ကြောက်တတ်တဲ့ ကလေးတစ်ယောက်ရဲ့လက္ခဏာများ

ကြောက်တတ်တဲ့ ကလေးတစ်ယောက်ရဲ့လက္ခဏာများ

0
45

သင့်ကလေးက ကြောက်တတ်တဲ့ကလေးတစ်ယောက်ဟုတ်မဟုတ် သိချင်တယ်ဆိုရင် သီးသီးသန့်သန့်နေတတ်တဲ့သူလား ဒါမှမဟုတ် လူမှုဆက်ဆံရေးမှာ ပေါင်းသင်းဖို့ ခက်ခဲတဲ့သူလားဆိုတာ သိဖို့လိုအပ်ပါတယ်။ တစ်ယောက်တည်းနေတတ်တဲ့ကလေးတွေဟာ သူတို့ရဲ့ကိုယ်ပိုင်အတွေးအခေါ် (သို့) စိတ်လှုပ်ရှားမှုတွေမှာ စွဲလမ်းနေတတ်ပြီးတော့ တစ်ဦးတည်းနေရတာကို ကြိုက်နှစ်သက်ပြီး သတ္တိရှိရှိရွေးချယ်ကြတဲ့သူတွေဖြစ်ပါတယ်။ ဒီအပြုအမူကို နို့စို့အရွယ်မှာ ပုံမှန်ဖြစ်ပါတယ်။ တခြားတစ်ဖက်မှာ ကြောက်တတ်သော ကလေးငယ်တစ်ဦးဟာ လူမှုရေးအခြေအနေတွေမှာ မသက်မသာခံစားရတယ်။ သူတို့ရဲ့ မိဘများ ပတ်၀န်းကျင်မှာမရှိသောအခါ ပိုပြီးတော့ စိုးရိမ်ကြတယ်။ မိဘတွေရဲ့ အပြုအမူကို လိုက်တုတာလည်း ဖြစ်နိုင်ပါတယ်။ အကောင်းဆုံးဖြေရှင်းနည်းအနေနဲ့ ဘ၀ရဲ့အခြားကဏ္ဍတွေမှာ ဖွံ့ဖြိုးတိုးတက်စေဖို့နှင့် ကိုယ့်ကိုယ်ကို ဖော်ပြတတ်ဖို့ သင်ယူရမှာ ဖြစ်ပါတယ်။ ကလေးများရဲ့ ဖွံ့ဖြိုးတိုးတက်မှုမှာ ဖိအားပေးမှုကင်းပြီး မိဘများရဲ့ အကာအကွယ်မဲ့ ကာကွယ်ခြင်းမျိုးကို ရှောင်ကြဥ်သင့်ပါတယ်။

-Advertisement-

သီးသီးသန့်သန့်နေတတ်တာဟာ ရာဇ၀တ်မှုမဟုတ်ပါဘူး

လူ့အဖွဲ့အစည်းကြီးက ကျွန်တော်တို့တွေကြောက်နေတဲ့အချိန်မှာ ပျော်ပျော်နေတတ်တဲ့သူတွေကို အောင်မြင်မှုတွေရစေခဲ့တယ်။ ကြောက်လန့်နေတဲ့သူတွေဟာ အရည်အချင်းရှိတယ်ဆိုရင်တောင် ကမ္ဘာကြီးနဲ့ ပိုပြီးအပြန်အလှန်ဆက်သွယ်ဖို့ အများကြီးကြိုးစားလုပ်ဆောင်ရလိမ့်မယ်။ သို့သော်လည်း သီးသန့်နေတတ်ခြင်းက အနုတ်လက္ခဏာသဘောတော့မဟုတ်ပါဘူး။ ဒါနဲ့ ပတ်သက်ပြီးဥပမာပြဖို့ ရှိပါတယ်။ အဲလ်ဘတ်အိုင်းစတိုင်း၊ JK Rowling နှင့် Dr.Seussတို့ဟာ သီးသန့်နေတတ်သူတွေပါ။ တီထွင်ဆန်းသစ်မှု၊ တီထွင်ဖန်တီးမှုနှင့် ထိခိုက်လွယ်မှု တွေဟာ လူမှုရေးဆိုင်ရာ ကျွမ်းကျင်မှုများစွာကို မပြသခဲ့ပေမယ့်လည်း ကမ္ဘာကြီးကို ပြောင်းလဲစေခဲ့ပါတယ်။


အေးဆေးနေတတ်သူတွေဟာ တိတ်ဆိတ်စွာနေတတ်ကြပါတယ်။ ငြိမ်းချမ်းသောနေရာတွေကိုသာ နှစ်သက်ကြပါတယ်။ တစ်ယောက်တည်းနေခြင်းက ကိုယ့်ကိုယ်ကို သတိထားမိစေခြင်း၊ အာရုံစိုက်မိစေခြင်း ကို ဖြစ်စေပါတယ်။ ဒါဟာ အသံကျယ်ကျယ်စဥ်စားတတ်ပြီး လူမှုရေးအခြေအနေတွေမှာ ပါ၀င်ခြင်းကို နှစ်သက်သော extrovertsနှင့် လုံး၀ဆန့်ကျင်ဘက်ဖြစ်ပါတယ်။ ကျွန်မတို့ တွေ့မြင်ခဲ့တဲ့အတိုင်းပါပဲ။ ကိုယ်ရည်ကိုယ်သွေးနှစ်ခုစလုံးက ကြောက်ရွှံ့ခြင်းနှင့် လုံး၀ကွာခြားပါတယ်။ သူတို့ဟာ ပုံမှန်မဟုတ်သောအခြေအနေမျိုးမှာ ငိုကြွေးခြင်းနှင့် အလွန်အမင်းကြောက်ရွှံ့နေမယ်ဆိုရင် အထူးစိုးရိမ်စရာလက္ခဏာဖြစ်ပြီး အထူးကုများနှင့် စစ်ဆေးသင့်ပါတယ်။ ကလေးငယ်များက ငယ်ရွယ်စဥ်မှာကတည်းက လူမှုရေးအကြောက်လွန်ရောဂါလက္ခဏာများကို ပြသလေ့ရှိပါတယ်။ ဒီအခြေအနေမှာ စိတ်ပိုင်းဆိုင်ရာကုထုံးကို အသုံးပြုပြီး ကျောင်းမှာ အခြေခံကျသောအထောက်အပံ့များလိုအပ်ပါတယ်။

မိဘတွေရဲ့ အကူအညီ

နာမည်ကြီးအမေရိကန်စာရေးဆရာမ ပါမောက္ခ Michael Reistရဲ့ ဖော်ပြချက်တွေအရ မိဘများ (သို့) အခြားလူကြီးတွေက ကလေးရဲ့ ကြောက်စိတ်ကို ပြုပြင်ဖို့ ကြိုးစားသောအခါ ကလေးတွေဟာ များသောအားဖြင့် အမှားပြင်ဆင်ချက်ကို နားလည်သဘောပေါက်ခြင်းမရှိပါဘူး၊ အခြားသူများနည်းတူပြုမူခြင်းက အဆင်မပြေကြောင်းပြပါ။ ကလေးတစ်ဦးရဲ့ ကြောက်စိတ်က အဓိကအကြောင်းအရင်းတစ်ခုမှာ အလွန်အမင်းကာကွယ်မှုဖြစ်တယ်ဆိုတာ မိဘတွေနားလည်ဖို့လည်း အရေးကြီးပါတယ်။ သင့်ရဲ့ ကလေးကို အကာအကွယ်ပေးလွန်းခြင်းက မလုံခြုံမှုနှင့် မိမိကိုယ်ကိုလေးစားမှုနိမ့်ကျခြင်းစတဲ့ ပြဿနာများဖြစ်စေနိုင်ပါတယ်။ ကလေးအား ကြောက်စိတ်ကို ဖြစ်စေနိုင်ပါတယ်။ Pennsylvaniaတက္ကသိုလ်မှ ကျောင်းသား၁၀၀၀၀၀က ပြုလုပ်သော စစ်တမ်းများကို အခြေခံပြီးတော့ New York Timesမှ ထုတ်၀ေသော သတင်းတစ်ခုအရ စိုးရိမ်မှုများက ကျောင်းသားများရင်ဆိုင်နေရသော ကျန်းမာရေးပြဿနာတစ်ခုဖြစ်ကြောင်းအတည်ပြုခဲ့ပါတယ်။ လေ့လာမှုမှာ ကျောင်းသား၆ယောက်လျှင် ၁ယောက်က စိတ်ကျရောဂါကို ခံစားနေရတယ်လို့ ဖော်ပြခဲ့ပါတယ်။

Lifestyle_Myanmar

Nyein_Thu

sources-Youaremom

LEAVE A REPLY

Please enter your comment!
Please enter your name here