0
3091
သွေး
– AB တစ်ဦးချင်းစီမှာ တခြားသွေးအမျိုးအစားတွေထက် မှတ်ဥာဏ်ချို့ယွင်းတဲ့ အခွင့်အလမ်း ၈၂%ပိုမြင့်မားတာကြောင့် AB သွေးအမျိုးအစားရှိသူတွေဟာ မှတ်ဥာဏ်နှင့် အာရုံစုစည်းမှုကို ဂရုစိုက်သင့်ပါတယ်။
#Lifestyle_Myanmar
#LM_Nandar
Source- brightside
Unicode
ကျွန်တော်တို့ မသိသေးတဲ့ လူ့ခန္ဓာကိုယ်က သွေးတွေရဲ့အကြောင်း
ကျွန်တော်တို့ရဲ့ သွေးsystem ဟာ တကယ်တော့ ရှုပ်ထွေးတယ်ဆိုတာ ကျွန်တော်တို့အားလုံး သိကြပါတယ်။ သင့်နှလုံးကို ဘာ့ကြောင့် ဂရုစိုက်ရမယ်ဆိုတာနှင့် သင့်သွေးအမျိုးအစားကဘာလဲဆိုတာ သိထားဖို့က အရေးကြီးပါတယ်။ ကံဆိုးချင်တော့ လူအများစုက ကျွန်တော်တို့ခန္ဓာကိုယ်ရဲ့ အခွင့်အလမ်းတွေအားလုံးကို မသိကြပါဘူး။ ဒါ့ကြောင့် ကျွန်တော်တို့သွေးအကြောင်းနှင့်ပတ်သတ်ပြီး သင်မသိသေးတာ ဖြစ်နိုင်တဲ့ သိပ္ပံနည်းကျအချက်အလက်များကို စုဆောင်းထားပါတယ်။
– လူကြီးတစ်ယောက်ဆီမှ သွေးအားလုံးကို စုပ်ယူဖို့ဆိုရင် ခြင်အကောင် 1,120,000 လိုပါလိမ့်မယ်။
– သွေးက ခန္ဓာကိုယ်တစ်ခုလုံးကို လှည့်ပတ်သွားလာနေရပါတယ်။ သွေးရဲ့အမြင့်ဆုံး စီးဆင်းမှုက ပေ 30 ထုတ်လွှင့်ပေးနိုင်တာကြောင့် သွေးလည်ပတ်အောင် နှလုံးက ဖိအားကဲ့သို့ ဖန်တီးပေးပါတယ်။
– လူတစ်ယောက်ဟာ သွေးခုန်နှုန်းမရှိိဘဲ အသက်ရှင်နိုင်ပါတယ်။ 2012မှာ ဆရာဝန်များက အသက် 55နှစ်ရှိတဲ့ Craig Lewisရဲ့ခန္ဓာကိုယ်မှာ သွေးခုန်နှုန်းမရှိဘဲ သွေးတောက်လျှောက် လည်ပတ်စေတဲ့ device တစ်ခုကို အင်စတောလုပ်ခဲ့ပါတယ်။
– Stan Larkin ဟာ အစားထိုးကုသမှုခံယူဖို့ စောင့်ဆိုင်းရင်း နှလုံးမရှိဘဲ ရက်ပေါင်း 555 ရက်နေထိုင်ခဲ့ပါတယ်။ သူ့ရဲ့ကိုယ်ပိုင်နှလုံးကို device တစ်ခုနဲ့ အစားထိုးခဲ့ပါတယ်။ ထို device ကိုသူ့ကျောပိုးအိတ်ထဲမှာထည့်ပြီး သွားလေရာ ယူဆောင်သွားရပါတယ်။ သူဟာ ဘက်စကတ်ဘောတောင် ကစားနေနိုင်ပါပြီ။
– 25ရက်အတွင်းမှာ လည်ပတ်မှုအတွက် ခန္ဓာကိုယ်ကို ဖြတ်သန်းသွားလာတဲ့ သွေးပမာဏဟာ ခန့်မှန်းခြေအားဖြင့် ရေကူးကန်အလတ်စားတစ်ခုနဲ့ ညီမျှပါတယ်။
– လူတစ်ယောက်ဟာ သူတို့သွေးရဲ့ 40% ဆုံးရှုံးနိုင်ပြီး အသက်ရှင်နေသေးပါတယ်။ အချိန်မီ သွေးသွင်းဖို့ လိုအပ်ပါတယ်။
– heart attacks အားလုံးရဲ့ 21% ဟာ တနင်္လာနေ့မှာ ဖြစ်ပွားပါတယ်။ သိပ္ပံပညာရှင်များက ရက်သတ္တပတ်ရဲ့အစပို်င်းမှာ စိတ်ဖိစီးမှု ဟော်မုန်းတွေ “outpouring”ဖြစ်တဲ့အကြောင်းရင်းလို့ ယူဆပါတယ်။
– ကျွန်တော်တို့ရဲ့နှလုံးခုန်မှုက ကျွန်တော်တို့ရဲ့ခံစားချက်တွေကို သြဇာလွှမ်းမိုးပါတယ်။ သိပ္ပံပညာရှင်များက အမျိုးသားတစ်ယောက်ကို နှလုံးအသစ်တပ်ဆင်တဲ့အချိန်မှာ ဒီဖြစ်စဉ်ကို လေ့လာခဲ့ကြပါတယ်။ ခွဲစိတ်မှုပြီးနောက် သူ့ရဲ့စိတ်က ခံစားရပြီး လုပ်ဆောင်မှုတွေက ပုံမှန်မဟုတ်တဲ့ နည်းလမ်းများမှာ ပြောင်းလဲသွားပါတယ်။
– heart attack ကို လျှော့ချဖို့ မနက်ခင်းမှာ ဖြေးဖြေးနိုးထရပါမယ်။ ညနေပိုင်းမှာ လေ့ကျင့်ခန်းအပြင်းအထန်လုပ်ခြင်းကို လျှော့ချရပါမယ်။
– သူတို့ရဲ့အလားတူပေါင်းစပ်ဖွဲ့စည်းမှုကြောင့် အုန်းရေကို သွေးရည်ကြည် အစားထိုး ပေးနိုင်ပါတယ်။
– သွေးအုပ်စုများက ကွာရှင်းမှုအတွက် အကြောင်းရင်းတစ်ခု ဖြစ်နိုင်ပါတယ်။ သိပ္ပံပညာရှင်များက အိမ်ထောင်ဖက်ရဲ့သွေး အမျိုးအစားနှင့် ကွာရှင်းမှုရာခိုင်နှုန်းအကြား ချိတ်ဆက်မှု ရှိတယ်ဆိုတာကို ရှာတွေ့ခဲ့ပါတယ်။ ခိုင်မာတဲ့ စုံတွဲတွေမှာ ၂ယောက်လုံးက အိုသွေးအမျိုးအစားရှိပါတယ်။ ကွာရှင်းဖို့ ဆုံးဖြတ်တဲ့ စုံတွဲတွေက အများအားဖြင့် A+O သို့ A+AB ပေါင်းစပ်မှုရှိတဲ့သူတွေဖြစ်ပါတယ်။
– သွေးအမျိုးအစားက ကျွှန်တော်တို့ရဲ့ ကျန်းမာရေးပေါ်မှာ သက်ရောက်မှုရှိပါတယ်။ အိုသွေးအမျိုးအစားရှိသူတွေဟာ နှလုံးသွေးကြောဆိုင်ရာရောဂါများ ကျရောက်မှာမဟုတ်ပမေယ့် အရေပြားကင်ဆာ၊ အဝလွန်ခြင်းတို့ အများဆုံးဖြစ်ပေါ်နိုင်ပါတယ်။
– A သွေးအမျိုးအစားရှိသူတွေဟာ သွေးထဲမှာ ကိုလက်စထရောအဆင့်ကို ဂရုစိုက်သင့်ပါတယ်။ သူတို့ဟာ နှလုံးသွေးကြောဆိုင်ရာ ရောဂါဖြစ်ပွားမှုအတွက် အန္တရာယ်ရှိပါတယ်။
– B သွေးအမျိုးအစားရှိသူတွေဟာ ဆီးချိုရောဂါနှင့် ပန်ကရိယကင်ဆာ ကျရောက်နိုင်ကြောင်း သတိရသင့်ပါတယ်။
– AB တစ်ဦးချင်းစီမှာ တခြားသွေးအမျိုးအစားတွေထက် မှတ်ဉာဏ်ချို့ယွင်းတဲ့ အခွင့်အလမ်း ၈၂%ပိုမြင့်မားတာကြောင့် AB သွေးအမျိုးအစားရှိသူတွေဟာ မှတ်ဉာဏ်နှင့် အာရုံစုစည်းမှုကို ဂရုစိုက်သင့်ပါတယ်။
– Energy drinks တွေက နှလုံးခုန်စည်းချက်ကို ပြောင်းလဲစေပါတယ်။ energy drinks သောက်ပြီးနောက်မှာ ကဖိန်းဓါတ်ပမာဏက ကော်ဖီ၊ ဆိုဒါကဲ့သို့ တခြားကဖိန်းအချိုရည်ထက် ၃ဆပိုမြင့်မားတယ်လို့ သိပ္ပံပညာရှင်တွေက တွေ့ရှိခဲ့ပါတယ်။ သူတို့က နှလုံးကို ထိခိုက်စေပြီး အသက်ဆုံးရှုံးမှုကိုတောင် ဖြစ်ပေါ်စေပါတယ်။
– သွေးအမျိုးအစား dietsတွေက အလုပ်မဖြစ်ပါဘူး။ တိုရွန်တိုတက္ကသိုလ်မှ သိပ္ပံပညာရှင်များက လူတစ်ဦးချင်းစီရဲ့ သွေးအမျိုးအစားအရ အထူး dietsလုပ်ခြင်းက အမှားတစ်ခုဖြစ်ကြောင်း တွေ့ရှိခဲ့ပါတယ်။
– ဂျပန်မှာ သွေးအမျိုးအစားတစ်ခုစီအတွက် အစားအစာ၊ အလှကုန်ပစ္စည်းများနှင့် လူ့အသုံးအဆောင်ထုတ်ကုန်တွေကအစ အထူးကုန်စည်စက်ရုံတွေရှိပါတယ်။
– အားကစားစွမ်းဆောင်ရည်က လူတစ်ဦးရဲ့ သွေးအမျိုးအစားပေါ်မှာ မူတည်ပါတယ်။ 2017ခုနှစ်မှာကျင်းပတဲ့ လေ့လာမှုတစ်ခုမှာ အိုသွေးအမျိုးအစားရှိသူတွေဟာ တခြားအမျိုးအစားတွေထက် ပိုပြီးသက်လုံကောင်းတယ်လို့ ပြသခဲ့ပါတယ်။ သိပ္ပံပညာရှင်များက water polo ကစားသမားများအကြားမှာ အေဘီသွေးအမျိုးအစားရှိသူတွေကို ရှာတွေ့မှာ မဟုတ်ဘူးလို့ဆိုပါတယ်။ အိုသွေးအမျိုးအစားရဲ့ အားသာချက်က ပုံမှန်အလုပ်လုပ်တာပဲဖြစ်ပါတယ်။
– ကျွန်တော်တို့ရဲက အကျင့်စရိုက်က ကျွန်တော်တို့သွေးအမျိုးအစားပေါ်မှာ မူတည်ပါတယ်။ သိပ္ပံပညာရှင်များက charactersနှင့် သွေးအမျိုးအစားအကြား ချိတ်ဆက်မှုကို တွေ့ရှိခဲ့ပါတယ်။ ဂျပန်မှာ သွေးအမျိုးအစားက လူတစ်ယောက်ရဲ့ ကိုယ်ရည်ကိုယ်သွေးစရိုက်များနှင့် personal relationships မှာ၊ အလုပ်မှာ သူတို့ရဲ အောင်မြင်မှုကို လွမ်းမိုးမှုရှိတယ်လို့ ယုံကြည်ကြပါတယ်။
#Lifestyle_Myanmar
#LM_Nandar
Source- brightside
LEAVE A REPLY
Please enter your comment!
Please enter your name here