ကွယ်လွန်သွားတဲ့ မိခင်ရဲ့ အလောင်းနဲ့အတူတူ ဘွဲ့ဓာတ်ပုံရိုက်ရတဲ့ ကောင်မလေးရဲ့ဖြစ်ရပ်

0
606
ကွယ်လွန်သွားတဲ့ မိခင်ရဲ့ အလောင်းနဲ့အတူတူ ဘွဲ့ဓာတ်ပုံရိုက်ရတဲ့ ကောင်မလေ
ကွယ်လွန်သွားတဲ့ မိခင်ရဲ့ အလောင်းနဲ့အတူတူ ဘွဲ့ဓာတ်ပုံရိုက်ရတဲ့ ကောင်မလေ

သေချင်းတရားက လူတိုင်းကြုံတွေ့ရတယ်ဆိုပေမဲ့ တစ်ချို့သေခြင်းတရားတွေက တကယ့်ကို တိုက်တိုက်ဆိုင်ဆိုင်အဖြစ်အပျက်တွေနဲ့ ကြုံဆုံရတတ်ပါတယ်။ တကယ့်ကို အရေးပါတဲ့အချိန်မျိုးမှာ ကိုယ့်အနားက မမျှော်လင့်ဘဲ စွန့်ခွာသွားတာမျိုး၊ ကိုယ့်နဲ့အတူတူ ရှိနေရမဲ့ အချိန်တွေမှာ ကိုယ့်အနားကို အပြီးသတ်ပြန်မလာခဲ့တာမျိုး စတဲ့ သေခြင်းတရားတွေက ဘဝမှာ တိုင်တိုင်ဆိုင်ဆိုင် ကြုံတွေ့နေရစမြဲပါပဲ။

-Advertisement-

ဝမ်းနည်းစရာအဖြစ်အပျက်မျိုးနဲ့ ကြုံနေရတဲ့ အချိန်မှာ ဒီလိုအဖြစ်အပျက်မျိုးနဲ့ ထပ်ကြုံတွေ့ရတဲ့အခါ လူ့ရဲ့ စိတ်ကို ပိုပြီး ဝမ်းနည်းကြေကွဲမှုကိုဖြစ်ပေါ်စေပါတယ်။ ကံကြမ္မာက မျက်နှာသာမပေးတဲ့ ဒီလိုအဖြစ်အပျက်တွေ ကမ္ဘာပေါ်မှာ အများကြီးရှိနေပါတယ်။ ယခုလည်း ပြီးခဲ့တဲ့ ဇူလိုင်လ ၁၄ရက်နေ့ကလည်း မိခင်ဖြစ်သူရဲ့ အလောင်းနဲ့အတူ ဘွဲ့ယူရတဲ့ ကောင်မလေးတစ်ယောက်ရဲ့ ဖြစ်ရပ်ဟာ အွန်လိုင်းပေါ်မှာ ဟိုလေးတစ်ကျော်ဖြစ်ခဲ့ရပါတယ်။

ဘွဲ့သဘင်အခမ်းအနားကို မိဘတိုင်းက တက်ရောက်ချင်ကြသလို ကိုယ့်ရဲ့ ဘွဲ့ယူတဲ့ အခမ်းအနားမှာလည်း မိဘကို အတူရှိစေချင်ကြတာ သားသမီးတိုင်း လိုလိုပါပဲ။ ဒါပေမဲ့ တရုတ်ကကောင်မလေးကတော့ ဒီလိုအခွင့်အရေးမျိုးနဲ့ တေ့လွဲ လွဲခဲ့ရပါတယ်။ ဘာကြောင့်လဲဆိုတော့ သူမရဲ့ ဘွဲ့ယူဖို့ ၃၃ရက်အလိုမှာပဲ မိခင်ဖြစ်သူက ဆုံးပါးသွားခဲ့တာဖြစ်ပါတယ်။ ဒါ့ကြောင့် မိခင်အလောင်းမြေမြှုပ်ခင်မှာ မိခင်ရဲ့ အလောင်းနဲ့အတူတူ သူမကို သူမဘွဲ့ဝတ်စုံကို ဝတ်ဆင်ပြီး ဓာတ်ပုံရိုက်ကူးခဲ့တာဖြစ်ပါတယ်။

ဓာတ်ပုံထဲမှာတော့ သူမနဲ့အတူတူ အပြာရောင်ရှပ်အင်္ကျီကို ဝတ်ဆင်ထားတဲ့ ဖခင် နဲ့အကိုဖြစ်သူပါ ပါဝင်ပါတယ်။ တကယ် ဘွဲ့ယူတဲ့ အခမ်းအနားမဟုတ်ပေမဲ့ သူမရဲ့ ဘွဲ့ဓာတ်ပုံမှာ မိသားစု စုံစုံလင်လင်လေးရှိစေချင်တာကြောင့် အခုလို ရည်ရွယ်ပြီး ဓာတ်ပုံရိုက်ကူးခဲ့တာလည်းဖြစ်ပါတယ်။ ထိုဓာတ်ပုံကို အွန်လိုင်းမှာ တင်ခဲ့ပြီး Like ပေးသူ လေးသောင်း၊ မျှဝေသူ ၄ထောင်၃ရာကျော် နဲ့ မျက်ချက်ပေးသူ ၁သောင်း ၂ထောင်အထိ ရှိခဲ့ပါတယ်။

#Lifestyle_Myanmar

#Thar_Nage

မိဘတွေက ဖုန်း သိမ်းထားလို့ဆိုပြီး ၁၇ထပ်တိုက်ပေါ်က ခုန်ချတဲ့ ကောင်လေးရဲ့ဖြစ်ရပ်

Zawgyi Fonts

ကြယ္လြန္သြားတဲ့ မိခင္ရဲ့ အေလာင္းနဲ႔အတူတူ ဘြဲ႕ဓာတ္ပုံရိုက္ရတဲ့ ေကာင္မေလးရဲ့ျဖစ္ရပ္
ေသခ်င္းတရားက လူတိုင္းၾကဳံေတြ႕ရတယ္ဆိုေပမဲ့ တစ္ခ်ိဳ႕ေသျခင္းတရားေတြက တကယ့္ကို တိုက္တိုက္ဆိုင္ဆိုင္အျဖစ္အပ်က္ေတြနဲ႔ ၾကဳံဆုံရတတ္ပါတယ္။ တကယ့္ကို အေရးပါတဲ့အခ်ိန္မ်ိဳးမွာ ကိုယ့္အနားက မေမၽွာ္လင့္ဘဲ စြန္႔ခြာသြားတာမ်ိဳး၊ ကိုယ့္နဲ႔အတူတူ ရွိေနရမဲ့ အခ်ိန္ေတြမွာ ကိုယ့္အနားကို အၿပီးသတ္ျပန္မလာခဲ့တာမ်ိဳး စတဲ့ ေသျခင္းတရားေတြက ဘဝမွာ တိုင္တိုင္ဆိုင္ဆိုင္ ၾကဳံေတြ႕ေနရစျမဲပါပဲ။

ဝမ္းနည္းစရာအျဖစ္အပ်က္မ်ိဳးနဲ႔ ၾကဳံေနရတဲ့ အခ်ိန္မွာ ဒီလိုအျဖစ္အပ်က္မ်ိဳးနဲ႔ ထပ္ၾကဳံေတြ႕ရတဲ့အခါ လူ႔ရဲ့ စိတ္ကို ပိုၿပီး ဝမ္းနည္းေၾကကြဲမွုကိုျဖစ္ေပၚေစပါတယ္။ ကံၾကမၼာက မ်က္ႏွာသာမေပးတဲ့ ဒီလိုအျဖစ္အပ်က္ေတြ ကမၻာေပၚမွာ အမ်ားႀကီးရွိေနပါတယ္။ ယခုလည္း ၿပီးခဲ့တဲ့ ဇူလိုင္လ ၁၄ရက္ေန႔ကလည္း မိခင္ျဖစ္သူရဲ့ အေလာင္းနဲ႔အတူ ဘြဲ႕ယူရတဲ့ ေကာင္မေလးတစ္ေယာက္ရဲ့ ျဖစ္ရပ္ဟာ အြန္လိုင္းေပၚမွာ ဟိုေလးတစ္ေက်ာ္ျဖစ္ခဲ့ရပါတယ္။

ဘြဲ႕သဘင္အခမ္းအနားကို မိဘတိုင္းက တက္ေရာက္ခ်င္ၾကသလို ကိုယ့္ရဲ့ ဘြဲ႕ယူတဲ့ အခမ္းအနားမွာလည္း မိဘကို အတူရွိေစခ်င္ၾကတာ သားသမီးတိုင္း လိုလိုပါပဲ။ ဒါေပမဲ့ တ႐ုတ္ကေကာင္မေလးကေတာ့ ဒီလိုအခြင့္အေရးမ်ိဳးနဲ႔ ေတ့လြဲ လြဲခဲ့ရပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ သူမရဲ့ ဘြဲ႕ယူဖို႔ ၃၃ရက္အလိုမွာပဲ မိခင္ျဖစ္သူက ဆုံးပါးသြားခဲ့တာျဖစ္ပါတယ္။ ဒါ့ေၾကာင့္ မိခင္အေလာင္းေျမျမႇုပ္ခင္မွာ မိခင္ရဲ့ အေလာင္းနဲ႔အတူတူ သူမကို သူမဘြဲ႕ဝတ္စုံကို ဝတ္ဆင္ၿပီး ဓာတ္ပုံရိုက္ကူးခဲ့တာျဖစ္ပါတယ္။

ဓာတ္ပုံထဲမွာေတာ့ သူမနဲ႔အတူတူ အျပာေရာင္ရွပ္အကၤ်ီကို ဝတ္ဆင္ထားတဲ့ ဖခင္ နဲ႔အကိုျဖစ္သူပါ ပါဝင္ပါတယ္။ တကယ္ ဘြဲ႕ယူတဲ့ အခမ္းအနားမဟုတ္ေပမဲ့ သူမရဲ့ ဘြဲ႕ဓာတ္ပုံမွာ မိသားစု စုံစုံလင္လင္ေလးရွိေစခ်င္တာေၾကာင့္ အခုလို ရည္ရြယ္ၿပီး ဓာတ္ပုံရိုက္ကူးခဲ့တာလည္းျဖစ္ပါတယ္။ ထိုဓာတ္ပုံကို အြန္လိုင္းမွာ တင္ခဲ့ၿပီး Like ေပးသူ ေလးေသာင္း၊ မၽွေဝသူ ၄ေထာင္၃ရာေက်ာ္ နဲ႔ မ်က္ခ်က္ေပးသူ ၁ေသာင္း ၂ေထာင္အထိ ရွိခဲ့ပါတယ္။

LEAVE A REPLY

Please enter your comment!
Please enter your name here