Bonus
Lifestyle_Myanmar
LM_Nandar
Source- brightside
Unicode
ကျွန်တော်တို့ မကြာခဏ လျစ်လျူရှုထားတတ်ကြတဲ့ ကျန်းမာရေးကို သက်ရောက်စေနိုင်တဲ့ အိမ်သုံးဆေးဝါး သိမ်းဆည်းမှု အမှားများ
မိသားစုရှိတဲ့ အိမ်တိုင်းမှာ ရှေးဦးသူနာပြုဆေးဝါးအမျိုးမျိုးကို ဆောင်ထားတတ်ကြမယ် ထင်ပါတယ်။ အများစုက အသေးအမွှားဝေဒနာတွေဖြစ်တဲ့ ထိခိုက်ရှနာအတွက် အရက်ပြန်တို့ ဂွမ်းတို့၊ အနာကပ်ပလာစတာတို့ ဆောင်ထားတတ်ကြသလို၊ သာမန်ခေါင်းကိုက်၊ ဗိုက်အောင့်တာတွေအတွက် အကိုက်အခဲပျောက်ဆေး၊ အစာကြေဆေး စတာတွေ ဆောင်ထားတတ်ကြပါတယ်။ ဒီလိုအိမ်သုံးဆေးဝါးတွေ ဆောင်ထားတာက ကောင်းမွန်ပေမယ့် ဆေးဝါးသိုလောင်တဲ့နေရာမှာ အဓိကစည်းမျဉ်းစည်းကမ်းလေးတွေကို လူတိုင်းသိထားသင့်ပါတယ်။ တစ်ချို့တွေက ဆေးဝါးတွေကို လပေါင်းများစွာ သိမ်းဆည်းတတ်ကြပြီး ရက်လွန်လို့ လွန်မှန်းမသိ သုံးစွဲနေကြပါတယ်။ ဒါတွေက ကျွန်တော်တို့ရဲ့ကျန်းမာရေးကို ဆိုးကျိုးတွေ ဖြစ်စေနိုင်ပါတယ်။ ဒါ့ကြောင့် ဆေးဝါးကိုင်တွယ်တဲ့အခါ လူတွေ ပြုလုပ်မိနေတဲ့ အကြီးမားဆုံးအမှားလေးတွေကို သတိပြုမိအောင် မျှဝေပေးလိုက်ပါတယ်။
၁။ မှားယွင်းတဲ့ နည်းလမ်းနဲ့ ရေခဲသေတ္တာထဲမှာ ဆေးဝါးများ သိမ်းဆည်းခြင်း
တစ်ချို့ဆေးဝါးတွေက အအေးအပူချိန်ထဲမှာ သိမ်းဆည်းထားသင့်တာကြောင့် ရေခဲသေတ္တာက အဲ့ဒီဆေးတွေအတွက် အကောင်းဆုံးနေရာတစ်ခုဖြစ်ပါတယ်။ သို့သော် ရေခဲသေတ္တာတံခါးတွေက အကောင်းဆုံး ရွေးချယ်စရာတစ်ခု မဟုတ်ပါဘူး။ တံခါးရဲ့ temperature က ဒီဂရီမြင့်မားပြီး ရေခဲသေတ္တာကို မကြာခဏ အဖွင့်အပိတ်လုပ်တာကြောင့် temperature က တတ်လိုက်ကျလိုက် ဖြစ်ပါတယ်။ ဒါ့ကြောင့် သင့်ဆေးဝါးတွေအတွက် သီးခြားစင်တစ်ခု ဖန်တီးတာအကောင်းဆုံးပါ။
စိုထိုင်းဆနှင့် temperature အတတ်အကျများကနေ ဆေးဝါးတွေကို ကာကွယ်ဖို့အတွက် ဘူးအလွတ်တစ်ခုထဲမှာထည့်ပြီး သိမ်းဆည်းပါ။ ဆေးရည်ဆိုရင် ရေခဲသေတ္တာနောက်ကျောနဲ့ အရမ်းနီးကပ်အောင် မထားပါနဲ့။ အေးခဲသွားရင် အန္တရာယ်ဖြစ်စေနိုင်တာကြောင့် ရေခဲသေတ္တာအဖုံးမှာ သိမ်းဆည်းနိုင်ပါတယ်။
၂။ အညွန်းပါတဲ့ ဘူးခွံတွေကို လွှင့်ပစ်တာ
အများစုက ဆေးကတ်တွေကို ဘူးလိုက်ဝယ်ပြီးရင် ဘူးခွံတွေကို လွှင့်ပစ်တတ်ကြပါတယ်။ ဒါက မကောင်းတဲ့ အရာဖြစ်ပါတယ်။ ဘူးခွံပေါ်မှာ သက်တမ်းကုန်ဆုံးရက်တွေ၊ အရေးကြီးတဲ့ information တွေ ပါဝင်တာကြောင့် ဘူးခွံတွေကို လွှင့်မပစ်သင့်ပါဘူး။ ဒီထုတ်လုပ်မှု ရက်စွဲအညွှန်းတွေက သင်တကယ်လိုအပ်တဲ့အခါ အဆုံးအဖြတ်ပေးနိုင်ပါတယ်။
၃။ သက်တမ်းကုန်ဆုံးရက်နှင့် ပတ်သတ်ပြီး မေ့နေတာ
အများအားဖြင့် သက်တမ်းကုန်ဆုံးရက်က closed product တွေအတွက် တွက်ချက်ထားတာပါ။ manual ထဲမှာ ဒီအချက်အလက်များကို ရှာနိုင်ပါတယ်။ ဒါကအထူးသဖြင့် ဆေးရည်တွေအတွက်ပါ။ ဥပမာ- မျက်စဉ်းဆေးပုလင်းက ဖွင့်မသုံးထားရင် ကြာကြာခံပေမယ့် ဖွင့်သုံးပြီးရင် အနညး်ဆုံးတစ်လအကြာမှာ စွန့်ပစ်သင့်ပါတယ်။ ဒီလိုမှမဟုတ်ရင် အန္တရာယ်ဖြစ်နိုင်ပါတယ်။
၄။ အလင်းရောင်များတဲ့နေရာ နှင့် ကလေးတွေ လက်လှမ်းမှီတဲ့ နေရာမှာ ဆေးဝါးတွေကို သိုလှောင်တာ
ဆေးဝါးတွေကို စားပွဲတွေ၊ သို့မဟုတ် ဗီဒိုအပေါ်မှာလို အလင်းရောင်များတဲ့နေရာမှာ မသိမ်းသင့်ပါဘူး။ ဒီပတ်ဝန်းကျင်မှာ သူတို့ရဲ့ထိရောက်မှုအာနိသင် ဆုံးရှုံးပါတယ်။ ဒါ့အပြင် ဆေးဝါးတွေကို ဒီနည်းလမ်းဖြင့် သိမ်းဆည်းထားလျှင် ကလေးသေးသေးလေးတွေ လက်လှမ်းမှီနိုင်ပါတယ်။ ဒါ့ကြောင့် ဆေးဝါးတွေအားလုံးကို သော့ခတ်လို့ရမယ့် ဘူးအလွတ်ထဲမှာ၊ ကလေးတွေ လက်လှမ်းမမှီနိုင်မယ့် ဗီဒိုထဲမှာ သိမ်းဆည်းတာ အကောင်းဆုံးပါ။ ရှေးဦးသူနာပြုဆေးဝါးတွေက ကလေးတွေအတွက် လက်လှမ်းမမှီသင့်ဘူးဆိုတာ သတိရပါ။
၅။ မှားယွင်းတဲ့ နည်းလမ်းနဲ့ ဆေးဝါးများကို စွန့်ပစ်တာ
အိမ်မှာ ဆေးဝါးတွေကို လွှင့်ပစ်ဖို့ အကောင်းဆုံးနည်းလမ်းတစ်ခုက ပလပ်စတစ်အိတ်တစ်လုံးထဲထည့်ပြီး စွန့်ပစ်တာဖြစ်ပါတယ်။ အချို့နိုင်ငံတွေမှာ မလိုအပ်တဲ့ ဆေးဝါးစွန့်ပစ်ဖို့ သီးသန့်နေရာတွေရှိပြီး စနစ်တကျ စွန့်ပစ်ရပါတယ်။
၆။ ဆေးဝါးတွေကို စနစ်တကျ မသိမ်းဆည်းတာ
သင့်ရဲ့အရေးပေါ် ဆေးဝါးတွေကို အစီအစဉ်တကျ သိမ်းဆည်းလျှင် ဆေးဝါးအမြန်လိုအပ်တဲ့အခါ အလွယ်တကူ ရှာနိုင်ပြီး ဆေးဝါးတွေ safe ဖြစ်ဖို့ သေချာနိုင်ပါတယ်။ ဒါ့ကြောင့် အသုံးပြုလို့ ရနိုင်သေးရင်တောင် ပါကင်မပါတဲ့ ဆေးဝါးတွေ၊ ဒိတ်လွန်နေတဲ့ ဆေးပြားတွေကို လွှင့်ပစ်ပါ။ အရည်နဲ့ ခရမ်ကဲ့သို့ဆေးဝါးတွေဟာ အရောင်ပြောင်းလဲသွားရင် သို့မဟုတ် ဆေးရည်ထဲမှာ အမှုန်လေးတွေ မြင်ရလျှင် လွှင့်ပစ်သင့်ပါတယ်။
သင်သောက်သုံးတဲ့ဆေးနဲ့ မသောက်တဲ့ဆေးတွေကို ခွဲခြားထားဖို့ ကြိုးစားပါ။ ဆေးတွေကို အရောင်ကွဲဘူးတွေထဲထည့်ပြီး မတူတဲ့ စင်ပေါ်မှာ ထားပါ။ သူတို့ရဲ့မူလပါကင်ထဲမှာ ဆေးတွေကို သိမ်းဆည်းပါ။ ဒီလိုမှမဟုတ်ရင် ဆေးမှားသောက်နိုင်တာကြောင့် ဖြစ်ပါတယ်။
၇။ ပိုမိုခေတ်မှီတဲ့ ထုတ်ကုန်တွေကို အသုံးမပြုခြင်း
ကျွန်တော်တို့ဟာ သမရိုးကျထဲမှာ နေသားကျနေကြပါတယ်။ သင့်ရဲ့အိမ်မှာ ကလေးသေးသေးလေးတွေရှိရင် ဒါက အထူးသဖြင့် အရေးကြီးပါတယ်။
ဥပမာ- ပုံမှန်အရက်ပြန်ပုလင်းနဲ့ ဂွမ်းကို သုံးမယ့်အစား အရက်ပြန်သုတ်ထားတဲ့ဟာကို အသုံးပြုနိုင်ပါတယ်။
လူအတော်များများက နှစ်ပေါင်းများစွာ ဆေးတစ်မျိုးတည်းကိုပဲ သောက်ပြီး စျေးကွက်မှာ ပိုပြီးထိရောက်တဲ့ဆေးတွေ ရှိတယ်ဆိုတာ သဘောမပေါက်ကြပါဘူး။ ဒါပေမယ့် သေချာစေဖို့တော့ ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။
၈။ သိုလှောင်မှုအခြေအနေများကို ချိုးဖောက်တာ
ဆေးပြား၊ ဆေးတောင့် နှင့် အနာကပ်ပလာစတာတွေ အားလုံးက အစိုပြန်လျှင် သူတို့ရဲ့ အာနိသင် ဆုံးရှုံးပါတယ်။ ဒါ့ကြောင့် တံခါးတွေနဲ့ ဗီဒိုထဲမှာဖြစ်ရင်တောင် ရေချိုးခန်းထဲမှာ သိမ်းဆည်းမထားသင့်ပါဘူး။ မီးဖိုချောင်ကလည်း ဆေးသိမ်းထားလို့ရမယ့် အကောင်းဆုံးနေရာမဟုတ်ပါဘူး။ temperature အတတ်အကျနှင့် ထိတွေ့ပြီး စိုထိုင်းဆတွေက ဆေးဝါးရဲ့ အရည်အသွေးပေါ်မှာ ကောင်းတဲ့ influence မရှိပါဘူး။ ဥပမာ- ရေငွေ့ပြန်တဲ့နားမှာ သို့မဟုတ် ရေနွေးအိုးနဲ့ မီးဖိုနားက ဗီဒိုထဲတွေမှာ ထားတာဖြစ်ပါတယ် ။ အကောင်းဆုံးကတော့ ဧည့်ခန်း သို့မဟုတ် အိပ်ခန်းထဲမှာ ဆေးတွေကို သိမ်းဆညး်ဖို့ ဖြစ်ပါတယ်။
သင့်ရဲ့ တိုက်ခန်းအတွင်း အပူချိန်က ပုံမှန်ထက် ပိုပူလျှင် ဘယ်ဆေးဝါးရဲ့ expiration date မဆို လျော့ကျတယ်ဆိုတာ သင်သိသင့်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့အိမ်သုံးဆေးဝါးတွေကို လွှင့်သင့်/မလွှင့်သင့်ဆိုတာ မကြာခဏ စစ်ဆေးပေးပါ။
Bonus
၁။ သင့်ရဲ့ဆေးသေတ္တာထဲမှာ ရှိသင့်တဲ့အရာများ။ ။anti-inflammatory ဆေးပြားများနဲ့ (aspirin, ibuprofen, diclofenac) ကဲ့သို့သော အကိုက်အခဲပျောက်ဆေးများကို သင့်ရဲ့ ဆေးသေတ္တာထဲမှာ ရှိသင့်ပါတယ်။ သင်ဟာ ဝမ်းလျှောတာ သို့မဟုတ် အန်တတ်တဲ့သူဖြစ်လျှင် ရေဓါတ်မျှတမှုကို ပြန်လည်ထိနး်သိမ်းဖို့ ဆေးဝါးတွေကို ဝယ်ထားပါ။ အပူလောင်တာတွေအတွက် လိမ်းဆေးများနဲ့ အနာကပ်ပလာစတာတွေကလည်း လိုအပ်တဲ့အရာတွေ ဖြစ်ပါတယ်။ တခြားဆေးဝါးတွေကို သင်လိုအပ်မှသာ ဝယ်သင့်ပါတယ်။
၂။ ပါကင်ဘူးတွေကို သေချာပြန်ပိတ်ပါ။ ။ ဆေးဝါးတွေက လေနဲ့ ထိတွေ့မှုက တဆင့် အောက်ဆီဒိုက် သို့မဟုတ် အငွေ့ပြန်မှုတွေ လေထုထဲမှာ ဘာမဆို စုပ်ယူနိုင်ပါတယ်။ တစ်ချို့ဆေးဝါးတွေက အနံ့ပြင်းတာကြောင့် ဘယ်ဆေးဝါးမဆို တခြားဆေးတွေနဲ့ ခွဲခြားထားပါ။
၃။ တစ်ချို့ဆေးတွေက အတိအကျသောက်ရတာတွေရှိပါတယ်။ ။ တခြမ်းပဲသောက်ရတဲ့ဆေးဆိုရင် ဆေးဖြတ်တဲ့အထူးကိရိယာကို (special pill cutters) ကိုအသုံးပြုသင့်ပါတယ်။ သူတို့က သင်လိုအပ်တဲ့ ပမာဏကို အတိအကျဖြတ်ပေးပါလိမ့်မယ်။ ဆေးတောင့်တွေကို မဖွင့်သင့်ဘူးဆိုတာ သတိရပါ။ ဘာ့ကြောင့်လည်းဆိုတော့ သူတို့က (အူအတွက် ဆေးဆိုရင်) ဝမ်းဗိုက်ထဲမှာ အရည်ပျော်ခြင်းကနေ ဆေးတွေကို ကာကွယ်ဖို့ supposed လုပ်ပေးတာကြောင့် ဖြစ်ပါတယ်။
Lifestyle_Myanmar
LM_Nandar
Source- brightside
Source- brightside