ကွာရှင်းခဲ့တဲ့ဇနီးဟောင်းကို ကွာရှင်းစရိတ်မပေးချင်တာကြောင့် ဒေါ်လာ ၁ သန်းကို မီးရှို့ပစ်ခဲ့တဲ့ ကနေဒါ စီးပွားရေးလုပ်ငန်းရှင်

0
108
- Advertisement -

ကနေဒါ စီးပွားရေးလုပ်ငန်းရှင်အသက် ၅၅ နှစ်အရွယ် Bruce McConville ဆိုသူဟာ ကွာရှင်းပြတ်ဆဲခဲ့တဲ့ ဇနီးဟောင်းကိုကွာရှင်းစရိတ်မပေးချင်တာကြောင့် သူပိုင်ဆိုင်တဲ့ ဒေါ်လာ ၁ သန်းကိုမီးရှို့ပစ်ခဲ့လို့ တရားစွဲဆိုခြင်းခံခဲ့ရပါတယ်။ သူဟာ ၂၀၁၈ ခုနှစ်မှာ Ottawa မြို့ရဲ့ မြို့တော်ဝန်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပေမယ့်လည်း ရှုံးနိမ့်ခဲ့ပါတယ်။

-Advertisement-

ပြီးခဲ့တဲ့ တစ်ပတ်က Ottawa မြို့ အထက်တရားရုံးရဲ့ကြားနာမှုမှာတော့ သူဟာ သူရဲ့ဘဏ်အကောင့်ခြောက်ခုကနေ ငွေထုတ်ယူမှုပေါင်း ၂၅ ကြိမ်ပြုလုပ်ခဲ့ပြီး စက်တင်ဘာ ၂၃ ရက်မှာ ဒေါ်လာ ၇၄၃၀၀၀ နဲ့ ဒီဇင်ဘာ ၁၅ ရက်မှာတော့ ဒေါ်လာ ၂၉၆၀၀၀ ကို မီးရှို့ပစ်ခဲ့တယ်လို့ ထွက်ဆိုခဲ့ပါတယ်။

အထက်တရားရုံး တရားသူကြီး Kevin Phillips က အားလုံးကို မီးရှို့ပစ်လိုက်ပြီဆိုတာ ဘာကိုဆိုလိုတာလဲ? ပိုက်ဆံတွေကို အကုန်မီးရှို့ပစ်လိုက်ပြီဆိုတာ မဖြစ်နိုင်တာမို့ မီးမရှို့ဘဲ ချန်ထားတဲ့ ပိုက်ဆံတွေကို ဘယ်မှာ သိမ်းထားလည်းလို့ မေးမြန်းခဲ့ပေမယ့် သူကတော့ အကုန် ဖျက်ဆီးမီးရှို့လိုက်ပြီလို့သာ ထပ်မံထွက်ဆိုခဲ့ပါတယ်။

၃၁ နှစ်လုံး အလုပ်ကြိုးစားခဲ့တယ်။ ပင်ပင်ပန်းပန်းရှာဖွေခဲ့တယ်။ သာမာန်အခြေအနေမှာဆို ခြစ်ကုတ်စုဆောင်းခဲ့တဲ့ ပိုက်ဆံတွေကို အဲ့လိုမီးရှို့ပစ်ဖို့ ဘယ်လိုမှလုပ်နိုင်မယ်မထင်ဘူးလို့လည်း McConville က ထပ်မံပြောဆိုခဲ့သလို အထက်တရားရုံးတရားသူကြီး Kevin Phillips အကျိုးမရှိတန်ဖိုးမဲ့တဲ့လုပ်ရပ်ဖြစ်ကြောင်း ပြစ်တင်ရှုံ့ချခဲ့ပါတယ်။

သူဟာ သူရဲ့ပိုင်ဆိုင်မှုများနဲ့ စီးပွားရေးလုပ်ငန်းအချို့ကို ရောင်းချခဲ့တဲ့အတွက် အဲဒီ့ပိုက်ဆံတွေကို ရရှိခဲ့တဲ့တယ်လို့ပြောခဲ့ပေမယ့် ဘဏ္ဏာရေးဆိုင်ရာအချက်အလက်များကို တရားရုံးကိုတင်ပြဖို့ ပျက်ကွက် ခဲ့သလို ကျမ်းကျိန်ဆိုဖို့ကိုလည်း ငြင်းဆိုခဲ့ပါတယ်။ သူဟာ သူရဲ့ဇနီးဟောင်းကို တစ်ရက်လျှင် ဒေါ်လာနှစ်ထောင် ပေးဆောင်ဖို့ အမိန့်ချမှတ်ထားတာကို ပျက်ကွက်ခဲ့တဲ့အတွက် ထောင်ဒဏ် ရက် ၃၀ကျခံဖို့ အမိန့်ချမှတ်ခံခဲ့ရပါတယ်။

#Lifestyle_myanmar

#Dmo_aung

#Ref- ODD News

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here