၁။ နှမ်းကြတ်စေ့
၂။ နှမ်းစေ့
၃။ ဖရုံစေ့
၎။ ဗာဒမ်းသီး
၅။ သစ်ချသီး
၆။ နေကြာစေ့
၇။ သီဟိုဠ်စေ့
၈။ သစ်အယ်သီး/ သစ်ချသီး
၉။ မြေပဲ
ကို လျော့ကျစေပါတယ်။
အရေပြားအထူးကုဆရာဝန်တွေ အသုံးပြုဖို့ အားမပေးတဲ့ အလှအပထုတ်ကုန် ၇မျိုး
#Lifestyle_Myanmar
#Thar_Nage
Unicode
ကျွန်တော်တို့စားနေတဲ့ အခွံမာသီးနဲ့ အစေ့တွေက ဘယ်လိုကောင်းကျိုးတွေပြုလည်းဆိုတာ
အခွံမာသီးနဲ့ အစေ့တွေကို လူတော်တော်များများက ကြိုက်နှစ်သက်တာများတာကြောင့် မုန့်တစ်ခုလို့ မကြာခဏ စားသုံးလေ့ရှိပါတယ်။ ဒါပေမဲ့ စားသာစားနေရတယ် ဘယ်အရာက ကိုယ့်အတွက်ဘယ်လိုအကျိုးပြုတယ်ဆိုတာ ကျွန်တော်တို့ တော်တော်များများသိပ့်မသိကြပါဘူး။ ဘယ်အရာမဆို မျှတစွာစားသုံးလျှင် သင့်အတွက် ကောင်း ကျိုးတွေရရှိနိုင်မှာပါ။
၁။ နှမ်းကြတ်စေ့
နှမ်းကြတ်စေ့ဟာ phytoestrogens လို့ခေါ်တဲ့ သဘာဝဟော်မုန်းအတွက် ကောင်းမွန်စေပါတယ်။ အထူးသဖြင့် ကင်ဆာကျိတ်၊ ရင်သားကင်ဆာ သို့မဟုတ် ဆီးကျိတ်ကင်ဆာတို့အတွက် ထိရောက်တဲ့ အစေ့တစ်မျိုးပဲဖြစ်ပါတယ်။ နှမ်းကြတ်စေ့ဟာ ဖိုင်ဘာအစာအစာအုပ်စုမှာပါဝင်လို့ အစာအိမ်ကိုကာကွယ်ပေးပြီး ရောင်ရမ်းခြင်းကိုလည်း သက်သာစေပါတယ်။ ဒါ့အပြင်အဆိုပါနှမ်းကြတ်စေ့အသား ဇွန်းတစ်ဇွန်းဟာ နှလုံးသွေးကြောစနစ်ကို ကောင်းမွန်စေတဲ့ Omega 3 အဆီ ၂ဂရမ်နီးပါး ပါဝင်ပါတယ်။
၂။ နှမ်းစေ့
နှမ်းစေ့ဟာ လေဖြတ်ခြင်း၊ နှလုံးတိုက်ခိုက်မှုနဲ့ ကျောက်ကပ်ပျက်စီးမသွားအောင် ကာကွယ်ပေးပြီး သွေးဖိအားစနစ်ကိုလျော့ကျစေပါတယ်။ နှမ်းစေ့ဟာ antioxidants အုပ်စုထဲမှာကပါဝင်တာကြောင့် ကိုလက်စထရောကိုလည်း လျော့ကျစေပါတယ်။ ဒ့ါအပြင် နှမ်းဆီဟာလည်းအရေပြား၊ ဆံပင်နှင့် လက်သည်းအတွက်ပါ အသုံးဝင်တဲ့ အစေ့တစ်မျိုးပဲဖြစ်ပါတယ်။
၃။ ဖရုံစေ့
ဖရုံစေ့ဟာ မိုင်နိုအက်စစ်ဓာတ်များစွာပါဝင်တဲ့ အစေ့တစ်မျိုးပဲဖြစ်ပါတယ်။ အဆိုပါ မိုင်နိုအက်ဆစ်ဟာ သွေးတိုးရောဂါကိုကာကွယ်တားဆီးပေးပြီး သွေးဆီးဆင်မှုကို တိုးတက်ကောင်းမွန်စေရန် အထောက်အကူပြုပေးပါတယ်။ ဒါ့အပြင် ခန္ဓာကိုယ်အတွင်းရှိ သွေးထဲမှ သကြားဓာတ်များကို ပုံမှန်အဆင့်ရှိအောင် ထိန်းညှိပေးနိုင်တဲ့ ဂုဏ်သတ္တိများစွာပါဝင်ပါတယ်။ ရွှေဖရုံစေ့ကို အလှန်ကုန်ပစ္စည်းအတွက်မှာ ထည့်သွင်းအသုံးပြုတာကြောင့် လူကြိုက်များလာခဲ့ပါတယ်။ ဖရုံစေ့မှာပါဝင်တဲ့ ဗီတာမင် A နှင့် E ဟာ အရေပြားကို တင်းတင်းရင်းရင်းဖြစ်အောင်ဆောင်ရွက်ပေးတာကြောင့် အိုမင်းခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။
၄။ ဗာဒမ်းသီး
ဗာဒမ်းသီးဟာ သွေးထဲမှာရှိတဲ့ lipid အဆင့်ကိုပုံမှန်ဖြစ်အောင်ထိန်းပေးထားနိုင်ပြီး ဆီးချိုရောဂါနဲ့ နှလုံးသွေးကြောဆိုင်ရာရောဂါများကို သက်သာစေပါတယ်။ ဗာဒမ်းသီးကို ပုံမှန်စားသုံးပါက ခန္ဓာကိုယ်မှာရှိတဲ့ အဆီပမာဏကိုလျှော့ချပေးပြီး အစားများများစားခြင်းကို လျော့ကျစေပါတယ်။ ဒါ့ကြောင့် ဝိတ်ချချင်သူတွေအတွက် ဗာဒမ်းသီးကို ပုံမှန်စားသုံးပေးပါ။
၅။ သစ်ချသီး
သစ်ချသီးဟာ လူကြိုက်များတဲ့ အသီးတစ်မျိုးဖြစ်သလို သူ့ရဲ့ အစွမ်းကလဲ အံ့မခန်းပါပဲ။ သစ်ချသီးမှာ သတ္တုဓာတ်များစွာပါဝင်ပြီး နှလုံးရောဂါနဲ့ နှလုံးသွေးကြောဆိုင်ရာရောဂါများကို ကာကွယ်ပေးနိုင်ပါတယ်။ ဒါ့အပြင့် အသက်အရွယ်နဲ့သက်ဆိုင်တဲ့ ပုံမှန်မဟုတ်တဲ့ ရောဂါလက္ခဏာအသေးအဖွဲကအစ ထိရောက်မှုကိုပေးစွမ်းနိုင်ပါတယ်။ သစ်ချသီးမှာ tocopherol ဓာတ်ပါဝင်တာကြောင့် ယောကျ်ားလေးတွေအတွက် ဆီးကျိတ်ကင်ဆာကိုကာကွယ်ပေးနိုင်ပါတယ်။
၆။ နေကြာစေ့
နေကြာစေ့မှာ ဆာလ်ဖာနဲ့ ပရိုတိန်းဓာတ်ကြွယ်ဝစွာပါဝင်တာကြောင့် ကြွက်သားနဲ့ အရိုးတစ်သျှူးများအတွက် အထူးကောင်းမွန်ပါတယ်။ ခန္ဓာကိုယ်အတွင်း ပိုးမွှားများကို ဆန်ကျင်ပေးနိုင်ပြီး ရောင်ရမ်းခြင်းကို သက်သာပျောက်ကင်းစေပါတယ်။ ဒါ့အပြင် Bronchial ရောဂါနဲ့ အဆုတ်ရောဂါကူးစက်မှုမဖြစ်ပွားအောင်ကာကွယ်တားဆီးပေးနိုင်ပါတယ်။
၇။ သီဟိုဠ်စေ့
သီဟိုဠ်စေ့ဟာ အခွံမာအသီးဖြစ်သလို သွေးအားနည်းရောဂါကိုကာကွယ်တာဆီးနိုင်ပြီး ဆီးချိုရောဂါနဲ့ သွေးထဲမျာ သကြားဓာတ်အဆင့်များနေခြင်းကို ပုံမှန်အတိုင်းဖြစ်အောင် ထိန်းညှိပေးနိုင်ပါတယ်။ ဒါ့အပြင် သီဟိုဠ်စေ့ဟာ ဘယ်လိုရောင်ရမ်းမှုမျိုးမဆို သက်သာမှုရှိပြီး ခန္ဓာကိုယ် ကိုယ်ခံအားစနစ်ကို ပိုမိုကောင်းမွန်အောင် ကူညီပေးနိုင်ပါတယ်။
၈။ သစ်အယ်သီး
သစ်အယ်သီးဟာ အရိုးနဲ့ ကြွက်သားများကို သန်မာအောင် ကူညီပေးပြီး ဗီတာမင် B ကြွယ်ဝတာကြောင့် ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေပါတယ်။ ဒါ့အပြင် အော်ဂဲနစ်အက်ဆစ်ပါဝင်တာကြောင့် နှလုံးသွေးကြောဆိုင်ရာရောဂါများကိုကာကွယ်တားဆီးပေးနိုင်ပြီး သွေးထဲမှာရှိတဲ့ကိုလက်စထရောအဆင့်ကိုပါ လျော့ကျစေပါတယ်။
၉။ မြေပဲ
မြေပဲကတော့ လူတိုင်းကြိုက်တဲ့ အခွံမာသီးထဲက တစ်ခုပဲဖြစ်ပါတယ်။ မြေပဲထဲမှာပါတဲ့ polyphenolic ဟာကျွန်တော်တို့ကို နုပျိုစေရန်ကူညီပေးပြီး ခန္ဓာကိုယ်ရဲ့ ဆဲလ်တွေပျက်စီးမသွားအောင် ကာကွယ်စောင့်ရှောက်ပေးပါတယ်။ Linoleic အက်ဆစ်ပါဝင်တာကြောင့် သွေးထဲရှိ ကိုလက်စထရောစနစ်
ကို လျော့ကျစေပါတယ်။