သင့္စိတ္က စားလို႔ မရဘူးထင္ၿပီး တစ္ခါမွ စမ္းမစားဘူးတာဘဲျဖစ္ျဖစ္၊ အဆိပ္အေတာက္ျဖစ္မွာေၾကာက္ၿပီး မစားတာဘဲျဖစ္ျဖစ္၊ ဆိုးရြားတဲ့ အရသာရွိလို႔ မစားတာပဲျဖစ္ျဖစ္ ကၽြန္ေတာ္တို႔ မစားဘူးတဲ့ အရာေတြ မ်ားစြာရွိပါတယ္။ ဒါေပမဲ့ လူအခ်ိဳ႕ကေတာ့ ကၽြန္ေတာ္တို႔ လုံးဝစားလို႔ မရဘူးလို႔ ထင္မွတ္ထားတဲ့ အရာေတြကိုမွ အစားအေသာက္တစ္ခုလို စားသုံးေနတာေတြ ရွိပါတယ္။ ကဲ ဒါဆို ဘယ္လို အရာေတြက စားလို႔ ရလဲ ၾကည့္ၾကည့္ရေအာင္ေနာ္။
၁။ သစ္ေခါက္

သစ္ပင္အေခါက္ကို တစ္ခ်ိန္က လူတိုင္းနီးပါး စားသုံးခဲ့ၾကၿပီး အမ်ားဆုံး အစားမ်ားတာကေတာ့ သစ္ႀကံပိုးေခါက္ပဲျဖစ္ပါတယ္။ အဆိုပါ သစ္ေခါက္ကို အမႈန္႔ႀကိတ္ၿပီး ဂ်ဳံအစားထိုးအျဖစ္စားသုံးၾကပါတယ္။ အဆိုပါ သစ္ေခါက္ေတြမွာ ခရမ္းလြန္ေရာင္ျခည္ကို ကာကြယ္ေပးၿပီး အသားအေရကို ေကာင္းမြန္ေစပါတယ္။ ဒါ့အျပင္ ခႏၶာကိုယ္အတြင္း ဂလူးကို႔ အဆင့္ကို ေလ်ာ့ခ်ေပးၿပီး ဗီတာမင္ C စုပ္ယူႏိုင္စြမ္းကို ျမႇင့္တင္ေပးႏိုင္ပါတယ္။
၂။ ရွားေစာင္းပင္

လူေတာ္ေတာ္မ်ားမ်ားဟာ ရွားေစာင္းပင္ဆို ေဆးဖက္ဝင္တဲ့ အပင္တစ္မ်ိဳးလို႔သာ သိထားေပမဲ့ ရွားေစာင္းပင္ကို ဟင္းလ်ာမ်ားမွာ ထည့္ခ်က္ၿပီး စားသုံးေလ့ရွိတာကို ဘယ္သူမွ မသိၾကပါဘူး။ ဒါေပမဲ့ ဟင္းလ်ာေတြအတြက္ ခ်က္စားတဲ့ ရွားေစာင္းပင္အမ်ိဳးအစားကို nopales လို႔ ေခၚပါတယ္။ အဆိုပါ ရွားေစာင္းပင္ဟာ သခြားသီးနဲ႔ တူတဲ့ အရသာမ်ိဳးကို ေပးစြမ္းႏိုင္ၿပီး antioxidants နဲ႔ Flavonoids ဓာတ္ ၾကြယ္ဝစြာ ပါဝင္ပါတယ္။
၃။ ၾကက္အေမာက္

မ်ားေသာအားျဖင့္ ၾကက္ေျခေထာက္၊ ၾကက္ေခါင္းစားတဲ့အခါ ၾကက္ေခါင္းထိပ္ပိုင္းမွာရွိတဲ့ သရဖူပုံစံ အနီးေရာင္ အေမာက္ေလးကို ဘယ္သူမွ မစားၾကပါဘူး။ ဒါေပမဲ့ ဒီၾကက္အေမာက္ေလးကို တ႐ုတ္နဲ႔ ျပင္သစ္ႏိုင္ငံေတြမွာ ထူးျခားဆန္းျပားတဲ့ ဟင္းလ်ာေတြအျဖစ္ ခ်က္ျပဳတ္စားေသာက္ၾကပါတယ္။ ဒါ့အျပင္ သုေတသနပညာရွင္ေတြက အဆိုပါ ၾကက္ရဲ႕ အေမာက္ကို Osteoarthritis လို႔ ေခၚတဲ့ ဒူးဆစ္ေရာင္ရမ္းျခင္းကို ေကာင္းမြန္ဖို႔အတြက္ ေဆးအျဖစ္ စားသုံးသင့္တယ္လို႔
ဆိုပါတယ္။
၄။ ၾကက္ဥခြံ

သင္စားလုိ႔ မရဘူးထင္တဲ့ ၾကက္ဥအခြံမွာ သတၱဳဓာတ္ျမင့္မားစြာပါဝင္တာေၾကာင့္ အခ်ိဳ႕ေသာသူေတြက ကယ္လ္စီယမ္ျဖည့္စြက္စာအျဖစ္ေတာင္ စားသုံးၾကပါေသးတယ္။ သဘာဝအတုိင္း ဥတဲ့ ၾကက္ဥအခြံကို အပူခ်ိန္ ၂၀၀ ဒီဂရီနဲ႔ ျပဳတ္တာပဲျဖစ္ျဖစ္၊ မီးဖုတ္ထားပဲျဖစ္ျဖစ္ ျပဳလုပ္ၿပီး အမႈန္႔ႀကိတ္စားသုံးၾကပါတယ္။
၅။ ႏြားသားေရ

အလြန္မာလြန္းလို႔ ျမန္မာ့တူရိယာေတာ္ေတာ္မ်ားမ်ားမွာ တပ္ဆင္အသုံးျပဳတဲ့ ႏြားသေရဟာ ႏိုင္ဂ်ီးရီးယားႏိုင္ငံအတြက္ေတာ့ စားစရာ အစားအေသာက္တစ္ခုပဲျဖစ္ပါတယ္။ ဒါေပမဲ့ သိပၸံပညာရွင္ေတြရဲ႕ စမ္းသပ္ခ်က္အရေတာ့ အဆိုပါ ႏြားသားေရဟာစားသုံးလုိ႔ ရေပမဲ့ အဟာရဓာတ္ေပးစြမ္းႏိုင္စြမ္းမရွိဘူးလို႔ ဆိုပါတယ္။
၆။ ဒုဓလီပန္း

ဒုဓလီပန္းဟာ အလွတရားနဲ႔ ျပည့္စုံသလို က်န္းမာေရးအတြက္လည္း အက်ိဳးေက်းဇူးအမ်ားႀကီးရွိပါတယ္။ အဆိုပါ ပန္းမွာ ဗီတာမင္ C, A, K တို႔ ၾကြယ္ဝစြာပါဝင္ၿပီး ပိုတက္စီယမ္နဲ႔ သံဓာတ္မ်ားစြာရွိတဲ့အျပင္ ေဖာျခင္း၊ ေရာင္ရမ္းျခင္းကို ေလ်ာ့ခ်ေစတဲ့အတြက္ ေဆးဝါးအျဖစ္လည္း အသုံးျပဳၾကပါတယ္။
၇။ ေရႊ

ေရႊရဲ႕ ဇီဝသေဘာသဘာဝအရ ဓာတ္မျပဳႏိုင္တဲ့အတြက္ စားသုံးတဲ့အခါမွာ အူအတြင္းစုပ္ယူႏိုင္စြမ္း၊ ေခ်ဖ်က္ႏိုင္စြမ္း မရွိသလို စားသုံးတဲ့အခါမွာ သင့္အတြက္ အႏၱရာယ္မရွိတဲ့ႏိုင္ပါဘူး။ ဒါ့ေၾကာင့္ အခ်ိဳ႕ စားစရာေတာ္ေတာ္မ်ားမ်ားမွာ ေရႊကို အလွဆင္ၿပီး ပူတြဲစားေသာက္ေလ့ရွိၾကပါတယ္။
၈။ ရႊံ႕ေစး

ရႊံ႕ေစးကို အလွအပထုတ္ကုန္ေတာ္ေတာ္မ်ားမ်ားမွာ အသုံးျပဳၾကေပမဲ့ စားသုံးလို႔ရတယ္ဆိုတာေတာ့ မျဖစ္ႏိုင္ဘူးလို႔ ယူဆၾကပါတယ္။ ဒါေပမဲ့ ရႊံ႕ကို အေရွ႕အလယ္ပိုင္းနဲ႔ အာဖရိကတို႔မွာ အစားအစာတစ္ခုအျဖစ္ စားသုံးၾကပါတယ္။ ဇင့္ဓာတ္ခ်ိဳ႕တဲ့သူေတြအတြက္ ျဖည့္စြက္စာတစ္ခုအျဖစ္ စားသုံးၾကတဲ့အျပင္ အဆိပ္အေတာက္ကို ဖယ္ရွားေပးႏိုင္လို႔ ယုံၾကည္စိတ္ခ်စြာ စားသုံးႏိုင္ပါတယ္လို႔ ဆိုပါတယ္။
၉။ ေျမျဖဴခဲ

ေျမျဖဴခဲမွာ ကယ္လ္စီယမ္ကာဗြန္နိတ္ သက္သက္သာ ပါဝင္တာေၾကာင့္ သင့္ကို အဆိပ္အေတာက္ျဖစ္တဲ့ အရာေတာ့မဟုတ္ပါဘူး။ စားသုံးလို႔ရေပမဲ့ က်န္းမာေရးအတြက္ေတာ့ ဘာအက်ိဳးမွာ ျပဳမွာမဟုတ္ပါဘူး။ ဒါေပမဲ့ ေျမျဖဴခဲကို မွ စားခ်င္တဲ့သူေတြ၊ ကိုယ္ဝန္ေဆာင္တဲ့အခ်ိန္ ေျခက်င္းတက္လို႔ ေျမျဖဴခဲကို မွ မစားရမေနႏိုင္တဲ့သူေတြ ရွိပါတယ္။
၁၀။ ေျမႀကီးခဲ

ေျမႀကီးခဲကို စားလို႔ရတယ္ဆိုတာ စိတ္ေတာင္မကူးမိတဲ့ ကၽြန္ေတာ္တို႔အဖို႔ေတာ့ တကယ့္ကို အ့ံအားသင့္စရာပါ။ အဆုိပါ ေျမႀကီးခဲကို လြန္ခဲတဲ့ ၁၈ရာစုေလာက္ကတည္းက ေတာင္အာဖရိကလူမ်ိဳးေတြထဲမွာ အမ်ိဳးသမီးႀကီးေတြက စားသုံးလာၾကတာ ျဖစ္ပါတယ္။ စားစရာမရွိတဲ့ ဆင္းရဲႏြမ္းပါးသူေတြလည္း စားသုံးၾကသလို၊ အဆိုပါ ေျမႀကီးခဲစားရတာကို ႀကိဳက္လို႔ စားသုံးတဲ့သူေတြလည္းရွိပါတယ္။ မ်ားေသာအားျဖင့္ ကိုယ္ဝန္ေဆာင္အမ်ိဳးသမီးေတြ ေတာင္းတေလ့ရွိၿပီး ဗိုက္ႀကီးနာဆြဲတာ၊ ပ်ိဳ႕တာ အန္တာေတြ ေလ်ာ့နည္းေစတယ္လို႔လည္း ယုံၾကည္ၾကပါတယ္။
#Lifestyle_Myanmar
#Thar-Nage
ကိုယ့္ႏိုင္ငံမွာ သာမန္အျပဳအမူမ်ိဳးဆိုေပမဲ့ အျခားႏိုင္ငံမွာ ေထာင္က်ႏိုင္ကိန္းရွိတဲ့ သူတို႔ႏိုင္ငံရဲ႕စည္းကမ္းအခ်ိဳ႕
Unicode
ကျွန်တော်တို့ လုံးဝစားလို့ မရဘူးထင်ထားတဲ့ ဒေသအသိသိက စားစရာ ၁၀မျိုးအကြောင်း
သင့်စိတ်က စားလို့ မရဘူးထင်ပြီး တစ်ခါမှ စမ်းမစားဘူးတာဘဲဖြစ်ဖြစ်၊ အဆိပ်အတောက်ဖြစ်မှာကြောက်ပြီး မစားတာဘဲဖြစ်ဖြစ်၊ ဆိုးရွားတဲ့ အရသာရှိလို့ မစားတာပဲဖြစ်ဖြစ် ကျွန်တော်တို့ မစားဘူးတဲ့ အရာတွေ များစွာရှိပါတယ်။ ဒါပေမဲ့ လူအချို့ကတော့ ကျွန်တော်တို့ လုံးဝစားလို့ မရဘူးလို့ ထင်မှတ်ထားတဲ့ အရာတွေကိုမှ အစားအသောက်တစ်ခုလို စားသုံးနေတာတွေ ရှိပါတယ်။ ကဲ ဒါဆို ဘယ်လို အရာတွေက စားလို့ ရလဲ ကြည့်ကြည့်ရအောင်နော်။
၁။ သစ်ခေါက်
သစ်ပင်အခေါက်ကို တစ်ချိန်က လူတိုင်းနီးပါး စားသုံးခဲ့ကြပြီး အများဆုံး အစားများတာကတော့ သစ်ကြံပိုးခေါက်ပဲဖြစ်ပါတယ်။ အဆိုပါ သစ်ခေါက်ကို အမှုန့်ကြိတ်ပြီး ဂျုံအစားထိုးအဖြစ်စားသုံးကြပါတယ်။ အဆိုပါ သစ်ခေါက်တွေမှာ ခရမ်းလွန်ရောင်ခြည်ကို ကာကွယ်ပေးပြီး အသားအရေကို ကောင်းမွန်စေပါတယ်။ ဒါ့အပြင် ခန္ဓာကိုယ်အတွင်း ဂလူးကို့ အဆင့်ကို လျော့ချပေးပြီး ဗီတာမင် C စုပ်ယူနိုင်စွမ်းကို မြှင့်တင်ပေးနိုင်ပါတယ်။
၂။ ရှားစောင်းပင်
လူတော်တော်များများဟာ ရှားစောင်းပင်ဆို ဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးလို့သာ သိထားပေမဲ့ ရှားစောင်းပင်ကို ဟင်းလျာများမှာ ထည့်ချက်ပြီး စားသုံးလေ့ရှိတာကို ဘယ်သူမှ မသိကြပါဘူး။ ဒါပေမဲ့ ဟင်းလျာတွေအတွက် ချက်စားတဲ့ ရှားစောင်းပင်အမျိုးအစားကို nopales လို့ ခေါ်ပါတယ်။ အဆိုပါ ရှားစောင်းပင်ဟာ သခွားသီးနဲ့ တူတဲ့ အရသာမျိုးကို ပေးစွမ်းနိုင်ပြီး antioxidants နဲ့ Flavonoids ဓာတ် ကြွယ်ဝစွာ ပါဝင်ပါတယ်။
၃။ ကြက်အမောက်
များသောအားဖြင့် ကြက်ခြေထောက်၊ ကြက်ခေါင်းစားတဲ့အခါ ကြက်ခေါင်းထိပ်ပိုင်းမှာရှိတဲ့ သရဖူပုံစံ အနီးရောင် အမောက်လေးကို ဘယ်သူမှ မစားကြပါဘူး။ ဒါပေမဲ့ ဒီကြက်အမောက်လေးကို တရုတ်နဲ့ ပြင်သစ်နိုင်ငံတွေမှာ ထူးခြားဆန်းပြားတဲ့ ဟင်းလျာတွေအဖြစ် ချက်ပြုတ်စားသောက်ကြပါတယ်။ ဒါ့အပြင် သုတေသနပညာရှင်တွေက အဆိုပါ ကြက်ရဲ့ အမောက်ကို Osteoarthritis လို့ ခေါ်တဲ့ ဒူးဆစ်ရောင်ရမ်းခြင်းကို ကောင်းမွန်ဖို့အတွက် ဆေးအဖြစ် စားသုံးသင့်တယ်လို့
ဆိုပါတယ်။
၄။ ကြက်ဥခွံ
သင်စားလို့ မရဘူးထင်တဲ့ ကြက်ဥအခွံမှာ သတ္တုဓာတ်မြင့်မားစွာပါဝင်တာကြောင့် အချို့သောသူတွေက ကယ်လ်စီယမ်ဖြည့်စွက်စာအဖြစ်တောင် စားသုံးကြပါသေးတယ်။ သဘာဝအတိုင်း ဥတဲ့ ကြက်ဥအခွံကို အပူချိန် ၂၀၀ ဒီဂရီနဲ့ ပြုတ်တာပဲဖြစ်ဖြစ်၊ မီးဖုတ်ထားပဲဖြစ်ဖြစ် ပြုလုပ်ပြီး အမှုန့်ကြိတ်စားသုံးကြပါတယ်။
၅။ နွားသားရေ
အလွန်မာလွန်းလို့ မြန်မာ့တူရိယာတော်တော်များများမှာ တပ်ဆင်အသုံးပြုတဲ့ နွားသရေဟာ နိုင်ဂျီးရီးယားနိုင်ငံအတွက်တော့ စားစရာ အစားအသောက်တစ်ခုပဲဖြစ်ပါတယ်။ ဒါပေမဲ့ သိပ္ပံပညာရှင်တွေရဲ့ စမ်းသပ်ချက်အရတော့ အဆိုပါ နွားသားရေဟာစားသုံးလို့ ရပေမဲ့ အဟာရဓာတ်ပေးစွမ်းနိုင်စွမ်းမရှိဘူးလို့ ဆိုပါတယ်။
၆။ ဒုဓလီပန်း
ဒုဓလီပန်းဟာ အလှတရားနဲ့ ပြည့်စုံသလို ကျန်းမာရေးအတွက်လည်း အကျိုးကျေးဇူးအများကြီးရှိပါတယ်။ အဆိုပါ ပန်းမှာ ဗီတာမင် C, A, K တို့ ကြွယ်ဝစွာပါဝင်ပြီး ပိုတက်စီယမ်နဲ့ သံဓာတ်များစွာရှိတဲ့အပြင် ဖောခြင်း၊ ရောင်ရမ်းခြင်းကို လျော့ချစေတဲ့အတွက် ဆေးဝါးအဖြစ်လည်း အသုံးပြုကြပါတယ်။
၇။ ရွှေ
ရွှေရဲ့ ဇီဝသဘောသဘာဝအရ ဓာတ်မပြုနိုင်တဲ့အတွက် စားသုံးတဲ့အခါမှာ အူအတွင်းစုပ်ယူနိုင်စွမ်း၊ ချေဖျက်နိုင်စွမ်း မရှိသလို စားသုံးတဲ့အခါမှာ သင့်အတွက် အန္တရာယ်မရှိတဲ့နိုင်ပါဘူး။ ဒါ့ကြောင့် အချို့ စားစရာတော်တော်များများမှာ ရွှေကို အလှဆင်ပြီး ပူတွဲစားသောက်လေ့ရှိကြပါတယ်။
၈။ ရွှံ့စေး
ရွှံ့စေးကို အလှအပထုတ်ကုန်တော်တော်များများမှာ အသုံးပြုကြပေမဲ့ စားသုံးလို့ရတယ်ဆိုတာတော့ မဖြစ်နိုင်ဘူးလို့ ယူဆကြပါတယ်။ ဒါပေမဲ့ ရွှံ့ကို အရှေ့အလယ်ပိုင်းနဲ့ အာဖရိကတို့မှာ အစားအစာတစ်ခုအဖြစ် စားသုံးကြပါတယ်။ ဇင့်ဓာတ်ချို့တဲ့သူတွေအတွက် ဖြည့်စွက်စာတစ်ခုအဖြစ် စားသုံးကြတဲ့အပြင် အဆိပ်အတောက်ကို ဖယ်ရှားပေးနိုင်လို့ ယုံကြည်စိတ်ချစွာ စားသုံးနိုင်ပါတယ်လို့ ဆိုပါတယ်။
၉။ မြေဖြူခဲ
မြေဖြူခဲမှာ ကယ်လ်စီယမ်ကာဗွန်နိတ် သက်သက်သာ ပါဝင်တာကြောင့် သင့်ကို အဆိပ်အတောက်ဖြစ်တဲ့ အရာတော့မဟုတ်ပါဘူး။ စားသုံးလို့ရပေမဲ့ ကျန်းမာရေးအတွက်တော့ ဘာအကျိုးမှာ ပြုမှာမဟုတ်ပါဘူး။ ဒါပေမဲ့ မြေဖြူခဲကို မှ စားချင်တဲ့သူတွေ၊ ကိုယ်ဝန်ဆောင်တဲ့အချိန် ခြေကျင်းတက်လို့ မြေဖြူခဲကို မှ မစားရမနေနိုင်တဲ့သူတွေ ရှိပါတယ်။
၁၀။ မြေကြီးခဲ
မြေကြီးခဲကို စားလို့ရတယ်ဆိုတာ စိတ်တောင်မကူးမိတဲ့ ကျွန်တော်တို့အဖို့တော့ တကယ့်ကို အ့ံအားသင့်စရာပါ။ အဆိုပါ မြေကြီးခဲကို လွန်ခဲတဲ့ ၁၈ရာစုလောက်ကတည်းက တောင်အာဖရိကလူမျိုးတွေထဲမှာ အမျိုးသမီးကြီးတွေက စားသုံးလာကြတာ ဖြစ်ပါတယ်။ စားစရာမရှိတဲ့ ဆင်းရဲနွမ်းပါးသူတွေလည်း စားသုံးကြသလို၊ အဆိုပါ မြေကြီးခဲစားရတာကို ကြိုက်လို့ စားသုံးတဲ့သူတွေလည်းရှိပါတယ်။ များသောအားဖြင့် ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ တောင်းတလေ့ရှိပြီး ဗိုက်ကြီးနာဆွဲတာ၊ ပျို့တာ အန်တာတွေ လျော့နည်းစေတယ်လို့လည်း ယုံကြည်ကြပါတယ်။