ေသြးလႊတ္ေၾကာပိတ္တာဟာ သက္ႀကီးရြယ္အိုေတြမွာပဲ ျဖစ္တဲ့ ျပႆနာတစ္ခုလို႔ လူအမ်ားစုက အထင္မွား ယံုၾကည္ၾကပါတယ္။ ေသြးလႊတ္ေၾကာပိတ္တာဟာ လူငယ္ေတြမွာလည္း ျဖစ္ႏိုင္ပါတယ္။ ဒါ့ေၾကာင့္ ျဖစ္ႏိုင္တဲ့ လကၡဏာမ်ားကို ႀကိဳတင္သိရွိထားဖို႔ အေရးႀကီတာေၾကာင့္ ေသြးလႊတ္ေၾကာပိတ္ဆို႔မႈရဲ႕ အျဖစ္အမ်ားဆံုး လကၡဏာ (၇)ခုကို ေဖာ္ျပေပးလုိက္ပါတယ္။ ဒီအခ်က္မ်ားကို ၾကည့္ၿပီး သင့္က်န္းမာေရးအတြက္ သင့္ေနစဥ္အေလ့အထမ်ားကို ေျပာင္းလဲလို႔ရပါတယ္။
၁။ ေျခသလံုး၊ ေပါင္ႏွင့္ တင္ပါးေတြမွာ နာက်င္မႈ

လမ္းေလွ်ာက္ျခင္းကဲ့သို႔ လႈပ္ရွားေနစဥ္အတြင္းမွာ ေျခေထာက္နာတာက ေသြးလႊတ္ေၾကာပိတ္ဆို႔မႈရဲ႕ လကၡဏာတစ္ခု ျဖစ္ႏိုင္ပါတယ္။ ဒါက သင့္ရဲ႕ေျခလက္အဂၤါေတြကို ေသြးအလံုအေလာက္ စီးဆင္းမႈမရွိဘူးလို႔ ဆိုလိုပါတယ္။ ဒီေရာဂါလကၡဏာမ်ားက ၾကြက္သားနာက်င္မႈ သို႔မဟုတ္ ေျခေထာက္ေတြ၊ လက္ေမာင္းေတြမွာ ၾကြက္တတ္ျခင္းတို႔ ပါဝင္ႏိုင္ပါတယ္။ နာက်င္မႈရဲ႕တည္ေနရာက ေသြးေၾကာက်ဥ္းတဲ့ေနရာ သို႔မဟုတ္ ေသြးခဲတဲ့ေနရာေပၚ မူတည္ပါတယ္။
၂။ ရင္ဘတ္ နာက်င္မႈ

ရင္ဘတ္နာက်င္မႈ (ဒါ့မွမဟုတ္ (angina)ႏွလံုးေရာဂါတစ္မ်ိဳးေၾကာင့္ ရင္ဘတ္စူးေအာင့္တာ)က ႏွလံုးကို ေသြးစီးဆင္းမႈ ေလွ်ာ့က်တာေၾကာင့္ ျဖစ္ပါတယ္။ တင္းတင္းက်ပ္က်ပ္ျဖစ္ေနသလို၊ ထံုေနသလို၊ ေလးလံေနသလို၊ ဖိအား ဒါမွမဟုတ္ ပူေလာင္ျခင္းကဲ့သို႔ ခံစားရႏိုင္ပါတယ္။ ဒါက ရုပ္ပိုင္းဆိုင္ရာ သို႔မဟုတ္ စိတ္ပိုင္းဆိုင္ရာ အားထုတ္မႈ ေၾကာင့္ ျဖစ္တာေၾကာင့္ အနားယူလိုက္တဲ့အခါ လူေတြမွာ မ်ားေသာအားျဖင့္ ဒီလကၡဏာေတြကို ေတြ႕ႀကံဳမခံစားရေတာ့ပါဘူး။
တခ်ိဳ႕ကိစၥေတြမွာ ရင္ဘတ္စူးေအာင့္တာက လူတစ္ေယာက္မွာ ႏွလံုးေရာဂါရွိတဲ့ လကၡဏာတစ္ခုျဖစ္တာေၾကာင့္ ေသြးေၾကာပိတ္တာက မေကာင္းပါဘူး။
၃။ အျမင္အာရံု တစ္ဖက္တည္း ယာယီဆံုးရံႈးမႈ

Carotid ေသြးလႊတ္ေၾကာက ကၽြန္ေတာ္တို႔ ဦးေႏွာက္နဲ႔ မ်က္လံုးမ်ားကို ေထာက္ပံ့ေပးပါတယ္။ ဒီေသြးလႊတ္ေၾကာ ပိတ္ဆို႔ခဲ့လွ်င္ ရလဒ္က အျမင္အာရံု ယာယီဆံုးရံႈးတာ မ်က္လံုးႏွစ္ဖက္လံုး မႈန္ဝါးတာတို႔ ျဖစ္လာပါတယ္။ အျပည့္အဝပိတ္ဆို႔သြားတာက ေလျဖတ္ျခင္းကို ျဖစ္ေစပါတယ္။ ဒီနိမိတ္လကၡဏာေတြကို သတိျပဳမိဖို႔ အလြန္အေရးႀကီးပါတယ္။
၄။ ေက်ာေအာက္ပိုင္းနာက်င္မႈ

ေက်ာေအာက္ပိုင္းနာက်င္တာက လ်စ္လ်ဴမရႈထားသင့္တဲ့ စိုးရိမ္စရာလကၡဏာ တစ္ခုျဖစ္ပါတယ္။ ေက်ာေအာက္ပိုင္းကို ေသြးစီးဆင္းမႈ ေလ်ာ့နည္းတဲ့အခါ အရိုးအၾကားရွိ disk ေတြ ပ်က္စီးလြယ္လာပါတယ္။ ၿပီးေတာ့ ဒါက pinched nerves နာက်င္မႈကို ဦးတည္ေစပါတယ္။ အမ်ားအားျဖင့္ ေသြးလႊတ္ေၾကာပိတ္ဆို႔တဲ့ လူေတြအမ်ားစု ျဖစ္တဲ့ ပထမဆံုးလကၡဏာ ျဖစ္ပါတယ္။ ေလ့လာမႈတစ္ခုအရ ဖြံ႕ၿဖိဳးၿပီးႏိုင္ငံမ်ားမွာ လူ၁၀%ဟာ အသက္ ၂၀အရြယ္တြင္ သူတို႔ရဲ႕ ဝမ္းဗိုက္ aorta မွာ ပိတ္ဆို႔ေနႏွင့္ၿပီးသားျဖစ္ပါတယ္။
၅။ အသက္ရႈမဝျခင္း

ႏွလံုးပတ္ေသြးလႊတ္ေၾကာေတြ ပ်က္စီးလာတာ သို႔မဟုတ္ ေရာဂါခံစားလာရတဲ့အခါ ဒီလကၡဏာ ျဖစ္ေပၚပါတယ္။ ႏွလံုးက ခႏၶာကိုယ္ရဲ႕ လိုအပ္ခ်က္မ်ားကို ျဖည့္ဆည္းဖို႔ ေသြးအလံုအေလာက္ စုပ္ႏိုင္စြမ္း မရွိတာေၾကာင့္ ဒါကို ေတြ႕ႀကံဳခံစားရပါတယ္။ လူေတြဟာ အသက္ရႈမဝျခင္းကို ႀကီးမားတဲ့ ျပႆနာတစ္ရပ္အျဖစ္ ထည့္သြင္းမစဥ္းစားၾကဘူးလို႔ သုေတသသနက ဆိုထားပါတယ္။ ဒါေပမယ့္ တခါတရံမွာ ဒါက ကုသမႈလိုအပ္ႏိုင္တဲ့ စိုးရိမ္စရာ coronary ေသြးလႊတ္ေၾကာေရာဂါရွိေနတဲ့ လကၡဏာတစ္ခုသာ ျဖစ္ႏိုင္ပါတယ္။
၆။ ေျခေတြ လက္ေတြ ေအးစက္ျခင္း

ေျခေထာက္ေအးစက္ျခင္းက Peripheral Arterial Disease (PAD) ေၾကာင့္ ျဖစ္ေပၚေစႏိုင္ပါတယ္။ က်ဥ္းေျမာင္းတဲ့ ေသြးလႊတ္ေၾကာမ်ားက ေျခလက္အဂၤါေတြကို ေသြးစီးဆင္းမႈ ေလွ်ာ့ခ်တဲ့အခါ ဒီျပႆနာ ျဖစ္ႏိုင္ပါတယ္။ အနာက်က္မႈေႏွးတာ၊ ေျခေထာက္မွာ ေသြးခုန္ႏႈန္းအားနညး္တာက ဆရာဝန္ႏွင့္ ျပသဖို႔ လိုအပ္တဲ့ လကၡဏာတစ္ခုလည္း ျဖစ္ပါတယ္။
၇။ ပင္ပန္းႏြမ္းနယ္ျခင္းႏွင့္ မူးေဝျခင္း

ဟားဗက္ Health Publishing အရ ပင္ပန္းႏြမ္းနယ္မႈက ႏွလံုးပတ္ေသြးလႊတ္ေၾကာေရာဂါရဲ႕ အရိပ္အေယာင္တစ္ခုအျဖစ္ အျဖစ္နည္းေပမယ့္ ဒါက ျဖစ္ပ်က္ႏိုင္တယ္လုိ႔ ဆိုပါတယ္။ ဒီလကၡဏာမ်ားက ေသြးစီးဆင္းမႈခ်ိဳ႕တဲ့ရာကေန ေအာက္ဆီဂ်င္Level ကို ေလ်ာ့က်ေစတဲ့ ရလဒ္တစ္ခုအျဖစ္ ဖြံ႕ၿဖိဳးႏိုင္္ပါတယ္။ ဒီလကၡဏာေတြက အမ်ိဳးသမီးမ်ားအၾကား အျဖစ္အမ်ားဆံုးလို႔ Physicians Committee for Responsible Medicine(PCRM) ကဆိုပါတယ္။
ဘယ္အရာေတြက ေသြးလႊတ္ေၾကာပိတ္ဆို႔မႈ အႏၱရာယ္ကို တုိးပြားေစသလဲ?
- က်န္းမာေရးနဲ႔ မညီညႊတ္တဲ့ blood cholesterol levels ရွိျခင္း။ ဒါက မေကာင္းတဲ့ ကိုလက္စထေရာအဆင့္ျမင့္မားျခင္း ႏွင့္ ေကာင္းတဲ့ ကိုလက္စထေရာအဆင့္ နိမ့္က်မႈကို အႀကံျပဳထားတာ ျဖစ္ပါတယ္။
- ေသြးတိုးရွိျခင္း။ ေသြးဖိအားက mmHg 140/90 ထက္မပိုသင့္ပါဘူး။
- ေဆးလိပ္ေသာက္ျခင္း။ ေဆးလိပ္ေသာက္ျခင္းက ကိုလက္စထေရာအဆင့္ေတြကို တိုးပြားေစၿပီး ေသြးေၾကာေတြကို တင္းက်ပ္ ပ်က္စီးေစပါတယ္။ ေသြးဖိအားကိုလညး္ တုိးပြားေစတဲ့အျပင္ ခႏၶာကိုယ္ရဲ႕ တစ္ရွဴးမ်ားကို ေအာက္ဆီဂ်င္အလံုအေလာက္ေရာက္ဖို႔ ခြင့္ျပဳမထားပါဘူး။
- အဝလြန္ျခင္း။ ၂၅နဲ႔ ၂၉.၉အၾကား ခႏၶာကိုယ္ထုထည္ညႊန္းကိန္းရွိသူမ်ားဟာ အဝလြန္သူမ်ားျဖစ္ပါတယ္။ ညႊန္းကိန္းျမင့္မားတာက လူတစ္ေယာက္ကို အဝလြန္ေၾကာင္း ဆိုလုိပါတယ္။
Lifestyle_Myanmar
LM_Nandar
Unicode
ကျွန်တော်တို့ မကြာခဏလျစ်လျူရှုထားတတ်ကြတဲ့ သွေးလွှတ်ကြောပိတ်ဆို့မှုရဲ့ အန္တရာယ်လက္ခဏာ (၇)ခု
သွေးလွှတ်ကြောပိတ်တာဟာ သက်ကြီးရွယ်အိုတွေမှာပဲ ဖြစ်တဲ့ ပြဿနာတစ်ခုလို့ လူအများစုက အထင်မှား ယုံကြည်ကြပါတယ်။ သွေးလွှတ်ကြောပိတ်တာဟာ လူငယ်တွေမှာလည်း ဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် ဖြစ်နိုင်တဲ့ လက္ခဏာများကို ကြိုတင်သိရှိထားဖို့ အရေးကြီတာကြောင့် သွေးလွှတ်ကြောပိတ်ဆို့မှုရဲ့ အဖြစ်အများဆုံး လက္ခဏာ (၇)ခုကို ဖော်ပြပေးလိုက်ပါတယ်။ ဒီအချက်များကို ကြည့်ပြီး သင့်ကျန်းမာရေးအတွက် သင့်နေစဉ်အလေ့အထများကို ပြောင်းလဲလို့ရပါတယ်။
၁။ ခြေသလုံး၊ ပေါင်နှင့် တင်ပါးတွေမှာ နာကျင်မှု
လမ်းလျှောက်ခြင်းကဲ့သို့ လှုပ်ရှားနေစဉ်အတွင်းမှာ ခြေထောက်နာတာက သွေးလွှတ်ကြောပိတ်ဆို့မှုရဲ့ လက္ခဏာတစ်ခု ဖြစ်နိုင်ပါတယ်။ ဒါက သင့်ရဲ့ခြေလက်အင်္ဂါတွေကို သွေးအလုံအလောက် စီးဆင်းမှုမရှိဘူးလို့ ဆိုလိုပါတယ်။ ဒီရောဂါလက္ခဏာများက ကြွက်သားနာကျင်မှု သို့မဟုတ် ခြေထောက်တွေ၊ လက်မောင်းတွေမှာ ကြွက်တတ်ခြင်းတို့ ပါဝင်နိုင်ပါတယ်။ နာကျင်မှုရဲ့တည်နေရာက သွေးကြောကျဉ်းတဲ့နေရာ သို့မဟုတ် သွေးခဲတဲ့နေရာပေါ် မူတည်ပါတယ်။
၂။ ရင်ဘတ် နာကျင်မှု
ရင်ဘတ်နာကျင်မှု (ဒါ့မှမဟုတ် (angina)နှလုံးရောဂါတစ်မျိုးကြောင့် ရင်ဘတ်စူးအောင့်တာ)က နှလုံးကို သွေးစီးဆင်းမှု လျှော့ကျတာကြောင့် ဖြစ်ပါတယ်။ တင်းတင်းကျပ်ကျပ်ဖြစ်နေသလို၊ ထုံနေသလို၊ လေးလံနေသလို၊ ဖိအား ဒါမှမဟုတ် ပူလောင်ခြင်းကဲ့သို့ ခံစားရနိုင်ပါတယ်။ ဒါက ရုပ်ပိုင်းဆိုင်ရာ သို့မဟုတ် စိတ်ပိုင်းဆိုင်ရာ အားထုတ်မှု ကြောင့် ဖြစ်တာကြောင့် အနားယူလိုက်တဲ့အခါ လူတွေမှာ များသောအားဖြင့် ဒီလက္ခဏာတွေကို တွေ့ကြုံမခံစားရတော့ပါဘူး။
တချို့ကိစ္စတွေမှာ ရင်ဘတ်စူးအောင့်တာက လူတစ်ယောက်မှာ နှလုံးရောဂါရှိတဲ့ လက္ခဏာတစ်ခုဖြစ်တာကြောင့် သွေးကြောပိတ်တာက မကောင်းပါဘူး။
၃။ အမြင်အာရုံ တစ်ဖက်တည်း ယာယီဆုံးရှုံးမှု
Carotid သွေးလွှတ်ကြောက ကျွန်တော်တို့ ဦးနှောက်နဲ့ မျက်လုံးများကို ထောက်ပံ့ပေးပါတယ်။ ဒီသွေးလွှတ်ကြော ပိတ်ဆို့ခဲ့လျှင် ရလဒ်က အမြင်အာရုံ ယာယီဆုံးရှုံးတာ မျက်လုံးနှစ်ဖက်လုံး မှုန်ဝါးတာတို့ ဖြစ်လာပါတယ်။ အပြည့်အဝပိတ်ဆို့သွားတာက လေဖြတ်ခြင်းကို ဖြစ်စေပါတယ်။ ဒီနိမိတ်လက္ခဏာတွေကို သတိပြုမိဖို့ အလွန်အရေးကြီးပါတယ်။
၄။ ကျောအောက်ပိုင်းနာကျင်မှု
ကျောအောက်ပိုင်းနာကျင်တာက လျစ်လျူမရှုထားသင့်တဲ့ စိုးရိမ်စရာလက္ခဏာ တစ်ခုဖြစ်ပါတယ်။ ကျောအောက်ပိုင်းကို သွေးစီးဆင်းမှု လျော့နည်းတဲ့အခါ အရိုးအကြားရှိ disk တွေ ပျက်စီးလွယ်လာပါတယ်။ ပြီးတော့ ဒါက pinched nerves နာကျင်မှုကို ဦးတည်စေပါတယ်။ အများအားဖြင့် သွေးလွှတ်ကြောပိတ်ဆို့တဲ့ လူတွေအများစု ဖြစ်တဲ့ ပထမဆုံးလက္ခဏာ ဖြစ်ပါတယ်။ လေ့လာမှုတစ်ခုအရ ဖွံ့ဖြိုးပြီးနိုင်ငံများမှာ လူ၁၀%ဟာ အသက် ၂၀အရွယ်တွင် သူတို့ရဲ့ ဝမ်းဗိုက် aorta မှာ ပိတ်ဆို့နေနှင့်ပြီးသားဖြစ်ပါတယ်။
၅။ အသက်ရှုမဝခြင်း
နှလုံးပတ်သွေးလွှတ်ကြောတွေ ပျက်စီးလာတာ သို့မဟုတ် ရောဂါခံစားလာရတဲ့အခါ ဒီလက္ခဏာ ဖြစ်ပေါ်ပါတယ်။ နှလုံးက ခန္ဓာကိုယ်ရဲ့ လိုအပ်ချက်များကို ဖြည့်ဆည်းဖို့ သွေးအလုံအလောက် စုပ်နိုင်စွမ်း မရှိတာကြောင့် ဒါကို တွေ့ကြံုခံစားရပါတယ်။ လူတွေဟာ အသက်ရှုမဝခြင်းကို ကြီးမားတဲ့ ပြဿနာတစ်ရပ်အဖြစ် ထည့်သွင်းမစဉ်းစားကြဘူးလို့ သုတေသသနက ဆိုထားပါတယ်။ ဒါပေမယ့် တခါတရံမှာ ဒါက ကုသမှုလိုအပ်နိုင်တဲ့ စိုးရိမ်စရာ coronary သွေးလွှတ်ကြောရောဂါရှိနေတဲ့ လက္ခဏာတစ်ခုသာ ဖြစ်နိုင်ပါတယ်။
၆။ ခြေတွေ လက်တွေ အေးစက်ခြင်း
ခြေထောက်အေးစက်ခြင်းက Peripheral Arterial Disease (PAD) ကြောင့် ဖြစ်ပေါ်စေနိုင်ပါတယ်။ ကျဉ်းမြောင်းတဲ့ သွေးလွှတ်ကြောများက ခြေလက်အင်္ဂါတွေကို သွေးစီးဆင်းမှု လျှော့ချတဲ့အခါ ဒီပြဿနာ ဖြစ်နိုင်ပါတယ်။ အနာကျက်မှုနှေးတာ၊ ခြေထောက်မှာ သွေးခုန်နှုန်းအားနညး်တာက ဆရာဝန်နှင့် ပြသဖို့ လိုအပ်တဲ့ လက္ခဏာတစ်ခုလည်း ဖြစ်ပါတယ်။
၇။ ပင်ပန်းနွမ်းနယ်ခြင်းနှင့် မူးဝေခြင်း
ဟားဗက် Health Publishing အရ ပင်ပန်းနွမ်းနယ်မှုက နှလုံးပတ်သွေးလွှတ်ကြောရောဂါရဲ့ အရိပ်အယောင်တစ်ခုအဖြစ် အဖြစ်နည်းပေမယ့် ဒါက ဖြစ်ပျက်နိုင်တယ်လို့ ဆိုပါတယ်။ ဒီလက္ခဏာများက သွေးစီးဆင်းမှုချို့တဲ့ရာကနေ အောက်ဆီဂျင်Level ကို လျော့ကျစေတဲ့ ရလဒ်တစ်ခုအဖြစ် ဖွံ့ဖြိုးနိုင််ပါတယ်။ ဒီလက္ခဏာတွေက အမျိုးသမီးများအကြား အဖြစ်အများဆုံးလို့ Physicians Committee for Responsible Medicine(PCRM) ကဆိုပါတယ်။
ဘယ်အရာတွေက သွေးလွှတ်ကြောပိတ်ဆို့မှု အန္တရာယ်ကို တိုးပွားစေသလဲ?
- ကျန်းမာရေးနဲ့ မညီညွှတ်တဲ့ blood cholesterol levels ရှိခြင်း။ ဒါက မကောင်းတဲ့ ကိုလက်စထရောအဆင့်မြင့်မားခြင်း နှင့် ကောင်းတဲ့ ကိုလက်စထရောအဆင့် နိမ့်ကျမှုကို အကြံပြုထားတာ ဖြစ်ပါတယ်။
- သွေးတိုးရှိခြင်း။ သွေးဖိအားက mmHg 140/90 ထက်မပိုသင့်ပါဘူး။
- ဆေးလိပ်သောက်ခြင်း။ ဆေးလိပ်သောက်ခြင်းက ကိုလက်စထရောအဆင့်တွေကို တိုးပွားစေပြီး သွေးကြောတွေကို တင်းကျပ် ပျက်စီးစေပါတယ်။ သွေးဖိအားကိုလညး် တိုးပွားစေတဲ့အပြင် ခန္ဓာကိုယ်ရဲ့ တစ်ရှူးများကို အောက်ဆီဂျင်အလုံအလောက်ရောက်ဖို့ ခွင့်ပြုမထားပါဘူး။
- အဝလွန်ခြင်း။ ၂၅နဲ့ ၂၉.၉အကြား ခန္ဓာကိုယ်ထုထည်ညွှန်းကိန်းရှိသူများဟာ အဝလွန်သူများဖြစ်ပါတယ်။ ညွှန်းကိန်းမြင့်မားတာက လူတစ်ယောက်ကို အဝလွန်ကြောင်း ဆိုလိုပါတယ်။