႈကို ကၽြန္မကိုယ္တိုင္သိျမင္ပါတယ္ ဒါေပမဲ့ အခ်စ္ကို အျပင္ပိုင္း႐ုပ္ရည္နဲ႔ ပကာသနကို ၾကည့္ၿပီး ဆုံးျဖတ္တာကေတာ့ အေပါစားဆန္ပါတယ္။ ယခုလက္ရွိရရွိထားတဲ့ ဘဝကို ကၽြန္မကိုယ္တိုင္ေက်နပ္တယ္။ သူ႔ကို ပိုင္ဆိုင္ထားလို႔ ကၽြန္မအလြန္ကံကာင္းပါတယ္” လို႔ ျပန္လည္တုံ႕ျပန္ခဲ့ပါတယ္။

အခ်စ္မွာမ်က္စိမရွိဘူးဆိုတဲ့ ဆို႐ိုးစကားအတုိင္း တကယ္ခ်စ္သြားတဲ့အခါ တစ္ဖက္သူရဲ႕ အားနည္းခ်က္ေတြကို မျမင္ေတာ့ဘဲ ကိုယ့္ခ်စ္သူက သူမ်ားအျမင္မွာ ဘယ္ေလာက္ပဲ ႐ုပ္ဆိုးဆိုးျမင္ေနပါေစ ကိုယ့္အၾကည့္မွာေတာ့ သူဟာ မင္းသားတစ္ပါးလိုပါပဲ။ တစ္ေယာက္နဲ႔တစ္ေယာက္ သံေယာဇဥ္ေတြႀကီးမားၿပီး စိတ္ထဲက ႏွစ္ႏွစ္ခါခါ ခ်စ္သြားတဲ့အခါ နားလည္ခြင့္လႊတ္မႈဆိုတာလည္း သူ႔အလိုလိုေပၚလာပါလိမ့္မယ္။ ဒီလိုအခ်စ္နဲ႔ တည္ေဆာက္တ့ဲ အိမ္ေထာင္ေရက ႐ုပ္ရည္႐ူပကာနဲ႔ အေပၚယံပကာသနေတြနဲ႔ တည္ေဆာက္တဲ့ အိမ္ေထာင္ေရးထက္အမ်ားႀကီး ခိုင္ၿမဲမႈရွိပါတယ္။
#Lifestyle_Myanmar
#Thar_Nage
Ref – latestkhabars
သုေတသနပညာရွင္ေတြရဲ႕ စမ္းသပ္ခ်က္အရ အရပ္ရွည္တဲ့ ေကာင္ေလးနဲ႔ အရပ္ပုတဲ့ ေကာင္မေလးေတြ အတြဲျဖစ္သြားရင္ သာမန္အတြဲေတြထက္ ပိုၿပီး ေပ်ာ္ရႊင္မႈရွိတယ္လို႔ ဆိုပါတယ္။
Unicode
ခင်ပွန်းသည်ရုပ်ဆိုးလို့ အများကဝေဖန်အပြစ်တင်ကျပေမဲ့ မေတ္တာမပျက်ဆက်ချစ်နေတဲ့ အမျိုးသမီးလေး
ချစ်ခြင်းမေတ္တာဟာ ဆန်းကျယ်သလောက် နက်ရှိုင်းမှုရှိပါတယ်။ အပေါ်ယံ ပကာသနတွေအပေါ် စွဲလမ်းပြီး ချစ်တာတွေ၊ ရုပ်ရည်ရူပကာကို ကြည့်ပြီး ချစ်တာတွေ စတဲ့ အပေါ်ယံကိုကြည့်ပြီး ချစ်ကြိုက်သူတွေ များစွာရှိတဲ့ အထဲမှာ တကယ့်မေတ္တာစစ်၊ မေတ္တာမှန်နဲ့ ချစ်ကြိုက်တဲ့ ချစ်သူတွေလည်း ရှိပါတယ်။ အပေါ်ယံပကာသနတွေအပေါ် စွဲလမ်းပြီး ချစ်တာဟာ ခဏတာယာယီအချိန်လေးသာ ပျှော်ရွှင်မှုကို ဖန်တီးနိုင်ပေမဲ့ တကယ့်စစ်မှန်တဲ့ အချစ်စစ်နဲ့ ချစ်တဲ့ သူကသာ ထာဝရ ခိုင်မြဲတဲ့ အချစ်ကို ပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။ လက်တွေ့ဘဝမှာတော့ တကယ့်အချစ်စစ်နဲ့ ချစ်တယ်ဆိုတာ ရှားလွန်းပါတယ်။ အပေါ်ယံ ပကာသနတွေ၊ ရုပ်ရည်ရူပကာတွေကိုသာ ကြည့်ပြီး ချစ်တဲ့သူတွေက များပါတယ်။ ကိုယ်ဘက်က ဘယ်လောက်ပဲချစ်တယ်ပြောပြော ကိုယ်ချစ်တဲ့သူက အကြောင်းအမျိုးမျိုးကြောင့် ဒုက္ခိတဘဝရောက်သွားတာမျိုး၊ သူရဲ့ အလှတရားပျက်သွားတာမျိုးဆို သင့်ဘက်က မေတ္တာမလျော့ဘဲ ဆက်ချစ်နိုင်ပါ့ဦးမလား။ တကယ်တော့ ဒီလိုအခြေအနေတွေမှာ ဆက်ချစ်ပေးနိုင်တဲ့သူက အလွန်ရှားလွန်းပါတယ်။
ဒါပေမဲ့ ယခုပြောပြမဲ့ အဖြစ်အပျက်လေးကတော့ ခင်ပွန်းသည်က ရုပ်ဆိုးလွန်းလို့ အခြားသူတွေရဲ့ အပြစ်တင်ဝေဖန်ခြင်းကို ခံရပေမဲ့ မိန်းကလေးဘက်က သူ့မရဲ့ ခင်ပွန်သည်အပေါ် မေတ္တာမပျက်ပဲ ချစ်နေပေးတဲ့ အဖြစ်အပျက်လေးတစ်ခုပဲဖြစ်ပါတယ်။ Deng San Pedro အမည်ရှိတဲ့ အမျိုးသမီးတစ်ဦးဟာ သူမရဲ့ ခင်ပွန်းသည်နဲ့ အတူရိုက်ထားတဲ့ ပုံကို ဆိုရှယ်မီဒီယာမှာ တင်တဲ့အခါ သူမနဲ့ ခင်ပွန်းသည်ရဲ့ ရုပ်ရည်ဟာ အလွန်ကွာဟမှုရှိတာကြောင့် လူအများရဲ့ အပြစ်တင်ဝေဖန်ခြင်းကို များစွာမှတ်ချက် ပေးခံခဲ့ရပါတယ်။ သူမနဲ့ အတူ ဓာတ်ပုံတွဲရိုက်ဖို့တောင် မတန်တဲ့အကြောင်း၊ သူမကိုလည်း ယူစရာယောကျ်ား ဒီလောက်တောင်ရှားသလားဆိုပြီး စတဲ့ တစ်ယောက်တစ်မျိုးနဲ့ ပေါင်းစုံ အပြစ်တင်ဝေဖန်ပြောဆိုခြင်းကို ခံခဲ့ရပါတယ်။ ဒါပေမဲ့ Deng San Pedro
ကတော့ လူအများရဲ့ အပြစ်တင်ပြောဆိုနေတဲ့ မှတ်ချက်ပေးမှုတွေကို လျစ်လျူရှု့ပြီး လှလှပပနဲ့ ပြန်လည်တုံ့ပြန်ခဲ့ပါတယ်။ သူရဲ့ ပြောဆိုမှုမှာ ” ရှင်တို့ပြောတဲ့ ကွာပြားခြားနားမှုကို ကျွန်မကိုယ်တိုင်သိမြင်ပါတယ် ဒါပေမဲ့ အချစ်ကို အပြင်ပိုင်းရုပ်ရည်နဲ့ ပကာသနကို ကြည့်ပြီး ဆုံးဖြတ်တာကတော့ အပေါစားဆန်ပါတယ်။ ယခုလက်ရှိရရှိထားတဲ့ ဘဝကို ကျွန်မကိုယ်တိုင်ကျေနပ်တယ်။ သူ့ကို ပိုင်ဆိုင်ထားလို့ ကျွန်မအလွန်ကံကာင်းပါတယ်” လို့ ပြန်လည်တုံ့ပြန်ခဲ့ပါတယ်။
အချစ်မှာမျက်စိမရှိဘူးဆိုတဲ့ ဆိုရိုးစကားအတိုင်း တကယ်ချစ်သွားတဲ့အခါ တစ်ဖက်သူရဲ့ အားနည်းချက်တွေကို မမြင်တော့ဘဲ ကိုယ့်ချစ်သူက သူများအမြင်မှာ ဘယ်လောက်ပဲ ရုပ်ဆိုးဆိုးမြင်နေပါစေ ကိုယ့်အကြည့်မှာတော့ သူဟာ မင်းသားတစ်ပါးလိုပါပဲ။ တစ်ယောက်နဲ့တစ်ယောက် သံယောဇဉ်တွေကြီးမားပြီး စိတ်ထဲက နှစ်နှစ်ခါခါ ချစ်သွားတဲ့အခါ နားလည်ခွင့်လွှတ်မှုဆိုတာလည်း သူ့အလိုလိုပေါ်လာပါလိမ့်မယ်။ ဒီလိုအချစ်နဲ့ တည်ဆောက်တဲ့ အိမ်ထောင်ရေက ရုပ်ရည်ရူပကာနဲ့ အပေါ်ယံပကာသနတွေနဲ့ တည်ဆောက်တဲ့ အိမ်ထောင်ရေးထက်အများကြီး ခိုင်မြဲမှုရှိပါတယ်။