
0
89








Lifestyle_Myanmar
LM_Naung_Naung

ကန္တာရမြေကို တောအုပ်ကြီးဖြစ်ဖို့အတွက် နှစ်ပေါင်းလေးဆယ် ကြိုးစားခဲ့တဲ့ သူ
လူအများအပြားကတော့ ကိုယ့်ရဲ့သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းစောင့်ရှောက်ဖို့ ပြောကြပါလိမ့်မယ်။ ဒါပေမယ့် သဘာဝပတ်ဝန်းကျင်ကို ပိုမိုကောင်းမွန်အောင် ပြုပြင်ပြောင်းလဲဖို့ကတော့ အလွန်ခက်ခဲပါတယ်။ ဒီလိုခက်ခဲတာကို နှစ်ပေါင်းလေးဆယ်ကြာအောင် မဆုတ်မနစ်တဲ့ဇွဲတဲ့ ကြိုးစားခဲ့တဲ့သူကြောင့် ကျွန်တော်တို့ ကမ္ဘာကြီးအတွက် မျှော်လင့်ချက်တွေ ရှိကြောင်း သိရှိခဲ့ရပါတယ်။ Majuli ဆိုတဲ့ကမ္ဘာ့အကြီးဆုံးကျွန်းကြီးဟာ အမြဲတမ်းပူပြင်းခြောက်သွေ့ပြီး သဲတွေပြည့်နှက်နေကာ အပင်လုံးဝမပေါက်တဲ့ နေရာတစ်ခုဖြစ်ပါတယ်။ ဒီကျွန်းဟာ အိန္ဒိယနိုင်ငံမြောက်ပိုင်းမှာ တည်ရှိပါတယ်။ ဒီလိုကန္တာရကျွန်းကြီးကို အိန္ဒိယလူမျိုးတစ်ယောက်က နှစ်ပေါင်း ၄၀ကြာအောင် ပြောင်းလဲခဲ့လို့ ယခုဆိုရင် တောအုပ်ကြီးတစ်ခုဖြစ်နေပါပြီ။
Jadav Payeng ဆိုသူ ၁၆နှစ်သားအရွယ်က များပြားတဲ့မြွေအသေတွေဟာ Majuli ကျွန်းတဝိုက်မှာ ပြန့်ကျဲနေတဲ့ ဝမ်းနည်းဖွယ်မြင်ကွင်းကို မြင်တွေ့ခဲ့ရပါတယ်။ ရေကြီးမှုဖြစ်ပြီးနောက်မှ အပူရှိန်နဲ့အရိပ်မရှိမှုကြောင့် သေဆုံးနေတဲ့ သတ္တဝါအများအပြား ရေနဲ့အတူပါပြီးပျောက်သွားခဲ့တာပါ။ Jadav ဟာဒီလိုပျက်စီးမှုတွေကို မြင်တွေ့ပြီးနောက်မှာတော့ ဆုံးဖြတ်ချက်ကိုအခိုင်အမာချခဲ့ပြီး တစ်ရက်ကိုသစ်ပင်တစ်ပင် စိုက်ပျိုးခဲ့ပါတယ်။ သူ့ဘဝတစ်လျှောက်လုံး အပင်ပန်းခံခဲ့သမျှ တကယ်လည်းအကျိုးကျေးဇူးတွေရရှိခဲ့တာကြောင့် သဲတွေပြည့်နေတဲ့ ကျွန်းဟာ Mulay လိုခေါ်တဲ့ တောအုပ်ကြီးဖြစ်လာခဲ့ပါတယ်။ ဒီကျွန်းဟာ အမျိုးသားဥယျာဉ်ထက်ပိုကြီးပြီး ဗာတီကန်စီးတီးနိုင်ငံအကျယ်ထက် ၁၂ဆလောက် ပိုကျယ်ပါတယ်။
ဒီတော့အုပ်ရဲ့သဘာဝနဲ့ တောရိုင်းတိရိစ္ဆာန်တွေကတော့ Jadav ကိုထာဝရကျေးဇူးတင်နေကြမှာပါ။ အခုဆိုရင် ဘင်္ဂလားကျား၊ သမင်၊ ကြံ့၊ လင်းတ၊ ဆင်၊ မြွေနဲ့ အခြားသားရဲတိရိစ္ဆာန်များစွာရဲ့ အိမ်ဖြစ်လို့နေပါပြီ။ အပင်တွေကလည်း ကျွန်းကိုရေတိုက်စားမှုကနေ ကာကွယ်ပေးလျှက်ရှိပါတယ်။
ဒီလူသူမရှိတဲံကျွန်းကို အိန္ဒိယဂျာနယ်လစ်တစ်ဦးက ငှက်တွေလေ့လာဖို့လာရောက်ရင်းနဲ့ Forest man ဆိုတဲ့ documentary တစ်ခုရိုက်ကူးခဲ့ပါတယ်။ အိန္ဒိယရဲ့သမ္မတကလည်း သူ့ကို Forest Man Of India ဆိုတဲ့ဂုဏ်ပုဒ်နဲ့ အသိအမှတ်ပြုခဲ့ပါတယ်။ ကျွန်တော်တို့ရော ကျွန်တော်တို့ရဲ့ သဘာဝပတ်ဝန်းကျင်ကို ကယ်တင်ဖို့ မဖြစ်နိုင်ဘူးလား?
Lifestyle_Myanmar
LM_Naung_Naung
Photo credit Shutterstock

LEAVE A REPLY

Please enter your comment!
Please enter your name here