ကွာရှင်းရခြင်းရဲ့ အဓိကအကျဆုံးအကြောင်းရင်းတစ်ခု

ကွာရှင်းရခြင်းရဲ့ အဓိကအကျဆုံးအကြောင်းရင်းတစ်ခု

0
194
- Advertisement -

အကောင်းဆုံးနက်နဲသောအရာတစ်ချို့မှာ များသောအားဖြင့် ကျွန်တော်တို့ရဲ့မျက်နှာပေါ်က အပြုံးတွေ ထွက်ခွာသွားခြင်းဖြစ်ပါတယ်။ ဒီကနေ့မှာ ခင်ဗျားအတွက် ကျွန်တော်တို့ စိတ်၀င်စားဖို့ကောင်းတဲ့အရာတစ်ခု စီစဥ်ထားပါတယ်။

-Advertisement-

ကျွန်တော်တို့အားလုံးဟာ လျှို့၀ှက်ချက်တွေကို နှစ်သက်ကြတယ်။ စိတ်ရှုပ်ထွေးစေတဲ့မေးခွန်းကြောင့် ခင်ဗျားအနေနဲ့ ဒီကိုရောက်လာခဲ့တယ်လို့ ထင်ပါတယ်။ မေးခွန်းတစ်ခုက ခင်ဗျားအဖြေကို ပြင်းပြင်းထန်ထန်ကိုပဲ မျှော်လင့်နေပါတယ်။

ဒါပေမယ့်ဒီနေရာမှာတော့ နက်နဲသောအရာတွေကအမြဲတမ်းရိုးရှင်းမနေပါဘူး။ အကြောင်းကိစ္စများစွာမှာ ယုတ္တိရှိတဲ့ အဖြေတစ်ခုတည်းမဟုတ်ပါဘူး။ တစ်ခါတစ်ရံမှာ မျဥ်းကြောင်းများအကြားက မေးခွန်းကို နားလည်ဖို့ အရင်ကြိုးစားရပါမယ်။ ဒီမေးခွန်းရဲ့ အဖြေက ဘာလဲဆိုတာ သဲလွန်စတွေ ရနိုင်ပါတယ်။ ဒါမှမဟုတ် လျှို့၀ှက်လှည့်ကွက်တစ်ခုပါ၀င်တယ်ဆိုတာ ခင်ဗျားသိနိုင်သော ပုံစံဖြင့် တည်ဆောက်ထားတာလည်း ဖြစ်နိုင်ပါတယ်။

ခေါင်းစဥ်မေးခွန်းဟာ သိပ်ကို လွယ်ကူတဲ့ စကား၀ှက်လေးတစ်ခုပါ။ ကွာရှင်းရတဲ့အဓိကအကြောင်းရင်းက ဘာများလဲ။ ခင်ဗျားအနေနဲ့ ခုလောက်ဆို စဥ်းစားနေလောက်ပါပြီ။ အိမ်ထောင်ရေးပြိုကွဲစေနိုင်တဲ့ ပဋိပက္ခတွေ၊ ဆက်သွယ်ရေးပြဿနာတွေ၊ ဘဏ္ဍာရေးပြဿနာတွေနှင့် တစ်ခြားအရာများစွာကိုပေါ့။

ဒါပေမယ့် ဒီမေးခွန်းကို အဖြေတစ်ခုတည်းနဲ့ ပြည့်စုံအောင်ဖြေရမယ်ဆိုရင်ရော။ ဒါဆိုရင်တော့ ခင်ဗျားအငိုက်မိသွားနိုင်တာကို ကျွန်တော်နားလည်ပါတယ်။ ဒါ့ကြောင့် ကွဲပြားခြားနားသော အချက်များစွာကို အရင်စဥ်းစားကြည့်ပါ။
အဖြေတွေတစ်ခုချင်းစီထွက်လာတာနဲ့အမျှ ဒီစကား၀ှက်ဟာ လွယ်ကူလှကြောင်းတစ်ဖြည်းဖြည်းသိလာပါလိမ့်မယ်။ တကယ်တော့ ဒါဟာ တော်တော်လေးလွယ်ကူပါတယ်။ အဖြေအတွက်အဆင့်သင့်ဖြစ်ပြီလား။ ဒါဆိုရင်တော့ ကျွန်တော်တို့ အဖြေ တိုက်ကြည့်ရအောင်။ အဖြေကို အောက်မှာ ကြည့်ပါ။

(လက်ထပ်ခြင်း)

ကျွန်တော့်အဖြေနဲ့ ခင်ဗျားတို့ရဲ့ အဖြေ တူညီမှုရှိရဲ့လား။ ကျွန်တော့်အဖြေကရော မှန်ရဲ့လား။ တကယ်လို့ လက်သာထပ်မထားဘူးဆိုရင် ကွာရှင်းတယ်ဆိုတာ ဘယ်တော့မှ ရှိလာမှာမဟုတ်ပါဘူး။ ဒါ့ကြောင့် လက်ထပ်ခြင်းဆိုတာ ကွာရှင်းခြင်းရဲ့ အဓိကအကြောင်းအရင်းဖြစ်ပါတယ်။ ခင်ဗျားလည်း အဲ့ဒီ့လိုပဲ မျှော်လင့်ထားတာမဟုတ်လား။ ခင်ဗျားမျက်နှာပြုံးနေလိမ့်မယ်လို့ ကျွန်တော်မျှော်လင့်ပါတယ်။ တကယ်လို့ အဲ့ဒီ့လို ဖြစ်တယ်ဆိုရင် မျှ၀ေဖို့ မမေ့ပါနဲ့။
တကယ်တော့ သူစိမ်းတစ်ယောက်နှင့် စကားစမြည်ပြောတဲ့အခါ ဒီမေးခွန်းကို မေးပြီးတော့ ဟာသညဏ်ကို တန်ဖိုးထားတတ်တဲ့ သူငယ်ချင်းအသစ်တစ်ယောက်ကို လုပ်ယူနိုင်ပါတယ်။

Lifestyle_Myanmar

Nyein_Thu

sources-mambee

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here