ကျွန်တော်တို့ရဲ့ ရှင်သန်မှုကို ထိန်းချုပ်တတ်တဲ့ စိတ်ပိုင်းဆိုင်ရာ ထောင်ချောက်အချို့
0
1320
၆။ စိတ်ကြွမှု
၁၀။ IKEA လွမ်းမိုးခြင်
LM_Naung_Naung
Lifestyle_Myanmar
Unicode
တခါတရံမှာ ကျွန်တော်တို့ကို သတိမထားမိစေပဲ ကိုယ်ပိုင်စိတ်ထောင်ချောက်ထဲမှာ မိနေရင်း အလုံးစုံမှားယွင်းတဲ့ ဆုံးဖြတ်ချက်တွေကို ချမိနေတတ်ပါတယ်။ ဒီလိုဆုံးဖြတ်ချက်အမှားတွေဟာ တခါတလေမှာတော့က အန္တရာယ်ကင်းပေမယ့်၊ တခါတလေမှာတော့ မကောင်းတဲ့အကျိုးဆက်တွေကို ဖြစ်စေနိုင်ပါတယ်။
၁။ နှိုင်းယှဉ်မရတာတွေကို နှိုင်းယှဉ်မိနေခြင်း
ကျွန်တော်တို့တွေဟာ တစ်ခါတစ်လေမှာ မယှဉ်သာတဲ့အရာတွေနဲ့ နှိုင်းယှဉ်နေတတ်ပါတယ်။ ဒီလိုနှိုင်းယှဉ်ခြင်းကြောင့် ပုံမှန်ခင်မင်မှုတွေကိုပါ အဆက်ပြတ်စေပါတယ်။ ဥပမာ- ပိုကြီးတဲ့ခွေးတွေဟာ ဒေါသပိုကြီးတယ်လို့ စိတ်ကအလိုလို ယူဆမိပါလိမ့်မယ်။ တကယ်တော့ ခွေးတစ်ကောင်ရဲ့အရွယ်အစားဟာ သူ့ရဲ့အမူအကျင့်နဲ့ စရိုက်အပေါ် လုံးဝသက်ရောက်မှု မရှိပါဘူး။ ဒီလိုပါပဲ လူတစ်ယောက်ရဲ့ပုံပန်းသဏ္ဍာန်နဲ့ ခဏတာလုပ်ဆောင်ချက်ကိုကြည့်ပြီး သူ့ရဲ့စိတ်ကိုမနှိုင်းယှဉ်မိပါစေနဲ့။
၂။ ကိုယ့်လူတွေပဲ ကိုယ်ယုံတတ်ကြတယ်
ဟိုးရှေးကတည်းက ကျွန်တော်တို့တွေဟာ တမင်တကာသော်လည်ကောင်း တမင်တကာမဟုတ်သော်လည်ကောင်း အဖွဲ့တွေအတွင်းမှာ လူတွေကိုခွဲခြားထာတတ်ကြပါတယ်။ ကျွန်တော်တို့ ယုံကြည်စိတ်ချတဲ့သူတွေဟာ ကျွန်တော်တို့ရဲ့အဖွဲ့ထဲမှာ ရှိတဲ့သူတွေပါပဲ။ ကိုယ့်အုပ်စုရဲ့ အပြင်မှာရှိသူတွေကိုဆိုရင် သံသယတွေ၊ သတိတွေနဲ့ ဆက်ဆံတတ်ကြပါတယ်။ ဒါကြောင့်အခြားသူတွေရဲ့ တန်ဖိုးနဲ့ စွမ်းရည်ကို လျှော့တွက်တတ်ပြီး ကိုယ့်လောက်မသိသူတွေအဖြစ် ထင်နေတတ်ပါတယ်
၃။ အများစုဆိုရင် မမှားနိုင်ဘူး
တခါတလေမှာ အခြားသူတွေယုံကြည်ပြီးသားအရာတွေအပေါ်မှာ သေချာမဆန်းစစ်ပဲ အခြားသူတွေနည်းတူ လိုက်လံယုံကြည်နေမိတတ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကိုယ်ပိုင်ဆင်ခြင်သုံးသပ်ပြီးမှ ယုံကြည်လိုက်တာက ပိုကောင်းပါလိမ့်မယ်။
၄။ ကိုယ့်ရဲ့အကောင်းဆုံးစရိုက်နဲ့ ဆောင်ရွက်မှုတွေကိုသာ သတိရတတ်တယ်
လူတိုင်းလိုလို ကိုယ့်ရဲ့အကောင်းဆုံး အင်္ဂါရပ်တွေကိုပဲ အမှတ်ရနေလေ့ရှိပါတယ်။ တခါတလေမှာ ပုံကြီးချဲ့ပြီးတောင်မှ ယုံကြည်နေလေ့ရှိပါတယ်။ ဒါပေမယ့်ကျွန်တော်တို့ သတိမထားမိတတ်ကြပါဘူး။
၅။ ကျွန်တော်တို့တွေရဲ့ အနာဂတ်ဟာ လက်ရှိအခြေအနေနဲ့ ကွဲပြားခြားနားတယ်လို့ ဦးနှောက်ကတွေးနေတတ်တယ် ကိုယ့်ရဲ့အနာဂတ်ကို မြင်ယောင်ကြည့်တဲ့အချိန်တိုင်းမှာ ယခုလက်ရှိနဲ့ လုံးဝမတူညီပဲ အခြားတစ်ယောက်ကဲ့သို့ တွေးထင်နေတတ်ကြပါတယ်။
၆။ စိတ်ကြွမှု
ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်မှာ အန္တရာယ်ကာကွယ်တဲ့ ဝတ်စုံတွေ၊ ခေါင်းဆောင်းတွေ ရှိနေပါက စိတ်ကြွမှုကို ပိုမိုဖြစ်စေပြီ မတော်တဆဖြစ်မှုကို ပိုတိုးပွားစေတယ်လို့ စိတ်ပညာရှင်တွေက ဆိုပါတယ်။ ဥပမာ လူတစ်ယောက်က ဆိုင်ကယ်ဦးထုပ်မဆောင်းပဲ ဆိုင်ကယ်မောင်းပါက ဦးထုပ်ဆောင်းတဲ့ လူထက်ပိုပြီး အန္တရာယ်ကင်းအောင် မောင်နှင်တတ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အန္တရာယ်ကာကွယ်ဖို့အတွက် ဦးထုပ်ဆောင်းမှာဖြစ်ပြီး ကိုယ်တိုင်ပိုပြီး သတိထားရင် အန္တရာယ်ကင်းပါလိမ့်မယ်။
၇။ အကောင်းမြင်မျှော်လင့်မှု
ဒီလိုစိတ်ထောက်ချောက်ကတော့ လောင်ကစားသမားတွေမှာ ဖြစ်လေ့အရှိဆုံးပါပဲ။ သူတို့တွေဒီတစ်ခေါက်မှာ ရှုံးသွားရင်တောင်မှ နောက်တစ်ခေါက်မှာ ကံကောင်းချင်းတွေရောက်ရှိလာပြီး သေချာပေါက်နိုင်မယ်လို့ ယူဆမိစေပါတယ်။
၈။ ကြွေးကြော်မှု စကားလုံးတွေ
လူတွေဟာ အများအားဖြင့် ကာရံနဘေနဲ့ကြွေးကြော်မှု စကားလုံးတွေကိုမြင်တဲ့အခါ အလွန်အကျူးယုံကြည်တတ်ကြပါတယ်။ ဒီလိုစကားလုံးတွေကို စီးပွားရေးကုမ္ပဏီတွေက တွင်တွင်သုံးတတ်ကြပြီး လူတွေစွဲသွားစေဖို့အတွက် ဆွဲဆောင်မှုတစ်ခုနဲ့ မှတ်မိနေစေဖို့ဖြစ်ပါတယ်။
၉။ သတင်းဆိုးတွေကိုပဲ ပိုသတိထားမိစေတယ်
လူတိုင်းသတင်းဆိုးတွေကိုပဲ ပိုသတိထားမိစေပြီး သိပ္ပံပညာရှင်တွေက ယခုလိုဖြစ်ရခြင်းဟာ ကျွန်တော်တို့ရဲ့ မသိစိတ်ကသတင်းဆိုးတွေကို ပိုအရေးတကြီးထင်မှတ်နေတာကြောင့်လို့ ကောက်ချက်ချကြပါတယ်.။ သတင်ဆိုးဆိုရင် သတင်းမှန်ဖြစ်တယ်လို့ ကျွန်တော်တို့ကို မြင်စေပြီး
သတင်းကောင်းတွေက သတင်းဆိုးလောက်သိပ်ပြီး စိတ်ဝင်စားစရာမကောင်းတာကြောင့် ဖြစ်နိုင်ပါတယ်။
၁၀။ IKEA လွမ်းမိုးခြင်း
စတိုးဆိုင်မှာတွေနေရတဲ့ ပစ္စည်းတွေကို ကျွန်တော်တို့သတိမထားမိပေမယ့် ကိုယ်နဲ့ပတ်သတ်သူတွေက လက်ဆောင်ပေးတဲ့အခါ အရမ်းကိုတန်ဖိုးထားတတ်ကြပါတယ်။ ပစ္စည်းရဲ့တန်ဖိုးလည်း
ပိုမြင့်သွားတယ်လို့ ခံစားမိစေပါတယ်။ ဒီလိုအရာကို IKEA effect လို့အမည်ပေးထားကြောင်း သိရပါတယ်။
၁၁။ အခြားသူတွေထက် သာလွန်တယ်လို့ ထင်တတ်တယ်
ကားမောင်းသူတွေဟာ အခြားကားမောင်သမားတွေကို သူတို့လောက် စကေးမရှိကြောင်း မကြာခဏမြင်တတ်ကြပါတယ်။ လူတွေဟာအများအားဖြင့် သူတို့ရဲ့ကျွမ်းကျင်မှုကို အမြင့်ဆုံးထင်မှတ်လေ့ရှိပြီး အထင်ကြီးတတ်ကြပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်တို့နေထိုင်ရာ ပတ်ဝန်းကျင်နဲ့ သဟဇာတဖြစ်ပြီး အဆင်ပြေစေဖို့ဆိုရင် ယခုလိုစိတ်ပိုင်းဆိုင်ရာ ထောက်ချောက်တွေထဲ မကျသွားအောင်ဂရုစိုက်ဖို့ လိုအပ်ပါတယ်။
LM_Naung_Naung
Lifestyle_Myanmar
LEAVE A REPLY
Please enter your comment!
Please enter your name here