ကွာရှင်းပြီးနောက်ပိုင်း ကလေးရဲ့ ဘဝကို ထိခိုက်အောင် မိဘတွေ ပြုလုပ်မိနိုင်တဲ့ အမှား (၁၀)ခု

0
151

အိမ်ထောင်ရေးတစ်ခုကို နှစ်ပေါင်းများစွာ ရေရှည်ထိန်းသိမ်းဖို့ဆိုတာ လွယ်တဲ့အလုပ်တော့မဟုတ်ပါဘူး။ တစ်ယောက်နဲ့ တစ်ယောက် သည်းခံပြီး နားလည်မှုပေးတာက အိမ်ထောင်တစ်ခုကို ရေရှည်တည်ဆောက်နိုင်ပြီး အောင်မြင်တဲ့ မိသားစုဘဝကို ရရှိမှာ ဖြစ်ပါတယ်။

အိမ်ထောင်တစ်ခုမှာ သည်းခံနိုင်စွမ်းတွေ ကုန်သွားတဲ့အခါ ဘယ်လိုမှမဖြစ်နိုင်တော့တဲ့ အခြေအနေရောက်လာရင်တော့ လမ်းခွဲပြတ်စဲတာတွေ ဖြစ်လာပါတယ်။ ချစ်ခြင်းမေတ္တာနဲ့ တည်ဆောက်ထားတဲ့ အိမ်ထောင်တစ်ခုကို ဘယ်သူမှ လွယ်လွယ်နဲ့ ကွာရှင်းချင်ကြမှာ မဟုတ်ပါဘူး။ ကွာရှင်းပြတ်စဲတာက မိဘနှင့် ကလေးတွေကို စိတ်ထိခိုက်မှုတွေ၊ စိတ်ဒဏ်ရာတွေ ရရှိစေပါတယ်။ ဒီအချိန်ဟာ ကလေးတွေအတွက် အရမ်းထိခိုက်လွယ်ပါတယ်။ ဒါ့ကြောင့် မိဘတွေအနေနဲ့ ကလေးတွေကို ထိခိုက်စေနိုင်တဲ့ အမှားတွေကို ရှောင်ကြဉ်ဖို့ အကောင်းဆုံး ကြိုးစားသင့်ပါတယ်။

၁။ ကလေးတစ်ယောက်ကို လူကြီးတစ်ယောက်အဖြစ် မြင်ခြင်း

ကလေးဆိုတာ အရွယ်ရောက်သူ တစ်ယောက် မဟုတ်သေးပါဘူး။ သင် ကွာရှင်းရတဲ့ အကြောင်းရင်းတွေ၊ သင့်ရဲ့ စိတ်ခံစားချက်တွေကို အပြည့်အဝနားမလည်သေးပါဘူး။ မိဘတွေဟာ သူတို့အတွက် တာဝန်ရှိနေပြီး သူတို့ကို လုံခြုံမှုပေးရပါမယ်။ သူတို့ကို အရာရာတိုင်း ပြောပြဖို့ မလိုအပ်ပါဘူး။ တချို့မိဘတွေ ရှိပါတယ်။ အိမ်ထောင်တစ်ခု ကွာရှင်းပြီဆိုရင် ‘နင့်အဖေက အမေ့အပေါ် ဘယ်လို မကောင်းတာ၊ သူဘယ်လိုဖောက်ပြန်နေတာ’ ဆိုပြီး အရွယ်မရောက်သေးတဲ့ ကလေးကို စီကာပတ်ကုံး ရင်ဖွင့်တတ်ကြပါတယ်။ သင့်ရဲ့ စိုးရိမ်ပူပန်မှုတွေ၊ ဒုက္ခတွေကို သူငယ်ချင်းနှင့် မိသားစုကိုသာ မျှဝေရင်ဖွင့်ပါ။ သင့်ပြဿနာတွေကို ကလေးအပေါ် ဝန်မပိစေသင့်ပါဘူး။

၂။ ကလေးကို ရွေးချယ်ခိုင်းခြင်း

အမေနဲ့လိုက်မှာလား၊ အဖေနဲ့လိုက်မှာလားဆိုပြီး ရွေးချယ်ဖို့ ကလေးကို ဖိအားမပေးပါနဲ့။ ကလေးတွေမှာ စိုးရိမ်ပူပန်မှုတွေ ဖြစ်ရပါတယ်၊ ကလေးက တစ်ယောက်ကို ရွေးချယ်လိုက်ပြီဆိုရင် နောက်တစ်ယောက်ကို သစ္စာဖောက်သလို ခံစားရစေပါတယ်။ ဒါက ကလေးအတွက် မမျှတပါဘူး။ တရားရုံးသွားပြီး သင့်အိမ်ထောင်ဖက်နှင့်အတူ ထိုကိစ္စတွေကို ဆုံးဖြတ်ပါ။ ဆုံးဖြတ်ချက်ချတဲ့အခါ ကလေးရဲ့ ထင်မြင်ချက်ကို နားထောင်နိုင်ပါတယ်။ သို့သော် ရွေးချယ်မှုတစ်ခုလုပ်ဖို့ ကလေးကို အမြဲတမ်းဖိအားမပေးသင့်ပါဘူး။

၃။ စိတ်ကြိုက်မိဘဖြစ်ဖို့ ကြိုးစားခြင်း

သင့်ကလေးရဲ့ မျက်စိထဲမှာ သင့်လက်တွဲဖော်ထက် ပိုကောင်းတဲ့ပုံပေါက်အောင် ကြိုးပမ်းတာက သင့်ကလေးကို ထိခိုက်စေနိုင်ပါတယ်။ တဖြည်းဖြည်းနဲ့ ကလေးက သင့်ရဲ့ ညွန်ကြားချက်တွေ၊ မှတ်ချက်တွေကို နားမထောင်တော့ဘဲ သူတို့လုပ်ချင်တာကို လုပ်လာပါလိမ့်မယ်။ ဒါက ကလေးရဲ့ ကိုယ်ရည်ကိုယ်သွေးပေါ်မှာ ထိခိုက်စေသလို ပျက်စီးတဲ့ အပြုအမှုတွေ လုပ်လာနိုင်ပါတယ်။

၄။ ကလေးကို အပြစ်ရှိတယ်လို့ ခံစားရစေခြင်း

ကလေးတွေဟာ မိဘတွေကွာရှင်းမှုအတွက် သူတို့ကိုယ်သူတို့ အပြစ်တင်လေ့ရှိပါတယ်။ ကလေးမှာ စိတ်ဖိစီးမှု ကြုံနေရတာဖြစ်တာကြောင့် အမေနဲ့ အမေကွာရှင်းတာ ငါဆိုးလို့လား၊ ငါ့ကြောင့်လား ဆိုတဲ့ အတွေးတွေ ခံစားရစေပါတယ်။ ဒါ့ကြောင့်ဒီအခြေအနေမှာ သူတို့ အပြစ်မရှိကြောင်း ရှင်းပြဖို့ အရေးကြီးပါတယ်။ သူတို့ကို ချစ်ကြောင်း ပြောပြပေးပါ။

၅။ သင့်ရဲ့ အပြစ်ကြောင့်လို့ ခံစားရစေခြင်း

သင့်ရဲ့ အမှားမဟုတ်ကြောင်း ကလေးကို ရှင်းပြပေးပါ။ တခါတရံ လူ့ဘဝမှာ ကိုယ်မဖြစ်ခင်တာတွေ၊ ကိုယ်မနှစ်သက်တာတွေ ဖြစ်ပျက်လာတတ်ပါတယ်။ ကွာရှင်းမှုက မစီစဉ်ထားတဲ့ နာကျင်စရာဖြစ်ရပ်များထဲက ဖြစ်ရပ်တစ်ခုဖြစ်ပါတယ်။ သင်ဟာ ကိုယ့်ကိုယ်ကိုအပြစ်တင်နေလျှင်၊ အပြစ်ရှိတဲ့ မိဘတစ်ယောက်အဖြစ် ခံယူထားလျှင် ကလေးအပေါ် ဆိုးကျိုးသက်ရောက်မှု ရှိနိုင်ပါတယ်။ နောက်ပိုင်းမှာ သူတို့က တစ်ခုခုဆိုရင် အဲ့ဒါအမေ့ကြောင့် ဖြစ်တာ ၊ အဖေ့ကြောင့်ဖြစ်တာဆိုပြီး ခေါင်းစဉ်တပ်လာနိုင်ပါတယ်။ သူတို့ ကံမကောင်းရင်တောင် သင့်ကို အပြစ်တင်လာပါလိမ့်မယ်။

၆။ သင့်ရဲ့ အိမ်ထောင်ဖက်အကြောင်း မကောင်းပြောခြင်း

ရေစက်ကုန်လို့ လမ်းခွဲရတယ်လို့ပဲ မှတ်ပါ။ ကလေးရှေ့မှာ ကိုယ့်ကိုယ်ကိုလည်း အပြစ်တင်ဖို့မလိုသလို အရာရာတိုင်းကို တခြားသူပေါ်လည်း အပြစ်တင်ဖို့မလိုပါဘူး။ ကလေးကို အိမ်ထောင်ဖက်ရဲ့ အပြစ်တွေ၊ အမှားတွေနဲ့ ပတ်သတ်ပြီး ပြောဖို့မလိုပါဘူး။ သူတို့အကြောင်းကို ဆိုးဆိုးရွားရွားမပြောမိဖို့ ကြိုးစားပါ။ သင့်ကလေးက သင့်ဆီက ၅၀% နဲ့ သင့်အိမ်ထောင်ဖက်ဆီက ၅၀% ဖြစ်တယ်ဆိုတာ မမေ့ပါနဲ့။ သူတို့ အဖေ/အမေအကြောင်းကို စွပ်စွဲဝေဖန်ပြီး မကောင်းတဲ့ စကားပြောတဲ့အခါ ကလေးက စိတ်ထဲမှာ မှတ်ထားနိုင်ပါတယ်။ မိဘအပေါ် မကောင်းမြင်ခြင်းဖြင့် ကလေးကိုလည်း အပြစ်ရစေပါတယ်၊

၇။ ကလေးကို ဖျန်ဖြေသူတစ်ယောက်အဖြစ် သုံးတာ

တချို့မိဘတွေဟာ တစ်ယောက်နဲ့ တစ်ယောက် စကားမပြောတဲ့အခါ နင့်အဖေကို ဘာသွားပြောလိုက်၊ နင့်အမေကို ဘာသွားပြောလိုက်ဦးဆိုပြီး ကလေးကို ကြားခံဆက်သွယ်မှုအဖြစ် သုံးတတ်ကြပါတယ်။ ကလေးကို သတင်းသယ်ပို့သူ မလုပ်စေသင့်ပါဘူး။ အကောင်းဆုံးကြိုးစားပြီး ကိုယ့်အိမ်ထောင်ဖက်ကို ကိုယ့်ဘာသာ ပြောပါ။ ကလေးက အဖေ/အမေတွေ အဆင်မပြေဖြစ်လို့ စိတ်ဖိစီးမှုရှိရတဲ့အထဲမှာ နှစ်ယောက်ကြားက ပြဿနာတွေကို ညှိုနှိုင်းဖို့ ကလေးကို မီးလောင်ရာ လေပင့်တဲ့အခြေအနေ၊ ပိုဆိုးစေတဲ့ အခြေအနေ ခံစားမိအောင် လုပ်ဖို့မလိုပါဘူး။

၈။ ကလေးနှင့် အမေ (သို့) အဖေကြားက ဆက်ဆံရေးကို ပိတ်ဆို့ထားတာ

သူတို့အဖေ (သို့)အမေနဲ့ ဆက်သွယ်တဲ့အခါ မတားပါနဲ့၊ အမေက အုပ်ထိန်းသူအဖြစ် ရှိနေရင် ဖခင်နဲ့ ပေးတွေ့တာ၊ အိမ်ကို အလည်သွားစေတာ ပြုလုပ်ပေးပါ။ သူတို့ဟာ မိဘနှစ်ယောက်စလုံးကို လိုအပ်ပါတယ်။ မိဘတစ်ယောက်မရှိတာက သူတို့ကို နာကျင်ခံစားရစေနိုင်ပါတယ်။ ကလေးနဲ့ သင့်အိမ်ထောင်ဖက်အကြားက ဆက်ဆံရေးမှာ မပါဝင်တာက ပိုကောင်းပါတယ်။

၉။ ကလေးဆီက အသေးစိတ်စုံစမ်းတာ

ကလေးကို ဖခင်ဆီ အလည်သွားဖို့ ခွင့်ပြုထားတာဆိုရင် ကလေးအိမ်ပြန်ရောက်တဲ့အခါ စစ်ဆေးမေးမြန်းတာတွေ မလုပ်မိဖို့ ကြိုးစားပါ။ သင့်အိမ်ထောင်ဖက်နှင့် ပတ်သတ်ပြီး အရာရာတိုင်းကို သိချင်၊ ကြားချင်နေရင်တောင် ကလေးကို ဖိအားမပေးသင့်ပါဘူး။ ကလေးနဲ့ ဖခင်ရဲ့ တွေ့ဆုံမှုနှင့် ပြောဆိုဆက်ဆံမှုအကြောင်းကို ကလေးအားမေးတဲ့အခါ အပြုသဘာနဲ့ အေးဆေးဖြစ်နေကြောင်း ခံစားနိုင်အောင် သာမန်မေးခွန်း (၂)ခုလောက်ပဲ မေးဖို့ကြိုးစားပါ။

၁၀။ သင့်ကလေးဟာ အခြေအနေတွေကို နားမလည်သေးဘူးလို့ တွေးခြင်း

ကလေးတွေဟာ သူတို့အသက်အရွယ်ကြောင့် အရာရာတိုင်းကို နားမလည်နိုင်ပေမယ့် အရာရာတိုင်းကို သူတို့မြင်နေ၊ ကြားနေ သတိပြုမိနေပါတယ်။ ဒါ့ကြောင့် သင်နဲ့ သင့်အိမ်ထောင်ဖက်ဟာ သူတို့ရှေ့မှာ တစ်ယောက်နဲ့ တစ်ယောက် ရန်ငြိုးတွေ၊ ရန်လိုမုန်းတီးမှုတွေ မပါဘဲ ပြုမှုဖို့ အရေးကြီးပါတယ်။ သူတို့ရှေ့မှာ စကားများတာ၊ ရန်ဖြစ်တာတွေ မလုပ်ပါနဲ့။ ကလေးတွေရဲ့ စိတ်ဖိစီးမှုကို ပိုဆိုးစေပါတယ်။ မမြင်ကွယ်ရာမှာ ပြဿနာတွေကိုဖြေရှင်းဖို့ ကြိုးစားပါ။

Lifestyle_Myanmar

LM_Nandar

ZawGyi

ကြာရွင္းၿပီးေနာက္ပိုင္း ကေလးရဲ႕ ဘဝကို ထိခိုက္ေအာင္ မိဘေတြ ျပဳလုပ္မိႏိုင္တဲ့ အမွား (၁၀)ခု
အိမ္ေထာင္ေရးတစ္ခုကို ႏွစ္ေပါင္းမ်ားစြာ ေရရွည္ထိန္းသိမ္းဖို႔ဆိုတာ လြယ္တဲ့အလုပ္ေတာ့မဟုတ္ပါဘူး။ တစ္ေယာက္နဲ႔ တစ္ေယာက္ သည္းခံၿပီး နားလည္မႈေပးတာက အိမ္ေထာင္တစ္ခုကို ေရရွည္တည္ေဆာက္ႏိုင္ၿပီး ေအာင္ျမင္တဲ့ မိသားစုဘဝကို ရရွိမွာ ျဖစ္ပါတယ္။ အိမ္ေထာင္တစ္ခုမွာ သည္းခံႏိုင္စြမ္းေတြ ကုန္သြားတဲ့အခါ ဘယ္လိုမွမျဖစ္ႏိုင္ေတာ့တဲ့ အေျခအေနေရာက္လာရင္ေတာ့ လမ္းခြဲျပတ္စဲတာေတြ ျဖစ္လာပါတယ္။ ခ်စ္ျခင္းေမတၱာနဲ႔ တည္ေဆာက္ထားတဲ့ အိမ္ေထာင္တစ္ခုကို ဘယ္သူမွ လြယ္လြယ္နဲ႔ ကြာရွင္းခ်င္ၾကမွာ မဟုတ္ပါဘူး။ ကြာရွင္းျပတ္စဲတာက မိဘႏွင့္ ကေလးေတြကို စိတ္ထိခိုက္မႈေတြ၊ စိတ္ဒဏ္ရာေတြ ရရွိေစပါတယ္။ ဒီအခ်ိန္ဟာ ကေလးေတြအတြက္ အရမ္းထိခိုက္လြယ္ပါတယ္။ ဒါ့ေၾကာင့္ မိဘေတြအေနနဲ႔ ကေလးေတြကို ထိခိုက္ေစႏိုင္တဲ့ အမွားေတြကို ေရွာင္ၾကဥ္ဖို႔ အေကာင္းဆုံး ႀကိဳးစားသင့္ပါတယ္။

၁။ ကေလးတစ္ေယာက္ကို လူႀကီးတစ္ေယာက္အျဖစ္ ျမင္ျခင္း

ကေလးဆိုတာ အ႐ြယ္ေရာက္သူ တစ္ေယာက္ မဟုတ္ေသးပါဘူး။ သင္ ကြာရွင္းရတဲ့ အေၾကာင္းရင္းေတြ၊ သင့္ရဲ႕ စိတ္ခံစားခ်က္ေတြကို အျပည့္အဝနားမလည္ေသးပါဘူး။ မိဘေတြဟာ သူတို႔အတြက္ တာဝန္ရွိေနၿပီး သူတို႔ကို လုံၿခဳံမႈေပးရပါမယ္။ သူတို႔ကို အရာရာတိုင္း ေျပာျပဖို႔ မလိုအပ္ပါဘူး။ တခ်ိဳ႕မိဘေတြ ရွိပါတယ္။ အိမ္ေထာင္တစ္ခု ကြာရွင္းၿပီဆိုရင္ ‘နင့္အေဖက အေမ့အေပၚ ဘယ္လို မေကာင္းတာ၊ သူဘယ္လိုေဖာက္ျပန္ေနတာ’ ဆိုၿပီး အ႐ြယ္မေရာက္ေသးတဲ့ ကေလးကို စီကာပတ္ကုံး ရင္ဖြင့္တတ္ၾကပါတယ္။ သင့္ရဲ႕ စိုးရိမ္ပူပန္မႈေတြ၊ ဒုကၡေတြကို သူငယ္ခ်င္းႏွင့္ မိသားစုကိုသာ မွ်ေဝရင္ဖြင့္ပါ။ သင့္ျပႆနာေတြကို ကေလးအေပၚ ဝန္မပိေစသင့္ပါဘူး။

၂။ ကေလးကို ေ႐ြးခ်ယ္ခိုင္းျခင္း

အေမနဲ႔လိုက္မွာလား၊ အေဖနဲ႔လိုက္မွာလားဆိုၿပီး ေ႐ြးခ်ယ္ဖို႔ ကေလးကို ဖိအားမေပးပါနဲ႔။ ကေလးေတြမွာ စိုးရိမ္ပူပန္မႈေတြ ျဖစ္ရပါတယ္၊ ကေလးက တစ္ေယာက္ကို ေ႐ြးခ်ယ္လိုက္ၿပီဆိုရင္ ေနာက္တစ္ေယာက္ကို သစၥာေဖာက္သလို ခံစားရေစပါတယ္။ ဒါက ကေလးအတြက္ မမွ်တပါဘူး။ တရား႐ုံးသြားၿပီး သင့္အိမ္ေထာင္ဖက္ႏွင့္အတူ ထိုကိစၥေတြကို ဆုံးျဖတ္ပါ။ ဆုံးျဖတ္ခ်က္ခ်တဲ့အခါ ကေလးရဲ႕ ထင္ျမင္ခ်က္ကို နားေထာင္ႏိုင္ပါတယ္။ သို႔ေသာ္ ေ႐ြးခ်ယ္မႈတစ္ခုလုပ္ဖို႔ ကေလးကို အၿမဲတမ္းဖိအားမေပးသင့္ပါဘူး။

၃။ စိတ္ႀကိဳက္မိဘျဖစ္ဖို႔ ႀကိဳးစားျခင္း

သင့္ကေလးရဲ႕ မ်က္စိထဲမွာ သင့္လက္တြဲေဖာ္ထက္ ပိုေကာင္းတဲ့ပုံေပါက္ေအာင္ ႀကိဳးပမ္းတာက သင့္ကေလးကို ထိခိုက္ေစႏိုင္ပါတယ္။ တျဖည္းျဖည္းနဲ႔ ကေလးက သင့္ရဲ႕ ၫြန္ၾကားခ်က္ေတြ၊ မွတ္ခ်က္ေတြကို နားမေထာင္ေတာ့ဘဲ သူတို႔လုပ္ခ်င္တာကို လုပ္လာပါလိမ့္မယ္။ ဒါက ကေလးရဲ႕ ကိုယ္ရည္ကိုယ္ေသြးေပၚမွာ ထိခိုက္ေစသလို ပ်က္စီးတဲ့ အျပဳအမႈေတြ လုပ္လာႏိုင္ပါတယ္။

၄။ ကေလးကို အျပစ္ရွိတယ္လို႔ ခံစားရေစျခင္း

ကေလးေတြဟာ မိဘေတြကြာရွင္းမႈအတြက္ သူတို႔ကိုယ္သူတို႔ အျပစ္တင္ေလ့ရွိပါတယ္။ ကေလးမွာ စိတ္ဖိစီးမႈ ႀကဳံေနရတာျဖစ္တာေၾကာင့္ အေမနဲ႔ အေမကြာရွင္းတာ ငါဆိုးလို႔လား၊ ငါ့ေၾကာင့္လား ဆိုတဲ့ အေတြးေတြ ခံစားရေစပါတယ္။ ဒါ့ေၾကာင့္ဒီအေျခအေနမွာ သူတို႔ အျပစ္မရွိေၾကာင္း ရွင္းျပဖို႔ အေရးႀကီးပါတယ္။ သူတို႔ကို ခ်စ္ေၾကာင္း ေျပာျပေပးပါ။

၅။ သင့္ရဲ႕ အျပစ္ေၾကာင့္လို႔ ခံစားရေစျခင္း

သင့္ရဲ႕ အမွားမဟုတ္ေၾကာင္း ကေလးကို ရွင္းျပေပးပါ။ တခါတရံ လူ႔ဘဝမွာ ကိုယ္မျဖစ္ခင္တာေတြ၊ ကိုယ္မႏွစ္သက္တာေတြ ျဖစ္ပ်က္လာတတ္ပါတယ္။ ကြာရွင္းမႈက မစီစဥ္ထားတဲ့ နာက်င္စရာျဖစ္ရပ္မ်ားထဲက ျဖစ္ရပ္တစ္ခုျဖစ္ပါတယ္။ သင္ဟာ ကိုယ့္ကိုယ္ကိုအျပစ္တင္ေနလွ်င္၊ အျပစ္ရွိတဲ့ မိဘတစ္ေယာက္အျဖစ္ ခံယူထားလွ်င္ ကေလးအေပၚ ဆိုးက်ိဳးသက္ေရာက္မႈ ရွိႏိုင္ပါတယ္။ ေနာက္ပိုင္းမွာ သူတို႔က တစ္ခုခုဆိုရင္ အဲ့ဒါအေမ့ေၾကာင့္ ျဖစ္တာ ၊ အေဖ့ေၾကာင့္ျဖစ္တာဆိုၿပီး ေခါင္းစဥ္တပ္လာႏိုင္ပါတယ္။ သူတို႔ ကံမေကာင္းရင္ေတာင္ သင့္ကို အျပစ္တင္လာပါလိမ့္မယ္။

၆။ သင့္ရဲ႕ အိမ္ေထာင္ဖက္အေၾကာင္း မေကာင္းေျပာျခင္း

ေရစက္ကုန္လို႔ လမ္းခြဲရတယ္လို႔ပဲ မွတ္ပါ။ ကေလးေရွ႕မွာ ကိုယ့္ကိုယ္ကိုလည္း အျပစ္တင္ဖို႔မလိုသလို အရာရာတိုင္းကို တျခားသူေပၚလည္း အျပစ္တင္ဖို႔မလိုပါဘူး။ ကေလးကို အိမ္ေထာင္ဖက္ရဲ႕ အျပစ္ေတြ၊ အမွားေတြနဲ႔ ပတ္သတ္ၿပီး ေျပာဖို႔မလိုပါဘူး။ သူတို႔အေၾကာင္းကို ဆိုးဆိုး႐ြား႐ြားမေျပာမိဖို႔ ႀကိဳးစားပါ။ သင့္ကေလးက သင့္ဆီက ၅၀% နဲ႔ သင့္အိမ္ေထာင္ဖက္ဆီက ၅၀% ျဖစ္တယ္ဆိုတာ မေမ့ပါနဲ႔။ သူတို႔ အေဖ/အေမအေၾကာင္းကို စြပ္စြဲေဝဖန္ၿပီး မေကာင္းတဲ့ စကားေျပာတဲ့အခါ ကေလးက စိတ္ထဲမွာ မွတ္ထားႏိုင္ပါတယ္။ မိဘအေပၚ မေကာင္းျမင္ျခင္းျဖင့္ ကေလးကိုလည္း အျပစ္ရေစပါတယ္၊

၇။ ကေလးကို ဖ်န္ေျဖသူတစ္ေယာက္အျဖစ္ သုံးတာ

တခ်ိဳ႕မိဘေတြဟာ တစ္ေယာက္နဲ႔ တစ္ေယာက္ စကားမေျပာတဲ့အခါ နင့္အေဖကို ဘာသြားေျပာလိုက္၊ နင့္အေမကို ဘာသြားေျပာလိုက္ဦးဆိုၿပီး ကေလးကို ၾကားခံဆက္သြယ္မႈအျဖစ္ သုံးတတ္ၾကပါတယ္။ ကေလးကို သတင္းသယ္ပို႔သူ မလုပ္ေစသင့္ပါဘူး။ အေကာင္းဆုံးႀကိဳးစားၿပီး ကိုယ့္အိမ္ေထာင္ဖက္ကို ကိုယ့္ဘာသာ ေျပာပါ။ ကေလးက အေဖ/အေမေတြ အဆင္မေျပျဖစ္လို႔ စိတ္ဖိစီးမႈရွိရတဲ့အထဲမွာ ႏွစ္ေယာက္ၾကားက ျပႆနာေတြကို ညႇိဳႏႈိင္းဖို႔ ကေလးကို မီးေလာင္ရာ ေလပင့္တဲ့အေျခအေန၊ ပိုဆိုးေစတဲ့ အေျခအေန ခံစားမိေအာင္ လုပ္ဖို႔မလိုပါဘူး။

၈။ ကေလးႏွင့္ အေမ (သို႔) အေဖၾကားက ဆက္ဆံေရးကို ပိတ္ဆို႔ထားတာ

သူတို႔အေဖ (သို႔)အေမနဲ႔ ဆက္သြယ္တဲ့အခါ မတားပါနဲ႔၊ အေမက အုပ္ထိန္းသူအျဖစ္ ရွိေနရင္ ဖခင္နဲ႔ ေပးေတြ႕တာ၊ အိမ္ကို အလည္သြားေစတာ ျပဳလုပ္ေပးပါ။ သူတို႔ဟာ မိဘႏွစ္ေယာက္စလုံးကို လိုအပ္ပါတယ္။ မိဘတစ္ေယာက္မရွိတာက သူတို႔ကို နာက်င္ခံစားရေစႏိုင္ပါတယ္။ ကေလးနဲ႔ သင့္အိမ္ေထာင္ဖက္အၾကားက ဆက္ဆံေရးမွာ မပါဝင္တာက ပိုေကာင္းပါတယ္။

၉။ ကေလးဆီက အေသးစိတ္စုံစမ္းတာ

ကေလးကို ဖခင္ဆီ အလည္သြားဖို႔ ခြင့္ျပဳထားတာဆိုရင္ ကေလးအိမ္ျပန္ေရာက္တဲ့အခါ စစ္ေဆးေမးျမန္းတာေတြ မလုပ္မိဖို႔ ႀကိဳးစားပါ။ သင့္အိမ္ေထာင္ဖက္ႏွင့္ ပတ္သတ္ၿပီး အရာရာတိုင္းကို သိခ်င္၊ ၾကားခ်င္ေနရင္ေတာင္ ကေလးကို ဖိအားမေပးသင့္ပါဘူး။ ကေလးနဲ႔ ဖခင္ရဲ႕ ေတြ႕ဆုံမႈႏွင့္ ေျပာဆိုဆက္ဆံမႈအေၾကာင္းကို ကေလးအားေမးတဲ့အခါ အျပဳသဘာနဲ႔ ေအးေဆးျဖစ္ေနေၾကာင္း ခံစားႏိုင္ေအာင္ သာမန္ေမးခြန္း (၂)ခုေလာက္ပဲ ေမးဖို႔ႀကိဳးစားပါ။

၁၀။ သင့္ကေလးဟာ အေျခအေနေတြကို နားမလည္ေသးဘူးလို႔ ေတြးျခင္း

ကေလးေတြဟာ သူတို႔အသက္အ႐ြယ္ေၾကာင့္ အရာရာတိုင္းကို နားမလည္ႏိုင္ေပမယ့္ အရာရာတိုင္းကို သူတို႔ျမင္ေန၊ ၾကားေန သတိျပဳမိေနပါတယ္။ ဒါ့ေၾကာင့္ သင္နဲ႔ သင့္အိမ္ေထာင္ဖက္ဟာ သူတို႔ေရွ႕မွာ တစ္ေယာက္နဲ႔ တစ္ေယာက္ ရန္ၿငိဳးေတြ၊ ရန္လိုမုန္းတီးမႈေတြ မပါဘဲ ျပဳမႈဖို႔ အေရးႀကီးပါတယ္။ သူတို႔ေရွ႕မွာ စကားမ်ားတာ၊ ရန္ျဖစ္တာေတြ မလုပ္ပါနဲ႔။ ကေလးေတြရဲ႕ စိတ္ဖိစီးမႈကို ပိုဆိုးေစပါတယ္။ မျမင္ကြယ္ရာမွာ ျပႆနာေတြကိုေျဖရွင္းဖို႔ ႀကိဳးစားပါ။

Lifestyle_Myanmar

LM_Nandar

LEAVE A REPLY

Please enter your comment!
Please enter your name here