ကြံကြံဖန်ဖန် အစားအသောက်ကို ဆိုင်ကယ်နဲ့ လိုက်ပို့တဲ့အလုပ်ကိုမှ ချဉ်ခြင်းတက်မိတဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီး

0
189
ကိုယ်ဝန်ဆောင်အမျိုးသမီး

ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ ချဉ်ခြင်းတက်တယ်ဆိုတာ ကျွန်တော်တို့ တတွေ ကြားဖူးကြမှာပါ။ သာမန်အားဖြင့် ကိုယ်ဝန်ဆောင်ကာလအတွင်းမှာ ချဉ်ချဉ်ငံငံ စပ်စပ်တွေကိုမှ စားချင်တာမျိုး၊ အချို့သူတွေဆို ဆေးလိပ်ပြာကို လျှာနဲ့တို့ပြီးစားချင်တာမျိုးတွေတောင် ရှိဖူးကြပါတယ်။

ဒီလို အချိန်မျိုးဟာ အိမ်ထောင်သည်အမျိုးသားတွေအဖို့ အရမ်းကို ခေါင်ခြောက်ရသလို၊ တကယ့်ကို ဂရုစိုက်ကြင်နာတတ်တဲ့ အမျိုးသားတွေဆို အရမ်းလည်း ပင်ပန်းရပါတယ်။ ဘာကြောင့်လဲဆိုတော့ ချဉ်ခြင်တက်တဲ့ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေ အများစုက သူတို့ စားချင်တာမျိုးဆို အခုချက်ခြင်း မဖြစ်ဖြစ်အောင် ဖန်တီးယူခိုင်းနေလို့ပါပဲ။

ဒါပေမဲ့ အခု မလေးရှားက ကိုယ်ဝန်ဆောင်အမျိုးသမီးကတော့ သူများတွေလို အစာစားချင်တာမျိုးမဟုတ်ဘဲ သူချဉ်ခြင်းတက်တာက အဆန်းပါ။ သူဟာ အစားအသောက်တွေကို ဆိုင်ကယ်စီးပြီးလိုက်ပို့ရတဲ့ Delivery အလုပ်ကို လုပ်ချင်ကြောင်း ခင်ပွန်းဖြစ်သူကို ပူဆာခဲ့ပါတယ်။ ခင်ပွန်းဖြစ်သူလည်း မလွန်ဆန်နိုင်တဲ့အဆုံး GrabFood အလုပ်ကို သွားပြီး မိန်းမအတွက် Delivery တစ်ခါလောက်လုပ်ဖို့ တောင်းဆိုခဲ့ပါတယ်။

မိန်းမဖြစ်သူကလည်း တစ်ကြိမ်သာလုပ်ဖို့ ကတိပေးထားပြီး အလုပ်က ကြည်ကြည်သာသာ ခွင့်ပြုပေးခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ အစားအသောက် မှာတဲ့ဆီကို မိန်းမဖြစ်သူက ဆိုင်ကယ်ကိုယ်တိုင်မောင်းပြီး သွားပို့ခဲ့ပါတယ်။ စိတ်မချတဲ့အတွက် လမ်းတစ်လျှောက်လုံး ခင်ပွန်းဖြစ်သူကနောက်ထပ်ဆိုင်ကယ်တစ်စီးနဲ့ လိုက်လံ စောင့်ရှောက်ပေးခဲ့ပြီး မှတ်တမ်းတင် ဗီဒီယိုလေးပါ ရိုက်ထားခဲ့ပါတယ်။

ပြီးတဲ့အခါ ဒီအဖြစ်အပျက်လေးကို သူ့ရဲ့ Twitter အကောင့်မှာ မျှဝေရင်း အက်တာနက်သုံးစွဲသူတွေကြား လူပြောများလာခဲ့တာဖြစ်ပါတယ်။

#Lifestyle_Myanmar

#Thar_Nage

Zawgyi fonts

ႀကံႀကံဖန္ဖန္ အစားအေသာက္ကို ဆိုင္ကယ္နဲ႔ လိုက္ပို႔တဲ့အလုပ္ကိုမွ ခ်ဥ္ျခင္းတက္ေနတဲ့ ကိုယ္ဝန္ေဆာင္အမ်ိဳးသမီး
ကိုယ္ဝန္ေဆာင္အမ်ိဳးသမီးေတြ ခ်ဥ္ျခင္းတက္တယ္ဆိုတာ ကၽြန္ေတာ္တို႔ တေတြ ၾကားဖူးၾကမွာပါ။ သာမန္အားျဖင့္ ကိုယ္ဝန္ေဆာင္ကာလအတြင္းမွာ ခ်ဥ္ခ်ဥ္ငံငံ စပ္စပ္ေတြကိုမွ စားခ်င္တာမ်ိဳး၊ အခ်ိဳ႕သူေတြဆို ေဆးလိပ္ျပာကို လၽွာနဲ႔တို႔ၿပီးစားခ်င္တာမ်ိဳးေတြေတာင္ ရွိဖူးၾကပါတယ္။

ဒီလို အခ်ိန္မ်ိဳးဟာ အိမ္ေထာင္သည္အမ်ိဳးသားေတြအဖို႔ အရမ္းကို ေခါင္ေျခာက္ရသလို၊ တကယ့္ကို ဂ႐ုစိုက္ၾကင္နာတတ္တဲ့ အမ်ိဳးသားေတြဆို အရမ္းလည္း ပင္ပန္းရပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ ခ်ဥ္ျခင္းတက္တဲ့ ကိုယ္ဝန္ေဆာင္ အမ်ိဳးသမီးေတြ အမ်ားစုက သူတို႔ စားခ်င္တာမ်ိဳးဆို အခုခ်က္ျခင္း မျဖစ္ျဖစ္ေအာင္ ဖန္တီးယူခိုင္းေနလို႔ပါပဲ။

ဒါေပမဲ့ အခု မေလးရွားက ကိုယ္ဝန္ေဆာင္အမ်ိဳးသမီးကေတာ့ သူမ်ားေတြလို အစာစားခ်င္တာမ်ိဳးမဟုတ္ဘဲ သူခ်ဥ္ျခင္းတက္တာက အဆန္းပါ။ သူဟာ အစားအေသာက္ေတြကို ဆိုင္ကယ္စီးၿပီးလိုက္ပို႔ရတဲ့ Delivery အလုပ္ကို လုပ္ခ်င္ေၾကာင္း ခင္ပြန္းျဖစ္သူကို ပူဆာခဲ့ပါတယ္။ ခင္ပြန္းျဖစ္သူလည္း မလြန္ဆန္နိုင္တဲ့အဆုံး GrabFood အလုပ္ကို သြားၿပီး မိန္းမအတြက္ Delivery တစ္ခါေလာက္လုပ္ဖို႔ ေတာင္းဆိုခဲ့ပါတယ္။

မိန္းမျဖစ္သူကလည္း တစ္ႀကိမ္သာလုပ္ဖို႔ ကတိေပးထားၿပီး အလုပ္က ၾကည္ၾကည္သာသာ ခြင့္ျပဳေပးခဲ့ပါတယ္။ အဲ့ဒီေနာက္မွာေတာ့ အစားအေသာက္ မွာတဲ့ဆီကို မိန္းမျဖစ္သူက ဆိုင္ကယ္ကိုယ္တိုင္ေမာင္းၿပီး သြားပို႔ခဲ့ပါတယ္။ စိတ္မခ်တဲ့အတြက္ လမ္းတစ္ေလၽွာက္လုံး ခင္ပြန္းျဖစ္သူကေနာက္ထပ္ဆိုင္ကယ္တစ္စီးနဲ႔ လိုက္လံ ေစာင့္ေရွာက္ေပးခဲ့ၿပီး မွတ္တမ္းတင္ ဗီဒီယိုေလးပါ ရိုက္ထားခဲ့ပါတယ္။

ၿပီးတဲ့အခါ ဒီအျဖစ္အပ်က္ေလးကို သူ႔ရဲ့ Twitter အေကာင့္မွာ မၽွေဝရင္း အက္တာနက္သုံးစြဲသူေတြၾကား လူေျပာမ်ားလာခဲ့တာျဖစ္ပါတယ္။

LEAVE A REPLY

Please enter your comment!
Please enter your name here