ကၽြန္ေတာ္တို႔ရဲ႕မိခင္ေတြ၊ အဖြားေတြဟာ ဘဝရဲ႕မတူညီတဲ့နယ္ပယ္အသီးသီးနဲ႔ ပတ္သတ္ၿပီး အသံုးဝင္တဲ့အႀကံေပးခ်က္ေတြကို အေျမာ္အျမင္ရွိရွိ တကယ္မွ်ေဝႏိုင္တယ္ဆိုတာ ေသခ်ာပါတယ္။ ဒါေပမယ့္ သူတို႔ရဲ႕ ကၽြမ္းက်င္မႈေပၚ မွီခိုအားမကိုးခင္မွာ အထူးသျဖင့္ ကေလးေတြနဲ႔ ပတ္သတ္ၿပီး ေျပာလာလွ်င္ အေကာင္းအဆိုးကို ခ်ိန္ဆဖို႔ လိုပါတယ္။ ဒါ့ေၾကာင့္ မိခင္ေတြ၊ အဖြားေတြဆီက လက္ဆင့္ကမ္း ယံုၾကည္ေနၾကဆဲျဖစ္တဲ့ ကေလးက်န္းမာေရးႏွင့္ ပတ္သတ္ၿပီး ေခတ္မမွီေတာ့တဲ့ အယူအဆ အမွားေလးေတြကို မွ်ေဝေပးခ်င္ပါတယ္။
၁။ အဖ်ားေလွ်ာ့ခ်ဖို႔ ကေလးကို အႏွီးနဲ႔ထုပ္ထားတာ

ေရွးလူႀကီးတခ်ိဳ႕က ဖ်ားေနတဲ့ကေလးတစ္ေယာက္ကို အဖ်ားက်ဖို႔ အႏွီးနဲ႔ က်စ္ေနေအာင္ထုပ္တတ္ၾကပါတယ္။ အေရျပားက ခႏၶာကိုယ္ရဲ႕ အပူခ်ိန္ကို သူ႕ဘာသာသူ ပိုၿပီးထိေရာက္စြာ ထိန္းခ်ဳပ္ထားတာေၾကာင့္ ဒီလိုျပဳလုပ္ဖုိ႔ အႀကံမျပဳပါဘူး။ သင့္ကေလးေပၚမွာ အဝတ္ေတြ သိပ္အမ်ားႀကီး ဝတ္ေပးထားလွ်င္ အပူခ်ိန္က ပိုျမင့္လာတာ (သို႔)မက်တာ ျဖစ္လာပါလိမ့္မယ္။
ဆရာဝန္ေတြရဲ႕ အႀကံျပဳခ်က္ေတြ
ကေလးရဲ႕ နဖူးေပၚမွာ ေရဖတ္အဝတ္ ေအးေအးေလး တင္ေပးပါ။
သင့္ကေလးကို အရည္မ်ားမ်ား တိုက္ပါ။
အခန္းကို ေလဝင္ေလထြက္ေကာင္းေအာင္ထားပါ။
သင့္ကေလးဟာ သူတို႔ရဲ႕အေရျပားကတဆင့္ အလြယ္တကူ အပူက်ႏိုင္တာေၾကာင့္ အဝတ္အစား အထပ္ထပ္ဝတ္ေပးထားတာကို ဖယ္ရွားပါ။
၂။ ကေလးေနမေကာင္းလွ်င္ ေရမခ်ိဳးေပးတာ

ကေလးေတြ ေနမေကာင္းေနစဥ္ ေရခ်ိဳးေပးတာဟာ အေအးပတ္ၿပီး ပိုဆိုးေစတယ္လို႔ လူေတြက ထင္ၾကပါတယ္။ ဖ်ားေနတဲ့ကေလးကို ေရခ်ိဳးေပးလို႕ရပါတယ္။ (သူတို႔ရဲ႕ခႏၶာကိုယ္အပူခ်ိန္က 99 ဒီဂရီဖာရင္ဟုိက္ထက္ ပိုမျမင့္ဘူးဆိုရင္၊ သူတို႔ဟာ အေရျပားေရာဂါ ခံစားေနရတာမဟုတ္ရင္ ) ကေလးကို ေရခ်ိဳးေပးလို႔ ရတယ္လို႔ ဆရာဝန္မ်ားက ဆိုပါတယ္။ ျမန္ျမန္ခ်ိဳးေပးဖို႔ေတာ့ လိုပါတယ္။ ရာသီဥတုကေအးတယ္ဆိုရင္ ေရေႏြးစပ္ၿပီး ခ်ိဳးေပးလို႔ရပါတယ္။
၃။ ကေလးရဲ႕ဆံပင္ ပိုထူေအာင္ ေခါင္းရိတ္ေပးတာ

လသားကေလးငယ္ကို ဆံပင္ပါးၿပီး က်ဲေနရင္ မိဘေတြက ကေလးဆံပင္ ထူၿပီးသန္လာေအာင္ ေခါင္းရိတ္ေပးရမယ္လို႔ ယံုၾကည္ၾကပါတယ္။
ဒါကအယူအဆအမွားျဖစ္ပါတယ္။ ဆံပင္ရိတ္တာက ကေလးျဖစ္ျဖစ္၊ အရြယ္ေရာက္ၿပီးသူျဖစ္ျဖစ္ ပိုၿပီးထူလာမွာ မဟုတ္ပါဘူး။ ဆံပင္ေမႊးညွင္းေပါက္ေလးေတြဟာ အေရျပားရဲ႕ မ်က္ႏွာျပင္ေအာက္မွာ လက္မအေတာ္မ်ားမ်ား တည္ရွိတာေၾကာင့္ ေခါင္းရိတ္မယ္ဆိုရင္ ကေလးရဲ႕ဦးေရျပားက ပါးတဲ့အတြက္ ထိရွလြယ္တာ၊ ပိုးဝင္လြယ္တာ ျဖစ္တတ္ပါတယ္။ ဆံပင္က ကေလးရဲ႕ခႏၶာကိုယ္အတြင္းပိုင္းက အပူခ်ိန္ကို မဆံုးရံႈးေအာင္ ထိန္းသိမ္းကာကြယ္ေပးပါတယ္။ ဆံပင္ရိတ္ၿပီး စတင္ေပါက္လာတဲ့အခါ ၾကည့္လိုက္ရင္ ပိုထူတယ္ထင္ရတာေၾကာင့္ ဆံပင္ရိတ္တာနဲ႔ မရိတ္တာအၾကား ျခားနားမႈေၾကာင့္ျဖစ္တယ္လို႔ အေရျပားအထူးကုဆရာဝန္မ်ားက ေျပာပါတယ္။ သို႔ေသာ္ ဒါက အျမင္အာရံု သက္ေရာက္မႈတစ္ခုသာ ျဖစ္ပါတယ္။ ကေလး ၃-၄လမတိုင္ခင္ ဆံပင္မရိတ္ဖို႔ ဆရာဝန္မ်ားက ဆိိုပါတယ္။
၄။ ကေလးကို တတ္ႏိုင္သမွ် အျမန္ဆံုး အိမ္သာသံုးတတ္ဖို႔ သင္ေပးတာ

သင့္ရဲ႕ကေလးေသးေသးေလးကို အခုအိမ္သာ မသံုးေစခ်င္ေသးဘူးဆိုရင္ မစုိးရိမ္ပါနဲ႔။ ကၽြန္ေတာ္တို႔အားလံုးက မတူညီၾကသလိုပဲ ကေလးေတြအားလံုးက သူတို႔ရဲ႕ ကိုယ္ပိုင္အရွိန္အဟုန္မွာ ဖြံ႕ၿဖိဳးၾကတာေၾကာင့္ သင့္ကေလးက အဆင္သင့္မျဖစ္ေသးရင္ သူတို႔ကို ဖိအားမေပးပါနဲ႔။ တခ်ိဳ႕ကေလးေတြက ၁ႏွစ္မွာ အိမ္သာအိုး potty စသံုးၾကၿပီး တခ်ိဳ႕က ၂ႏွစ္မွာ စသံုးတာေၾကာင့္ မတူၾကပါဘူး။
၅။ အပူေလာင္ရင္ ေထာပတ္နဲ႔ ကုသတာ

ဒါက တကယ့္အျဖစ္မ်ားတဲ့ အယူအဆမွားတစ္ခုပါ။ ဘာ့ေၾကာင့္ ဒါကို ယံုၾကည္ၾကတာလဲ?
အပူေလာင္တဲ့အခါ ဒဏ္ရာေပၚကို ေထာပတ္လိမ္းတာက ဒဏ္ရာကို ပိုဆိုးသြားေစပါတယ္ ။အေရျပား ဒဏ္ရာကိုကုသဖို႔ ေထာပတ္လိမ္းတာကို ေဆးဖက္ဆိုင္ရာက ခြင့္မျပဳထားပါဘူး။ ထိုသို႔ျပဳလုပ္လွ်င္ အေရျပားကို ပ်က္စီးေစႏိုင္တယ္လို႔ ဆိုပါတယ္။
ဆရာဝန္မ်ားရဲ႕ အႀကံျပဳခ်က္ေတြ
အပူေလာင္တဲ့အေရျပားကို ေရေအးေအာက္မွာ ထားပါ (ေရခဲလို အရမ္းေအးလြန္းတာ မျဖစ္ရပါဘူး)
အကိုက္အခဲေပ်ာက္ေဆးေသာက္ပါ
အပူေလာင္ဒဏ္ရာအတြက္ ointment (ဆီေမႊး)လိမ္းေပးပါ။
ၿပီးေနာက္ ဆရာဝန္ဆီကိုသြားျပဖို႔ အႀကံျပဳပါတယ္။
၆။ ကေလးက ဘယ္သန္ဆိုရင္ ျပန္ၿပီးေလ့က်င့္ေပးတာ

အရင္တုန္းက မိသားစုေတြဟာ သူတို႔ကေလးကို ဘယ္ဘက္လက္နဲ႔ စာေရးတာတို႔ျပဳလုပ္ခဲ့ရင္ မ်ားေသာအားျဖင့္ ညာဘက္လက္နဲ႔ ေရးတတ္ေအာင္ ျပန္ၿပီး သင္ေပးတတ္ၾကပါတယ္။ ဒါက တကယ္လိုအပ္တာလား?
ကေလးတစ္ေယာက္ဟာ လူ႔ေလာကထဲေရာက္လာတဲ့အခါ သူတို႔မွာ dominant hand ဆိုတာ ရွိၿပီးသားပါ။ ကၽြန္ေတာ္တို႔က သဘာဝကို ဆန္႔က်င္ဖို႔ ႀကိဳးစားတဲ့အခါ ကၽြႏု္ပ္တို႔ negative အက်ိဳးဆက္ေတြကို ရင္ဆိုင္ရပါလိမ့္မယ္။ ကေလးတစ္ေယာက္ရဲ႕ အာရံုစူးစိုက္မႈႏွင့္ သင္ယူႏိုင္စြမ္းကို ေလွ်ာ့က်ေစႏိုင္ပါတယ္။ ကေလးရဲ႕ သဘာဝ tendency( ယိမ္းယိုင္မႈ)ႏွင့္ သြားဖို႔ အေရးႀကီးပါတယ္။
Lifestyle_Myanmar
LM_Nandar
Source- brightside
Unicode
ကျွနု်ပ်တို့ ယုံကြည်နေဆဲဖြစ်တဲ့့ ကလေးကျန်းမာရေးနှင့်ပတ်သတ်ပြီး ခေတ်မမီတော့တဲ့ အယူအဆအမှား (6) ခု
ကျွန်တော်တို့ရဲ့မိခင်တွေ၊ အဖွားတွေဟာ ဘဝရဲ့မတူညီတဲ့နယ်ပယ်အသီးသီးနဲ့ ပတ်သတ်ပြီး အသုံးဝင်တဲ့အကြံပေးချက်တွေကို အမြော်အမြင်ရှိရှိ တကယ်မျှဝေနိုင်တယ်ဆိုတာ သေချာပါတယ်။ ဒါပေမယ့် သူတို့ရဲ့ ကျွမ်းကျင်မှုပေါ် မှီခိုအားမကိုးခင်မှာ အထူးသဖြင့် ကလေးတွေနဲ့ ပတ်သတ်ပြီး ပြောလာလျှင် အကောင်းအဆိုးကို ချိန်ဆဖို့ လိုပါတယ်။ ဒါ့ကြောင့် မိခင်တွေ၊ အဖွားတွေဆီက လက်ဆင့်ကမ်း ယုံကြည်နေကြဆဲဖြစ်တဲ့ ကလေးကျန်းမာရေးနှင့် ပတ်သတ်ပြီး ခေတ်မမှီတော့တဲ့ အယူအဆ အမှားလေးတွေကို မျှဝေပေးချင်ပါတယ်။
၁။ အဖျားလျှော့ချဖို့ ကလေးကို အနှီးနဲ့ထုပ်ထားတာ
ရှေးလူကြီးတချို့က ဖျားနေတဲ့ကလေးတစ်ယောက်ကို အဖျားကျဖို့ အနှီးနဲ့ ကျစ်နေအောင်ထုပ်တတ်ကြပါတယ်။ အရေပြားက ခန္ဓာကိုယ်ရဲ့ အပူချိန်ကို သူ့ဘာသာသူ ပိုပြီးထိရောက်စွာ ထိန်းချုပ်ထားတာကြောင့် ဒီလိုပြုလုပ်ဖို့ အကြံမပြုပါဘူး။ သင့်ကလေးပေါ်မှာ အဝတ်တွေ သိပ်အများကြီး ဝတ်ပေးထားလျှင် အပူချိန်က ပိုမြင့်လာတာ (သို့)မကျတာ ဖြစ်လာပါလိမ့်မယ်။
ဆရာဝန်တွေရဲ့ အကြံပြုချက်တွေ
ကလေးရဲ့ နဖူးပေါ်မှာ ရေဖတ်အဝတ် အေးအေးလေး တင်ပေးပါ။
သင့်ကလေးကို အရည်များများ တိုက်ပါ။
အခန်းကို လေဝင်လေထွက်ကောင်းအောင်ထားပါ။
သင့်ကလေးဟာ သူတို့ရဲ့အရေပြားကတဆင့် အလွယ်တကူ အပူကျနိုင်တာကြောင့် အဝတ်အစား အထပ်ထပ်ဝတ်ပေးထားတာကို ဖယ်ရှားပါ။
၂။ ကလေးနေမကောင်းလျှင် ရေမချိုးပေးတာ
ကလေးတွေ နေမကောင်းနေစဉ် ရေချိုးပေးတာဟာ အအေးပတ်ပြီး ပိုဆိုးစေတယ်လို့ လူတွေက ထင်ကြပါတယ်။ ဖျားနေတဲ့ကလေးကို ရေချိုးပေးလို့ရပါတယ်။ (သူတို့ရဲ့ခန္ဓာကိုယ်အပူချိန်က 99 ဒီဂရီဖာရင်ဟိုက်ထက် ပိုမမြင့်ဘူးဆိုရင်၊ သူတို့ဟာ အရေပြားရောဂါ ခံစားနေရတာမဟုတ်ရင် ) ကလေးကို ရေချိုးပေးလို့ ရတယ်လို့ ဆရာဝန်များက ဆိုပါတယ်။ မြန်မြန်ချိုးပေးဖို့တော့ လိုပါတယ်။ ရာသီဥတုကအေးတယ်ဆိုရင် ရေနွေးစပ်ပြီး ချိုးပေးလို့ရပါတယ်။
၃။ ကလေးရဲ့ဆံပင် ပိုထူအောင် ခေါင်းရိတ်ပေးတာ
လသားကလေးငယ်ကို ဆံပင်ပါးပြီး ကျဲနေရင် မိဘတွေက ကလေးဆံပင် ထူပြီးသန်လာအောင် ခေါင်းရိတ်ပေးရမယ်လို့ ယုံကြည်ကြပါတယ်။
ဒါကအယူအဆအမှားဖြစ်ပါတယ်။ ဆံပင်ရိတ်တာက ကလေးဖြစ်ဖြစ်၊ အရွယ်ရောက်ပြီးသူဖြစ်ဖြစ် ပိုပြီးထူလာမှာ မဟုတ်ပါဘူး။ ဆံပင်မွှေးညှင်းပေါက်လေးတွေဟာ အရေပြားရဲ့ မျက်နှာပြင်အောက်မှာ လက်မအတော်များများ တည်ရှိတာကြောင့် ခေါင်းရိတ်မယ်ဆိုရင် ကလေးရဲ့ဦးရေပြားက ပါးတဲ့အတွက် ထိရှလွယ်တာ၊ ပိုးဝင်လွယ်တာ ဖြစ်တတ်ပါတယ်။ ဆံပင်က ကလေးရဲ့ခန္ဓာကိုယ်အတွင်းပိုင်းက အပူချိန်ကို မဆုံးရှုံးအောင် ထိန်းသိမ်းကာကွယ်ပေးပါတယ်။ ဆံပင်ရိတ်ပြီး စတင်ပေါက်လာတဲ့အခါ ကြည့်လိုက်ရင် ပိုထူတယ်ထင်ရတာကြောင့် ဆံပင်ရိတ်တာနဲ့ မရိတ်တာအကြား ခြားနားမှုကြောင့်ဖြစ်တယ်လို့ အရေပြားအထူးကုဆရာဝန်များက ပြောပါတယ်။ သို့သော် ဒါက အမြင်အာရုံ သက်ရောက်မှုတစ်ခုသာ ဖြစ်ပါတယ်။ ကလေး ၃-၄လမတိုင်ခင် ဆံပင်မရိတ်ဖို့ ဆရာဝန်များက ဆိိုပါတယ်။
၄။ ကလေးကို တတ်နိုင်သမျှ အမြန်ဆုံး အိမ်သာသုံးတတ်ဖို့ သင်ပေးတာ
သင့်ရဲ့ကလေးသေးသေးလေးကို အခုအိမ်သာ မသုံးစေချင်သေးဘူးဆိုရင် မစိုးရိမ်ပါနဲ့။ ကျွန်တော်တို့အားလုံးက မတူညီကြသလိုပဲ ကလေးတွေအားလုံးက သူတို့ရဲ့ ကိုယ်ပိုင်အရှိန်အဟုန်မှာ ဖွံ့ဖြိုးကြတာကြောင့် သင့်ကလေးက အဆင်သင့်မဖြစ်သေးရင် သူတို့ကို ဖိအားမပေးပါနဲ့။ တချို့ကလေးတွေက ၁နှစ်မှာ အိမ်သာအိုး potty စသုံးကြပြီး တချို့က ၂နှစ်မှာ စသုံးတာကြောင့် မတူကြပါဘူး။
၅။ အပူလောင်ရင် ထောပတ်နဲ့ ကုသတာ
ဒါက တကယ့်အဖြစ်များတဲ့ အယူအဆမှားတစ်ခုပါ။ ဘာ့ကြောင့် ဒါကို ယုံကြည်ကြတာလဲ?
အပူလောင်တဲ့အခါ ဒဏ်ရာပေါ်ကို ထောပတ်လိမ်းတာက ဒဏ်ရာကို ပိုဆိုးသွားစေပါတယ် ။အရေပြား ဒဏ်ရာကိုကုသဖို့ ထောပတ်လိမ်းတာကို ဆေးဖက်ဆိုင်ရာက ခွင့်မပြုထားပါဘူး။ ထိုသို့ပြုလုပ်လျှင် အရေပြားကို ပျက်စီးစေနိုင်တယ်လို့ ဆိုပါတယ်။
ဆရာဝန်များရဲ့ အကြံပြုချက်တွေ
အပူလောင်တဲ့အရေပြားကို ရေအေးအောက်မှာ ထားပါ (ရေခဲလို အရမ်းအေးလွန်းတာ မဖြစ်ရပါဘူး)
အကိုက်အခဲပျောက်ဆေးသောက်ပါ
အပူလောင်ဒဏ်ရာအတွက် ointment (ဆီမွှေး)လိမ်းပေးပါ။
ပြီးနောက် ဆရာဝန်ဆီကိုသွားပြဖို့ အကြံပြုပါတယ်။
၆။ ကလေးက ဘယ်သန်ဆိုရင် ပြန်ပြီးလေ့ကျင့်ပေးတာ
အရင်တုန်းက မိသားစုတွေဟာ သူတို့ကလေးကို ဘယ်ဘက်လက်နဲ့ စာရေးတာတို့ပြုလုပ်ခဲ့ရင် များသောအားဖြင့် ညာဘက်လက်နဲ့ ရေးတတ်အောင် ပြန်ပြီး သင်ပေးတတ်ကြပါတယ်။ ဒါက တကယ်လိုအပ်တာလား?
ကလေးတစ်ယောက်ဟာ လူ့လောကထဲရောက်လာတဲ့အခါ သူတို့မှာ dominant hand ဆိုတာ ရှိပြီးသားပါ။ ကျွန်တော်တို့က သဘာဝကို ဆန့်ကျင်ဖို့ ကြိုးစားတဲ့အခါ ကျွနု်ပ်တို့ negative အကျိုးဆက်တွေကို ရင်ဆိုင်ရပါလိမ့်မယ်။ ကလေးတစ်ယောက်ရဲ့ အာရုံစူးစိုက်မှုနှင့် သင်ယူနိုင်စွမ်းကို လျှော့ကျစေနိုင်ပါတယ်။ ကလေးရဲ့ သဘာဝ tendency( ယိမ်းယိုင်မှု)နှင့် သွားဖို့ အရေးကြီးပါတယ်။
Lifestyle_Myanmar
LM_Nandar
Source- brightside